Zawgyi ျဖင့္ဖတ္ရန္

 

စင္ကာပူႏိုင္ငံတြင္ အိမ္အကူအျဖစ္ အလုပ္လုပ္ကိုင္ေနေသာ ျမန္မာအမ်ိဳးသမီးအား ကြန္ဒိုလုံၿခဳံေရးဝန္ထမ္းမွ အိမ္ထဲသို႔ ခိုးဝင္ကာ ကတ္ေၾကးနဲ႔ ၿခိမ္းေျခာက္ၿပီး အဓၶမျပဳရန္ႀကိဳးစားခဲ့မႈအတြက္ ေထာင္ဒဏ္နဲ႔ ႀကိမ္ဒဏ္မ်ား က်ခံေစရန္ ဇူလိုင္လ ၁၁ ရက္ေန႔က ျပစ္ဒဏ္ခ်မွတ္ခဲ့သည္။

အသက္ ၃၃ ႏွစ္အ႐ြယ္ ‘ဂ်က္ဖရီအလီ’ ဆိုသူ လုံၿခဳံေရးဝန္ထမ္းက သူအလုပ္လုပ္ကိုင္ေနေသာ ကြန္ဒိုတိုက္ခန္း ေျမညီထပ္ရွိ ေနအိမ္ထဲသို႔ သူ႔ရဲ႕နားရက္ နံနက္ေဝလီေဝလင္းမွာ ျပတင္းေပါက္ကေနတစ္ဆင့္ ခိုးဝင္ခဲ့ပါတယ္။
ဒီအခ်ိန္မွာ အသက္ ၃၄ ႏွစ္အ႐ြယ္ ျမန္မာအိမ္အကူအမ်ိဳးသမီး(နာမည္ေဖာ္ျပထားျခင္းမရွိ)က အိမ္ရွင္ရဲ႕ ကေလးငယ္ေလးႏွစ္ေယာက္နဲ႔အတူ အခန္းထဲမွာ အိပ္ေပ်ာ္ေနပါတယ္။
‘ဂ်က္ဖရီအလီ’ က အိမ္ထဲသို႔ေရာက္ရွိၿပီးေနာက္ မီးဖိုခန္းထဲမွ ၾကတ္ေၾကးကိုယူကာ အခန္းထဲဝင္လာၿပီး အိမ္အကူအမ်ိဳးသမီးရဲ႕ အေပၚပိုင္း အဝတ္အစားမ်ားကို ကတ္ေၾကးနဲ႔ ထိုးခြဲကာ သူမရဲ႕ အေပၚကေန ခြထိုင္လွ်က္ အသံမထြက္ရန္ ၿခိမ္းေျခာက္ၿပီး သူမကို နမ္းရႈံ႕ ပြတ္သပ္ကိုင္တြယ္ကာ လက္ထပ္ခ်င္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ကံေကာင္းေထာက္မစြာနဲ႔ အိမ္ရွင္ရဲ႕ မိခင္ျဖစ္သူ (ကေလးေတြရဲ႕အဖြား)က မသကၤာစရာအသံဗလံေတြ ၾကားရတာေၾကာင့္ ထၾကည့္စဥ္ အျဖစ္ပ်က္ကို ေတြ႕လိုက္ရပါတယ္။ သူမက လုံၿခဳံေရးဝန္ထမ္းကို အခုလိုမလုပ္ဖို႔ ေဖ်ာင္းျဖေနစဥ္ ကေလးေတြပါ လန႔္ႏိုးလာၿပီးျမင္ကြင္းေၾကာင့္ ေၾကာက္လန႔္တၾကား ငိုၾကရာမွ အိမ္ရွင္ လင္မယားလည္း ႏိုးလာပါတယ္။

‘ဂ်က္ဖရီအလီ’ က ကေလးေတြကို အခန္းထဲကေန မိဘေတြက ေခၚထုတ္ဖို႔ ခြင့္ျပဳခဲ့ေပမယ့္ အိမ္အကူအမ်ိဳးသမီးကိုေတာ့ မလႊတ္ေပးပဲ ေမြ႕ယာေပၚမွာ ဖမ္းထားပါတယ္။ ေနာက္ဆုံးမွာ အိမ္ရွင္ေတြက ရဲကိုအေၾကာင္းၾကားလိုက္မယ္လို႔ ေျပာေတာ့မွ အိမ္အကူကို လႊတ္ေပးၿပီး အိမ္ထဲကေန ထြက္ေျပးသြားခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ ဘဏ္ကတ္နဲ႔ ေဆးမွတ္တမ္းတို႔ အခန္းထဲမွာ က်က်န္ခဲ့ပါတယ္။

အိမ္ရွင္က နံနက္ ၅ နာရီ ၄၀ မိနစ္ေလာက္မွာ ရဲကို အေၾကာင္းၾကားခဲ့ပါတယ္။ ရဲေတြက အနီးနားက ေနအိမ္ေတြကို သတိရွိၾကဖို႔ ႏႈိးေဆာ္ခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီေန႔ ေန႔လည္ေလာက္မွ ‘ဂ်က္ဖရီအလီ’ ကို ကြန္ဒိုရဲ႕ ကားပါကင္ထဲမွာ ရဲေတြက ဖမ္းဆီးမိခဲ့ပါတယ္။

တရား႐ုံးက စစ္ေဆးခဲ့ၿပီးေနာက္ ျပစ္မႈထင္ရွားသျဖင့္ ‘ဂ်က္ဖရီအလီ’ အား ေထာင္ဒဏ္ ၃ ႏွစ္ ၄ လႏွင့္ ႀကိမ္ဒဏ္ ၃ ခ်က္ က်ခံေစရန္ ျပစ္ဒဏ္ခ်မွတ္ခဲ့ေၾကာင္း စင္ကာပူသတင္းစာတြင္ ေဖာ္ျပပါရွိသည္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

စင်ကာပူတွင် လုံခြုံရေး က မြန်မာအိမ်အကူအမျိုးသမီးအား ခြိမ်းခြောက်ကာ အဓ္ဓမပြုရန်ကြိုးပမ်း

စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသမီးအား ကွန်ဒိုလုံခြုံရေးဝန်ထမ်းမှ အိမ်ထဲသို့ ခိုးဝင်ကာ ကတ်ကြေးနဲ့ ခြိမ်းခြောက်ပြီး အဓ္ဓမပြုရန်ကြိုးစားခဲ့မှုအတွက် ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်များ ကျခံစေရန် ဇူလိုင်လ ၁၁ ရက်နေ့က ပြစ်ဒဏ်ချမှတ်ခဲ့သည်။

အသက် ၃၃ နှစ်အရွယ် ‘ဂျက်ဖရီအလီ’ ဆိုသူ လုံခြုံရေးဝန်ထမ်းက သူအလုပ်လုပ်ကိုင်နေသော ကွန်ဒိုတိုက်ခန်း မြေညီထပ်ရှိ နေအိမ်ထဲသို့ သူ့ရဲ့နားရက် နံနက်ဝေလီဝေလင်းမှာ ပြတင်းပေါက်ကနေတစ်ဆင့် ခိုးဝင်ခဲ့ပါတယ်။
ဒီအချိန်မှာ အသက် ၃၄ နှစ်အရွယ် မြန်မာအိမ်အကူအမျိုးသမီး(နာမည်ဖော်ပြထားခြင်းမရှိ)က အိမ်ရှင်ရဲ့ ကလေးငယ်လေးနှစ်ယောက်နဲ့အတူ အခန်းထဲမှာ အိပ်ပျော်နေပါတယ်။
‘ဂျက်ဖရီအလီ’ က အိမ်ထဲသို့ရောက်ရှိပြီးနောက် မီးဖိုခန်းထဲမှ ကြတ်ကြေးကိုယူကာ အခန်းထဲဝင်လာပြီး အိမ်အကူအမျိုးသမီးရဲ့ အပေါ်ပိုင်း အဝတ်အစားများကို ကတ်ကြေးနဲ့ ထိုးခွဲကာ သူမရဲ့ အပေါ်ကနေ ခွထိုင်လျှက် အသံမထွက်ရန် ခြိမ်းခြောက်ပြီး သူမကို နမ်းရှုံ့ ပွတ်သပ်ကိုင်တွယ်ကာ လက်ထပ်ချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ကံကောင်းထောက်မစွာနဲ့ အိမ်ရှင်ရဲ့ မိခင်ဖြစ်သူ (ကလေးတွေရဲ့အဖွား)က မသင်္ကာစရာအသံဗလံတွေ ကြားရတာကြောင့် ထကြည့်စဉ် အဖြစ်ပျက်ကို တွေ့လိုက်ရပါတယ်။ သူမက လုံခြုံရေးဝန်ထမ်းကို အခုလိုမလုပ်ဖို့ ဖျောင်းဖြနေစဉ် ကလေးတွေပါ လန့်နိုးလာပြီးမြင်ကွင်းကြောင့် ကြောက်လန့်တကြား ငိုကြရာမှ အိမ်ရှင် လင်မယားလည်း နိုးလာပါတယ်။

‘ဂျက်ဖရီအလီ’ က ကလေးတွေကို အခန်းထဲကနေ မိဘတွေက ခေါ်ထုတ်ဖို့ ခွင့်ပြုခဲ့ပေမယ့် အိမ်အကူအမျိုးသမီးကိုတော့ မလွှတ်ပေးပဲ မွေ့ယာပေါ်မှာ ဖမ်းထားပါတယ်။ နောက်ဆုံးမှာ အိမ်ရှင်တွေက ရဲကိုအကြောင်းကြားလိုက်မယ်လို့ ပြောတော့မှ အိမ်အကူကို လွှတ်ပေးပြီး အိမ်ထဲကနေ ထွက်ပြေးသွားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဘဏ်ကတ်နဲ့ ဆေးမှတ်တမ်းတို့ အခန်းထဲမှာ ကျကျန်ခဲ့ပါတယ်။

အိမ်ရှင်က နံနက် ၅ နာရီ ၄၀ မိနစ်လောက်မှာ ရဲကို အကြောင်းကြားခဲ့ပါတယ်။ ရဲတွေက အနီးနားက နေအိမ်တွေကို သတိရှိကြဖို့ နှိုးဆော်ချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ နေ့လည်လောက်မှ ‘ဂျက်ဖရီအလီ’ ကို ကွန်ဒိုရဲ့ ကားပါကင်ထဲမှာ ရဲတွေက ဖမ်းဆီးမိခဲ့ပါတယ်။

တရားရုံးက စစ်ဆေးခဲ့ပြီးနောက် ပြစ်မှုထင်ရှားသဖြင့် ‘ဂျက်ဖရီအလီ’ အား ထောင်ဒဏ် ၃ နှစ် ၄ လနှင့် ကြိမ်ဒဏ် ၃ ချက် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း စင်ကာပူသတင်းစာတွင် ဖော်ပြပါရှိသည်။

Credit : popolay

LEAVE A REPLY