Zawgyi ျဖင့္ဖတ္ရန္

လူတိုင္းအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိဘေတြရဲ့ အေဝးမွာ ခြဲခြာေနဖူးၾကမွာပါ။ အေဝးေရာက္ေနတဲ့အခ်ိန္ မိဘ(အထူးသျဖင့္) အေမ့ကို သတိရတဲ့ ခံစားခ်က္က ခဏတျဖဳတ္ခြဲဖူးတဲ့သူေတြအတြက္ မသိသာေပမယ့္ အခ်ိန္ကာလၾကာရွည္စြာ ခြဲခြာေနၾကရတဲ့ သားသမီးေတြကေတာ့ ဘယ္ေလာက္ေတာင္ ေၾကကြဲရလဲဆိုတာ ေကာင္းေကာင္းႀကီး သိနားလည္ၾကပါတယ္။

မေန႔ညက Myanmar’s Got Talent အစီစဥ္မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ ‘ေအာင္ၿငိမ္းဦး’ ဟာ မသန္စြမ္း အမ်ိဳးသားျဖစ္ၿပီး ႏွစ္ေပါင္း ၃၀ ေက်ာ္ မိခင္ေပ်ာက္ကို အနယ္နယ္အရပ္ရပ္မွာ လိုက္လံရွာေဖြေနသူပါ။ မိခင္ရဲ့ေမတၱာကို ငတ္ေနတဲ့ သားတစ္ေယာက္လည္း ျဖစ္ပါတယ္။

မသန္ေပမယ့္ စြမ္းတဲ့ ‘ေအာင္ၿငိမ္းဦး’ ဟာ ေမြးရာပါမသန္စြမ္းသူ မဟုတ္ပဲ မေတာ္တဆမွုတစ္ခုေၾကာင့္ ၂၀၀၄ ခုႏွစ္မွာ လက္ႏွစ္ဖက္စလုံး လက္ေမာင္း တစ္ဝက္ေလာက္က ျဖတ္ေတာက္ခဲ့ရပါတယ္။
စိတ္ဓါတ္ေတြက်ၿပီး လမ္းေပ်ာက္ေနခဲ့ရခ်ိန္ ျမန္မာနိုင္ငံ မသန္စြမ္းအားကစားအဖြဲ႕က ဆရာေကာင္းတစ္ဦးနဲ႔ ေတြ႕ကာ ကိုယ္ကိုယ္ကို ျပန္လည္တည္ေဆာက္ၿပီး မသန္စြမ္း ေရကူးခ်ံပီယံတစ္ေယာက္ျဖစ္လာေအာင္ ႀကိဳးစားတည့္မတ္ခဲ့ပါတယ္။ နိုင္ငံတစ္ကာၿပိဳင္ပြဲေတြမွာ ေရႊတံဆိပ္ (၅)ခု အျပင္ ေငြတံဆိပ္နဲ႔ ေၾကးတံဆိပ္ေတြကိုပါ ဆြတ္ခူးထားတဲ့ နိုင္ငံဂုဏ္ေဆာင္ လက္ေရြးစင္ အားကစားသမားတစ္ဦးျဖစ္ပါတယ္။

 

သူ႔အသက္ ၂ ႏွစ္ေလာက္မွာ မိဘႏွစ္ပါး ကေတာက္ကဆျဖစ္ရာကေန မိခင္ျဖစ္သူနဲ႔ ကြဲကြာခဲ့ရပါတယ္။ အခုဆိုရင္ ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာခဲ့ၿပီျဖစ္ေပမယ့္ မိခင္ေမတၱာကို ငတ္မြတ္တဲ့စိတ္နဲ႔ အေမေပ်ာက္ကို ဇြဲမေလၽွာ့ပဲ ဆက္လက္ရွာေဖြေနသူလည္းျဖစ္ပါတယ္။ ေနာက္ဆုံးသတင္းအရ မိခင္ျဖစ္သူ ‘မခ်ိဳ’ ဟာ ေမွာ္ဘီအနီးပတ္ဝန္းက်င္က က်ဴးေက်ာ္အသိုင္းအဝိုင္းထဲမွာ ေနထိုင္ေနတယ္လို႔ သူသိထားေပမယ့္ ခုထက္ထိေတာ့ ရွာမေတြ႕ေသးပါဘူး။

ဒီၿပိဳင္ပြဲကေနတစ္ဆင့္ မိခင္ျဖစ္သူနဲ႔ ျပန္ေတြ႕ပါေစလို႔ ဒိုင္လူႀကီးေတြက ဆုေတာင္းေပးၿပီး ဝိုင္းဝန္းကူညီေပးၾကဖို႔ ပရိသတ္ေတြကိုလည္း ေမတၱာရပ္ခံထားပါတယ္။
ငယ္စဥ္ထဲက ကြဲကာခဲ့ရေပမယ့္ အေမေတြ႕ရင္ မွတ္မိနိုင္မယ့္ အမွတ္အသားတစ္ခု သူ႔ရဲ့ပခုံးမွာ ရွိတယ္လို႔ ဆိုပါတယ္။

ဒီေန႔ညမွာေတာ့ လက္ႏွစ္ဖက္မရွိပဲ စက္ဘီးကို ကၽြမ္းက်င္ပိုင္နိုင္စြာ စီးနင္းျပသြားခဲ့လို႔ ပရိသတ္ေတြနဲ႔ ဒိုင္လူႀကီးေတြကပါ အံ့ၾသခဲ့ရပါတယ္။ သူ႔အတြက္ကေတာ့ စတိတ္စင္ က်ဥ္းက်ဥ္းေလးေပၚမွာ စက္ဘီးပတ္စီးျပရတာ အားမရဘူးလို႔ဆိုပါတယ္။ သူဟာ မႏၲေလးက စက္ဘီးစီးအဖြဲ႕နဲ႔ မိုင္းေပါင္း ၈၀ ေလာက္ကို အတူတူလိုက္စီးေလ့ရွိတယ္လို႔ ဆိုတာေၾကာင့္ ဒိုင္လူႀကီးေတြက ထပ္မံအံ့ၾသခဲ့ရျပန္ပါတယ္။

အသက္ ၃၃ ႏွစ္အရြယ္ရွိၿပီး မသန္ေပမယ့္ ျမန္မာနိုင္ငံဂုဏ္အတြက္ ေရကူးအားကစားမွာ စြမ္းေဆာင္နိုင္ခဲ့တဲ့ ေရႊတံဆိပ္မ်ားဆုရွင္ ‘ေအာင္ၿငိမ္းဦး’ ကေတာ့ ဒိုင္လူႀကီးေတြရဲ့ YES ေလးခုနဲ႔အတူ ေနာက္တစ္ဆင့္ကို တက္လွမ္းသြားနိုင္ခဲ့ပါတယ္။
Myanmar’s Got Talent အစီစဥ္ကေနတစ္ဆင့္ ေပ်ာက္ဆုံးကြဲကာေနတဲ့ မိခင္ ‘မခ်ိဳ(အေမခ်ိဳ)’နဲ႔ အျမန္ဆုံး ျပန္လည္ဆုံေတြ႕နိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

နှစ် ၃၀ လုံးလုံး မိခင်ပျောက်ကို ရှာနေတဲ့ မသန်စွမ်းရေကူးချံပီယံ

လူတိုင်းအကြောင်းအမျိုးမျိုးကြောင့် မိဘတွေရဲ့ အဝေးမှာ ခွဲခွာနေဖူးကြမှာပါ။
အဝေးရောက်နေတဲ့အချိန် မိဘ(အထူးသဖြင့်) အမေ့ကို သတိရတဲ့ ခံစားချက်က ခဏတဖြုတ်ခွဲဖူးတဲ့သူတွေအတွက် မသိသာပေမယ့် အချိန်ကာလကြာရှည်စွာ ခွဲခွာနေကြရတဲ့ သားသမီးတွေကတော့ ဘယ်လောက်တောင် ကြေကွဲရလဲဆိုတာ ကောင်းကောင်းကြီး သိနားလည်ကြပါတယ်။

မနေ့ညက Myanmar’s Got Talent အစီစဉ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ‘အောင်ငြိမ်းဦး’ ဟာ မသန်စွမ်း အမျိုးသားဖြစ်ပြီး နှစ်ပေါင်း ၃၀ ကျော် မိခင်ပျောက်ကို အနယ်နယ်အရပ်ရပ်မှာ လိုက်လံရှာဖွေနေသူပါ။ မိခင်ရဲ့မေတ္တာကို ငတ်နေတဲ့ သားတစ်ယောက်လည်း ဖြစ်ပါတယ်။

မသန်ပေမယ့် စွမ်းတဲ့ ‘အောင်ငြိမ်းဦး’ ဟာ မွေးရာပါမသန်စွမ်းသူ မဟုတ်ပဲ မတော်တဆမှုတစ်ခုကြောင့် ၂၀၀၄ ခုနှစ်မှာ လက်နှစ်ဖက်စလုံး လက်မောင်း တစ်ဝက်လောက်က ဖြတ်တောက်ခဲ့ရပါတယ်။
စိတ်ဓါတ်တွေကျပြီး လမ်းပျောက်နေခဲ့ရချိန် မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့က ဆရာကောင်းတစ်ဦးနဲ့ တွေ့ကာ ကိုယ်ကိုယ်ကို ပြန်လည်တည်ဆောက်ပြီး မသန်စွမ်း ရေကူးချံပီယံတစ်ယောက်ဖြစ်လာအောင် ကြိုးစားတည့်မတ်ခဲ့ပါတယ်။ နိုင်ငံတစ်ကာပြိုင်ပွဲတွေမှာ ရွှေတံဆိပ် (၅)ခု အပြင် ငွေတံဆိပ်နဲ့ ကြေးတံဆိပ်တွေကိုပါ ဆွတ်ခူးထားတဲ့ နိုင်ငံဂုဏ်ဆောင် လက်ရွေးစင် အားကစားသမားတစ်ဦးဖြစ်ပါတယ်။

သူ့အသက် ၂ နှစ်လောက်မှာ မိဘနှစ်ပါး ကတောက်ကဆဖြစ်ရာကနေ မိခင်ဖြစ်သူနဲ့ ကွဲကွာခဲ့ရပါတယ်။ အခုဆိုရင် နှစ်ပေါင်း ၃၀ ကျော်ကြာခဲ့ပြီဖြစ်ပေမယ့် မိခင်မေတ္တာကို ငတ်မွတ်တဲ့စိတ်နဲ့ အမေပျောက်ကို ဇွဲမလျှော့ပဲ ဆက်လက်ရှာဖွေနေသူလည်းဖြစ်ပါတယ်။ နောက်ဆုံးသတင်းအရ မိခင်ဖြစ်သူ ‘မချို’ ဟာ မှော်ဘီအနီးပတ်ဝန်းကျင်က ကျူးကျော်အသိုင်းအဝိုင်းထဲမှာ နေထိုင်နေတယ်လို့ သူသိထားပေမယ့် ခုထက်ထိတော့ ရှာမတွေ့သေးပါဘူး။

ဒီပြိုင်ပွဲကနေတစ်ဆင့် မိခင်ဖြစ်သူနဲ့ ပြန်တွေ့ပါစေလို့ ဒိုင်လူကြီးတွေက ဆုတောင်းပေးပြီး ဝိုင်းဝန်းကူညီပေးကြဖို့ ပရိသတ်တွေကိုလည်း မေတ္တာရပ်ခံထားပါတယ်။
ငယ်စဉ်ထဲက ကွဲကာခဲ့ရပေမယ့် အမေတွေ့ရင် မှတ်မိနိုင်မယ့် အမှတ်အသားတစ်ခု သူ့ရဲ့ပခုံးမှာ ရှိတယ်လို့ ဆိုပါတယ်။

ဒီနေ့ညမှာတော့ လက်နှစ်ဖက်မရှိပဲ စက်ဘီးကို ကျွမ်းကျင်ပိုင်နိုင်စွာ စီးနင်းပြသွားခဲ့လို့ ပရိသတ်တွေနဲ့ ဒိုင်လူကြီးတွေကပါ အံ့သြခဲ့ရပါတယ်။ သူ့အတွက်ကတော့ စတိတ်စင် ကျဉ်းကျဉ်းလေးပေါ်မှာ စက်ဘီးပတ်စီးပြရတာ အားမရဘူးလို့ဆိုပါတယ်။ သူဟာ မန္တလေးက စက်ဘီးစီးအဖွဲ့နဲ့ မိုင်းပေါင်း ၈၀ လောက်ကို အတူတူလိုက်စီးလေ့ရှိတယ်လို့ ဆိုတာကြောင့် ဒိုင်လူကြီးတွေက ထပ်မံအံ့သြခဲ့ရပြန်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိပြီး မသန်ပေမယ့် မြန်မာနိုင်ငံဂုဏ်အတွက် ရေကူးအားကစားမှာ စွမ်းဆောင်နိုင်ခဲ့တဲ့ ရွှေတံဆိပ်များဆုရှင် ‘အောင်ငြိမ်းဦး’ ကတော့ ဒိုင်လူကြီးတွေရဲ့ YES လေးခုနဲ့အတူ နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။
Myanmar’s Got Talent အစီစဉ်ကနေတစ်ဆင့် ပျောက်ဆုံးကွဲကာနေတဲ့ မိခင် ‘မချို(အမေချို)’နဲ့ အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit : popolay

LEAVE A REPLY