Zawgyi ျဖင့္ဖတ္ရန္

ဗစ္တိုးရီးယားအမႈမွန္ေပၚေပါက္ေရး ကူညီေဆာင္႐ြက္ေပးေနတဲ့ သကၠမိုးညိဳ ေဖ့စ္ဘြတ္ခ္ အေကာင့္ပိုင္ရွင္ ေဒါက္တာဝင္းကိုကိုသိန္းကို ဇူလိုင္ ၁၀ ရက္မွာ ပ်ဥ္းမနားၿမိဳ႕နယ္ရဲစခန္းက အီလက္ထေရာနစ္ ဥပေဒပုဒ္မ ၃၄(ဃ) နဲ႔ အမႈဖြင့္ၿပီး ေငြက်ပ္သိန္း ၁၀၀ နဲ႔ အာမခံေပး ထားပါတယ္။

ဒီလိုအမႈဖြင့္ခံထားရတာနဲ႔ ပတ္သက္ၿပီး က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွာ ဒုတိယၫႊန္ၾကားေရးမႉးအျဖစ္တာဝန္ထမ္းေဆာင္ေနတဲ့ သကၠမိုးညိဳ အေကာင့္ပိုင္ရွင္ ေဒါက္တာဝင္းကိုကိုသိန္း ဒီဗြီဘီက ေနျပည္ေတာ္မွာ ေတြ႕ဆုံေမးျမန္းထားပါတယ္။

ေတြ႕ဆုံေမးျမန္းခ်က္ အျပည့္အစုံ
ပ်ဥ္းမနားၿမိဳ႕မ ရဲစခန္းမွာ အီလက္ထေရာနစ္ ဥပေဒ ပုဒ္မ၃၄(ဃ)နဲ႔ တရားစြဲဆိုခံခဲ့ရတယ္။ အဲဒီအေပၚမွာ ဘယ္လိုခံစားခ်က္ရွိလဲ။ ဘယ္လိုအျမင္ရွိလဲ။

“ဘယ္လိုခံစားခ်က္ရွိလဲဆိုေတာ့ က်ေနာ္ကေတာ့ ဓမၼနဲ႔ အဓမၼေပါ့၊ သူတို႔ကလည္း သူတို႔ကိုယ္သူတို႔ ဓမၼလို႔ ထင္ေကာင္းထင္လိမ့္မယ္။ က်ေနာ္ကလည္း က်ေနာ့္ကိုယ္က်ေနာ္ ဓမၼလို႔ထင္တယ္။ ဘယ္ဟာေတြ ဓမၼဟုတ္ဖို႔ဆိုတာကေတာ့ သူတို႔လည္း ဆုံးျဖတ္ခြင့္မရွိဘူး။ က်ေနာ္လည္းဆုံးျဖတ္ခြင့္မရွိဘူး။ သမိုင္းကပဲ ဆုံးျဖတ္သြားပါလိမ့္မယ္။”

ဒီကေလးကိစၥမွာ ဆရာအခုလိုပါဝင္လာျဖစ္ပုံေလးကို ေျပာျပပါဦးဗ်ာ။

“ပါဝင္လာခဲ့ပုံကေတာ့က်ေနာ္ကခရီးသြားတာ။ အမွန္အားျဖင့္က်ေနာ္သည္ FACEBOOK ေပၚမွာပဲ စာေရးတဲ့သာမန္အသုံးျပဳသူတဦးပါ။ ဒါနဲ႔ ဘယ္လိုျဖစ္လဲဆိုေတာ့ ျဖစ္ပြားတဲ့ေနရာေက်ာင္းသည္ က်ေနာ့္သမီးေလးပါထားခဲ့တဲ့ ေက်ာင္းျဖစ္ေနတယ္။ အခန႔္မသင့္ရင္ က်ေနာ့္သမီးေလးလည္းျဖစ္သြားႏိုင္တယ္။ အဲေတာ့ ေနျပည္ေတာ္မွာျဖစ္တယ္။ က်ေနာ့္သမီးထားတဲ့ေက်ာင္းမွာ ျဖစ္တယ္။ ဟုတ္ခ်င္မွလည္းဟုတ္မယ္၊ ဟုတ္ခ်င္လည္း ဟုတ္မယ္။ ကံေကာင္းခ်င္ေတာ့ ကေလးဖခင္ကလည္း က်ေနာ္က သူ႔ကိုမဆက္သြယ္ခင္မွာ သူသည္ လူ ၃ ေယာက္ကို ဆက္သြယ္ထားခဲ့တယ္။ သူဆက္သြယ္ရတဲ့အေၾကာင္းအရင္းက တခုထဲပဲ။ သူ႔ကို ကိုယ္ခ်င္းစာႏိုင္မယ္ထင္လို႔၊ က်ေနာ္တို႔ ၃ ေယာက္လုံးမွာ သမီးေလး တေယာက္စီရွိတယ္။ အဲေတာ့ အဆင္သင့္ခ်င္ေတာ့ က်ေနာ္ကလည္းေနျပည္ေတာ္၊ သူကလည္း ေနျပည္ေတာ္၊ သူဆက္သြယ္ထားခဲ့တာ က်ေနာ္က မျမင္ဘူး။ ဒါေပမယ့္က်ေနာ္က သြားၿပီးေတာ့ ေျပာလိုက္တယ္။ က်ေနာ္ဒီကေလးအေဖနဲ႔ေတြ႕ခ်င္ပါတယ္ဆိုၿပီး သူကေနၿပီးေတာ့ ျပန္ခ်ိတ္ေပးတယ္။

ဒီေနရာကေနစၿပီးခါမွ က်ေနာ္ကေလးအေဖကို ဖုန္းဆက္ျဖစ္တယ္။ ဖုန္းဆက္ၿပီးေတာ့ ႏွစ္ေယာက္သားေတြ႕ၾကတယ္။ အျဖစ္အပ်က္ကို ေျပာတယ္။ ေျပာၿပီးေတာ့မွ က်ေနာ္အျဖစ္အပ်က္ကို မွတ္တမ္းယူထားလိုက္တယ္။ မတင္ေသးပါဘူး။ ဘာလို႔လဲဆိုေတာ့ ဒီအမႈကို CID က ကိုင္ေနၿပီလို႔သိတဲ့အတြက္ေၾကာင့္၊ CID က ကိုင္ေနတဲ့အခ်ိန္မွာ က်ေနာ္သည္ CIDရဲ႕လုပ္ငန္းေတြကို ဝင္ေရာက္မရႈပ္ခ်င္ပါဘူး။ ဒါေပမယ့္ facebook ေပၚက ဦးပညာရဲ႕ အစ္မလို႔ေခၚမယ့္တေယာက္ေပါ့ေနာ္။ သူကေနၿပီးေတာ့မွ သူတို႔ကိုလုပ္တဲ့သူကို ခြင့္မလႊတ္ဘူး ဆိုတဲ့ပုံစံနဲ႔ ပို႔စ္တခုတင္တယ္။ ပို႔စ္တခုတင္ေတာ့ သူပို႔စ္တင္တာကို က်ေနာ္က ရွဲလိုက္တယ္။ က်ေနာ္ေစာင့္ၾကည့္ေနပါတယ္ဆိုၿပီး၊ အဲေတာ့ က်ေနာ္ေစာင့္ၾကည့္ေနပါတယ္ဆိုတဲ့ ကိစၥကိုသူက ဘယ္လိုျမင္သြားသလဲမသိ က်ေနာ့္ကိုလာၿပီးေတာ့ ဒီလိုမ်ိဳးအေျခခ်ေကာ့မန႔္ေတြၿပီးေတာ့ က်ေနာ္က မခိုင္သဇင္ကိုလည္း မက္ေဆ့ပို႔လိုက္တယ္။

အစ္မရဲ႕ေယာကၡမေနၿပီးေတာ့ က်ေနာ့္ကိုဒီလိုေျပာေနၿပီ။ က်ေနာ္အဆင္မေျပဘူး။ က်ေနာ့္မက္ေဆ့ကို ဝင္မဖတ္ဘူး။ အဲေတာ့က်ေနာ္ေနာက္ထပ္ပို႔စ္တခု တက္ေရးတယ္။ က်ေနာ္တကယ္ပဲေရးရမွာလား။ အဲဒီမွာ သူကလည္း ဆက္ၿပီး မဆုံးႏိုင္၊မဆုံးႏိုင္ေပါ့။ အဲဒီမွာ က်ေနာ္ကလည္း ၾကားမိသမွ် wisdom Hill အေၾကာင္း အပိုင္း၁၊ အပိုင္း၂၊ အပိုင္း ၃၊ ၄ စၿပီးေရးတယ္။ ၆ အထိေရးခဲ့တာေပါ့ေနာ္။ တရက္စီတရက္စီ၊ အဲဒီမွာ လူေတြကလည္း ဘာပဲေျပာေျပာ ဒီသမီးေလးကို စိတ္ဝင္စားလာၾကတယ္။ အျဖစ္အပ်က္ေလးကို စိတ္ဝင္စားလာၾကတယ္။ ဇာတ္လမ္းဇာတ္ကြက္ေလးသေဘာမ်ိဳးျဖစ္သြားတယ္။ အဲဒီကစၿပီး က်ေနာ္က ဒီထဲကိုဝင္ပါလာခဲ့တာေပါ့။ ”

အခုလို ဝင္ပါမိတဲ့အခါမွာ အခုလိုေလွ်ာက္ေနတဲ့အခ်ိန္မွာ ဘာေတြလုပ္ေနၾကလဲ၊ ဘယ္လို အခက္အခဲေတြမ်ားရွိလဲ။

“က်ေနာ္နဲ႔ ကေလးဖခင္နဲ႔ဟာ အၿမဲတမ္းေတြးၾကတယ္၊ ေတာၾကတယ္။ က်ေနာ္တို႔ ျပႆနာက ဘာဆက္လုပ္ရမလဲဆိုတဲ့ျပႆနာ၊ ဆိုေတာ့ က်ေနာ္တို႔သည္ တေတာင္ၿပီး တေတာင္ ေက်ာ္ေနရသလိုျဖစ္ေနတယ္။ ပထမဆုံး ကေလးအေဖေက်ာ္ခဲ့ရတဲ့ ေတာင္သည္ သူနဲ႔ အမွတ္ ၁ ၿမိဳ႕မရဲစခန္း၊ အဲဆိုေတာ့ က်ေနာ့္နဲ႔လည္းမေတြ႕ေသးဘူး။ သူသြားတဲ့လာတဲ့ေနရာမွာ အခက္အခဲေတြေတြ႕ခဲ့ရတယ္။ ရင္ဆိုင္ခဲ့ရတဲ့အခက္အခဲေတြရွိတယ္။ တပိုင္းေပါ့။ ေနာက္တပိုင္းက က်ေနာ္နဲ႔ CID လို႔ေျပာရမွာေပါ့။ ဟိုဟာ စစ္ေဆးမႈက ေျပာင္းသြားေတာ့ က်ေနာ္နဲ႔ CID အပိုင္း၊ ဒီအပိုင္းက်ေနာ္တင္တယ္၊ တင္တယ္။ လူထုရဲ႕ စိတ္ဝင္စားမႈရတယ္။ လူထုရဲ႕ေထာက္ခံမႈရတယ္ဆိုေပမယ့္လည္း တကယ္တမ္းျမင္သာေသာ ရလဒ္က ဒီဖက္မွာ ထြက္မလာဘူး။ ဘာလို႔လဲဆိုေတာ့ ျမင္သာေသာရလဒ္ဆိုတာက တရားခံစြဲထုတ္ျပႏိုင္တယ္ ဆိုတာက ျမင္သာေသာရလဒ္ကို၊ ဆိုေတာ့ အပိုင္း ၆ ကိုေရာက္လာတဲ့အခ်ိန္မွာ က်ေနာ္တို႔ႏွစ္ေယာက္ တေယာက္နဲ႔ တေယာက္ စကားေျပာၾကတယ္။ က်ေနာ္တို႔ ဘာဆက္လုပ္ၾကမလဲ။ မသိဘူး။ မသိဘူး။ သို႔ေသာ္ က်ေနာ္ကိုင္ ထားတာသည္။ တခုရွိတယ္။ ဘာလဲဆိုေတာ့ သမီးေလးသည္ တကယ္ျဖစ္ခဲ့တာ။ တကယ္သူက အခုန ေျပာသလို rape သေဘာမ်ိဳးေပါ့။ ျဖစ္ခံခဲ့ရတာ။ အဲဒါကို က်ေနာ္ လႊတ္ခ်လိုက္ေတာ့မယ္ ဆိုၿပီးခါမွ က်ေနာ္ ေတာ္ေတာ္ေၾကေၾကကြဲကြဲ ဆုံးျဖတ္ခ်က္ခ်လိုက္ရပါတယ္။ ဘာျဖစ္ုလို႔လဲ ဆိုေတာ့ သမီးေလးအေၾကာင္းကို ထုတ္ေျပာရမွာကိုး၊ ဒါေပမယ့္ က်ေနာ့္မွာက ဆရာဝန္ေလ။ ဆရာဝန္ဆိုေတာ့ ဆရာဝန္ ethic ရွိတယ္။ အဲဒီ ethic အရ က်ေနာ္ေျပာခြင့္၊ လူနာရဲ႕အေၾကာင္းကို ေျပာခြင့္ရွိလားမရွိလား။ က်ေနာ္ဒါစဥ္းစားတယ္။ စဥ္းစားတဲ့အခါမွာ က်ေနာ့္ရဲ႕ —သစၥာဆိုထားတာမွာဘာပါလဲဆိုေတာ့ လူနာေတြအတြင္းေရးမွန္သမွ်ကို ဖြင့္ဆိုအပ္သည္မွလႊဲ၍ ဆိုတာမ်ိဳးပါတယ္။ အဲေတာ့ က်ေနာ္ဖြင့္ဆိုအပ္ၿပီလာဆိုတာ က်ေနာ့္ရဲ႕အေတြးမွာ က်ေနာ္အႀကိမ္ႀကိမ္ ေၾကေၾကကြဲကြဲျပန္စဥ္းစားခဲ့ရတယ္။ လုပ္စရာမရွိဘူး။ တဖက္က ရလဒ္ဘာမွ ထြက္မလာဘူး။ ေနာက္တခုက က်ေနာ္တို႔ကေလးရဲ႕ဖခင္နဲ႔ ပတ္သက္ၿပီးေတာ့ ကေလးဖခင္က နည္းနည္းေလ့လာတာရွိေတာ့ DNA မတူဘူးဆိုတာမ်ိဳး ၾကားလာတယ္။ က်ေနာ္တို႔လုပ္စရာမရွိတဲ့အခ်ိန္မွာ၊ အဲေတာ့ က်ေနာ္ကေလးရဲ႕ ဖခင္တိုင္ပင္တယ္။ က်ေနာ္ေတာ့ ဒါေရးပါရေစဆိုၿပီးေတာ့ အပိုင္း ၇ နဲ႔ အပိုင္း ၈ ကိုေရးတယ္။ တရက္စီေပါ့ေနာ္။ အပိုင္း ၇ သည္ ကေလးရဲ႕ေဘာင္းဘီကိစၥပါပါတယ္။ DNA စစ္တာ၊ အပိုင္း ၈သည္ ကေလးရဲ႕ သုတ္ေရ တခုေတြ႕တဲ့ကိစၥကိုေရးခဲ့တယ္။ အဲဒီအခါမွ ေတာ္ေတာ္ေလး Shake ျဖစ္သြားတယ္။ က်ေနာ္တို႔ရဲ႕ ျပည္သူလူထုဟာ ဒီသမီးေလးကို သနားၿပီးေတာ့မွ တအားကိုပဲ ဝန္ရံလာၾကတယ္။ ေနာက္ၿပီးေတာ့ သမၼတ႐ုံးအထိေတာင္ သူတို႔ေတြ မက္ေဆ့ပို႔ၾကတယ္။ စာေတြပို႔ၾကတဲ့အခါမွာ သမၼတ႐ုံးက ဦးေဇာ္ေဌးကေနၿပီးမွ ႏိုင္ငံေတာ္ အႀကီးအကဲမ်ားအေနနဲ႔ ဒီအမႈကို မေပၚေပၚေအာင္ ေဖာ္ဖို႔လမ္းၫြန္ထား ပါေၾကာင္းဆိုၿပီး ထြက္ေရးတာ။ ဒီအခ်ိန္သည္ က်ေနာ္တို႔အတြက္ အလွည့္အေျပာင္း၊ ဒီအလွည့္အေျပာင္းမွာ ဘာျဖစ္သြားလဲဆိုေတာ့ က်ေနာ္နဲ႔ CID မဟုတ္ေတာ့ဘူး။ ဘာလို႔လဲဆိုေတာ့ လူကလည္းေျပာင္း သြားတယ္။ စာကလည္းေျပာင္း စစ္ေဆးတဲ့သူေတြ လည္းေျပာင္း၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ နဲ႔ ျပည္သူနဲ႔ျဖစ္သြားၿပီ၊ အဲလိုဆိုေတာ့ က်ေနာ္ဝင္ control လို႔ရတဲ့အေနအထား မဟုတ္ေတာ့ဘူး။ ျပည္သူသည္ သူ႔ရဲ႕လမ္းကိုသူေ႐ြးတယ္။ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲသည္ သူ႔လမ္းသူေ႐ြးတယ္။ က်ေနာ္ဒီလိုပဲျမင္တယ္။ အဲေတာ့က်ေနာ္ဝင္ control လို႔မရတဲ့ အပိုင္း ျဖစ္သြားတယ္။ ဒါေတြ က်ေနာ္တို႔ရဲ႕ေတြ႕ခဲ့ရတဲ့ အခက္အခဲေတြပါပဲ။”

ဆရာေျပာသြားတဲ့အထဲမွာေပါ့ေနာ္ ဒီသမီးေလးနဲ႔ပတ္သက္တဲ့၊ ဆရာလည္း ဆရာဝန္တေယာက္ျဖစ္တဲ့အတြက္ ေဆးစာေတြဘာေတြေကာ ဆရာေတြ႕ခဲ့ရလား၊ ဆရာမွာ တကယ္လို႔ျပန္ၿပီးေတာ့ေျပာစရာ ဒီဟာနဲ႔ပတ္သက္တဲ့ လုံေလာက္တဲ့ အေထာက္အထားေတြ ဆရာ့မွာ ခိုင္ခိုင္မာမာရွိတယ္လို႔ ဆရာေျပာခ်င္တာလား။

“သူတို႔ဆရာဝန္နဲ႔ ေဆြးေႏြးတိုင္ပင္တဲ့ကိစၥေတြ ရွိတာေပါ့ေနာ္။ ဆရာဝန္ဆိုတဲ့အတိုင္းပဲ ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ေဆြးေႏြးခဲ့တာေတြရွိတာေပါ့ေနာ္။ ဒီလိုမ်ိဳးရွိခဲ့သလားေပါ့။ က်ေနာ္က ဆရာဝန္နဲ႔ ေဆြးေႏြးတိုင္ပင္တဲ့အခါမွာ ရွိခဲ့တယ္လို႔ပဲ က်ေနာ္သတင္းျပန္ၾကားရပါတယ္။ ဒါသည္ က်ေနာ္တို႔ professional ခ်င္းတိုင္ပင္မႈအရ သိခဲ့တဲ့ကိစၥေတြပါ။ ”

ဒီကေလးရဲ႕ကိစၥကို လိုက္ၿပီးေတာ့ အနီးကပ္ဆာင္႐ြက္ေပးေနတဲ့ လူေပါ့။ အခုဒီ မေန႔က တရားစြဲၿပီး ဒီေန႔ပဲ ရဲစခန္းကိုေခၚယူစစ္ေဆးတာေတြ ႀကဳံရတယ္ဆိုေတာ့ ဆရာအခု ဘာဆက္လုပ္မလဲ။

“ဆက္သြားရမွာေပါ့။ ဘာလုပ္စရာရွိလို႔လဲ။ (ရယ္လ်က္)။ ဆက္သြားရမွာေပါ့။ က်ေနာ္သည္ အခုနက ေျပာသ လို က်ေနာ္သြားတဲ့လမ္းေၾကာင္းသည္ ကိုယ့္ကိုယ္က်ိဳးအတြက္ သြားေနတာမွမဟုတ္တာ။ က်ေနာ္တို႔မွာ သမီးေလးေတြရွိတယ္ေလ။ facebook မွာ ပုံေလးတပုံတက္လာတယ္ေပါ့ေနာ္။ သူတို႔ ဆႏၵျပပြဲမွာ ကေလးေလးကို မိခင္ႏို႔ခ်ိဳ တိုက္ေကြၽးရင္းနဲ႔ ဆႏၵျပေနတဲ့ပုံ၊ က်ေနာ္အရမ္းခံစားရတာေပါ့။ မ်က္ရည္ေတာင္ဝဲတယ္။ ဘာလို႔လဲ ဆိုေတာ့ က်ေနာ္တို႔မွာလည္း သားသမီးေတြရွိတယ္။ က်ေနာ္တို႔သားသမီးကို က်ေနာ္တို႔လက္ထဲကေန လႊတ္ၿပီး ခါမွ လူ႔ေလာကထဲသြင္းဖို႔အတြက္ ပထမဆုံးစၿပီးေတာ့ ပို႔လိုက္တဲ့ေနရာသည္ မူႀကိဳေက်ာင္းပဲ။ ဒီလိုမူႀကိဳ ေက်ာင္းဆိုတာက ကေလးေတြကို ရင္အုပ္မကြာထားရမယ့္ေနရာ၊ ဟုတ္ၿပီေနာ္၊ အဲဒီရင္အုပ္မကြာထား ရမယ့္ေနရာကမွ လုံၿခဳံမႈမရွိဘူးဆိုလို႔ရွိရင္ က်ေနာ္တို႔ကေလးေတြ လူေလာကထဲ ဘယ္လိုလုပ္ၿပီးေတာ့ သြားရ မလဲ။ အခုျဖစ္ပြားတဲ့ကေလးကိုၾကည့္ တကယ္တန္းက်ရင္ ၃ ႏွစ္၊ မရွိေသးဘူး။ ၂ႏွစ္နဲ႔ ၁၁ လပဲရွိေသးတယ္။ လူ႔ေလာကႀကီးက အဲလိုေတြ ႀကိဳဆိုစရာလား၊ အဲေလာက္ႀကိဳဆို ၾကမ္းတမ္းခက္ခဲေနမွေတာ့ သူဆိုတာ (မ်က္ရည္ဝဲ) လူတေယာက္ရဲ႕မ်က္ႏွာကိုေတာင္မွ ေကာင္းေကာင္းမမွတ္မိေသးဘူး။ ေတာ္ေတာ္အခ်ိန္ ယူရတဲ့ အခ်ိန္၊ အဲဒီအခ်ိန္မွာ ႀကိဳဆိုလိုက္တာက ခင္ဗ်ားစဥ္းစားၾကည္ေလ။ ျဖစ္သင့္လား၊ ျဖစ္ထိုက္လား။ အဲဒီအတြက္ က်ေနာ္ရပ္တည္တာ။ အဲဒီအတြက္ က်ေနာ္ရပ္တည္တဲ့ေနရာမွာ ဘာကိစၥ ကန႔္လန႔္တိုက္ေနရ တာလဲ၊ ဘာကိစၥ ပိတ္ဆို႔ခ်င္ေနရတာလဲ။ စဥ္းစားေလ။ ဟို က်ေနာ္က ေက်ာင္းႀကီးကို ပိတ္လိုက္ပါဆိုတာမ်ိဳးလည္း မဟုတ္ဘူး။ ဒီကေလးေလးအတြက္ အမွန္တရား၊ ဒီကေလးေလးကို ဘယ္သူက က်ဴးလြန္ရသလဲ၊ ဒါကိုသိခ်င္တာေလးပဲ။ က်ဴးလြန္တဲ့သူသည္ ေပၚကိုေပၚရ မယ္ေလ။ မေပၚဘဲနဲ႔သူဟာ လူ႔ေလာကထဲမွာလႊတ္ေျမာက္ေနတာဟာ ျဖစ္ကို မျဖစ္သင့္ဘူး။ သူ႔ကိုအျပစ္ေပးတာ ဘယ္ေလာက္ေပးေပး၊ ေသဒဏ္ေပးေပး ဘာေပးေပး၊ မေပးဘဲနဲ႔ တရား႐ုံးကေန ျပန္လႊတ္လည္း က်ေနာ္က အေၾကာင္းမဟုတ္ဘူး။ သို႔ေသာ္လည္း ဘယ္သူက်ိဴးလြန္လဲဆိုတာ သိကိုသိရမယ္ေလ။ မသိဘဲနဲ႔က်ေနာ္တို႔က ဘာကိစၥ ဒီေျပာရရင္ မုဒိမ္းေကာင္ကို ဘာကိစၥ ေလာကထဲ လႊတ္ထားရတာလဲ။ မထားသင့္ဘူး။ က်ေနာ္မထားဘူး။ သူမ်ားေတြထား၊ က်ေနာ္မထားဘူး။ ”

အခုဒီကိစၥကို ဆရာတို႔ေလ့လာတဲ့အခါမွာ ဒီသမီးေလးဟာ ဘယ္ေနရာမွာျဖစ္ခဲလဲဆိုတာ ဆရာတို႔ေတြ႕ရွိထားလဲ။

“အဲဒါေတြ က်ေနာ္ေျပာလို႔ေတာ့မရဘူး။ ဒါေပမယ့္ အခုနက်ေနာ္ေျပာသလို ျဖစ္ပြားစရာေနရာသည္ ၃ ေနရာပဲရွိတယ္။ ေက်ာင္းရယ္၊ ဖယ္ရီရယ္၊ အိမ္ရယ္၊ အိမ္မွာသည္ အဖြားနဲ႔ အေမ ႏွစ္ေယာက္ပဲရွိတယ္။ ဒီအဖြားနဲ႔အေမသည္ သမီးေလးရဲ႕အမ်ိဳးရင္းခ်ာေတြ၊ သမီးေလးရဲ႕အမ်ိဳးရင္းခ်ာေတြျဖစ္တဲ့အတြက္ေၾကာင့္ သမီးေလးရဲ႕နစ္နာမႈအတြက္ေတာ့ သူတို႔လိမ္မယ္လို႔ က်ေနာ္မယူဆဘူး။ ေနာက္ဖယ္ရီ၊ ဖယ္ရီသည္ သမီးေလးသည္ ေနာ္ကဆုံးကေလးမဟုတ္ဘူး။ ဖယ္ရီေပၚမွာ ယဥ္ေမာင္းသူတေယာက္၊ဆရာမတေယာက္ ပါတယ္။ ေနာက္ဆုံးကေလးမဟုတ္တဲ့အတြက္ေၾကာင့္ အၿမဲတမ္းလူရွိႏိုင္တယ္။ အဲေတာ့ ေက်ာင္း၊ ေက်ာင္းသည္ စဥ္းစားစရာအခ်က္လက္ေတြအမ်ားႀကီးရွိတယ္။ ဥပမာ ကေလးေလးသည္ ဆရာမႏွင္းႏုသိတယ္ ဆိုတာမ်ိဳး၊ ဆိုေတာ့တႀကိမ္ပဲေျပာခဲ့တာမဟုတ္ဘူး။ သုံးေလးငါးခါေလာက္ေျပာခဲ့တယ္။ ”

ကေလးေျပာတာကို ဆရာၾကားခဲ့လား။

“က်ေနာ္ကေလးကို မေမးဘူး။ မေမးဘူး။ မေမးရက္လို႔ပါေနာ္။ သို႔ေသာ္လည္းပဲ CID ကၾကားပါတယ္။ ရဲဌာနက ၾကားပါတယ္။ ကေလးမိဘေတြၾကားပါတယ္။ video record ေတြရွိပါတယ္။ အဲေတာ့အခုနက ေျပာသလို ဆရာမ ႏွင္းႏုသိတယ္လို႔ေတာ့ ေျပာခဲ့ပါတယ္။ ဒါေသခ်ာေပါက္ေျပာခဲ့ပါတယ္။ ”

ရဲက အခုထုတ္ျပလိုက္တယ္ေပါ့ဗ်ာ။ ေအာင္ႀကီးေပါ့၊ ေအာင္ႀကီးနဲ႔ပတ္သက္တဲ့ cctv တခုလည္း သတင္းဌာနမွာထက္လာခဲ့ၿပီ၊ဆိုေတာ့ ဒီကိစၥအေပၚ ဆရာဘယ္လိုျမင္လဲ။

“အဲဒီ cctv ဘယ္သူထုတ္လဲေတာ့မသိဘူးေပါ့ေလ။ ထုတ္လိုက္တယ္ဆိုတာေတာ့ တေယာက္ေယာက္ေနမွာ ေပါ့။ ဥပမာ စီစီတီဗြီပိုင္တဲ့သူေတြေပါ့ေနာ္။ ဥပမာ ေက်ာင္းနားလို ဟာမ်ိဳး၊ ရဲဌာနလိုဟာမ်ိဳး ဘယ္သူက ထုတ္ျပန္လဲေတာ့မသိဘူးေပါ့ေနာ္။ သို႔ေသာ္ cctv ေတာ့တကလာခဲ့တယ္။ တက္လာေတာ့ တခ်ိဳ႕ဟာလည္း ေအာင္ႀကီးဟုတ္ႏိုင္တယ္၊ တခ်ိဳ႕က လည္း မဟုတ္ႏိုင္ဘူး။ ဒီလိုမ်ိဳးေျပာၾကတာရွိတယ္။ ရွိေတာ့ျပသနာမရွိပါဘူး။ ျပႆနာမရွိဘူးဆိုတာ တရားခံအစစ္ေပၚၿပီဆိုလို႔ရွိရင္ ေအာင္ႀကီးျဖစ္ရင္ျဖစ္ပါေစ၊ လူမႈကြန္ရက္မွာ စြတ္စြဲေနၾကတဲ့ကေလးႏွစ္ေယာက္ျဖစ္ရင္ျဖစ္ပါေစ cctv ထက္ခိုင္လုံေသာ အေထာက္အထားေတာ လိုမွာေပါ့။ မဟုတ္လား။ က်ေနာ္က ေအာင္ႀကီးျဖစ္ရမယ္လို႔ ေျပာတာလည္း မဟုတ္ပါဘူ။ ဟိုကေလးႏွစ္ေယာက္ျဖစ္ရ မယ္လို႔လည္း ေျပာတာလည္း မဟုတ္ပါဘူး။ သို႔ေသာ္လည္းပဲ cctv သည္ အေထာက္အကူတခုပဲ။ ဒီအေထာက္အကူက မလုံေလာက္လို႔ရွိရင္ က်န္တဲ့အေထာက္အကူရွာေပါ့။ ဥပမာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕သည္ စီစီတီဗြီ မွတ္တမ္းအရ ဒီထဲဝင္သြားတာ ေအာင္ႀကီးတေယာက္ပဲလို႔ ေျပာတာကိုး။ ဟုတ္ၿပီ၊ ေနာက္မွာလည္း တံခါးရွိတယ္။ စီစီတီဗြီမွတ္တမ္းရဲ႕ အခ်ိန္ကာလသည္ မနက္ ၈ နာရီကေန ညေန ၅ နာရီအထိပဲရွိတယ္။ ေနေသာအေဆာင္သည္ ေအာက္ထပ္သည္ကေလးမ်ားအခန္း၊ ေပၚထပ္သည္ဆရာမေတြေနတဲ့အေဆာင္၊ ဆိုလိုတာက အေပၚထပ္သည္ လူတေယာက္ေနလို႔ လည္း ရတယ္။ ဘယ္သူမွမသိရဘဲနဲ႔ စီစီတီဗီ ၿပီးတဲ့အ ခ်ိန္က်မွ ထြက္လာလို႔လည္းရတယ္။ ဒါေတြက က်ေနာ္တို႔ေျပာလို႔ရတဲ့နည္းမဟုတ္ဘူး။ ေျပာလို႔ရ တာသည္ မ်က္ျမင္သက္ေသ ရွိတယ္ဆိုရင္မ်က္ျမင္သက္ေသက ပြင့္ပြင့္လင္းလင္းထြကဆိုဖို႔ပဲ ရွိတယ္။ ဆိုလိုတာက cctv မွတ္တမ္းအားနည္းလို႔ရွိရင္ အားေကာင္းတာရွာေပါ့။ ဒါပဲရွိတယ္။”

ရဲဌာနက သတင္းစာရွင္းလင္းပြဲလုပ္တဲ့ အခ်က္ေတြကိုလည္း ဆရာသိၿပီးေရာေပါ့။ ဆိုေတာ့ အဲဒီအခ်က္အလက္ေတြအေပၚမွာ ဆရာတို႔အခု ကူညီေဆာင္႐ြက္ေနတဲ့လူေတြက အဓိက Point ေလးေပ့ါ ဘယ္လိုသုံးသပ္မိလဲ။

“အေလာတႀကီးေျပာလို႔ေတာ့မရဘူး။ ဘာလို႔လဲဆိုေတာ့က်ေနာ့္ေခါင္းထဲမွာလည္း ရဲဌာနက ထုတ္ျပန္တာေတြေတာ ေသခ်ာေတာ့ရွိတာေတာ့ မဟုတ္ဘူးေလ။ တခ်ိဳ႕ဟာေတြ က်ေတာ့ နည္းနည္းလုံးေနၾကတာေတြ ရွိတာေပါ့။ ဥပမာ။ DNA က ဘယ္က စစ္တာလဲ ဆိုတာမ်ိဳး၊ DNA သည္အခုနကေတြ႕တဲ့ ေဘာင္းဘီကေန စစ္တာလား၊ ေျပာခဲ့သမွ်ာေတာ့ ၾကားမသြားဘူး။ ေျပာမသြားဘူးေပါ့ေနာ္။ ေနာက္တခုက ကေလးရဲ႕ ခႏၶာကိုယ္မွာေတြ႕တဲ့ သုတ္ေရသုတ္ပိုးက စစ္တာလား။ ဒါလည္းက်ေနာ္ကမသိဘူး။ ေနာက္တခုက သတင္းစာ ရွင္းလင္းပြဲမွာ ဘာေျပာသြားလဲဆိုေတာ့ DNA သည္ ပ်က္စီးသြားၿပီလို႔ သုံးေလးခါေလာက္ ေျပာခဲ့တယ္။ ေျပာခဲ့ၿပီးတဲ့ေနာက္မွာ က်မွ ကေလးႏွစ္ေယာက္ရဲ႕ DNA ေရာစစ္လားဆိုေတာ့ ကေလးႏွစ္ေယာက္ရဲ႕ဒီအန္ေအနဲ႔ လုံး၀ မတူပါဘူးလို႔ေျပာတယ္။ ဒါသည္ သတင္းစာရွင္းလင္းပြဲ တခုထဲမွာပဲ ေျပာတာေပါ့ေနာ္။ အဲေတာ့ဘာျဖစ္လဲဆိုေတာ့ ဒီအန္ေအ ပ်က္စီးသြားတယ္။ ကေလးႏွစ္ေယာက္နဲ႔ လုံးဝမတူဘူး။ ပ်က္စီးသြားတာနဲ႔ မတူတာနဲ႔၊ ပ်က္စီးသြားတာကို မတူဘူးလို႔ တိုင္းလို႔ရမရ က်ေနာ္လည္း မသိေတာ့ဘူး။ က်ေနာ္တို႔က DNA ပညာရွင္ေတာ့ မဟုတ္ဘူးေလ။ ဒါေပမယ့္ ျပည္သူတေယာက္အေနနဲ႔ေတာ့ ဒါဟာ စဥ္းစားရေတာ့မယ္။ ပ်က္စီးသြားတယ္၊ လုံး၀ မတူဘူး။ ဒါက ျပည္သူပဲစဥ္းစားရမွာ။ က်ေနာ္စဥ္းစားလို႔ မရဘူး။”

ဆရာ့အေနနဲ႔ ဘာဆက္လုပ္သြားဖို႔ အစီအစဥ္ရွိလဲဗ်ာ။

“က်ေနာ္လုပ္စရာ မလိုေတာ့ဘူး။ ျပည္သူလုပ္လိမ့္မယ္။ ျပည္သူလုပ္မယ္ဆိုေတာ့ ျပည္သူလမ္းေပၚတက္လို႔ ေျပာတာမဟုတ္ဘူးေနာ္။ က်ေနာ့္ကိုလည္းလမ္းေပၚတက္ခိုင္တယ္။ က်ေနာ္ control လုပ္ဖို႔အေနအထားကို လြန္သြားၿပီ။ က်ေနာ္သည္ ျပည္သူကို လမ္းေပၚတက္ပါလို႔ ေျပာလို႔လည္း မရဘူး။ လမ္းေပၚကဆင္းပါလို႔ စြဲခ်လို႔ လည္းမရဘူး။ ျပည္သူသည္ သူ႔အသိစိတ္ဓာတ္နဲ႔သူလုပ္ေနတာ။ ျပည္သူက တကယ္လို႔စည္းကမ္းတက် ရွိလို႔ရွိရင္ဒါသည္ အခုနက ေျပာသလို တြန္းအားတခုျဖစ္လာလိမ့္မယ္။ ျပည္သူရဲ႕ စည္းကမ္းတက်ရွိမႈကို ဝင္ေရာက္ဖ်ာခင္းတဲ့လူလည္း ရွိႏိုင္တာပဲ။ဒါ ေခတ္အဆက္ဆက္မွာ ရွိေနက်။ မရွိနဲ႔က်ေနာ္မေျပာဘူး။ ဒီရွိေနာကို မေက်ာ္လြန္ႏိုင္လို႔ ဖ်ာခင္းတဲ့လူေတြ ေအာင္ျမင္သြားလို႔ရွိရင္ နည္းနည္းရႈတ္ရႈတ္ေထြးေထြးျဖစ္သြားမွာကို က်ေနာ္ေၾကာက္တယ္။ ဆိုလိုတာက ျပည္သူရဲ႕အလုပ္ကို က်ေနာ္တို႔က ဝင္စြတ္လို႔မရေတာ့ဘူး။ အခုနေက ျပာသုလိ ကေလးမိဘနဲ႔ ရဲတပ္ဖြဲ၊ ကေလးနဲ႔စီအိုင္ဒီ၊ ေနာက္တခုက ရဲတပ္ဖြဲ႕နဲ႔ ျပည္သူနဲ႔ တတိယ lever မွာ က်ေနာ္ဝင္ပါလို႔မရေတာ့ဘူး။ က်ေနာ္ဘာဆက္လုပ္ရမလဲဆိုရင္ က်ေနာ္သည္ ကေလးမိဘနားမွာ ရပ္တည္ေန႐ုံပဲရွိတယ္။ ေနာက္တခုက က်ေနာ္တို႔မွာ တရားဝင္ေခါင္းေဆာင္ ႏွစ္ေယာက္ရွိတယ္။ မ႐ြက္ႏုေအာင္နဲ႔ ကိုမ်ိဳးေဇာ္ဦးနဲ႔ ရွိတယ္။ သူတို႔လုပ္ပါလိမ့္မယ္။ က်ေနာ္သိပ္လုပ္စရာ မရွိေတာ့ပါဘူး။”

ဆရာဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ဘာမ်ားေျပာစရာရွိဦးမလဲ။

“သမီးေလးက ၃ ႏွစ္ပဲ ရွိေသးတယ္။ ဒါပဲေျပာခ်င္တယ္။ သုံးႏွစ္ေတာင္မရွိေသးဘူး။ ျဖစ္တုန္းက ၂ ႏွစ္နဲ႔ ၁၁လပဲရွိတယ္။ အဲဒီေတာ့ ျပည္သူ႔ဟာ ျပည္သူဆုံးျဖတ္၊ က်ေနာ္ဝင္ဆုံးျဖတ္လို႔မရဘူး။ ဘာလုပ္ခ်င္လဲ။ ဒီအတိုင္း မုဒိမ္းေကာင္ကို လႊတ္ထားခ်င္လဲ လႊတ္ထားလိုက္ က်ေနာ္နဲ႔မဆိုင္ေတာ့ဘူး။ ဒါမွ မဟုတ္ရင္လည္း အမွန္တရားကို ရွာေပးၾကပါလို႔ ေျပာရင္လည္းေျပာ၊ လူတေယာက္မွာ အသံတခုပဲရွိတယ္။ က်ေနာ္မွာလည္း အသံတခုပဲရွိတယ္။ က်ေနာ္အသံခ်ဲလို႔မရဘူး။ အားလုံးေပါင္းတဲ့အသံသည္သာလွ်င္စစ္မွန္ေသာအသံ၊ က်ေနာ္က ေနၿပီးဘယ္အသံထြက္ပါလို႔ က်ေနာ္ဘယ္ေတာ့မွမေျပာဘူး။ က်ေနာ့္အသံသည္ က်ေနာ္သမီးေလးဘက္ကပဲ ရပ္တည္မယ္။ သမီးေလးသည္တကယ္နစ္နာတာ ၃ ႏွစ္ပဲရွိေသးတယ္။ ဒါပဲ။ ျပည္သူကေတာ့ ဆုံးျဖတ္ပါ။ က်ေနာ္ဆုံးျဖတ္စရာမလိုဘူး။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဓမ္မနဲ့ အဓမ္မ သမိုင်းကပဲ ဆုံးဖြတ်သွားလိမ့်မယ် သက္ကမိုးညို နှင့်တွေ့ဆုံခြင်း

ဗစ်တိုးရီးယားအမှုမှန်ပေါ်ပေါက်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ သက္ကမိုးညို ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းကို ဇူလိုင် ၁၀ ရက်မှာ ပျဉ်းမနားမြို့နယ်ရဲစခန်းက အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၄(ဃ) နဲ့ အမှုဖွင့်ပြီး ငွေကျပ်သိန်း ၁၀၀ နဲ့ အာမခံပေး ထားပါတယ်။

ဒီလိုအမှုဖွင့်ခံထားရတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှာ ဒုတိယညွှန်ကြားရေးမှူးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ သက္ကမိုးညို အကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်း ဒီဗွီဘီက နေပြည်တော်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

တွေ့ဆုံမေးမြန်းချက် အပြည့်အစုံ
ပျဉ်းမနားမြို့မ ရဲစခန်းမှာ အီလက်ထရောနစ် ဥပဒေ ပုဒ်မ၃၄(ဃ)နဲ့ တရားစွဲဆိုခံခဲ့ရတယ်။ အဲဒီအပေါ်မှာ ဘယ်လိုခံစားချက်ရှိလဲ။ ဘယ်လိုအမြင်ရှိလဲ။

“ဘယ်လိုခံစားချက်ရှိလဲဆိုတော့ ကျနော်ကတော့ ဓမ္မနဲ့ အဓမ္မပေါ့၊ သူတို့ကလည်း သူတို့ကိုယ်သူတို့ ဓမ္မလို့ ထင်ကောင်းထင်လိမ့်မယ်။ ကျနော်ကလည်း ကျနော့်ကိုယ်ကျနော် ဓမ္မလို့ထင်တယ်။ ဘယ်ဟာတွေ ဓမ္မဟုတ်ဖို့ဆိုတာကတော့ သူတို့လည်း ဆုံးဖြတ်ခွင့်မရှိဘူး။ ကျနော်လည်းဆုံးဖြတ်ခွင့်မရှိဘူး။ သမိုင်းကပဲ ဆုံးဖြတ်သွားပါလိမ့်မယ်။”

ဒီကလေးကိစ္စမှာ ဆရာအခုလိုပါဝင်လာဖြစ်ပုံလေးကို ပြောပြပါဦးဗျာ။

“ပါဝင်လာခဲ့ပုံကတော့ကျနော်ကခရီးသွားတာ။ အမှန်အားဖြင့်ကျနော်သည် FACEBOOK ပေါ်မှာပဲ စာရေးတဲ့သာမန်အသုံးပြုသူတဦးပါ။ ဒါနဲ့ ဘယ်လိုဖြစ်လဲဆိုတော့ ဖြစ်ပွားတဲ့နေရာကျောင်းသည် ကျနော့်သမီးလေးပါထားခဲ့တဲ့ ကျောင်းဖြစ်နေတယ်။ အခန့်မသင့်ရင် ကျနော့်သမီးလေးလည်းဖြစ်သွားနိုင်တယ်။ အဲတော့ နေပြည်တော်မှာဖြစ်တယ်။ ကျနော့်သမီးထားတဲ့ကျောင်းမှာ ဖြစ်တယ်။ ဟုတ်ချင်မှလည်းဟုတ်မယ်၊ ဟုတ်ချင်လည်း ဟုတ်မယ်။ ကံကောင်းချင်တော့ ကလေးဖခင်ကလည်း ကျနော်က သူ့ကိုမဆက်သွယ်ခင်မှာ သူသည် လူ ၃ ယောက်ကို ဆက်သွယ်ထားခဲ့တယ်။ သူဆက်သွယ်ရတဲ့အကြောင်းအရင်းက တခုထဲပဲ။ သူ့ကို ကိုယ်ချင်းစာနိုင်မယ်ထင်လို့၊ ကျနော်တို့ ၃ ယောက်လုံးမှာ သမီးလေး တယောက်စီရှိတယ်။ အဲတော့ အဆင်သင့်ချင်တော့ ကျနော်ကလည်းနေပြည်တော်၊ သူကလည်း နေပြည်တော်၊ သူဆက်သွယ်ထားခဲ့တာ ကျနော်က မမြင်ဘူး။ ဒါပေမယ့်ကျနော်က သွားပြီးတော့ ပြောလိုက်တယ်။ ကျနော်ဒီကလေးအဖေနဲ့တွေ့ချင်ပါတယ်ဆိုပြီး သူကနေပြီးတော့ ပြန်ချိတ်ပေးတယ်။

ဒီနေရာကနေစပြီးခါမှ ကျနော်ကလေးအဖေကို ဖုန်းဆက်ဖြစ်တယ်။ ဖုန်းဆက်ပြီးတော့ နှစ်ယောက်သားတွေ့ကြတယ်။ အဖြစ်အပျက်ကို ပြောတယ်။ ပြောပြီးတော့မှ ကျနော်အဖြစ်အပျက်ကို မှတ်တမ်းယူထားလိုက်တယ်။ မတင်သေးပါဘူး။ ဘာလို့လဲဆိုတော့ ဒီအမှုကို CID က ကိုင်နေပြီလို့သိတဲ့အတွက်ကြောင့်၊ CID က ကိုင်နေတဲ့အချိန်မှာ ကျနော်သည် CIDရဲ့လုပ်ငန်းတွေကို ဝင်ရောက်မရှုပ်ချင်ပါဘူး။ ဒါပေမယ့် facebook ပေါ်က ဦးပညာရဲ့ အစ်မလို့ခေါ်မယ့်တယောက်ပေါ့နော်။ သူကနေပြီးတော့မှ သူတို့ကိုလုပ်တဲ့သူကို ခွင့်မလွှတ်ဘူး ဆိုတဲ့ပုံစံနဲ့ ပို့စ်တခုတင်တယ်။ ပို့စ်တခုတင်တော့ သူပို့စ်တင်တာကို ကျနော်က ရှဲလိုက်တယ်။ ကျနော်စောင့်ကြည့်နေပါတယ်ဆိုပြီး၊ အဲတော့ ကျနော်စောင့်ကြည့်နေပါတယ်ဆိုတဲ့ ကိစ္စကိုသူက ဘယ်လိုမြင်သွားသလဲမသိ ကျနော့်ကိုလာပြီးတော့ ဒီလိုမျိုးအခြေချကော့မန့်တွေပြီးတော့ ကျနော်က မခိုင်သဇင်ကိုလည်း မက်ဆေ့ပို့လိုက်တယ်။

အစ်မရဲ့ယောက္ခမနေပြီးတော့ ကျနော့်ကိုဒီလိုပြောနေပြီ။ ကျနော်အဆင်မပြေဘူး။ ကျနော့်မက်ဆေ့ကို ဝင်မဖတ်ဘူး။ အဲတော့ကျနော်နောက်ထပ်ပို့စ်တခု တက်ရေးတယ်။ ကျနော်တကယ်ပဲရေးရမှာလား။ အဲဒီမှာ သူကလည်း ဆက်ပြီး မဆုံးနိုင်၊မဆုံးနိုင်ပေါ့။ အဲဒီမှာ ကျနော်ကလည်း ကြားမိသမျှ wisdom Hill အကြောင်း အပိုင်း၁၊ အပိုင်း၂၊ အပိုင်း ၃၊ ၄ စပြီးရေးတယ်။ ၆ အထိရေးခဲ့တာပေါ့နော်။ တရက်စီတရက်စီ၊ အဲဒီမှာ လူတွေကလည်း ဘာပဲပြောပြော ဒီသမီးလေးကို စိတ်ဝင်စားလာကြတယ်။ အဖြစ်အပျက်လေးကို စိတ်ဝင်စားလာကြတယ်။ ဇာတ်လမ်းဇာတ်ကွက်လေးသဘောမျိုးဖြစ်သွားတယ်။ အဲဒီကစပြီး ကျနော်က ဒီထဲကိုဝင်ပါလာခဲ့တာပေါ့။ ”

အခုလို ဝင်ပါမိတဲ့အခါမှာ အခုလိုလျှောက်နေတဲ့အချိန်မှာ ဘာတွေလုပ်နေကြလဲ၊ ဘယ်လို အခက်အခဲတွေများရှိလဲ။

“ကျနော်နဲ့ ကလေးဖခင်နဲ့ဟာ အမြဲတမ်းတွေးကြတယ်၊ တောကြတယ်။ ကျနော်တို့ ပြဿနာက ဘာဆက်လုပ်ရမလဲဆိုတဲ့ပြဿနာ၊ ဆိုတော့ ကျနော်တို့သည် တတောင်ပြီး တတောင် ကျော်နေရသလိုဖြစ်နေတယ်။ ပထမဆုံး ကလေးအဖေကျော်ခဲ့ရတဲ့ တောင်သည် သူနဲ့ အမှတ် ၁ မြို့မရဲစခန်း၊ အဲဆိုတော့ ကျနော့်နဲ့လည်းမတွေ့သေးဘူး။ သူသွားတဲ့လာတဲ့နေရာမှာ အခက်အခဲတွေတွေ့ခဲ့ရတယ်။ ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေရှိတယ်။ တပိုင်းပေါ့။ နောက်တပိုင်းက ကျနော်နဲ့ CID လို့ပြောရမှာပေါ့။ ဟိုဟာ စစ်ဆေးမှုက ပြောင်းသွားတော့ ကျနော်နဲ့ CID အပိုင်း၊ ဒီအပိုင်းကျနော်တင်တယ်၊ တင်တယ်။ လူထုရဲ့ စိတ်ဝင်စားမှုရတယ်။ လူထုရဲ့ထောက်ခံမှုရတယ်ဆိုပေမယ့်လည်း တကယ်တမ်းမြင်သာသော ရလဒ်က ဒီဖက်မှာ ထွက်မလာဘူး။ ဘာလို့လဲဆိုတော့ မြင်သာသောရလဒ်ဆိုတာက တရားခံစွဲထုတ်ပြနိုင်တယ် ဆိုတာက မြင်သာသောရလဒ်ကို၊ ဆိုတော့ အပိုင်း ၆ ကိုရောက်လာတဲ့အချိန်မှာ ကျနော်တို့နှစ်ယောက် တယောက်နဲ့ တယောက် စကားပြောကြတယ်။ ကျနော်တို့ ဘာဆက်လုပ်ကြမလဲ။ မသိဘူး။ မသိဘူး။ သို့သော် ကျနော်ကိုင် ထားတာသည်။ တခုရှိတယ်။ ဘာလဲဆိုတော့ သမီးလေးသည် တကယ်ဖြစ်ခဲ့တာ။ တကယ်သူက အခုန ပြောသလို rape သဘောမျိုးပေါ့။ ဖြစ်ခံခဲ့ရတာ။ အဲဒါကို ကျနော် လွှတ်ချလိုက်တော့မယ် ဆိုပြီးခါမှ ကျနော် တော်တော်ကြေကြေကွဲကွဲ ဆုံးဖြတ်ချက်ချလိုက်ရပါတယ်။ ဘာဖြစ်ုလို့လဲ ဆိုတော့ သမီးလေးအကြောင်းကို ထုတ်ပြောရမှာကိုး၊ ဒါပေမယ့် ကျနော့်မှာက ဆရာဝန်လေ။ ဆရာဝန်ဆိုတော့ ဆရာဝန် ethic ရှိတယ်။ အဲဒီ ethic အရ ကျနော်ပြောခွင့်၊ လူနာရဲ့အကြောင်းကို ပြောခွင့်ရှိလားမရှိလား။ ကျနော်ဒါစဉ်းစားတယ်။ စဉ်းစားတဲ့အခါမှာ ကျနော့်ရဲ့ —သစ္စာဆိုထားတာမှာဘာပါလဲဆိုတော့ လူနာတွေအတွင်းရေးမှန်သမျှကို ဖွင့်ဆိုအပ်သည်မှလွှဲ၍ ဆိုတာမျိုးပါတယ်။ အဲတော့ ကျနော်ဖွင့်ဆိုအပ်ပြီလာဆိုတာ ကျနော့်ရဲ့အတွေးမှာ ကျနော်အကြိမ်ကြိမ် ကြေကြေကွဲကွဲပြန်စဉ်းစားခဲ့ရတယ်။ လုပ်စရာမရှိဘူး။ တဖက်က ရလဒ်ဘာမှ ထွက်မလာဘူး။ နောက်တခုက ကျနော်တို့ကလေးရဲ့ဖခင်နဲ့ ပတ်သက်ပြီးတော့ ကလေးဖခင်က နည်းနည်းလေ့လာတာရှိတော့ DNA မတူဘူးဆိုတာမျိုး ကြားလာတယ်။ ကျနော်တို့လုပ်စရာမရှိတဲ့အချိန်မှာ၊ အဲတော့ ကျနော်ကလေးရဲ့ ဖခင်တိုင်ပင်တယ်။ ကျနော်တော့ ဒါရေးပါရစေဆိုပြီးတော့ အပိုင်း ၇ နဲ့ အပိုင်း ၈ ကိုရေးတယ်။ တရက်စီပေါ့နော်။ အပိုင်း ၇ သည် ကလေးရဲ့ဘောင်းဘီကိစ္စပါပါတယ်။ DNA စစ်တာ၊ အပိုင်း ၈သည် ကလေးရဲ့ သုတ်ရေ တခုတွေ့တဲ့ကိစ္စကိုရေးခဲ့တယ်။ အဲဒီအခါမှ တော်တော်လေး Shake ဖြစ်သွားတယ်။ ကျနော်တို့ရဲ့ ပြည်သူလူထုဟာ ဒီသမီးလေးကို သနားပြီးတော့မှ တအားကိုပဲ ဝန်ရံလာကြတယ်။ နောက်ပြီးတော့ သမ္မတရုံးအထိတောင် သူတို့တွေ မက်ဆေ့ပို့ကြတယ်။ စာတွေပို့ကြတဲ့အခါမှာ သမ္မတရုံးက ဦးဇော်ဌေးကနေပြီးမှ နိုင်ငံတော် အကြီးအကဲများအနေနဲ့ ဒီအမှုကို မပေါ်ပေါ်အောင် ဖော်ဖို့လမ်းညွန်ထား ပါကြောင်းဆိုပြီး ထွက်ရေးတာ။ ဒီအချိန်သည် ကျနော်တို့အတွက် အလှည့်အပြောင်း၊ ဒီအလှည့်အပြောင်းမှာ ဘာဖြစ်သွားလဲဆိုတော့ ကျနော်နဲ့ CID မဟုတ်တော့ဘူး။ ဘာလို့လဲဆိုတော့ လူကလည်းပြောင်း သွားတယ်။ စာကလည်းပြောင်း စစ်ဆေးတဲ့သူတွေ လည်းပြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နဲ့ ပြည်သူနဲ့ဖြစ်သွားပြီ၊ အဲလိုဆိုတော့ ကျနော်ဝင် control လို့ရတဲ့အနေအထား မဟုတ်တော့ဘူး။ ပြည်သူသည် သူ့ရဲ့လမ်းကိုသူရွေးတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲသည် သူ့လမ်းသူရွေးတယ်။ ကျနော်ဒီလိုပဲမြင်တယ်။ အဲတော့ကျနော်ဝင် control လို့မရတဲ့ အပိုင်း ဖြစ်သွားတယ်။ ဒါတွေ ကျနော်တို့ရဲ့တွေ့ခဲ့ရတဲ့ အခက်အခဲတွေပါပဲ။”

ဆရာပြောသွားတဲ့အထဲမှာပေါ့နော် ဒီသမီးလေးနဲ့ပတ်သက်တဲ့၊ ဆရာလည်း ဆရာဝန်တယောက်ဖြစ်တဲ့အတွက် ဆေးစာတွေဘာတွေကော ဆရာတွေ့ခဲ့ရလား၊ ဆရာမှာ တကယ်လို့ပြန်ပြီးတော့ပြောစရာ ဒီဟာနဲ့ပတ်သက်တဲ့ လုံလောက်တဲ့ အထောက်အထားတွေ ဆရာ့မှာ ခိုင်ခိုင်မာမာရှိတယ်လို့ ဆရာပြောချင်တာလား။

“သူတို့ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်တဲ့ကိစ္စတွေ ရှိတာပေါ့နော်။ ဆရာဝန်ဆိုတဲ့အတိုင်းပဲ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့တာတွေရှိတာပေါ့နော်။ ဒီလိုမျိုးရှိခဲ့သလားပေါ့။ ကျနော်က ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်တဲ့အခါမှာ ရှိခဲ့တယ်လို့ပဲ ကျနော်သတင်းပြန်ကြားရပါတယ်။ ဒါသည် ကျနော်တို့ professional ချင်းတိုင်ပင်မှုအရ သိခဲ့တဲ့ကိစ္စတွေပါ။ ”

ဒီကလေးရဲ့ကိစ္စကို လိုက်ပြီးတော့ အနီးကပ်ဆာင်ရွက်ပေးနေတဲ့ လူပေါ့။ အခုဒီ မနေ့က တရားစွဲပြီး ဒီနေ့ပဲ ရဲစခန်းကိုခေါ်ယူစစ်ဆေးတာတွေ ကြုံရတယ်ဆိုတော့ ဆရာအခု ဘာဆက်လုပ်မလဲ။

“ဆက်သွားရမှာပေါ့။ ဘာလုပ်စရာရှိလို့လဲ။ (ရယ်လျက်)။ ဆက်သွားရမှာပေါ့။ ကျနော်သည် အခုနက ပြောသ လို ကျနော်သွားတဲ့လမ်းကြောင်းသည် ကိုယ့်ကိုယ်ကျိုးအတွက် သွားနေတာမှမဟုတ်တာ။ ကျနော်တို့မှာ သမီးလေးတွေရှိတယ်လေ။ facebook မှာ ပုံလေးတပုံတက်လာတယ်ပေါ့နော်။ သူတို့ ဆန္ဒပြပွဲမှာ ကလေးလေးကို မိခင်နို့ချို တိုက်ကျွေးရင်းနဲ့ ဆန္ဒပြနေတဲ့ပုံ၊ ကျနော်အရမ်းခံစားရတာပေါ့။ မျက်ရည်တောင်ဝဲတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့မှာလည်း သားသမီးတွေရှိတယ်။ ကျနော်တို့သားသမီးကို ကျနော်တို့လက်ထဲကနေ လွှတ်ပြီး ခါမှ လူ့လောကထဲသွင်းဖို့အတွက် ပထမဆုံးစပြီးတော့ ပို့လိုက်တဲ့နေရာသည် မူကြိုကျောင်းပဲ။ ဒီလိုမူကြို ကျောင်းဆိုတာက ကလေးတွေကို ရင်အုပ်မကွာထားရမယ့်နေရာ၊ ဟုတ်ပြီနော်၊ အဲဒီရင်အုပ်မကွာထား ရမယ့်နေရာကမှ လုံခြုံမှုမရှိဘူးဆိုလို့ရှိရင် ကျနော်တို့ကလေးတွေ လူလောကထဲ ဘယ်လိုလုပ်ပြီးတော့ သွားရ မလဲ။ အခုဖြစ်ပွားတဲ့ကလေးကိုကြည့် တကယ်တန်းကျရင် ၃ နှစ်၊ မရှိသေးဘူး။ ၂နှစ်နဲ့ ၁၁ လပဲရှိသေးတယ်။ လူ့လောကကြီးက အဲလိုတွေ ကြိုဆိုစရာလား၊ အဲလောက်ကြိုဆို ကြမ်းတမ်းခက်ခဲနေမှတော့ သူဆိုတာ (မျက်ရည်ဝဲ) လူတယောက်ရဲ့မျက်နှာကိုတောင်မှ ကောင်းကောင်းမမှတ်မိသေးဘူး။ တော်တော်အချိန် ယူရတဲ့ အချိန်၊ အဲဒီအချိန်မှာ ကြိုဆိုလိုက်တာက ခင်ဗျားစဉ်းစားကြည်လေ။ ဖြစ်သင့်လား၊ ဖြစ်ထိုက်လား။ အဲဒီအတွက် ကျနော်ရပ်တည်တာ။ အဲဒီအတွက် ကျနော်ရပ်တည်တဲ့နေရာမှာ ဘာကိစ္စ ကန့်လန့်တိုက်နေရ တာလဲ၊ ဘာကိစ္စ ပိတ်ဆို့ချင်နေရတာလဲ။ စဉ်းစားလေ။ ဟို ကျနော်က ကျောင်းကြီးကို ပိတ်လိုက်ပါဆိုတာမျိုးလည်း မဟုတ်ဘူး။ ဒီကလေးလေးအတွက် အမှန်တရား၊ ဒီကလေးလေးကို ဘယ်သူက ကျူးလွန်ရသလဲ၊ ဒါကိုသိချင်တာလေးပဲ။ ကျူးလွန်တဲ့သူသည် ပေါ်ကိုပေါ်ရ မယ်လေ။ မပေါ်ဘဲနဲ့သူဟာ လူ့လောကထဲမှာလွှတ်မြောက်နေတာဟာ ဖြစ်ကို မဖြစ်သင့်ဘူး။ သူ့ကိုအပြစ်ပေးတာ ဘယ်လောက်ပေးပေး၊ သေဒဏ်ပေးပေး ဘာပေးပေး၊ မပေးဘဲနဲ့ တရားရုံးကနေ ပြန်လွှတ်လည်း ကျနော်က အကြောင်းမဟုတ်ဘူး။ သို့သော်လည်း ဘယ်သူကျိူးလွန်လဲဆိုတာ သိကိုသိရမယ်လေ။ မသိဘဲနဲ့ကျနော်တို့က ဘာကိစ္စ ဒီပြောရရင် မုဒိမ်းကောင်ကို ဘာကိစ္စ လောကထဲ လွှတ်ထားရတာလဲ။ မထားသင့်ဘူး။ ကျနော်မထားဘူး။ သူများတွေထား၊ ကျနော်မထားဘူး။ ”

အခုဒီကိစ္စကို ဆရာတို့လေ့လာတဲ့အခါမှာ ဒီသမီးလေးဟာ ဘယ်နေရာမှာဖြစ်ခဲလဲဆိုတာ ဆရာတို့တွေ့ရှိထားလဲ။

“အဲဒါတွေ ကျနော်ပြောလို့တော့မရဘူး။ ဒါပေမယ့် အခုနကျနော်ပြောသလို ဖြစ်ပွားစရာနေရာသည် ၃ နေရာပဲရှိတယ်။ ကျောင်းရယ်၊ ဖယ်ရီရယ်၊ အိမ်ရယ်၊ အိမ်မှာသည် အဖွားနဲ့ အမေ နှစ်ယောက်ပဲရှိတယ်။ ဒီအဖွားနဲ့အမေသည် သမီးလေးရဲ့အမျိုးရင်းချာတွေ၊ သမီးလေးရဲ့အမျိုးရင်းချာတွေဖြစ်တဲ့အတွက်ကြောင့် သမီးလေးရဲ့နစ်နာမှုအတွက်တော့ သူတို့လိမ်မယ်လို့ ကျနော်မယူဆဘူး။ နောက်ဖယ်ရီ၊ ဖယ်ရီသည် သမီးလေးသည် နော်ကဆုံးကလေးမဟုတ်ဘူး။ ဖယ်ရီပေါ်မှာ ယဉ်မောင်းသူတယောက်၊ဆရာမတယောက် ပါတယ်။ နောက်ဆုံးကလေးမဟုတ်တဲ့အတွက်ကြောင့် အမြဲတမ်းလူရှိနိုင်တယ်။ အဲတော့ ကျောင်း၊ ကျောင်းသည် စဉ်းစားစရာအချက်လက်တွေအများကြီးရှိတယ်။ ဥပမာ ကလေးလေးသည် ဆရာမနှင်းနုသိတယ် ဆိုတာမျိုး၊ ဆိုတော့တကြိမ်ပဲပြောခဲ့တာမဟုတ်ဘူး။ သုံးလေးငါးခါလောက်ပြောခဲ့တယ်။ ”

ကလေးပြောတာကို ဆရာကြားခဲ့လား။

“ကျနော်ကလေးကို မမေးဘူး။ မမေးဘူး။ မမေးရက်လို့ပါနော်။ သို့သော်လည်းပဲ CID ကကြားပါတယ်။ ရဲဌာနက ကြားပါတယ်။ ကလေးမိဘတွေကြားပါတယ်။ video record တွေရှိပါတယ်။ အဲတော့အခုနက ပြောသလို ဆရာမ နှင်းနုသိတယ်လို့တော့ ပြောခဲ့ပါတယ်။ ဒါသေချာပေါက်ပြောခဲ့ပါတယ်။ ”

ရဲက အခုထုတ်ပြလိုက်တယ်ပေါ့ဗျာ။ အောင်ကြီးပေါ့၊ အောင်ကြီးနဲ့ပတ်သက်တဲ့ cctv တခုလည်း သတင်းဌာနမှာထက်လာခဲ့ပြီ၊ဆိုတော့ ဒီကိစ္စအပေါ် ဆရာဘယ်လိုမြင်လဲ။

“အဲဒီ cctv ဘယ်သူထုတ်လဲတော့မသိဘူးပေါ့လေ။ ထုတ်လိုက်တယ်ဆိုတာတော့ တယောက်ယောက်နေမှာ ပေါ့။ ဥပမာ စီစီတီဗွီပိုင်တဲ့သူတွေပေါ့နော်။ ဥပမာ ကျောင်းနားလို ဟာမျိုး၊ ရဲဌာနလိုဟာမျိုး ဘယ်သူက ထုတ်ပြန်လဲတော့မသိဘူးပေါ့နော်။ သို့သော် cctv တော့တကလာခဲ့တယ်။ တက်လာတော့ တချို့ဟာလည်း အောင်ကြီးဟုတ်နိုင်တယ်၊ တချို့က လည်း မဟုတ်နိုင်ဘူး။ ဒီလိုမျိုးပြောကြတာရှိတယ်။ ရှိတော့ပြသနာမရှိပါဘူး။ ပြဿနာမရှိဘူးဆိုတာ တရားခံအစစ်ပေါ်ပြီဆိုလို့ရှိရင် အောင်ကြီးဖြစ်ရင်ဖြစ်ပါစေ၊ လူမှုကွန်ရက်မှာ စွတ်စွဲနေကြတဲ့ကလေးနှစ်ယောက်ဖြစ်ရင်ဖြစ်ပါစေ cctv ထက်ခိုင်လုံသော အထောက်အထားတော လိုမှာပေါ့။ မဟုတ်လား။ ကျနော်က အောင်ကြီးဖြစ်ရမယ်လို့ ပြောတာလည်း မဟုတ်ပါဘူ။ ဟိုကလေးနှစ်ယောက်ဖြစ်ရ မယ်လို့လည်း ပြောတာလည်း မဟုတ်ပါဘူး။ သို့သော်လည်းပဲ cctv သည် အထောက်အကူတခုပဲ။ ဒီအထောက်အကူက မလုံလောက်လို့ရှိရင် ကျန်တဲ့အထောက်အကူရှာပေါ့။ ဥပမာ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် စီစီတီဗွီ မှတ်တမ်းအရ ဒီထဲဝင်သွားတာ အောင်ကြီးတယောက်ပဲလို့ ပြောတာကိုး။ ဟုတ်ပြီ၊ နောက်မှာလည်း တံခါးရှိတယ်။ စီစီတီဗွီမှတ်တမ်းရဲ့ အချိန်ကာလသည် မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိပဲရှိတယ်။ နေသောအဆောင်သည် အောက်ထပ်သည်ကလေးများအခန်း၊ ပေါ်ထပ်သည်ဆရာမတွေနေတဲ့အဆောင်၊ ဆိုလိုတာက အပေါ်ထပ်သည် လူတယောက်နေလို့ လည်း ရတယ်။ ဘယ်သူမှမသိရဘဲနဲ့ စီစီတီဗီ ပြီးတဲ့အ ချိန်ကျမှ ထွက်လာလို့လည်းရတယ်။ ဒါတွေက ကျနော်တို့ပြောလို့ရတဲ့နည်းမဟုတ်ဘူး။ ပြောလို့ရ တာသည် မျက်မြင်သက်သေ ရှိတယ်ဆိုရင်မျက်မြင်သက်သေက ပွင့်ပွင့်လင်းလင်းထွကဆိုဖို့ပဲ ရှိတယ်။ ဆိုလိုတာက cctv မှတ်တမ်းအားနည်းလို့ရှိရင် အားကောင်းတာရှာပေါ့။ ဒါပဲရှိတယ်။”

ရဲဌာနက သတင်းစာရှင်းလင်းပွဲလုပ်တဲ့ အချက်တွေကိုလည်း ဆရာသိပြီးရောပေါ့။ ဆိုတော့ အဲဒီအချက်အလက်တွေအပေါ်မှာ ဆရာတို့အခု ကူညီဆောင်ရွက်နေတဲ့လူတွေက အဓိက Point လေးပေ့ါ ဘယ်လိုသုံးသပ်မိလဲ။

“အလောတကြီးပြောလို့တော့မရဘူး။ ဘာလို့လဲဆိုတော့ကျနော့်ခေါင်းထဲမှာလည်း ရဲဌာနက ထုတ်ပြန်တာတွေတော သေချာတော့ရှိတာတော့ မဟုတ်ဘူးလေ။ တချို့ဟာတွေ ကျတော့ နည်းနည်းလုံးနေကြတာတွေ ရှိတာပေါ့။ ဥပမာ။ DNA က ဘယ်က စစ်တာလဲ ဆိုတာမျိုး၊ DNA သည်အခုနကတွေ့တဲ့ ဘောင်းဘီကနေ စစ်တာလား၊ ပြောခဲ့သမျှာတော့ ကြားမသွားဘူး။ ပြောမသွားဘူးပေါ့နော်။ နောက်တခုက ကလေးရဲ့ ခန္ဓာကိုယ်မှာတွေ့တဲ့ သုတ်ရေသုတ်ပိုးက စစ်တာလား။ ဒါလည်းကျနော်ကမသိဘူး။ နောက်တခုက သတင်းစာ ရှင်းလင်းပွဲမှာ ဘာပြောသွားလဲဆိုတော့ DNA သည် ပျက်စီးသွားပြီလို့ သုံးလေးခါလောက် ပြောခဲ့တယ်။ ပြောခဲ့ပြီးတဲ့နောက်မှာ ကျမှ ကလေးနှစ်ယောက်ရဲ့ DNA ရောစစ်လားဆိုတော့ ကလေးနှစ်ယောက်ရဲ့ဒီအန်အေနဲ့ လုံး၀ မတူပါဘူးလို့ပြောတယ်။ ဒါသည် သတင်းစာရှင်းလင်းပွဲ တခုထဲမှာပဲ ပြောတာပေါ့နော်။ အဲတော့ဘာဖြစ်လဲဆိုတော့ ဒီအန်အေ ပျက်စီးသွားတယ်။ ကလေးနှစ်ယောက်နဲ့ လုံးဝမတူဘူး။ ပျက်စီးသွားတာနဲ့ မတူတာနဲ့၊ ပျက်စီးသွားတာကို မတူဘူးလို့ တိုင်းလို့ရမရ ကျနော်လည်း မသိတော့ဘူး။ ကျနော်တို့က DNA ပညာရှင်တော့ မဟုတ်ဘူးလေ။ ဒါပေမယ့် ပြည်သူတယောက်အနေနဲ့တော့ ဒါဟာ စဉ်းစားရတော့မယ်။ ပျက်စီးသွားတယ်၊ လုံး၀ မတူဘူး။ ဒါက ပြည်သူပဲစဉ်းစားရမှာ။ ကျနော်စဉ်းစားလို့ မရဘူး။”

ဆရာ့အနေနဲ့ ဘာဆက်လုပ်သွားဖို့ အစီအစဉ်ရှိလဲဗျာ။

“ကျနော်လုပ်စရာ မလိုတော့ဘူး။ ပြည်သူလုပ်လိမ့်မယ်။ ပြည်သူလုပ်မယ်ဆိုတော့ ပြည်သူလမ်းပေါ်တက်လို့ ပြောတာမဟုတ်ဘူးနော်။ ကျနော့်ကိုလည်းလမ်းပေါ်တက်ခိုင်တယ်။ ကျနော် control လုပ်ဖို့အနေအထားကို လွန်သွားပြီ။ ကျနော်သည် ပြည်သူကို လမ်းပေါ်တက်ပါလို့ ပြောလို့လည်း မရဘူး။ လမ်းပေါ်ကဆင်းပါလို့ စွဲချလို့ လည်းမရဘူး။ ပြည်သူသည် သူ့အသိစိတ်ဓာတ်နဲ့သူလုပ်နေတာ။ ပြည်သူက တကယ်လို့စည်းကမ်းတကျ ရှိလို့ရှိရင်ဒါသည် အခုနက ပြောသလို တွန်းအားတခုဖြစ်လာလိမ့်မယ်။ ပြည်သူရဲ့ စည်းကမ်းတကျရှိမှုကို ဝင်ရောက်ဖျာခင်းတဲ့လူလည်း ရှိနိုင်တာပဲ။ဒါ ခေတ်အဆက်ဆက်မှာ ရှိနေကျ။ မရှိနဲ့ကျနော်မပြောဘူး။ ဒီရှိနောကို မကျော်လွန်နိုင်လို့ ဖျာခင်းတဲ့လူတွေ အောင်မြင်သွားလို့ရှိရင် နည်းနည်းရှုတ်ရှုတ်ထွေးထွေးဖြစ်သွားမှာကို ကျနော်ကြောက်တယ်။ ဆိုလိုတာက ပြည်သူရဲ့အလုပ်ကို ကျနော်တို့က ဝင်စွတ်လို့မရတော့ဘူး။ အခုနကေ ပြာသုလိ ကလေးမိဘနဲ့ ရဲတပ်ဖွဲ၊ ကလေးနဲ့စီအိုင်ဒီ၊ နောက်တခုက ရဲတပ်ဖွဲ့နဲ့ ပြည်သူနဲ့ တတိယ lever မှာ ကျနော်ဝင်ပါလို့မရတော့ဘူး။ ကျနော်ဘာဆက်လုပ်ရမလဲဆိုရင် ကျနော်သည် ကလေးမိဘနားမှာ ရပ်တည်နေရုံပဲရှိတယ်။ နောက်တခုက ကျနော်တို့မှာ တရားဝင်ခေါင်းဆောင် နှစ်ယောက်ရှိတယ်။ မရွက်နုအောင်နဲ့ ကိုမျိုးဇော်ဦးနဲ့ ရှိတယ်။ သူတို့လုပ်ပါလိမ့်မယ်။ ကျနော်သိပ်လုပ်စရာ မရှိတော့ပါဘူး။”

ဆရာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာများပြောစရာရှိဦးမလဲ။

“သမီးလေးက ၃ နှစ်ပဲ ရှိသေးတယ်။ ဒါပဲပြောချင်တယ်။ သုံးနှစ်တောင်မရှိသေးဘူး။ ဖြစ်တုန်းက ၂ နှစ်နဲ့ ၁၁လပဲရှိတယ်။ အဲဒီတော့ ပြည်သူ့ဟာ ပြည်သူဆုံးဖြတ်၊ ကျနော်ဝင်ဆုံးဖြတ်လို့မရဘူး။ ဘာလုပ်ချင်လဲ။ ဒီအတိုင်း မုဒိမ်းကောင်ကို လွှတ်ထားချင်လဲ လွှတ်ထားလိုက် ကျနော်နဲ့မဆိုင်တော့ဘူး။ ဒါမှ မဟုတ်ရင်လည်း အမှန်တရားကို ရှာပေးကြပါလို့ ပြောရင်လည်းပြော၊ လူတယောက်မှာ အသံတခုပဲရှိတယ်။ ကျနော်မှာလည်း အသံတခုပဲရှိတယ်။ ကျနော်အသံချဲလို့မရဘူး။ အားလုံးပေါင်းတဲ့အသံသည်သာလျှင်စစ်မှန်သောအသံ၊ ကျနော်က နေပြီးဘယ်အသံထွက်ပါလို့ ကျနော်ဘယ်တော့မှမပြောဘူး။ ကျနော့်အသံသည် ကျနော်သမီးလေးဘက်ကပဲ ရပ်တည်မယ်။ သမီးလေးသည်တကယ်နစ်နာတာ ၃ နှစ်ပဲရှိသေးတယ်။ ဒါပဲ။ ပြည်သူကတော့ ဆုံးဖြတ်ပါ။ ကျနော်ဆုံးဖြတ်စရာမလိုဘူး။

share from : burmese.asia

LEAVE A REPLY