Zawgyi ျဖင့္ဖတ္ရန္

ေခြးဆိုတာ လူေတြရဲ႕ ထာဝရသစၥာအရွိဆုံး မိတ္ေဆြေတြပါ။ တစ္လုပ္စားဖူးသူ႔ေက်းဇူးဆိုတဲ့ စကားကို လူေတြကသာ ေဖာက္ဖ်က္ခ်င္ေဖာက္ဖ်က္မယ္ ေခြးေတြကေတာ့ သူတို႔ကို အစာေကြၽးဖူးသူ ျပဳစုေစာင့္ေရွာက္ဖူးသူကို တစ္သက္လုံး သစၥာရွိရွိနဲ႔ ခင္တြယ္သြားတတ္တဲ့ တိရိစာၦန္ေလးေတြျဖစ္ပါတယ္။

မိဘေတြမရွိခိုက္ အိမ္ထဲမွာ အိပ္ေပ်ာ္ေနတဲ့ အသက္ ၂ ႏွစ္အ႐ြယ္သမီးေလးကို ေႁမြေဟာက္ရန္ကေန ကာကြယ္ဖို႔ အိမ္မွာေမြးထားတဲ့ ေခြးေလးႏွစ္ေကာင္က ခက္ခက္ခဲခဲ တိုက္ခိုက္ရင္း တစ္ေကာင္က အသက္ေပးခဲ့ရၿပီး တစ္ေကာင္ကေတာ့ ဒုကၡိတဘဝ ေရာက္သြားခဲ့ပါတယ္။

 

ဖိလစ္ပိုင္ႏိုင္ငံ ကီဒါပါဝမ္ၿမိဳ႕က ေနအိမ္တစ္အိမ္မွာ ၿခံထဲကို ဝင္လာတဲ့ ေႁမြေဟာက္တစ္ေကာင္ကို ႏွစ္ႏွစ္သားအ႐ြယ္ ေခြးျဖဴေလး Moxie က စေတြ႕ခဲ့တာေၾကာင့္ ထိုးေဟာင္ခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ အမဲေရာင္ေခြးေလး Miley က ေျပးထြက္လာၿပီး ေႁမြေဟာက္ကို အိမ္ထဲမဝင္ႏိုင္ေအာင္ တိုက္ခိုက္ပါေတာ့တယ္။ အိမ္ထဲမွာ သူတို႔သခင္ရဲ႕ ၂ ႏွစ္သမီးေလး Skye အိပ္ေပ်ာ္ေနပါတယ္။

ေခြးေလး ႏွစ္ေကာင္ဟာ ေႁမြေဟာက္ကို ၂ မိနစ္ေက်ာ္ေလာက္ ခက္ခက္ခဲခဲတိုက္ခိုက္ၿပီး ေနာက္ဆုံးမွာ ေႁမြေဟာက္ေသသြားပါတယ္။ ဒါေပမယ့္ မိနစ္အပိုင္းအတြင္းမွာပဲ ေခြးမေလး Miley ဟာ ေႁမြေဟာက္ကိုက္ခံရတဲ့ ဒဏ္ရာေတြနဲ႔ အဆိပ္တက္ၿပီး ေသဆုံးသြားခဲ့ပါတယ္။ ေခြးျဖဴေလး Moxie က ေတာ့ ကံေကာင္းစြာနဲ႔ ေႁမြကိုက္ခံခဲ့ရေပမယ့္ အသက္မေသခဲ့ပါဘူး။

 

 

ဒီအျဖစ္ပ်က္ဟာ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ျဖစ္ပ်က္ခဲ့ၿပီး ကေလးရဲ႕ မိခင္နဲ႔ ဖခင္ျဖစ္သူတို႔ အလုပ္သြားခ်ိန္မွာ ျဖစ္ခဲ့တာပါ။ အိမ္ျပန္ေရာက္လာတဲ့အခါ အျဖစ္ပ်က္အားလုံးကို အိမ္အကူျဖစ္သူက ျပန္ေျပာျပၿပီးတဲ့ေနာက္ ၿခံထဲမွာ တပ္ဆင္ထားတဲ့ စီစီတီဗီကို ျပန္ၾကည့္ခဲ့ရာမွာ ေအာက္ပါအတိုင္း ႐ုပ္သံကို ေတြ႕ခဲ့ရပါတယ္။

 

သမီးေလး Skye ရဲ႕ဖခင္၊ ေခြးပိုင္ရွင္ျဖစ္တဲ့ Jaime Selim က အျဖစ္ပ်က္အားလုံးကို ၾကည့္ၿပီးတဲ့ေနာက္မွာ ေသသြားတဲ့ ေခြးေလး Miley ကို ေက်းဇူးတင္မဆုံးျဖစ္ရၿပီး အလြန္စိတ္မေကာင္းျဖစ္ရတယ္လို႔ ဆိုပါတယ္။

ေခြးေလး Moxie ကိုေတာ့ တိရိစာၦန္ေဆးကုခန္း အျမန္ေခၚသြားၿပီး ေဆးကုသေပးႏိုင္ခဲ့လို႔ အသက္အေသခဲ့ေပမယ့္ ေႁမြဆိပ္ေၾကာင့္ ေခြးေလးရဲ႕ မ်က္လုံးေတြ ကြယ္သြားခဲ့ရပါတယ္။သခင္အတြက္ဆိုရင္ အသက္ေတာင္စြန႔္ဝံ့တဲ့ အရမ္းသနာစရာေကာင္းတဲ့ ေခြးေလးေတြကို စာနာညႇာတာၾကပါလို႔ တိုက္တြန္းပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ကလေးကို မြွေဟောက်ရန်က ကာကွယ်ရင်း အသက်ပေးသွားတဲ့ ခွေးလေး (ရုပ်သံ)

ခွေးဆိုတာ လူတွေရဲ့ ထာဝရသစ္စာအရှိဆုံး မိတ်ဆွေတွေပါ။ တစ်လုပ်စားဖူးသူ့ကျေးဇူးဆိုတဲ့ စကားကို လူတွေကသာ ဖောက်ဖျက်ချင်ဖောက်ဖျက်မယ် ခွေးတွေကတော့ သူတို့ကို အစာကျွေးဖူးသူ ပြုစုစောင့်ရှောက်ဖူးသူကို တစ်သက်လုံး သစ္စာရှိရှိနဲ့ ခင်တွယ်သွားတတ်တဲ့ တိရိစ္ဆာန်လေးတွေဖြစ်ပါတယ်။

မိဘတွေမရှိခိုက် အိမ်ထဲမှာ အိပ်ပျော်နေတဲ့ အသက် ၂ နှစ်အရွယ်သမီးလေးကို မြွေဟောက်ရန်ကနေ ကာကွယ်ဖို့ အိမ်မှာမွေးထားတဲ့ ခွေးလေးနှစ်ကောင်က ခက်ခက်ခဲခဲ တိုက်ခိုက်ရင်း တစ်ကောင်က အသက်ပေးခဲ့ရပြီး တစ်ကောင်ကတော့ ဒုက္ခိတဘဝ ရောက်သွားခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ ကီဒါပါဝမ်မြို့က နေအိမ်တစ်အိမ်မှာ ခြံထဲကို ဝင်လာတဲ့ မြွေဟောက်တစ်ကောင်ကို နှစ်နှစ်သားအရွယ် ခွေးဖြူလေး Moxie က စတွေ့ခဲ့တာကြောင့် ထိုးဟောင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အမဲရောင်ခွေးလေး Miley က ပြေးထွက်လာပြီး မြွေဟောက်ကို အိမ်ထဲမဝင်နိုင်အောင် တိုက်ခိုက်ပါတော့တယ်။ အိမ်ထဲမှာ သူတို့သခင်ရဲ့ ၂ နှစ်သမီးလေး Skye အိပ်ပျော်နေပါတယ်။

ခွေးလေး နှစ်ကောင်ဟာ မြွေဟောက်ကို ၂ မိနစ်ကျော်လောက် ခက်ခက်ခဲခဲတိုက်ခိုက်ပြီး နောက်ဆုံးမှာ မြွေဟောက်သေသွားပါတယ်။ ဒါပေမယ့် မိနစ်အပိုင်းအတွင်းမှာပဲ ခွေးမလေး Miley ဟာ မြွေဟောက်ကိုက်ခံရတဲ့ ဒဏ်ရာတွေနဲ့ အဆိပ်တက်ပြီး သေဆုံးသွားခဲ့ပါတယ်။ ခွေးဖြူလေး Moxie က တော့ ကံကောင်းစွာနဲ့ မြွေကိုက်ခံခဲ့ရပေမယ့် အသက်မသေခဲ့ပါဘူး။

ဒီအဖြစ်ပျက်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ပျက်ခဲ့ပြီး ကလေးရဲ့ မိခင်နဲ့ ဖခင်ဖြစ်သူတို့ အလုပ်သွားချိန်မှာ ဖြစ်ခဲ့တာပါ။ အိမ်ပြန်ရောက်လာတဲ့အခါ အဖြစ်ပျက်အားလုံးကို အိမ်အကူဖြစ်သူက ပြန်ပြောပြပြီးတဲ့နောက် ခြံထဲမှာ တပ်ဆင်ထားတဲ့ စီစီတီဗီကို ပြန်ကြည့်ခဲ့ရာမှာ အောက်ပါအတိုင်း ရုပ်သံကို တွေ့ခဲ့ရပါတယ်။

သမီးလေး Skye ရဲ့ဖခင်၊ ခွေးပိုင်ရှင်ဖြစ်တဲ့ Jaime Selim က အဖြစ်ပျက်အားလုံးကို ကြည့်ပြီးတဲ့နောက်မှာ သေသွားတဲ့ ခွေးလေး Miley ကို ကျေးဇူးတင်မဆုံးဖြစ်ရပြီး အလွန်စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

ခွေးလေး Moxie ကိုတော့ တိရိစ္ဆာန်ဆေးကုခန်း အမြန်ခေါ်သွားပြီး ဆေးကုသပေးနိုင်ခဲ့လို့ အသက်အသေခဲ့ပေမယ့် မြွေဆိပ်ကြောင့် ခွေးလေးရဲ့ မျက်လုံးတွေ ကွယ်သွားခဲ့ရပါတယ်။သခင်အတွက်ဆိုရင် အသက်တောင်စွန့်ဝံ့တဲ့ အရမ်းသနာစရာကောင်းတဲ့ ခွေးလေးတွေကို စာနာညှာတာကြပါလို့ တိုက်တွန်းပါတယ်။

Credit : popolay

LEAVE A REPLY