Zawgyi ဖြင့်ဖတ်ရန်








CRD-Penny

Unicode ဖြင့်ဖတ်ရန်

သွားကြားထိုးတံကြောင့် အသက်ဆုံးရှုံးလုဆဲဆဲ ဖြစ်ခဲ့ရတဲ့ အမျိုးသား

အောက်က ဓာတ်ပုံထဲမှာ ဖော်ပြထားတဲ့ အမျိုးသားဟာ သေခြင်းတရားနဲ့ မီလီမီတာအကွာမှာ ရှိနေခဲ့တာပါ။Zhou လို့ သိရတဲ့ တရုတ်နိုင်ငံတောင်ပိုင်း၊ Guangxi Zhuang မှ အမျိုးသားတစ်ဦးဟာ ကျန်းမာရေးမကောင်းဖြစ်ပြီး ချူချာနေခဲ့တာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပါပြီ။ တရှောင်ရှောင်ဖြစ်ကာ ရင်ဘတ်အောင့်နေတဲ့ ဝေဒနာဟာ နှလုံးရောဂါလည်း မဟုတ်ပြန်ဘူးဆိုတော့ Zhou ခင်ဗျာ ရောဂါရှာဖို့ သက်သက်အတွက် သုံးခဲ့ရတဲ့ ငွေပမာဏဟာလည်း မနည်းမနောပါပဲ။

ရင်ဘတ်အောင့်တာအပြင် အဆုတ်ယောင်ယမ်းဖြင်းနဲ့ အဖျားခဏခဏ ကြီးခြင်းတို့ကိုလည်း ခံစားနေရပါတယ်။ သွေးဆိပ်တက်တာလား၊ သွေးကင်ဆာလား စသဖြင့် ရောဂါစစ်ဆေးရင် ဒေါ်လာ (၃) သောင်းနီးပါးလောက် ကုန်ကျခဲ့ပါတယ်။ ရှာသမျှ ကျန်းမာရေးစစ်ဆေးတာနဲ့တင် ကုန်နေသော်လည်း (၄)နှစ်အကြာ ခံစားနေရတဲ့ ဝေဒနာကတော့ ပျောက်ကင်းသွားခြင်း မရှိခဲ့ပါဘူး။

(၄)နှစ်အကြာမှာတော့ ကံကောင်းထောက်မစွာနဲ့ပဲ ဆရာဝန်တစ်ဦးမှ Zhou ရဲ့ ဝေဒနာအတွက် သဲလွန်စတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ Zhou ရဲ့ နှလုံးထဲမှာ အမည်မသိ အရာတစ်ခုက ထိုးစိုက်နေတယ်ဆိုပြီး ဓာတ်မှန်မှာ လာပေါ်နေခဲ့တာပါ။ တကယ်တော့ နှလုံးရဲ့ ညာဖက် သွေးလွှတ်ကြောမှာ နှစ်ပေါင်းကြာရှည်အောင် ထိုးစိုက်နေခဲ့တဲ့အတွက် အခုလိုမျိုး ဝေဒနာတွေတသီကြီး ခံစားနေခဲ့ရတာပါ။

ပြီးခဲ့တဲ့လကပဲ Zhou နှလုံးထဲက ရှည်မြောမြောအရာကိုဖယ်ရှားဖို့အတွက် Guangxi Zhaung မှ ပြည်သူ့ဆေးရုံတစ်ခုက သိသိခြင်း အရေးပေါ်ခွဲစိတ်ဖို့အတွက် တာဝန်ယူခဲ့တာပဲဖြစ်ပါတယ်။ နှလုံးခွဲစိတ်ရတဲ့အတွက် ခွဲစိတ်ချိန်စုစုပေါင်းဟာ (၇) နာရီနဲ့ (၃၁) မိနစ်ကြာခဲ့ပေမယ့် နောက်ဆုံးမှာတော့ (၆) စင်တီမီတာခွဲရှည်လတျားတဲ့ သွားကြားထိုးတံလေးကို အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲ့ပါတယ်။

ခွဲစိတ်တာဝန်ခံဆရာဝန် Wen ဟာ ဓာတ်မှန်ထဲမှာ ရှည်မြောမြောအရာတစ်ခုကို မထင်မရှားတွေ့ရပေမယ့် Zhou ရဲ့ နှလုံးကို ခွဲမကြည့်မချင်း အဲဒီအရာဟာဘာလဲဆိုတာ မသိခဲ့ရဘူးလို့ဆိုပါတယ်။ Zhou ဟာ အခုဆိုရင် တော့ ကျန်းကျန်းမာမာနဲ့ ပုံမှန်အတိုင်း ပြန်ဖြစ်နေခဲ့ပါပြီ။

သူ့ရဲ့နှလုံးထဲ သွားကြားထိုးတံဘယ်လိုရောက်နေလဲဆိုတာ ပြန်စဉ်းစားကြည့်ခဲ့ပါတယ်။ Zhou က အပေါင်းအသင်းတွေနဲ့ အရက်သောက်တဲ့အခါ သွားကြားထိုးတံကို ဖန်ခွက်ထဲထည့်ကာ သူ့ရဲ့ခွက်ကို မှတ်ထားလေ့ရှိပါတယ်။ ဒါကြောင့်ပဲ မူးမူးနဲ့ မဖယ်မိကာ မြိုချခဲ့တာဖြစ်မယ်လို့ဆိုပါတယ်။

သွားကြားထိုးတံဟာ လည်ချောင်း၊ လည်မြိုမှ တစ်ဆင့်လေပြွန်မှ ညာဖက်အဆုတ်အတွင်းသို့ဝင်ကာ ထိုးဖောက်ထွက်ပြီး လည်ပတ်နေကာ နှလုံးကို ထိုးစိုက်မိတာဖြစ်နိုင်တယ်လို့ Dr. Wen က ခန့်မှန်းခဲ့ပါတယ်။

CRD-Penny

LEAVE A REPLY