Zawgyi ျဖင့္ဖတ္ရန္

 

Song Joong Ki နဲ႔ Song Hye Kyo ရဲ႕ တစ္ကမာၻလုံးကို ဖိန႔္ဖိန႔္တုန္ေစခဲ့တဲ့ အခ်စ္ဇာတ္လမ္းေလးဟာ ေနာက္ဆုံးေတာ့ တကယ္ပဲၿပီးဆုံးသြားခဲ့ပါၿပီ။ ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြက Song Joong Ki က သူအရိပ္တၾကည့္ၾကည့္နဲ႔သိပ္ခ်စ္တဲ့ မမ Song Hye Kyo မသိေအာင္ ကြာရွင္းခြင့္ေလွ်ာက္ထားခဲ့တယ္ဆိုတဲ့ သတင္းထြက္လာၿပီးေနာက္မွာ ပရိသတ္ေတြက ယုံတဝက္မယုံတဝက္နဲ႔ဟုတ္မွဟုတ္ပါ့မလားလို႔သံသယဝင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ Song Joong Ki နဲ႔ Song Hye Kyo ရဲ႕ Agency ေတြကေန သူတို႔ႏွစ္ေယာက္ ကြာရွင္းမယ့္သတင္းကိုအတည္ျပဳေပးခဲ့တာေၾကာင့္ တစ္ကမာၻလုံးက ပရိသတ္ေတြအသည္းကြဲခဲ့ရပါတယ္။

အဲဒီေနာက္မွာ Song Hye Kyo က မီဒီယာေတြနဲ႔ေတြ႕ဆုံပြဲတစ္ခုမွာ ကြာရွင္းမယ့္အေၾကာင္းအေမးခံခဲ့ရရာမွာ မ်က္ရည္ေတြက်ၿပီး ကြာရွင္းေပးလိုက္ရေပမယ့္ သူက Song Joong Ki ကိုအၿမဲခ်စ္ေနမွာပါလို႔ေျဖသြားခဲ့ပါတယ္။ Song Joong Ki ဟာလည္းလက္ထပ္ၿပီးအတန္ၾကာသည္အထိ သူ႔မမကို အ႐ူးအမူးခ်စ္ေနဆဲျဖစ္ၿပီးမီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ Song Hye Kyo ကိုဘယ္ေလာက္ခ်စ္ေၾကာင္း ““အခ်ိဳ႕လူေတြကေတာ့ လူ႔တန္ဖိုးကို ေအာင္ျမင္မႈကိုေရရွည္ထိန္းသိမ္းႏိုင္ျခင္းနဲ႔ ကံၾကမၼာအေပၚမွာမူတည္တယ္လို႔ ေျပာၾကပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ ကိုယ္ခ်စ္တဲ့မိန္းကေလးကို အစဥ္အၿမဲမေျပာင္းလဲပဲခ်စ္ေနရတာက တန္ဖိုးအရွိဆုံးအရာ၊အလွပဆုံးအရာလို႔ယုံၾကည္ပါတယ္”လို႔ ႐ိုမန္းတစ္ဆန္စြာေျဖၾကားထားသလို သူ႔ဇနီးကိုအခုအခ်ိန္ထိ ခ်စ္မဝျဖစ္ေနရေၾကာင္းကိုလည္း “ကြၽန္ေတာ္တို႔လက္ထပ္လိုက္တာနဲ႔ပဲ ခ်စ္သူဘဝကအတိတ္မွာက်န္ခဲ့တာေတာ့မဟုတ္ပါဘူး။ ကြၽန္ေတာ့္စိတ္ထဲမွာ ခ်စ္သူဘဝတုန္းကလိုပဲ ခံစားမိေနဆဲပါ”လို႔ ရွက္ၿပဳံးေလးနဲ႔ေျပာခဲ့ပါတယ္။ ေနာက္ၿပီး “အ႐ိုးသားဆုံးေျပာရရင္ ကြၽန္ေတာ့္ဇနီးကလည္းအရမ္းလွတယ္ေလ”လို႔ေျဖၾကားခဲ့ဖူးပါတယ္။အခုေတာ့အဲဒီလိုေျပာခဲ့ဖူးတဲ့သူကပဲ စၿပီးကြာရွင္းခြင့္ေတာင္းခဲ့ပါၿပီ။

Song Joong Ki နဲ႔ Song Hye Kyo ရဲ႕ ကြာရွင္းမႈနဲ႔ပတ္သက္ၿပီး ေနာက္ဆုံးရသတင္းေတြအရ သူတို႔ႏွစ္ဦးဟာ ဒီေန႔ (22.7.2019) မနက္ ဆယ္နာရီတိတိမွာပဲ ႏွစ္ဖက္စလုံးရဲ႕ ပိုင္ဆိုင္မႈေတြကို ခြဲေဝယူျခင္းမရွိပဲ လမ္းခြဲျပတ္စဲကြာရွင္းလိုက္ၾကပါၿပီ။ သူတို႔ရဲ႕ကြာရွင္းမႈကတရားဝင္ၿပီးေျမာက္ေအာင္ျမင္သြားခဲ့ၿပီလို႔ Song Hye Kyo ရဲ႕ agency UAA က တရားဝင္အသိေပးစာထုတ္ျပန္ခဲ့ပါတယ္။ အသိေပးစာထဲမွာ “Song Hey Kyo ရဲ႕ ကြာရွင္းျပတ္စဲမႈဟာ ဒီေန႔ (July 22) မွာ Seoul Family Court မွာ အၿပီးသတ္သြားပါၿပီ။ ကြာရွင္းမႈလုပ္ငန္းစဥ္ေတြလည္းၿပီးဆုံးသြားၿပီျဖစ္ၿပီး ႏွစ္ဖက္စလုံးက နစ္နာေၾကးေပးျခင္း၊ ပိုင္ဆိုင္မႈေတြကိုခြဲေဝျခင္းမရွိဖို႔ သေဘာတူခဲ့ၾကပါတယ္”လို႔ ေရးသားထားတာေတြ႕ရပါတယ္။

Song Joong Ki ဟာ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္တဲ့မင္းသားတစ္လက္ျဖစ္လို႔ ပိုင္ဆိုင္မႈေတြမနည္းလွသလို Song Hye Kyo ကလည္းႏွစ္ေပါင္းမ်ားစြာေအာင္ျမင္လာတဲ့ မင္းသမီးတစ္လက္ျဖစ္ၿပီး နဂိုကတည္းကခ်မ္းသာႂကြယ္ဝသူမို႔ ပိုင္ဆိုင္မႈေတြတစ္ဝက္စီခြဲမယ္ဆိုရင္ နဂိုပိုင္ဆိုင္မႈေတြကိုထည့္မထြက္ပဲ သူတို႔လက္ထပ္ၿပီးမွ လက္ထက္ပြား ပို္င္ဆိုင္မႈေတြကိုသာထည့္တြက္ၿပီးခြဲဖို႔ပရိသတ္ေတြကေမွ်ာ္လင့္ေနခဲ့ၾကတာပါ။ Song Joong Ki နဲ႔ Song Hye Kyo ရဲ႕ႏွစ္ဦးေပါင္းပိုင္ဆိုင္မႈဟာ အေမရိကန္ေဒၚလာ သန္းေပါင္း (100)ေလာက္အသာေလးေက်ာ္တာမို႔ ႏွစ္ဖက္စလုံးက တစ္ဝက္စီခြဲမယူပဲေအးေအးေဆးေဆးလမ္းခြဲလိုက္တာကိုၾကည့္ျခင္းအားျဖင့္ တစ္ေယာက္နဲ႔တစ္ေယာက္ သံေယာဇဥ္မျပတ္ေသးပဲ တူးတူးခါးခါးႀကီးမုန္းသြားတာေတာ့မဟုတ္ဘူးလို႔ ပရိသတ္ေတြက မွတ္ခ်က္ခ်ထားၾကပါတယ္။

Credit : Nanmalgyi

Unicode ဖြင့်ဖတ်ရန်

နစ်နာကြေးနဲ့ ပိုင်ဆိုင်မှုတွေခွဲဝေခြင်း မရှိပဲ ပြတ်သားစွာကွာရှင်းလိုက်တဲ့ Song Song Couple

Song Joong Ki နဲ့ Song Hye Kyo ရဲ့ တစ်ကမ္ဘာလုံးကို ဖိန့်ဖိန့်တုန်စေခဲ့တဲ့ အချစ်ဇာတ်လမ်းလေးဟာ နောက်ဆုံးတော့ တကယ်ပဲပြီးဆုံးသွားခဲ့ပါပြီ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက Song Joong Ki က သူအရိပ်တကြည့်ကြည့်နဲ့သိပ်ချစ်တဲ့ မမ Song Hye Kyo မသိအောင် ကွာရှင်းခွင့်လျှောက်ထားခဲ့တယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက်မှာ ပရိသတ်တွေက ယုံတဝက်မယုံတဝက်နဲ့ဟုတ်မှဟုတ်ပါ့မလားလို့သံသယဝင်ခဲ့ကြပါတယ်။ ဒါပေမယ့် Song Joong Ki နဲ့ Song Hye Kyo ရဲ့ Agency တွေကနေ သူတို့နှစ်ယောက် ကွာရှင်းမယ့်သတင်းကိုအတည်ပြုပေးခဲ့တာကြောင့် တစ်ကမ္ဘာလုံးက ပရိသတ်တွေအသည်းကွဲခဲ့ရပါတယ်။

အဲဒီနောက်မှာ Song Hye Kyo က မီဒီယာတွေနဲ့တွေ့ဆုံပွဲတစ်ခုမှာ ကွာရှင်းမယ့်အကြောင်းအမေးခံခဲ့ရရာမှာ မျက်ရည်တွေကျပြီး ကွာရှင်းပေးလိုက်ရပေမယ့် သူက Song Joong Ki ကိုအမြဲချစ်နေမှာပါလို့ဖြေသွားခဲ့ပါတယ်။ Song Joong Ki ဟာလည်းလက်ထပ်ပြီးအတန်ကြာသည်အထိ သူ့မမကို အရူးအမူးချစ်နေဆဲဖြစ်ပြီးမီဒီယာတွေနဲ့အင်တာဗျူးမှာ Song Hye Kyo ကိုဘယ်လောက်ချစ်ကြောင်း ““အချို့လူတွေကတော့ လူ့တန်ဖိုးကို အောင်မြင်မှုကိုရေရှည်ထိန်းသိမ်းနိုင်ခြင်းနဲ့ ကံကြမ္မာအပေါ်မှာမူတည်တယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကိုယ်ချစ်တဲ့မိန်းကလေးကို အစဉ်အမြဲမပြောင်းလဲပဲချစ်နေရတာက တန်ဖိုးအရှိဆုံးအရာ၊အလှပဆုံးအရာလို့ယုံကြည်ပါတယ်”လို့ ရိုမန်းတစ်ဆန်စွာဖြေကြားထားသလို သူ့ဇနီးကိုအခုအချိန်ထိ ချစ်မဝဖြစ်နေရကြောင်းကိုလည်း “ကျွန်တော်တို့လက်ထပ်လိုက်တာနဲ့ပဲ ချစ်သူဘဝကအတိတ်မှာကျန်ခဲ့တာတော့မဟုတ်ပါဘူး။ ကျွန်တော့်စိတ်ထဲမှာ ချစ်သူဘဝတုန်းကလိုပဲ ခံစားမိနေဆဲပါ”လို့ ရှက်ပြုံးလေးနဲ့ပြောခဲ့ပါတယ်။ နောက်ပြီး “အရိုးသားဆုံးပြောရရင် ကျွန်တော့်ဇနီးကလည်းအရမ်းလှတယ်လေ”လို့ဖြေကြားခဲ့ဖူးပါတယ်။အခုတော့အဲဒီလိုပြောခဲ့ဖူးတဲ့သူကပဲ စပြီးကွာရှင်းခွင့်တောင်းခဲ့ပါပြီ။

Song Joong Ki နဲ့ Song Hye Kyo ရဲ့ ကွာရှင်းမှုနဲ့ပတ်သက်ပြီး နောက်ဆုံးရသတင်းတွေအရ သူတို့နှစ်ဦးဟာ ဒီနေ့ (22.7.2019) မနက် ဆယ်နာရီတိတိမှာပဲ နှစ်ဖက်စလုံးရဲ့ ပိုင်ဆိုင်မှုတွေကို ခွဲဝေယူခြင်းမရှိပဲ လမ်းခွဲပြတ်စဲကွာရှင်းလိုက်ကြပါပြီ။ သူတို့ရဲ့ကွာရှင်းမှုကတရားဝင်ပြီးမြောက်အောင်မြင်သွားခဲ့ပြီလို့ Song Hye Kyo ရဲ့ agency UAA က တရားဝင်အသိပေးစာထုတ်ပြန်ခဲ့ပါတယ်။ အသိပေးစာထဲမှာ “Song Hey Kyo ရဲ့ ကွာရှင်းပြတ်စဲမှုဟာ ဒီနေ့ (July 22) မှာ Seoul Family Court မှာ အပြီးသတ်သွားပါပြီ။ ကွာရှင်းမှုလုပ်ငန်းစဉ်တွေလည်းပြီးဆုံးသွားပြီဖြစ်ပြီး နှစ်ဖက်စလုံးက နစ်နာကြေးပေးခြင်း၊ ပိုင်ဆိုင်မှုတွေကိုခွဲဝေခြင်းမရှိဖို့ သဘောတူခဲ့ကြပါတယ်”လို့ ရေးသားထားတာတွေ့ရပါတယ်။

Song Joong Ki ဟာ လျှမ်းလျှမ်းတောက်အောင်မြင်တဲ့မင်းသားတစ်လက်ဖြစ်လို့ ပိုင်ဆိုင်မှုတွေမနည်းလှသလို Song Hye Kyo ကလည်းနှစ်ပေါင်းများစွာအောင်မြင်လာတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး နဂိုကတည်းကချမ်းသာကြွယ်ဝသူမို့ ပိုင်ဆိုင်မှုတွေတစ်ဝက်စီခွဲမယ်ဆိုရင် နဂိုပိုင်ဆိုင်မှုတွေကိုထည့်မထွက်ပဲ သူတို့လက်ထပ်ပြီးမှ လက်ထက်ပွား ပိုင်ဆိုင်မှုတွေကိုသာထည့်တွက်ပြီးခွဲဖို့ပရိသတ်တွေကမျှော်လင့်နေခဲ့ကြတာပါ။ Song Joong Ki နဲ့ Song Hye Kyo ရဲ့နှစ်ဦးပေါင်းပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း (100)လောက်အသာလေးကျော်တာမို့ နှစ်ဖက်စလုံးက တစ်ဝက်စီခွဲမယူပဲအေးအေးဆေးဆေးလမ်းခွဲလိုက်တာကိုကြည့်ခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်မပြတ်သေးပဲ တူးတူးခါးခါးကြီးမုန်းသွားတာတော့မဟုတ်ဘူးလို့ ပရိသတ်တွေက မှတ်ချက်ချထားကြပါတယ်။

Credit : Nanmalgyi

LEAVE A REPLY