Zawgyi ဖြင့်ဖတ်ရန်
(၂) အလှပြင်ခြင်း
(၃) အဝတ်အစား
(၄) အလုပ်အကိုင်
(၅) အမူအကျင့်တွေ
Credit : Auntymay
Unicode ဖြင့်ဖတ်ရန်
ထက်မြက်တဲ့အမျိုးသမီးတွေ ဘယ်တော့မှ စိတ်မဝင်စားတဲ့ အကြောင်းအရာ (၅) ခု
စိတ်ဝင်စားသင့်တဲ့အရာတစ်ခုကို စိတ်ဝင်စားတာဟာ ထက်မြက်ခြင်းရဲ့လက္ခဏာဖြစ်သလို စိတ်ဝင်စားဖို့၊ ရေကြီး ခွင်ကျယ်လုပ်ဖို့ မလိုအပ်တဲ့အရာတစ်ခုကို လျစ်လျှူရှုနိုင်တာဟာလည်း ထက်မြက်ခြင်းပါပဲ။ ခုဖောြ်ပပေးမှာ ကတော့ ထက်မြက်တဲ့ အမျိုးသမီးတွေ ဘယ်တော့မှ စိတ်ဝင်စားလေ့မရှိတဲ့ အကြောင်းအရာ (၅) ခုပဲဖြစ်ပါတယ်။
(၁) ခန္ဓာကိုယ်အရွယ်အစား
ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်ဟာ ရင်သားကြီးတာ သေးတာ၊ တင်ပါးကြီးတာသေးတာ၊ ခြေသလုံးတုတ်တာ သွယ်တာမျိုးတွေ၊ မျက်လုံးမှေးတာတွေ ပြူးတာတွေစသဖြင့် ခန္ဓာကိုယ်ရဲ့ အပြစ်အနာအဆာတွေကို ရှာကြံပြီး စိတ်ဖိစီးနေတတ်တဲ့သူတွေမဟုတ်ပါဘူး။ မွေးရာပါ အားနည်းချက်အားသာချက် အားလုံးကို အရှိအတိုင်းလက်ခံပြီး စိတ်တိုင်းကျတဲ့သူတွေပါ။
(၂) အလှပြင်ခြင်း
ထက်မြက်တဲ့အမျိုးသမီးတွေဆိုတာ အလှပြင်ချင်တဲ့နေ့မှာ အလှပြင်တယ်၊ မပြင်ချင်တဲ့နေ့မျိုးမှာလည်း မျက်နှာပြောင်နဲ့ ပေါ့ပေါ့ပါးပါးနေတတ်ကြတဲ့သူတွေပါ။ အလှပြင်ခြင်း၊ မပြင်ခြင်းဆိုတာ ကိုယ့်ရဲ့စိတ်အပေါ်သာမူတည်ပါတယ်။ အလှပြင် ထားရင်တော့ ကြည့်ကောင်းပြီး၊ အလှမပြင်ထားရင်တော့ လူရှေ့မထွက်ရဲ့တဲ့သူမျိုးတော့ လုံးဝမဟုတ်ပါဘူး။
(၃) အဝတ်အစား
အဝတ်အစားကို စမတ်ကျကျဝတ်ဆင်တာဟာ တကယ်ကောင်းတဲ့ အလေ့အကျင့်ပါ။ ဒါပေမယ့်လည်း ထက်မြက်တဲ့ အမျိုးသမီးတွေဆိုတာ တန်ဖိုးကြီး၊ ဇိမ်ခံပစ္စည်းတွေ၊ အကောင်းစားပစ္စည်းတွေအမြဲသုံးနေမယ့်သူတွေ မဟုတ်ပါဘူး။ အချိန်အခါ၊ နေရာဒေသကိုလိုက်ပြီး သင့်တော်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်မယ့်သူတွေဖြစ်ပါတယ်။ အကောင်း စားတွေမဝတ်ထားလို့ သိမ်ငယ်နေမယ့်သူတွေထဲမှာ လုံးဝမပါပါဘူး။
(၄) အလုပ်အကိုင်
ထက်မြက်တဲ့ အမျိုးသမီးတွေဆိုတာ အလုပ်အကိုင်၊ ဘဝရဲ့လမ်းကြောင်း ရွေးချယ်မှုနဲ့ပတ်သက်ပြီး လူတွေရဲ့ အမြင်ကို အရမ်းကြီး ဂရုစိုက်နေမယ့်သူတွေ မဟုတ်ပါဘူး။ အလုပ်လက်မဲ့ဖြစ်နေတယ်၊ အလုပ်အကိုင်ရှာဖွေနေဆဲဖြစ်နေတ ယ် ရင်တောင် ကိုယ့်ကိုယ်ကိုလုံးဝမသိမ်ငယ်ပါဘူး။ ကိုယ့်ရဲ့အရည်အချင်း၊ ကိုယ့်ရဲ့အစွမ်းအစတွေကို ယုံကြည်မှုအြ ပည့်ရှိလို့ပါ။
(၅) အမူအကျင့်တွေ
ထက်မြက်တဲ့အမျိုးသမီးတွေဆိုတာ ကိုယ့်ရဲ့ဝါသနာ၊ ကိုယ့်ရဲ့အမူအကျင့်တွေနဲ့ ပတ်သက်ရင် လွတ်လွတ်လပ်လပ် လှုပ်ရှားတတ်တဲ့သူတွေပါ။ ဥပမာ- ကော်ဖီအရမ်းကြိုက်လို့ ၂ခွက်၊ ၃ ခွက်လောက် သောက်မိနေတာမျိုးပေါ့။ လူတွေရဲ့အမြင်မှာ သင့်ကိုဘယ်လိုပဲ ထင်နေပါစေ ပတ်ဝန်းကျင်နဲ့ အခြားသူတွေကို မထိခိုက်သရွေ့ သင့်ရဲ့ ဝါသနာ၊ အမူအကျင့်တွေကို ပြောင်းလဲမှာ မဟုတ်ပါဘူး။
Credit : Auntymay
LEAVE A REPLY