Zawgyi ဖြင့်ဖတ်ရန်
Credit : Nanmalgyi
Unicode ဖြင့်ဖတ်ရန်
မြန်မာနိုင်ငံမှာ နေရတာ ကိုယ့်မွေးရပ်မြေဆိုပေမယ့် အဆင်မပြေဘူးဆိုတဲ့ ရွှေအိမ်စည်
ကိုယ့်ကိုယ်ကိုယ့် ယုံကြည်မှုအပြည့်နဲ့ အသက်ရွယ်နဲ့မလိုက်အောင် ရင့်ကျက်တည်ငြိမ်တဲ့အလှကိုပြိုင်ဆိုထားပြီး စကားပြောပြတ်သားတဲ့ Miss တစ်ယောက်လည်းဖြစ် ၊ Model တစ်ယောက်လည်းဖြစ်တဲ့အပြင် သရုပ်ဆောင်အလုပ်ဘက်ကိုလည်းခြေလှမ်းစလာပြီဖြစ်တဲ့ ရွှေအိမ်စည်က Cele7နဲ့အင်တာဗျူးတစ်ခုမှာ ပြောပြသွားတဲ့အကြောင်းအရာတချို့ရှိပါတယ်။ သူပြောပြသွားတဲ့ အကြောင်းအရာတချို့ကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ် ။
ရွှေအိမ်စည်က “ ဒီမှာကျတော့လေ အိမ်စည်က ဒီမှာ ၁၁ နှစ်လောက်ထိပဲ နေထားတာဆိုတော့ ကိုယ့်ရဲ့ Childhood Friend တွေက အဝေးရောက်နေတာပေါ့ ။ဆိုတဲ့အတွက်ကြောင့် အဆက်သွယ်လည်း သိပ်မရှိကြဘူး ဟိုကသူငယ်ချင်းတွေ Teenager ဖြစ်မှသိတဲ့ သူငယ်ချင်းတွေ ကပိုမြဲတာပေါ့ ။ ပိုပြီးခင်တတ်တာဆိုတော့ ကိုယ့်ရဲ့အိမ်ဆိုတော့ သတိရတယ်။ ဒီမှာကကျတော့ ဘယ်လိုဖြစ်သွားလည်းဆိုတော့ လာလည်ကတည်းကနေ အလုပ်လုပ်ပြီးတော့ စိတ်ဖိစီးမှုတွေ များနေတော့ ကိုယ့်မွေးမြေပဲ ကိုယ့်နိုင်ငံပဲ ။
ဒါပေမယ့် အလုပ်တစ်ခုနဲ့ရောက်နေသလိုမျိုး ခံစားရတာပေါ့ ။ Relax လည်းမရှိဘူး အိမ်မှာဆိုရင် အမေက ချက်ကျွေးတယ် ။ ဒီမှာဆိုရင်ကိုယ်က အပြင်ကနေဝယ်စားနေရတာတို့ဘာတို့ ဆိုတော့ အဲ့ဒီလိုရှိတာပေါ့ ။ တကယ်တော့လေ အဲ့ဒါ လူတိုင်းမေးကြတယ် အားလုံးကလေ အိမ်စည်ကိုလေ Europe ပတ်ပါ့လား ဆိုတော့ ပတ်ဖို့တော့ အစီစဉ်ရှိပါတယ် ။ ဒါပေမယ့် အဓိကက အိမ်ပြန်ချင်တာ လျှောက်သွားချင်တာ မဟုတ်ဘူး ။ တခြားနေရာ တွေတော့ လျှောက်မသွားချင်ဘူး အိမ်ပြန်ပြီးတော့ ဘာမှ မလုပ်ဘဲ နေချင်တာ။ အဲ့ဒါ Plan ပဲ ။ ဘာလုပ်မှာလဲဆိုရင် ဘာမှ မလုပ်ချင်လို့ ပြန်ချင်တာ ။ ဘာမှ မလုပ်ချင်ဘူး သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလား သိတယ် မလား ပျော်မယ် ပါးမယ် ။
Teenager ဘဝ ကျောင်းသွား ပြန်လာ အဲ့ဒီလိုမျိုး စိတ်ပူခြင်းမရှိတဲ့ပုံစံမျိုး ပြန်နေချင်တာ ။ အိပ်လိုက်စားလိုက် ဘာမှလုပ်စရာမရှိဘဲနဲ့လေ အဲ့ဒီလိုသွားနေချင်တာ ရာသီဥတုလေးလဲ အေးတော့ အဆင်ပြေတယ် ။ သူငယ်ချင်းတွေနဲ့က တကယ်တော့လေ Distance ဆိုတော့ အိမ်စည်ရောက်သွားတုန်းကကျတော့ သူတို့ကရွှေလို့ခေါ်တာ ရွှေဘာဖြစ်တယ် ညာဖြစ်တယ် ပြန်လာပြီ ပြီးလည်းပြီးရော တစ်ပတ်လောက် အဆက်အသွယ်ရှိတယ် ။ သတိရတယ် ငါပြန်လာမှာနော် မကြာခင် ပြီးလည်းပြီးရော သိတယ် မလား မအားကြတော့ဘူးလေ သူတို့ဟာနဲ့သူတို့ Time Different ကလည်း အရမ်းကြီးတယ် ။ သူငယ်ချင်းတွေ ကိုပြောထားတာ လိမ်ထားသလိုဖြစ်နေတယ် ။ ပြန်လာမယ် ပြောထားတာ တစ်နှစ်လောက်ရှိပြီ မပြန်ဖြစ်တာ နှစ်နှစ်လောက်ရှိပြီ နောက်နှစ်ပြန်လာမယ်ပြောသွားတာ အခုထိပြန်မလာသေးဘူး”ဆိုပြီးပြောပြသွားပါတယ် ။
Credit : Nanmalgyi
LEAVE A REPLY