Zawgyi ဖြင့်ဖတ်ရန်



 



Credit : popolay

Unicode ဖြင့်ဖတ်ရန်

အင်စတာဂရမ်နဲ့ snapchat မှာ ပုံတွေတင်ပြီး တစ်နှစ်ကို ပေါင် ၇၂၀၀၀၀ ဝင်ငွေရှိနေတဲ့ Sexy မော်ဒယ်

လူငယ်အများစုဟာ ကိုယ့်ယုံကြည်ချက် ၊ ကြိုစားအားထုတ်မှုတွေအပေါ် မူတည်ပြီး ဘဝတွေဟာ ပြောင်းလဲသွားကြပါတယ်။ တစ်ချို့လည်း အောင်မြင်တဲ့ လမ်းကြောင်းပေါ်မရောက်ခင် လက်လျှော့သွားကြတဲ့ လူတွေ ဒုနဲ့ဒေးပါ။ အခုပြောပြမယ့် အမေရိကန် မော်ဒယ်မလေးဟာ ချမ်းသာတဲ့ မိသားစုက ပေါက်ဖွားလာတာ မဟုတ်ပေမယ့် သူမရဲ့ကြိုးစား အားထုတ်မှုတွေကြောင့် အောင်မြင်တဲ့ Sexy မော်ဒယ် တစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး မက်လောက်စရာကောင်းတဲ့ ဝင်ငွေတွေကို ရှာဖွေနိုင်ခဲ့ပါတယ်။

အမေရိကန် မော်ဒယ်မလေး Abigail Ratchford ဟာ အစက သူမဟာ Sexy မော်ဒယ် လမ်းကြောင်းဘက်ကို ရည်ရွယ်ချက်မရှိဘဲ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူမဟာ အောင်မြင်တဲ့ Sexy မော်ဒယ် တစ်ယောက်ဖြစ်လာဖို့အတွက် ၂၀၁၄ ခုနှစ်မှာ LA ကိုပြောင်းရွေ့ခဲ့ပါတယ်။ အစက သူမ၏ Sexy ပုံတွေကို အင်စတာဂရမ်နဲ့ snapchat မှာ ပုံတွေတင်ပြီး လူသိများလာခဲ့ပါတယ်။ ထို့နောက် သူမကို ကြေညာကုမ္မဏီတွေ ချိတ်ဆက်လာပြီး ကြောညာခတွေ၊ ကုန်ပစ္စည်းတွေ ရောင်းချငွေတွေကနေ ဝင်ငွေ သန်းနဲ့ချီ ရှာနိုင်ခဲ့ပါတယ်။

အသက် ၂၇ နှစ်ပြီဖြစ်တဲ့ Abigail Ratchford အင်စတာဂရမ်နဲ့ snapchat မှာ ပုံတွေတင်ပြီး တစ်နှစ်ကို ပေါင် ၇၂၀၀၀၀ (မြန်မာငွေ သိန်း ၁ သောင်း ၃ ထောင်)ကျော် ဝင်ငွေ ရရှိနေတယ်လို့ သိရပါတယ်။ ပြက္ခဒိန်နဲ့ brands product တွေကို ကြော်ညာခတွေမှ တဆင့် ဝင်ငွေတွေ ရှာနိုင်လာခဲ့ပါတယ်။ သူမဟာ အင်စတာဂရမ်မှာ ဖော်လိုဝါ ၉သန်းကျော် ရှိနေပြီး သူမရဲ့ပိုစ့်တစ်ခုဟာလည်း ပျမ်းမျှ ပေါင် ၆၃၀၀ ( သိန်း ၁၂၀ ) လောက် ဝင်ငွေရရှိနေပါတယ်။

သူမရဲ့ အောင်မြင်မှုလမ်းကြောင်းမှာ အတိုက်အခိုက်တွေ ဝေဖန်သံတွေ ရှိခဲ့ပေမယ့် သူမဟာ သူအလုပ်ကိုသာ အာရုံစိုက်ပြီး လုပ်ဆောင်ခဲ့ပါတယ်။ သူမအတွက် အကျိုးမရှိတဲ့ အတိုက်အခိုက်တွေကိုတော့ လျစ်လျူရှု ထားလေ့ရှိတယ်လို့ သူမကဆိုပါတယ်။

Credit : popolay

LEAVE A REPLY