Zawgyi ျဖင့္ဖတ္ရန္

သၾကားဓာတ္ပါတဲ့ အခ်ိဳရည္ ေသာက္သုံးျခင္းေၾကာင့္ ဆီးခ်ိဳေရာဂါ၊ အဝလြန္ေရာဂါတို႔ကို ျဖစ္ေစႏိုင္ေၾကာင္း လူအေတာ္မ်ားမ်ား သိရွိထားၾကၿပီး ျဖစ္ပါတယ္။ လက္တေလာ ေဆးသုေတသီတို႔ ေတြ႕ရွိထားတဲ့ ေလ့လာစမ္းစစ္ခ်က္ အသစ္တစ္ခုမွာေတာ့ အခ်ိဳရည္ေတြဟာ ကင္ဆာေရာဂါအမ်ိဳးမ်ိဳးကိုလည္း ျဖစ္ပြားႏိုင္ေျခ ျမင့္မားေၾကာင္း ေတြ႕ရွိထားပါတယ္။ သၾကားဓာတ္ပါတဲ့ အခ်ိဳရည္ေတြဟာ ဒီေလာက္ေတာင္ အႏၲရာယ္ရွိေနၿပီလား..?

ဟုတ္ပါတယ္..၊ New Strait Times သတင္းမွာ ေဖာ္ျပထားခ်က္အရ သၾကားေတြနဲ႔ ျပဳလုပ္ထားတဲ့ ဆိုဒါအခ်ိဳရည္ေတြ၊ သစ္သီးေဖ်ာ္ရည္ေတြမွာ အခ်ိဳ႕ေသာ ကင္ဆာအမ်ိဳးအစားေတြ ျဖစ္ႏိုင္ေျခ ျမင့္မားတဲ့ လကၡဏာေတြကို ျပင္သစ္ႏိုင္ငံမွာ ျပဳလုပ္ခဲ့တဲ့ သုေတသနမွာ ေတြ႕ခဲ့တာျဖစ္ပါတယ္။

အဝလြန္ေရာဂါနဲ႔ လုံးဝဆက္စပ္ေနတဲ့ အခ်ိဳရည္ေတြကို တစ္ကမာၻလုံးမွာ လူေတြ ႏွစ္ၿခိဳက္စြာ ေသာက္သုံးေနၾကပါတယ္။ အဓိက ကင္ဆာျဖစ္ႏိုင္တဲ့ အခ်က္၊ တရားခံကေတာ့ အဝလြန္ေရာဂါေၾကာင့္ ျဖစ္တယ္လို႔ သုေတသီေတြရဲ႕ သုံးသပ္တင္ျပခ်က္မွာ ေဖာ္ျပထားပါတယ္။

ျပင္သစ္ႏိုင္ငံက သုေတသီေတြဟာ အခ်ိဳရည္လြန္ကဲစြာေသာက္သုံးသူေတြနဲ႔ ကင္ဆာျဖစ္ႏိုင္ေျခႏႈန္း ဘယ္လိုဆက္စပ္ေနသလဲဆိုတာကို အခ်ိန္ယူၿပီး ေလ့လာခဲ့ၾကပါတယ္။ အခ်ိဳရည္ေၾကာင့္ အေထြေထြကင္ဆာေတြအျပင္၊ ရင္သားကင္ဆာ၊ ပေရာ့စတိတ္ကင္ဆာ၊ အူသိမ္အူမကင္ ျဖစ္ပြားမႈရဲ႕ ဆက္စပ္မႈေတြကို ေလ့လာခဲ့ၾကပါတယ္။

သုေတသနလုပ္ငန္းမွာ အ႐ြယ္ေရာက္ၿပီးသူေပါင္း တစ္သိန္းေက်ာ္ကို ေလ့လာခဲ့ၾကၿပီး သူတို႔ရဲ႕အသက္ဟာ ပွ်မ္းမွ် ၄၂ ႏွစ္အ႐ြယ္ ဝန္းက်င္ေတြျဖစ္ၾကပါတယ္။ အားလုံးရဲ႕ ၇၉% ဟာ အမ်ိဳးသမီးေတြ ျဖစ္ပါတယ္။

သုေတသီေတြနဲ႔အတူ ပူးေပါင္းပါဝင္ခဲ့ၾကသူေတြဟာ ၉ ႏွစ္တိုင္တိုင္ မပ်က္မကြက္ ေန႔စဥ္သူတို႔ရဲ႕ စားေသာက္မႈပုံစံကို တစ္ရက္လွ်င္ ေမးခြန္း ၂ ခုစီ သုေတသီေတြရဲ႕ ေမးျမန္းမႈကို အြန္လိုင္းကေနတစ္ဆင့္ ျပန္လည္ေျဖၾကားေပးခဲ့ၾကပါတယ္။
ဒီေမးခြန္းေတြထဲမွာ ေန႔စဥ္ သၾကားစားသုံးတဲ့ ပမာဏ၊ သၾကားတု ပါဝင္တဲ့ အခ်ိဳရည္ေသာက္သုံးမႈေတြအျပင္ အသီးစစ္ေဖ်ာ္ရည္ ေသာက္သုံးမႈ စတဲ့ ေမးခြန္းေတြ ပါဝင္ပါတယ္။

ေနာက္ဆုံးမွာေတာ့ တစ္ရက္လွ်င္ သၾကား ၁၀၀ မီလီပါဝင္တဲ့ အခ်ိဳရည္၊ ေဖ်ာ္ရည္ေတြ ေသာက္သုံးျခင္းျဖင့္ အမ်ိဳးမ်ိဳးေသာ ကင္ဆာျဖစ္ႏိုင္ေျခ ၁၈% ျမင့္မားၿပီး ရင္သားကင္ဆာ ျဖစ္ႏိုင္ေျခကေတာ့ ၂၂% ျမင့္မားတယ္လို႔ သုေတသီေတြ ေကာက္ခ်က္ခ်ႏိုင္ခဲ့ပါတယ္။
သစ္သီးေတြကို သၾကားထည့္ေဖ်ာ္ၿပီး ေသာက္တာကလည္း အလားတူ ကင္ဆာေရာဂါျဖစ္ႏိုင္ေခ်ရွိတယ္လို႔ ဆိုပါတယ္။

သုေတသီေတြဟာ သူတို႔သုေတသနျပဳ ေလ့လာမႈမွာပါဝင္ခဲ့သူေတြကို ထပ္ခ်ပ္မကြာ ေစာင့္ၾကည့္ေလ့လာခဲ့ရာ လူေပါင္း ၂,၁၉၃ ဦးဟာ သူတို႔အသက္ ၅၉ ႏွစ္ပတ္ဝန္းက်င္မွာ ကင္ဆာေရာဂါျဖစ္လို႔ ေဆးကုသမႈခံယူေနၾကရပါတယ္။ ဒါေပမယ့္လည္း ဒီလူေတြ ကင္ဆာေရာဂါ ျဖစ္ပြားရတာဟာ သူတို႔ေတြရဲ႕ ေလ့လာေတြ႕ရွိတဲ့ အခ်က္ေတြေၾကာင့္ျဖစ္တယ္လို႔ေတာ့ သူေတသီေတြ အတည္မျပဳေပးႏိုင္ေသးပါဘူး၊ အျခားျဖစ္ႏိုင္ေျခရွိတဲ့ အေၾကာင္းေတြလည္း မ်ားစြာရွိေနပါေသးတယ္။

“ဒီအေၾကာင္းအရာက က်ယ္ျပန႔္ပါတယ္၊ ေတြ႕ရွိထားတဲ့ သက္ေသအေထာက္ထားေတြအရ သၾကားဓါတ္ေသာက္သုံးမႈေၾကာင့္ ကင္ဆာေရာဂါျဖစ္ႏိုင္ေျချမင့္မားတယ္ဆိုတာ ဆက္စပ္ပက္သက္မႈ ရွိေနႏိုင္ပါတယ္” လို႔ ယူေကရဲ႕ ကင္ဆာသုေတသီ Graham Wheeler က ေျပာဆိုခဲ့ပါတယ္။

Credit :popolay

Unicode ဖြင့်ဖတ်ရန်

သကြားဓာတ်ပါတဲ့ အချိုရည်သောက်ခြင်းကြောင့် ကင်ဆာဖြစ်နိုင်ခြေ ၁၈% မြင့်တက်

သကြားဓာတ်ပါတဲ့ အချိုရည် သောက်သုံးခြင်းကြောင့် ဆီးချိုရောဂါ၊ အဝလွန်ရောဂါတို့ကို ဖြစ်စေနိုင်ကြောင်း လူအတော်များများ သိရှိထားကြပြီး ဖြစ်ပါတယ်။ လက်တလော ဆေးသုတေသီတို့ တွေ့ရှိထားတဲ့ လေ့လာစမ်းစစ်ချက် အသစ်တစ်ခုမှာတော့ အချိုရည်တွေဟာ ကင်ဆာရောဂါအမျိုးမျိုးကိုလည်း ဖြစ်ပွားနိုင်ခြေ မြင့်မားကြောင်း တွေ့ရှိထားပါတယ်။ သကြားဓာတ်ပါတဲ့ အချိုရည်တွေဟာ ဒီလောက်တောင် အန္တရာယ်ရှိနေပြီလား..?

ဟုတ်ပါတယ်..၊ New Strait Times သတင်းမှာ ဖော်ပြထားချက်အရ သကြားတွေနဲ့ ပြုလုပ်ထားတဲ့ ဆိုဒါအချိုရည်တွေ၊ သစ်သီးဖျော်ရည်တွေမှာ အချို့သော ကင်ဆာအမျိုးအစားတွေ ဖြစ်နိုင်ခြေ မြင့်မားတဲ့ လက္ခဏာတွေကို ပြင်သစ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနမှာ တွေ့ခဲ့တာဖြစ်ပါတယ်။

အဝလွန်ရောဂါနဲ့ လုံးဝဆက်စပ်နေတဲ့ အချိုရည်တွေကို တစ်ကမ္ဘာလုံးမှာ လူတွေ နှစ်ခြိုက်စွာ သောက်သုံးနေကြပါတယ်။ အဓိက ကင်ဆာဖြစ်နိုင်တဲ့ အချက်၊ တရားခံကတော့ အဝလွန်ရောဂါကြောင့် ဖြစ်တယ်လို့ သုတေသီတွေရဲ့ သုံးသပ်တင်ပြချက်မှာ ဖော်ပြထားပါတယ်။

ပြင်သစ်နိုင်ငံက သုတေသီတွေဟာ အချိုရည်လွန်ကဲစွာသောက်သုံးသူတွေနဲ့ ကင်ဆာဖြစ်နိုင်ခြေနှုန်း ဘယ်လိုဆက်စပ်နေသလဲဆိုတာကို အချိန်ယူပြီး လေ့လာခဲ့ကြပါတယ်။ အချိုရည်ကြောင့် အထွေထွေကင်ဆာတွေအပြင်၊ ရင်သားကင်ဆာ၊ ပရော့စတိတ်ကင်ဆာ၊ အူသိမ်အူမကင် ဖြစ်ပွားမှုရဲ့ ဆက်စပ်မှုတွေကို လေ့လာခဲ့ကြပါတယ်။

သုတေသနလုပ်ငန်းမှာ အရွယ်ရောက်ပြီးသူပေါင်း တစ်သိန်းကျော်ကို လေ့လာခဲ့ကြပြီး သူတို့ရဲ့အသက်ဟာ ပျှမ်းမျှ ၄၂ နှစ်အရွယ် ဝန်းကျင်တွေဖြစ်ကြပါတယ်။ အားလုံးရဲ့ ၇၉% ဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။

သုတေသီတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့ကြသူတွေဟာ ၉ နှစ်တိုင်တိုင် မပျက်မကွက် နေ့စဉ်သူတို့ရဲ့ စားသောက်မှုပုံစံကို တစ်ရက်လျှင် မေးခွန်း ၂ ခုစီ သုတေသီတွေရဲ့ မေးမြန်းမှုကို အွန်လိုင်းကနေတစ်ဆင့် ပြန်လည်ဖြေကြားပေးခဲ့ကြပါတယ်။
ဒီမေးခွန်းတွေထဲမှာ နေ့စဉ် သကြားစားသုံးတဲ့ ပမာဏ၊ သကြားတု ပါဝင်တဲ့ အချိုရည်သောက်သုံးမှုတွေအပြင် အသီးစစ်ဖျော်ရည် သောက်သုံးမှု စတဲ့ မေးခွန်းတွေ ပါဝင်ပါတယ်။

နောက်ဆုံးမှာတော့ တစ်ရက်လျှင် သကြား ၁၀၀ မီလီပါဝင်တဲ့ အချိုရည်၊ ဖျော်ရည်တွေ သောက်သုံးခြင်းဖြင့် အမျိုးမျိုးသော ကင်ဆာဖြစ်နိုင်ခြေ ၁၈% မြင့်မားပြီး ရင်သားကင်ဆာ ဖြစ်နိုင်ခြေကတော့ ၂၂% မြင့်မားတယ်လို့ သုတေသီတွေ ကောက်ချက်ချနိုင်ခဲ့ပါတယ်။
သစ်သီးတွေကို သကြားထည့်ဖျော်ပြီး သောက်တာကလည်း အလားတူ ကင်ဆာရောဂါဖြစ်နိုင်ချေရှိတယ်လို့ ဆိုပါတယ်။

သုတေသီတွေဟာ သူတို့သုတေသနပြု လေ့လာမှုမှာပါဝင်ခဲ့သူတွေကို ထပ်ချပ်မကွာ စောင့်ကြည့်လေ့လာခဲ့ရာ လူပေါင်း ၂,၁၉၃ ဦးဟာ သူတို့အသက် ၅၉ နှစ်ပတ်ဝန်းကျင်မှာ ကင်ဆာရောဂါဖြစ်လို့ ဆေးကုသမှုခံယူနေကြရပါတယ်။ ဒါပေမယ့်လည်း ဒီလူတွေ ကင်ဆာရောဂါ ဖြစ်ပွားရတာဟာ သူတို့တွေရဲ့ လေ့လာတွေ့ရှိတဲ့ အချက်တွေကြောင့်ဖြစ်တယ်လို့တော့ သူတေသီတွေ အတည်မပြုပေးနိုင်သေးပါဘူး၊ အခြားဖြစ်နိုင်ခြေရှိတဲ့ အကြောင်းတွေလည်း များစွာရှိနေပါသေးတယ်။

“ဒီအကြောင်းအရာက ကျယ်ပြန့်ပါတယ်၊ တွေ့ရှိထားတဲ့ သက်သေအထောက်ထားတွေအရ သကြားဓါတ်သောက်သုံးမှုကြောင့် ကင်ဆာရောဂါဖြစ်နိုင်ခြေမြင့်မားတယ်ဆိုတာ ဆက်စပ်ပက်သက်မှု ရှိနေနိုင်ပါတယ်” လို့ ယူကေရဲ့ ကင်ဆာသုတေသီ Graham Wheeler က ပြောဆိုခဲ့ပါတယ်။

Credit :popolay

LEAVE A REPLY