Zawgyi ျဖင့္ဖတ္ရန္

ေလာကႀကီးဟာ အင္မတန္တရားက်ဖို႔ေကာင္းပါတယ္။ လူေတြဟာ ေအာင္ျမင္ေနခ်ိန္၊ စြမ္းေဆာင္ႏိုင္ခ်ိန္မွာ မာနေတြႀကီး၊ လူတစ္ဖက္သားကို အဖက္မတန္သလို ဆက္ဆံခဲ့ေပမယ့္ သခၤါရသေဘာတရားအရ ေနာက္ဆုံးထြက္သက္ကို ေရာက္လာတဲ့အခ်ိန္မွာေတာ့ ဒီလိုလုပ္ခဲ့တဲ့ လုပ္ရပ္ေတြဟာ အမွားေတြသာျဖစ္တယ္ဆိုတာကို ဝမ္းနည္းေၾကကြဲေနာင္တတရားေတြ စကၠန႔္မလပ္ခံစားရင္ လူနာကုတင္ေလးေပၚမွာ ေနာက္ဆုံးအခ်ိန္ကို ေစာင့္ေနရတဲ့ အျဖစ္ပ်က္က တစ္ကယ္ သနားစရာေကာင္းပါတယ္။

ထိုင္းႏိုင္ငံ ရဲ႕ တက္သစ္စ ႐ုပ္ရွင္မင္းသားတစ္ဦးဟာ တီဘီ(အဆုတ္နာ) ေရာဂါေဝဒနာကို ခံစားရင္း သူ႔ရဲ႕ ေနာက္ဆုံးအခ်ိန္ေတြကို ေဆး႐ုံေပၚမွာ ခက္ခဲစြာေက်ာ္ျဖတ္ေနရေၾကာင္းႏွင့္ ေဆးကုသရန္ အလႈေငြမ်ား လိုအပ္ေနပါေၾကာင္းကို ထိုင္းအဆိုေတာ္ ႐ုပ္ရွင္မင္းသမီးျဖစ္တဲ့ ‘Maxim’ က သူ႔ရဲ႕ လူမႈကြန္ယက္ေပၚကေန ပရိသတ္ေတြကို အသိေပးေျပာၾကားလိုက္ပါတယ္။

 

တီဘီေရာဂါေဝဒနာကို အလူးအလဲခံစားေနရတဲ့ ႐ုပ္ရွင္မင္းသား “သီဖန္သနာဝပ္” က ဗီဒီယို႐ုပ္သံနဲ႔ “ကြၽန္ေတာ္ဟာ တစ္ခ်ိန္က မာနႀကီးခဲ့ပါတယ္၊ ေျပာမွားဆိုမွားေတြ ရွိခဲ့ရင္ ခြင့္လႊတ္ၾကပါလို႔” မ်က္ရည္လည္႐ႊဲနဲ႔ ပရိသတ္ေတြအားလုံးကို ေတာင္းပန္ခဲ့ပါတယ္။
ဒါ့အျပင္ ဆီးခ်ိဳေဝဒနာခံစားေနရတဲ့ မိခင္ျဖစ္သူကိုလည္း အစားအေသာက္ မွန္မွန္စားၿပီး က်န္းမာေရးကို ဂ႐ုစိုက္ဖို႔ မွာၾကားခဲ့ပါတယ္။

႐ုပ္သံမွာ သူေျပာခဲ့တာေတြကေတာ့ “ပထမဦးဆုံးအေနနဲ႔ အားလုံးကို လူကိုယ္တိုင္ေတြ႕ၿပီး ႏႈတ္ဆက္စကား မေျပာႏိုင္ေတာ့တဲ့အတြက္ စိတ္မေကာင္းျဖစ္ရပါတယ္။ ကြၽန္ေတာ္အရင္က လူေတြအေပၚ မာနႀကီးၿပီး ေကာင္းေကာင္းမြန္မြန္ မဆက္ဆံခဲ့မိတာေတြအတြက္ ေတာင္းပန္ပါတယ္။ အခုဆိုရင္ ကြၽန္ေတာ္ဟာ တီဘီ(အဆုတ္နာ)ေရာဂါေၾကာင့္ အေတာ္ႀကီးကို ေနထိုင္မေကာင္းျဖစ္ေနပါတယ္၊ အခုဆိုရင္ အသည္းကို ကူးစက္ေနပါၿပီ။ အရမ္းလည္းပိန္ေနၿပီးေတာ့ ခုခံႏိုင္စြမ္းမရွိေတာ့ေတာ့တဲ့ အေျခအေနပါ။ အားလုံးကြၽန္ေတာ္ကို႔ သနားညႇာတာစိတ္နဲ႔ ခြင့္လႊတ္ေပးၾကပါလို႔ ေတာင္းပန္ပါတယ္။ ၿပီးေတာ့ ျဖစ္ႏိုင္ရင္ အားလုံးပဲ တီဘီကာကြယ္ေဆးလည္း မျဖစ္မေနထိုးထားၾကေစခ်င္ပါတယ္။ ကြၽန္ေတာ့္ရဲ႕ ေနာက္ဆုံး ထြက္သက္မတိုင္ခင္မွာ အားလုံးကို ရင္ထဲက ေလးေလးစားစား ေတာင္းပန္ခဲ့ပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

‘Maxim’ ကေတာ့ “သီဖန္သနာဝပ္” ဟာ အခုလို ေနမေကာင္းျဖစ္ေနတာ ၅ လခန႔္ၾကာေနၿပီျဖစ္ၿပီး သူ႔ကို ကူညီၾကဖို႔တိုက္တြန္းထားပါတယ္။ အလႉေငြမ်ားကို Krung Thai Bank ရဲ႕ Saving account 5470672794 နဲ႔ အေကာင့္အမည္ Phumthanawat Boonlue Pradit ျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

မာနတွေကြီးခဲ့ပြီး သေခါနီးအချိန်ကျမှ ခွင့်လွှတ်ပေးကြပါဆိုတဲ့ ထိုင်းရုပ်ရှင်မင်းသား

လောကကြီးဟာ အင်မတန်တရားကျဖို့ကောင်းပါတယ်။ လူတွေဟာ အောင်မြင်နေချိန်၊ စွမ်းဆောင်နိုင်ချိန်မှာ မာနတွေကြီး၊ လူတစ်ဖက်သားကို အဖက်မတန်သလို ဆက်ဆံခဲ့ပေမယ့် သင်္ခါရသဘောတရားအရ နောက်ဆုံးထွက်သက်ကို ရောက်လာတဲ့အချိန်မှာတော့ ဒီလိုလုပ်ခဲ့တဲ့ လုပ်ရပ်တွေဟာ အမှားတွေသာဖြစ်တယ်ဆိုတာကို ဝမ်းနည်းကြေကွဲနောင်တတရားတွေ စက္ကန့်မလပ်ခံစားရင် လူနာကုတင်လေးပေါ်မှာ နောက်ဆုံးအချိန်ကို စောင့်နေရတဲ့ အဖြစ်ပျက်က တစ်ကယ် သနားစရာကောင်းပါတယ်။

ထိုင်းနိုင်ငံ ရဲ့ တက်သစ်စ ရုပ်ရှင်မင်းသားတစ်ဦးဟာ တီဘီ(အဆုတ်နာ) ရောဂါဝေဒနာကို ခံစားရင်း သူ့ရဲ့ နောက်ဆုံးအချိန်တွေကို ဆေးရုံပေါ်မှာ ခက်ခဲစွာကျော်ဖြတ်နေရကြောင်းနှင့် ဆေးကုသရန် အလှုငွေများ လိုအပ်နေပါကြောင်းကို ထိုင်းအဆိုတော် ရုပ်ရှင်မင်းသမီးဖြစ်တဲ့ ‘Maxim’ က သူ့ရဲ့ လူမှုကွန်ယက်ပေါ်ကနေ ပရိသတ်တွေကို အသိပေးပြောကြားလိုက်ပါတယ်။

တီဘီရောဂါဝေဒနာကို အလူးအလဲခံစားနေရတဲ့ ရုပ်ရှင်မင်းသား “သီဖန်သနာဝပ်” က ဗီဒီယိုရုပ်သံနဲ့ “ကျွန်တော်ဟာ တစ်ချိန်က မာနကြီးခဲ့ပါတယ်၊ ပြောမှားဆိုမှားတွေ ရှိခဲ့ရင် ခွင့်လွှတ်ကြပါလို့” မျက်ရည်လည်ရွှဲနဲ့ ပရိသတ်တွေအားလုံးကို တောင်းပန်ခဲ့ပါတယ်။
ဒါ့အပြင် ဆီးချိုဝေဒနာခံစားနေရတဲ့ မိခင်ဖြစ်သူကိုလည်း အစားအသောက် မှန်မှန်စားပြီး ကျန်းမာရေးကို ဂရုစိုက်ဖို့ မှာကြားခဲ့ပါတယ်။

ရုပ်သံမှာ သူပြောခဲ့တာတွေကတော့ “ပထမဦးဆုံးအနေနဲ့ အားလုံးကို လူကိုယ်တိုင်တွေ့ပြီး နှုတ်ဆက်စကား မပြောနိုင်တော့တဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်အရင်က လူတွေအပေါ် မာနကြီးပြီး ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့မိတာတွေအတွက် တောင်းပန်ပါတယ်။ အခုဆိုရင် ကျွန်တော်ဟာ တီဘီ(အဆုတ်နာ)ရောဂါကြောင့် အတော်ကြီးကို နေထိုင်မကောင်းဖြစ်နေပါတယ်၊ အခုဆိုရင် အသည်းကို ကူးစက်နေပါပြီ။ အရမ်းလည်းပိန်နေပြီးတော့ ခုခံနိုင်စွမ်းမရှိတော့တော့တဲ့ အခြေအနေပါ။ အားလုံးကျွန်တော်ကို့ သနားညှာတာစိတ်နဲ့ ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ပါတယ်။ ပြီးတော့ ဖြစ်နိုင်ရင် အားလုံးပဲ တီဘီကာကွယ်ဆေးလည်း မဖြစ်မနေထိုးထားကြစေချင်ပါတယ်။ ကျွန်တော့်ရဲ့ နောက်ဆုံး ထွက်သက်မတိုင်ခင်မှာ အားလုံးကို ရင်ထဲက လေးလေးစားစား တောင်းပန်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

‘Maxim’ ကတော့ “သီဖန်သနာဝပ်” ဟာ အခုလို နေမကောင်းဖြစ်နေတာ ၅ လခန့်ကြာနေပြီဖြစ်ပြီး သူ့ကို ကူညီကြဖို့တိုက်တွန်းထားပါတယ်။ အလှူငွေများကို Krung Thai Bank ရဲ့ Saving account 5470672794 နဲ့ အကောင့်အမည် Phumthanawat Boonlue Pradit ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Credit : popolay

LEAVE A REPLY