Zawgyi ျဖင့္ဖတ္ရန္

ေတာင္ကုိးရီးယားႏုိင္ငံ နာမည္ေက်ာ္ ေတာ့ပ္စတားႏွစ္ဦးျဖစ္တဲ့ ေဆာင္းဂၽြန္ကီနဲ႔ ေဆာင္းဟယ္က်ိဳတုိ႔ဟာ ယေန႔ ဇူလိုင္ ၂၂ ရက္မွာ တရားဥပေဒအတိုင္း အတိအလင္း ကြာရွင္းျပတ္စဲလုိက္ၿပီပဲျဖစ္ပါတယ္။ ပရိတ္သတ္အမ်ား ခ်စ္ခင္အားက်ရတဲ့ စုံတြဲအခုလို အတိအလင္း ကြာရွင္းလုိက္တာဟာ စိတ္မေကာင္းစရာကိစၥရပ္တစ္ခုျဖစ္ေပမယ့္ Song စုံတြဲကေတာ့ ႏွစ္ဦးႏွစ္ဖက္ အဆင္ေျပေစမယ့္ လမ္းကိုေရြးခ်ယ္ခဲ့တယ္လို႔ ဆုိပါတယ္။ တရားဥပေဒအရ အၾကင္လင္မယားအျဖစ္ သက္ဆုိင္မွုမရွိေတာ့ေၾကာင္း ေၾကညာၿပီးတဲ့အခါမွာေတာ့ ေဆာင္းဟယ္က်ိဳဟာ အင္စတာဂရမ္မွာရွိတဲ့ ေဆာင္းဂၽြန္ကီနဲ႔ ရုိက္ကူးထားတဲ့ ဓာတ္ပုံေတြကို အကုန္ delete လုပ္လုိက္ၿပီပဲျဖစ္ပါတယ္။ ေဆာင္းဟယ္က်ိဳတစ္ေယာက္ ေဆာင္းဂၽြန္ကီပါဝင္တဲ့ ဘယ္ဓာတ္ပုံေတြကို delete လုပ္လုိက္တယ္ဆုိတာ သိရွိဖုိ႔ ဆက္လက္ဖတ္ရွုလုိက္ရေအာင္။

ေဆာင္းဟယ္က်ိဳဟာ ခင္ပြန္းေဟာင္း ေဆာင္းဂၽြန္ကီႏွင့္ Descendants of the sun ရုိက္ကြင္းမွာ ရုိက္ကူးထားတဲ့ ဓာတ္ပုံမ်ား၊ ဆုေပးပြဲအတူတက္ေရာက္ခဲ့ပုံမ်ား၊ မဂၤလာေဆာင္ဓာတ္ပုံမ်ားကို သူမရဲ႕ အင္စတာဂရမ္အေကာင့္မွ ဖယ္ရွားလုိက္ပါတယ္။

လက္ရွိမွာေတာ့ ေဆာင္းဟယ္က်ိဳ ရဲ႕ အင္စတာဂရမ္စာမ်က္ႏွာမွာ ေဆာင္းဂၽြန္ကီ မပါဝင္ေတာ့ဘဲ သူမအလွဓာတ္ပုံေတြနဲ႔သာ ျပည္႔ေနပါေတာ့တယ္။

Song စုံတြဲဟာ လက္ထပ္ၿပီး လေပါင္း ၂၀ အၾကာမွာ ကြာရွင္းလိုက္တာျဖစ္ၿပီး ႏွစ္ဦးႏွစ္ဖက္ ေအးခ်မ္းတဲ့နည္းလမ္းျဖင့္သာ ကြာရွင္းလိုေၾကာင္း အသိေပးေၾကညာခဲ့ပါတယ္။ လက္ရွိမွာ ေဆာင္းဂၽြန္ကီက အသစ္ထြက္ရွိမယ့္ ရုပ္ရွင္ဇာတ္ကား Victory ကိုဆက္လက္ရိုက္ကူးေနၿပီး ေဆာင္းဟယ္က်ိဳကေတာ့ တရုတ္ျပည္မွာ အလွကုန္ပစၥည္းေၾကာ္ျငာမ်ားကို ဆက္လက္ရုိက္ကူးေနဆဲျဖစ္ပါတယ္။ သူတုိ႔ႏွစ္ဦးလမ္းခြဲရတဲ့ အဓိကအေၾကာင္းအရင္းကို ပရိတ္သတ္မ်ား စိတ္ဝင္စားေနၾကဆဲပါ။

share from :popolay

Unicode ဖြင့်ဖတ်ရန်

အင်စတာဂရမ်မှာ ဆောင်းဂျွန်ကီပါဝင်တဲ့ ဓာတ်ပုံတွေအကုန် ဖျက်ပစ်လိုက်တဲ့ ဆောင်းဟယ်ကျို

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် တော့ပ်စတားနှစ်ဦးဖြစ်တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟယ်ကျိုတို့ဟာ ယနေ့ ဇူလိုင် ၂၂ ရက်မှာ တရားဥပဒေအတိုင်း အတိအလင်း ကွာရှင်းပြတ်စဲလိုက်ပြီပဲဖြစ်ပါတယ်။ ပရိတ်သတ်အများ ချစ်ခင်အားကျရတဲ့ စုံတွဲအခုလို အတိအလင်း ကွာရှင်းလိုက်တာဟာ စိတ်မကောင်းစရာကိစ္စရပ်တစ်ခုဖြစ်ပေမယ့် Song စုံတွဲကတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေစေမယ့် လမ်းကိုရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။ တရားဥပဒေအရ အကြင်လင်မယားအဖြစ် သက်ဆိုင်မှုမရှိတော့ကြောင်း ကြေညာပြီးတဲ့အခါမှာတော့ ဆောင်းဟယ်ကျိုဟာ အင်စတာဂရမ်မှာရှိတဲ့ ဆောင်းဂျွန်ကီနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အကုန် delete လုပ်လိုက်ပြီပဲဖြစ်ပါတယ်။ ဆောင်းဟယ်ကျိုတစ်ယောက် ဆောင်းဂျွန်ကီပါဝင်တဲ့ ဘယ်ဓာတ်ပုံတွေကို delete လုပ်လိုက်တယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

ဆောင်းဟယ်ကျိုဟာ ခင်ပွန်းဟောင်း ဆောင်းဂျွန်ကီနှင့် Descendants of the sun ရိုက်ကွင်းမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံများ၊ ဆုပေးပွဲအတူတက်ရောက်ခဲ့ပုံများ၊ မင်္ဂလာဆောင်ဓာတ်ပုံများကို သူမရဲ့ အင်စတာဂရမ်အကောင့်မှ ဖယ်ရှားလိုက်ပါတယ်။

လက်ရှိမှာတော့ ဆောင်းဟယ်ကျို ရဲ့ အင်စတာဂရမ်စာမျက်နှာမှာ ဆောင်းဂျွန်ကီ မပါဝင်တော့ဘဲ သူမအလှဓာတ်ပုံတွေနဲ့သာ ပြည့်နေပါတော့တယ်။

Song စုံတွဲဟာ လက်ထပ်ပြီး လပေါင်း ၂၀ အကြာမှာ ကွာရှင်းလိုက်တာဖြစ်ပြီး နှစ်ဦးနှစ်ဖက် အေးချမ်းတဲ့နည်းလမ်းဖြင့်သာ ကွာရှင်းလိုကြောင်း အသိပေးကြေညာခဲ့ပါတယ်။ လက်ရှိမှာ ဆောင်းဂျွန်ကီက အသစ်ထွက်ရှိမယ့် ရုပ်ရှင်ဇာတ်ကား Victory ကိုဆက်လက်ရိုက်ကူးနေပြီး ဆောင်းဟယ်ကျိုကတော့ တရုတ်ပြည်မှာ အလှကုန်ပစ္စည်းကြော်ငြာများကို ဆက်လက်ရိုက်ကူးနေဆဲဖြစ်ပါတယ်။ သူတို့နှစ်ဦးလမ်းခွဲရတဲ့ အဓိကအကြောင်းအရင်းကို ပရိတ်သတ်များ စိတ်ဝင်စားနေကြဆဲပါ။

share from :popolay

LEAVE A REPLY