Zawgyi ျဖင့္ဖတ္ရန္

စံုတြဲတစ္တြဲကို ၾကည့္လိုက္ရင္ ေကာင္ေလးက အရပ္ရွည္ရွည္ေလးဆိုတာနဲ႔ ဒီစံုတြဲက ၾကည့္ေကာင္းေနပါျပီ။ သင့္ခ်စ္မိတဲ့ေကာင္ေလးက သင့္ထက္ အရပ္ပုေနရင္ေတာ့၊ ဒါမွမဟုတ္ သင္ကပဲ ေလာရွည္ အင္တာေနရွင္နယ္ အရပ္ျဖစ္ေနတဲ့အခ်ိန္မွာေတာ့ တစ္ခါတေလ သင့္စိတ္ ကသိကေအာက္ျဖစ္ေနႏုိင္ပါတယ္။ ဒါက အမွန္ေတာ့ စိတ္ထဲထားေနစရာမလိုပါဘူး။

ဒါေၾကာင့္ ဒီတစ္ေခါက္မွာေတာ့ ကိုယ့္ထက္ အရပ္ပုေနတဲ့ ေကာင္ေလးေတြကို ပိုင္ဆိုင္ထားသူ ပ်ိဳေမတို႔အတြက္ အၾကံေပးလိုပါတယ္။

၁။ သင္အရပ္ရွည္တာကို အသိအမွတ္ျပဳပါ

သင့္ေကာင္ေလးထက္ အရပ္ရွည္တာက ဘာမွမျဖစ္သြားပါဘူး။ ေမာ္ဒယ္ေတြဆုိရင္ သူ႕ေကာင္ေလးထက္ အရပ္ပိုရွည္တာပဲ။ သင့္အရပ္နဲ႔ သူ႕အရပ္ေၾကာင့္ ေျပာင္းလဲသြားတာဘာမွမရွိပါဘူး။ သင္တုိ႔တစ္ေယာက္ခ်င္းစီရဲ႕ ျဖစ္တည္မႈကို သေဘာက်ရင္ ပုတာရွည္တာက ဂရုစိုက္စရာမလိုပါဘူး။ တျခားလူေတြက သင္တို႔ႏွစ္ေယာက္က မလိုက္ဖက္ဘူး ေျပာၾကမွာပဲ ဆိုျပီး အေတြးမလြန္လိုက္ပါနဲ႔။ ဘယ္သူမွ အဲ့ေလာက္ ေဝဖန္မွာမဟုတ္ပါဘူး။ ေဝဖန္ရင္ေကာ ဘယ္ႏွစ္ရက္ေဝဖန္ႏုိင္မလဲ။ အလြန္ဆံုး ခ်ီးမြမ္း ၇ ရက္ ကဲ့ရဲ႕ ၇ ရက္ေပါ့။

၂။ ဖိနပ္ပါးပါးေလးေတြဝတ္ပါ

ေကာင္ေလးက သင့္ထက္အရပ္ပုတာ ဘာမွမျဖစ္ေပမယ့္ တစ္ခါတေလေတာ့ သင့္ရဲ႕ စိတ္ထဲတစ္မ်ိဳးၾကီးျဖစ္ႏုိင္ပါတယ္။ သင္အရပ္ပိုရွည္တာနဲ႔ပတ္သက္ျပီး အဆင္မေျပဘူးထင္ရင္ သူနဲ႔ေတြ႕တုိင္း ေဒါက္ဖိနပ္အျမင့္ေတြ မစီးသင့္ပါဘူး။ ေျမၾကီးနဲ႔ ေျခေထာက္အကပ္ဆံုးျဖစ္ေနပါေစ။ အဲ့လိုဆုိ ေယာက်ာ္းေလးဘုန္းနဲ႔ အရပ္က သိပ္မသိသာေတာ့ပါဘူး။

၃။ သင့္ေကာင္ေလးအရပ္ပုတာနဲ႔ပတ္သက္ျပီး သြားမေနာက္ပါနဲ႔

ေကာင္ေလးက အရမ္းအရပ္ပုေနရင္ သူဘယ္ေလာက္ ညွပ္ေၾကာင္း သြားမေနာက္သင့္ပါဘူး။ ဒီဟာက သူ႕အားနည္းခ်က္ဆိုေတာ့ ကေလးအရြယ္တည္းက ဒီအားနည္းခ်က္က သူ႕အတြက္ ဒဏ္ရာတစ္ခု ျဖစ္ေနႏိုင္ပါတယ္။ သင္ေကာ သင့္အရပ္နဲ႔ပတ္သက္ျပီး လူေတြစေနာက္တာ သည္းခံႏုိင္မလား။ သူ႕ကို စရတာက ေပ်ာ္စရာေကာင္းရင္ေတာင္ ဒီကိစၥနဲ႔ေတာ့ စကားနာမထိုးသင့္ပါဘူး။ သူခံစားသြားႏုိင္ပါတယ္။

၄။ အရပ္ရွည္ရွည္ေကာင္ေလးေတြကို ခ်ီးက်ဴးတာမ်ိဳးမလုပ္ပါနဲ႔

အရပ္ရွည္ရွည္နဲ႔ေကာင္ေလးေတြကို လိုခ်င္လိုက္တာဆိုတဲ့ မိန္းကေလးေတြေျပာေနက်စကားေတြကို ေကာင္ေလးအားလံုးၾကားဖူးၾကပါတယ္။ အရပ္ရွည္တဲ့ေကာင္ေလးေတြက ဆြဲေဆာင္မႈရွိသလို အရပ္ပုပုေလးေတြလည္း ဆြဲေဆာင္မႈရွိတာပါပဲ။ အရပ္ပိုသာတဲ့သူေတြကို အေလးေပးျပီး သူအားငယ္သြားေအာင္ မလုပ္လိုက္ပါနဲ႔။ သင္ေနာက္တစ္ေယာက္တြဲခ်င္ေနတာလားလို႔ သူထင္သြားပါလိမ့္မယ္။

၅။ သူ႕ကို ေပြ႕ဖက္တဲ့အခ်ိန္ နမ္းတဲ့အခ်ိန္မွာဒူးေကြးေပးပါ

သင့္ကုိ အနမ္းေပးဖို႔ သူေျခဖ်ားေထာက္တာမ်ိဳး မလုပ္ခုိင္းပါနဲ႔။ သူ႕အရပ္နဲ႔ တစ္တန္းတည္းျဖစ္ေအာင္ ေကြးေပးတာ၊ ထိုင္ေပးတာျဖစ္ျဖစ္ ျပဳလုပ္ေပးပါ။ ဒီလိုဆို သူလည္း သင္နဲ႔ပတ္သက္ျပီး လူၾကီးလူေကာင္းလို ခံစားရမွာပါ။

၆။ ဓာတ္ပံုရိုက္တိုုင္း ေနာက္မွာရပ္ပါ

ဓာတ္ပံုနဲ႔ေဝးေလေလ သင့္ခႏၶာကိုယ္က ပိုေသးေလပါပဲ။ ဒါေၾကာင့္လည္း သင္တို႔ဓာတ္ပံုရိုက္တဲ့အခ်ိန္ဆိုရင္ သင္က ေနာက္နည္းနည္းဆုတ္ေပးပါ။ ဒါမွမဟုတ္လည္း သူ႕ကိုျမင့္တဲ့ေနရာမွာထားေပးပါ။ အရပ္ညီေအာင္ ဓာတ္ပံုရိုက္ႏို္င္တဲ့နည္းေတြ အမ်ားၾကီးပါ။

၇။ သင္ဒီကိစၥေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္ေနတာမ်ိဳးကို သူမျမင္ပါေစနဲ႔

သင္တို႔အရပ္ကြာျခားမႈအတြက္ သင္က ရွက္ေနမယ္ဆိုရင္ေတာ့ သင့္ေကာင္ေလးရဲ႕စိတ္ထဲမွာ သူအရပ္အရမ္းပုေနတယ္လို႔ ထင္သြားမွာပါ။ အမ်ိဳးသားေတြက သူတို႔အရပ္အေမာင္းနဲ႔ပတ္သက္ျပီး ယံုၾကည္မႈမရွိၾကပါဘူး။ ဒါေၾကာင့္လည္း သင့္ရဲ႕ စိတ္အေႏွာင့္အယွက္ျဖစ္တဲ့ အမူအရာကို သူမျမင္ေအာင္ျပဳလုပ္ရပါမယ္။ ပံုမွန္အတုိင္း ေနမယ္ဆိုရင္ေတာ့ ဒါက ဘာမွအေရးမၾကီးဘူးဆိုတာ သင္တို႔ႏွစ္ေယာက္လံုး နားလည္လာပါလိမ့္မယ္။

သင္တို႔ႏွစ္ေယာက္က တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ေနရင္ အရပ္ပုတာ ရုပ္မလွတာ ဒါေတြက ဘာမွအေရးမၾကီးပါဘူး။

Source: Pinterest

Unicode ဖြင့်ဖတ်ရန်

မိမိထက်အရင်အရပ်ပုတဲ့ချစ်သူကောင်လေးကိုမိန်းကလေးတွေအတွက်အကြံပြုချက်၇ချက်

စုံတွဲတစ်တွဲကို ကြည့်လိုက်ရင် ကောင်လေးက အရပ်ရှည်ရှည်လေးဆိုတာနဲ့ ဒီစုံတွဲက ကြည့်ကောင်းနေပါပြီ။ သင့်ချစ်မိတဲ့ကောင်လေးက သင့်ထက် အရပ်ပုနေရင်တော့၊ ဒါမှမဟုတ် သင်ကပဲ လောရှည် အင်တာနေရှင်နယ် အရပ်ဖြစ်နေတဲ့အချိန်မှာတော့ တစ်ခါတလေ သင့်စိတ် ကသိကအောက်ဖြစ်နေနိုင်ပါတယ်။ ဒါက အမှန်တော့ စိတ်ထဲထားနေစရာမလိုပါဘူး။

ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကိုယ့်ထက် အရပ်ပုနေတဲ့ ကောင်လေးတွေကို ပိုင်ဆိုင်ထားသူ ပျိုမေတို့အတွက် အကြံပေးလိုပါတယ်။

၁။ သင်အရပ်ရှည်တာကို အသိအမှတ်ပြုပါ

သင့်ကောင်လေးထက် အရပ်ရှည်တာက ဘာမှမဖြစ်သွားပါဘူး။ မော်ဒယ်တွေဆိုရင် သူ့ကောင်လေးထက် အရပ်ပိုရှည်တာပဲ။ သင့်အရပ်နဲ့ သူ့အရပ်ကြောင့် ပြောင်းလဲသွားတာဘာမှမရှိပါဘူး။ သင်တို့တစ်ယောက်ချင်းစီရဲ့ ဖြစ်တည်မှုကို သဘောကျရင် ပုတာရှည်တာက ဂရုစိုက်စရာမလိုပါဘူး။ တခြားလူတွေက သင်တို့နှစ်ယောက်က မလိုက်ဖက်ဘူး ပြောကြမှာပဲ ဆိုပြီး အတွေးမလွန်လိုက်ပါနဲ့။ ဘယ်သူမှ အဲ့လောက် ဝေဖန်မှာမဟုတ်ပါဘူး။ ဝေဖန်ရင်ကော ဘယ်နှစ်ရက်ဝေဖန်နိုင်မလဲ။ အလွန်ဆုံး ချီးမွမ်း ၇ ရက် ကဲ့ရဲ့ ၇ ရက်ပေါ့။

၂။ ဖိနပ်ပါးပါးလေးတွေဝတ်ပါ

ကောင်လေးက သင့်ထက်အရပ်ပုတာ ဘာမှမဖြစ်ပေမယ့် တစ်ခါတလေတော့ သင့်ရဲ့ စိတ်ထဲတစ်မျိုးကြီးဖြစ်နိုင်ပါတယ်။ သင်အရပ်ပိုရှည်တာနဲ့ပတ်သက်ပြီး အဆင်မပြေဘူးထင်ရင် သူနဲ့တွေ့တိုင်း ဒေါက်ဖိနပ်အမြင့်တွေ မစီးသင့်ပါဘူး။ မြေကြီးနဲ့ ခြေထောက်အကပ်ဆုံးဖြစ်နေပါစေ။ အဲ့လိုဆို ယောကျာ်းလေးဘုန်းနဲ့ အရပ်က သိပ်မသိသာတော့ပါဘူး။

၃။ သင့်ကောင်လေးအရပ်ပုတာနဲ့ပတ်သက်ပြီး သွားမနောက်ပါနဲ့

ကောင်လေးက အရမ်းအရပ်ပုနေရင် သူဘယ်လောက် ညှပ်ကြောင်း သွားမနောက်သင့်ပါဘူး။ ဒီဟာက သူ့အားနည်းချက်ဆိုတော့ ကလေးအရွယ်တည်းက ဒီအားနည်းချက်က သူ့အတွက် ဒဏ်ရာတစ်ခု ဖြစ်နေနိုင်ပါတယ်။ သင်ကော သင့်အရပ်နဲ့ပတ်သက်ပြီး လူတွေစနောက်တာ သည်းခံနိုင်မလား။ သူ့ကို စရတာက ပျော်စရာကောင်းရင်တောင် ဒီကိစ္စနဲ့တော့ စကားနာမထိုးသင့်ပါဘူး။ သူခံစားသွားနိုင်ပါတယ်။

၄။ အရပ်ရှည်ရှည်ကောင်လေးတွေကို ချီးကျူးတာမျိုးမလုပ်ပါနဲ့

အရပ်ရှည်ရှည်နဲ့ကောင်လေးတွေကို လိုချင်လိုက်တာဆိုတဲ့ မိန်းကလေးတွေပြောနေကျစကားတွေကို ကောင်လေးအားလုံးကြားဖူးကြပါတယ်။ အရပ်ရှည်တဲ့ကောင်လေးတွေက ဆွဲဆောင်မှုရှိသလို အရပ်ပုပုလေးတွေလည်း ဆွဲဆောင်မှုရှိတာပါပဲ။ အရပ်ပိုသာတဲ့သူတွေကို အလေးပေးပြီး သူအားငယ်သွားအောင် မလုပ်လိုက်ပါနဲ့။ သင်နောက်တစ်ယောက်တွဲချင်နေတာလားလို့ သူထင်သွားပါလိမ့်မယ်။

၅။ သူ့ကို ပွေ့ဖက်တဲ့အချိန် နမ်းတဲ့အချိန်မှာဒူးကွေးပေးပါ

သင့်ကို အနမ်းပေးဖို့ သူခြေဖျားထောက်တာမျိုး မလုပ်ခိုင်းပါနဲ့။ သူ့အရပ်နဲ့ တစ်တန်းတည်းဖြစ်အောင် ကွေးပေးတာ၊ ထိုင်ပေးတာဖြစ်ဖြစ် ပြုလုပ်ပေးပါ။ ဒီလိုဆို သူလည်း သင်နဲ့ပတ်သက်ပြီး လူကြီးလူကောင်းလို ခံစားရမှာပါ။

၆။ ဓာတ်ပုံရိုက်တိုင်း နောက်မှာရပ်ပါ

ဓာတ်ပုံနဲ့ဝေးလေလေ သင့်ခန္ဓာကိုယ်က ပိုသေးလေပါပဲ။ ဒါကြောင့်လည်း သင်တို့ဓာတ်ပုံရိုက်တဲ့အချိန်ဆိုရင် သင်က နောက်နည်းနည်းဆုတ်ပေးပါ။ ဒါမှမဟုတ်လည်း သူ့ကိုမြင့်တဲ့နေရာမှာထားပေးပါ။ အရပ်ညီအောင် ဓာတ်ပုံရိုက်နိုင်တဲ့နည်းတွေ အများကြီးပါ။

၇။ သင်ဒီကိစ္စကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတာမျိုးကို သူမမြင်ပါစေနဲ့

သင်တို့အရပ်ကွာခြားမှုအတွက် သင်က ရှက်နေမယ်ဆိုရင်တော့ သင့်ကောင်လေးရဲ့စိတ်ထဲမှာ သူအရပ်အရမ်းပုနေတယ်လို့ ထင်သွားမှာပါ။ အမျိုးသားတွေက သူတို့အရပ်အမောင်းနဲ့ပတ်သက်ပြီး ယုံကြည်မှုမရှိကြပါဘူး။ ဒါကြောင့်လည်း သင့်ရဲ့ စိတ်အနှောင့်အယှက်ဖြစ်တဲ့ အမူအရာကို သူမမြင်အောင်ပြုလုပ်ရပါမယ်။ ပုံမှန်အတိုင်း နေမယ်ဆိုရင်တော့ ဒါက ဘာမှအရေးမကြီးဘူးဆိုတာ သင်တို့နှစ်ယောက်လုံး နားလည်လာပါလိမ့်မယ်။

သင်တို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ချစ်နေရင် အရပ်ပုတာ ရုပ်မလှတာ ဒါတွေက ဘာမှအရေးမကြီးပါဘူး။

Source: Pinterest

LEAVE A REPLY