စတိေဂ်ာ့ဗ္

 

Zawgyi ျဖင့္ဖတ္ရန

 

ဖက္ရွင္စတိုင္လ္ တစ္ေန႔ အသစ္တစ္မ်ိဳး၊ မရိုးႏိုင္ေအာင္ ထြင္ၾက၊ ဖန္တီးၾကတာ ေကာင္းပါတယ္။ ဒါေပမယ့္ ေခတ္ေရစီးေၾကာင္း ေနာက္ကို အမီလိုက္တာမ်ိဳးကလည္း ရုိးသြားပါၿပီ။ အက်ႌဒီဇိုင္းအသစ္ေတြဆိုေပမယ့္ အရင္တုန္းက ေခတ္စားခဲ့တာေတြကိုပဲ ျပန္လည္ဆန္းသစ္ေနၾကတာလို႔ပဲ ျမင္ပါတယ္။ ဒီေတာ့ ကိုယ့္စတိုင္လ္နဲ႔ကိုယ္ ရုိးရုိးရွင္းရွင္းေလးဝတ္စားခ်င္စိတ္ေတြ ေပါက္လာေအာင္ ကမာၻေက်ာ္ေအာင္ျမင္ေက်ာ္ၾကားသူေတြရဲ့ ဒီ အယူအဆ(၄) ခ်က္ကို ေဝမွ်လိုက္ပါတယ္။ သူတို႔ေတြ အျမဲ ဒီပံုစံတစ္ခု၊ ဒီဇိုင္းတစ္ခုပဲ ဝတ္ေနရတဲ့ အေၾကာင္းရင္းေတြက

 

 

ေရြးခ်ယ္စရာ နည္းသြားတယ္
ဘာအက်ႌ ဝတ္ရရင္ ေကာင္းမလဲ ဆိုၿပီးေတာ့ကို ေတြးစရာမရွိေတာ့ပါဘူး။ တျခားအလုပ္ကိစၥေတြနဲ႔ စဥ္းစားစရာေတြ အျပံဳႀကီး ရွိေနတာမို႔ သူတို႔အတြက္ စဥ္းစားရ တစ္ခု သက္သာလည္း မနည္းပါဘူး။ ဝယ္ထားတဲ့ တီရွပ္ေတြကလည္း ဒီအေရာင္၊ ဒီအသားကို ဒီပံုစံပဲ။ ဂ်င္းေဘာင္းဘီကလည္း ဒီ ဒီဇိုင္းနဲ႔ ဒီဆိုဒ္ပဲ ဆိုေတာ့ ေကာက္စြပ္သြားလိုက္တာပါပဲ။ ဘယ္လိုပဲ ျဖစ္ျဖစ္ ခါတိုင္းစတိုင္လ္ေတာ့ ရွိေနမွာ အေသအခ်ာပဲေလ။

အခ်ိန္ကုန္ သက္သာတယ္
တစ္ခ်ိဳ႔ လူေတြ သူတို႔ ၾကိဳက္တဲ့အဝတ္အသားနဲ႔ အက်ႌကို ေရာင္စံုျဖစ္ျဖစ္ အဝတ္ (၄) ထည္၊ (၅) ထည္ေလာက္ကို ေသခ်ာ ေရြးဝယ္ထားတယ္။ တစ္ပတ္လံုး ဒီ (၅) ထည္ကို ေလွ်ာ္ဖြပ္ၿပီး သပ္သပ္ရပ္ရပ္ ဝတ္ၾကတယ္။ အလုပ္ရႈပ္ သက္သာတယ္။ အက်ႌအမ်ားႀကီးမရွိေတာ့ အမ်ားႀကီး ေလွ်ာ္စရာ၊ ထိန္းသိမ္းစရာ မလိုေတာ့ဘူးေပါ့။ အိမ္ေျပာင္းမယ္ဆိုရင္ေတာင္ တစ္ေနရာကေန တစ္ေနရာ ေျပာင္းေနမယ္ဆိုလည္း အထုပ္အပိုး သိမ္းစရာ သိပ္မရွိေတာ့ဘူး။

စိတ္ နဲ႔ လူ အင္အားႏွစ္ခုလံုး သက္သာတယ္
ေရြးစရာ သိပ္မွမရွိတာ အရမ္းေကာင္းပါတယ္။ အဲဒီေတာ့ ဘီဒိုတစ္ခုလံုးေမႊ၊ တစ္ထည္ခ်င္းဆဲြထုတ္၊ ကိုယ္မွာ ကပ္ၾကည့္၊ ဒီေန႔ မုဒ္ဝင္ေနတဲ့ အေရာင္ကိုလည္း ေရြးလိုက္ေသးတယ္။ ျပီးမွ ဖိနပ္နဲ႔က မလိုက္၊ ဖိနပ္ေျပာင္းစီးဖို႔ လိုက္ရွာ၊ မေတြ႔ေတာ့ အက်ႋကို စိတ္တိုင္းမက်ျဖစ္တယ္။ ဒီလို ေန႔စဥ္ အရည္မရ အဖတ္မရ စိတ္ရႈပ္စရာေတြေၾကာင့္ အား မကုန္ေတာ့ဘူး။

ကိုယ္ပိုင္ အမွတ္တံဆိပ္ ရထားသလိုပဲ
အေမရိကန္ သမၼတေဟာင္း အိုဘားမား စတိုင္လ္ဆိုရင္ မီးခိုးေရာင္နဲ႔ အျပာေရာင္ ဝတ္စံုေတြပဲ။ မားခ္ဇူကာဘက္ခ္ စတုိင္လ္ဆိုရင္ေတာ့ မီးခိုးေရာင္တီရွပ္ေတြနဲ႔ ေခါင္းစြပ္အက်ႌ ေတြ ေပါ့။ သူတို႔ နာမည္ၾကားလိုက္တာနဲ႔ ပံုစံကို မ်က္စိထဲ ျမင္ေနၿပီးသားျဖစ္ေနတယ္။ ကိုယ္ပိုင္စတုိင္လ္တစ္ခု၊ ဖက္ရွင္တစ္ခု အလိုလို ျဖစ္သြားတယ္။

Credit: Duwun

Unicode ဖြင့်ဖတ်ရန်

စတိဂျော့ဗ်လို အောင်မြင်ကျော်ကြားသူတွေက ဘာလို့ နေ့တိုင်း စတိုင်လ်တစ်မျိုးတည်း ဝတ်လေ့ရှိကြတာလဲ

ဖက်ရှင်စတိုင်လ် တစ်နေ့ အသစ်တစ်မျိုး၊ မရိုးနိုင်အောင် ထွင်ကြ၊ ဖန်တီးကြတာ ကောင်းပါတယ်။ ဒါပေမယ့် ခေတ်ရေစီးကြောင်း နောက်ကို အမီလိုက်တာမျိုးကလည်း ရိုးသွားပါပြီ။ အင်္ကျီဒီဇိုင်းအသစ်တွေဆိုပေမယ့် အရင်တုန်းက ခေတ်စားခဲ့တာတွေကိုပဲ ပြန်လည်ဆန်းသစ်နေကြတာလို့ပဲ မြင်ပါတယ်။ ဒီတော့ ကိုယ့်စတိုင်လ်နဲ့ကိုယ် ရိုးရိုးရှင်းရှင်းလေးဝတ်စားချင်စိတ်တွေ ပေါက်လာအောင် ကမ္ဘာကျော်အောင်မြင်ကျော်ကြားသူတွေရဲ့ ဒီ အယူအဆ(၄) ချက်ကို ဝေမျှလိုက်ပါတယ်။ သူတို့တွေ အမြဲ ဒီပုံစံတစ်ခု၊ ဒီဇိုင်းတစ်ခုပဲ ဝတ်နေရတဲ့ အကြောင်းရင်းတွေက

ရွေးချယ်စရာ နည်းသွားတယ်
ဘာအင်္ကျီ ဝတ်ရရင် ကောင်းမလဲ ဆိုပြီးတော့ကို တွေးစရာမရှိတော့ပါဘူး။ တခြားအလုပ်ကိစ္စတွေနဲ့ စဉ်းစားစရာတွေ အပြုံကြီး ရှိနေတာမို့ သူတို့အတွက် စဉ်းစားရ တစ်ခု သက်သာလည်း မနည်းပါဘူး။ ဝယ်ထားတဲ့ တီရှပ်တွေကလည်း ဒီအရောင်၊ ဒီအသားကို ဒီပုံစံပဲ။ ဂျင်းဘောင်းဘီကလည်း ဒီ ဒီဇိုင်းနဲ့ ဒီဆိုဒ်ပဲ ဆိုတော့ ကောက်စွပ်သွားလိုက်တာပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ခါတိုင်းစတိုင်လ်တော့ ရှိနေမှာ အသေအချာပဲလေ။

အချိန်ကုန် သက်သာတယ်

တစ်ချို့ လူတွေ သူတို့ ကြိုက်တဲ့အဝတ်အသားနဲ့ အင်္ကျီကို ရောင်စုံဖြစ်ဖြစ် အဝတ် (၄) ထည်၊ (၅) ထည်လောက်ကို သေချာ ရွေးဝယ်ထားတယ်။ တစ်ပတ်လုံး ဒီ (၅) ထည်ကို လျှော်ဖွပ်ပြီး သပ်သပ်ရပ်ရပ် ဝတ်ကြတယ်။ အလုပ်ရှုပ် သက်သာတယ်။ အင်္ကျီအများကြီးမရှိတော့ အများကြီး လျှော်စရာ၊ ထိန်းသိမ်းစရာ မလိုတော့ဘူးပေါ့။ အိမ်ပြောင်းမယ်ဆိုရင်တောင် တစ်နေရာကနေ တစ်နေရာ ပြောင်းနေမယ်ဆိုလည်း အထုပ်အပိုး သိမ်းစရာ သိပ်မရှိတော့ဘူး။

စိတ် နဲ့ လူ အင်အားနှစ်ခုလုံး သက်သာတယ်
ရွေးစရာ သိပ်မှမရှိတာ အရမ်းကောင်းပါတယ်။ အဲဒီတော့ ဘီဒိုတစ်ခုလုံးမွှေ၊ တစ်ထည်ချင်းဆွဲထုတ်၊ ကိုယ်မှာ ကပ်ကြည့်၊ ဒီနေ့ မုဒ်ဝင်နေတဲ့ အရောင်ကိုလည်း ရွေးလိုက်သေးတယ်။ ပြီးမှ ဖိနပ်နဲ့က မလိုက်၊ ဖိနပ်ပြောင်းစီးဖို့ လိုက်ရှာ၊ မတွေ့တော့ အင်္ကျိကို စိတ်တိုင်းမကျဖြစ်တယ်။ ဒီလို နေ့စဉ် အရည်မရ အဖတ်မရ စိတ်ရှုပ်စရာတွေကြောင့် အား မကုန်တော့ဘူး။

ကိုယ်ပိုင် အမှတ်တံဆိပ် ရထားသလိုပဲ
အမေရိကန် သမ္မတဟောင်း အိုဘားမား စတိုင်လ်ဆိုရင် မီးခိုးရောင်နဲ့ အပြာရောင် ဝတ်စုံတွေပဲ။ မားခ်ဇူကာဘက်ခ် စတိုင်လ်ဆိုရင်တော့ မီးခိုးရောင်တီရှပ်တွေနဲ့ ခေါင်းစွပ်အင်္ကျီ တွေ ပေါ့။ သူတို့ နာမည်ကြားလိုက်တာနဲ့ ပုံစံကို မျက်စိထဲ မြင်နေပြီးသားဖြစ်နေတယ်။ ကိုယ်ပိုင်စတိုင်လ်တစ်ခု၊ ဖက်ရှင်တစ်ခု အလိုလို ဖြစ်သွားတယ်။

Credit: Duwun