Zawgyi ျဖင့္ဖတ္ရန္

အခုတစ္ေလာ အြန္လိုင္းမွာေရာ လူေတြၾကားထဲမွာ နာမည္ႀကီးေနတဲ့ အိမ္ပ်က္ႀကီးကိုေရာက္ျဖစ္တယ္။ ဒီေနရာက တကယ္ေတာ့ HE ရဲ႕အိမ္နဲ႔ သိပ္မေဝးတာေရာ သြားရလာရမခက္လို႔ ေရာက္သြားတယ္ေပါ့။ ..အရင္တုန္းက ပြင့္လင္းရာသီမွာေတာ့ ဓါတ္ပုံ႐ိုက္လာၾကတဲ့ လူေတာ္ေတာ္မ်ားမ်ားေတြ႕ရတယ္၊ ဒါေပမယ့္ ဒီလိုအခ်ိန္မိုးရာသီမွာေတာ့ တကယ္ေျခာက္ျခားစရာပါ၊

တကယ္ေရာ သရဲေျခာက္လား ?

သရဲေျခာက္တယ္လို႔ေတာ့ လူေျပာမ်ားၾကတယ္ ဒါေပမယ့္ He & She သြားတဲ့အခ်ိန္မွာေတာ့ ညေနေစာင္းဆိုေပမယ့္လည္း ေအးေအးေဆးေဆးပါ၊ သရဲနဲ႔တူတာေတာ့ ဘာမွမေတြ႕ခဲ့ရပါဘူး။ တစ္အိမ္လုံးမွာ ကိုယ္ေတြပဲရွိတယ္ .. ေတာ္ေတာ္ေျခာက္ျခားစရာပါ။ တကယ္ေျခာက္ျခားခ်င္တဲ့ စိတ္လႈပ္ရွားခ်င္တယ္ဆိုရင္ေတာ့ သရဲကားမၾကည့္ဘဲနဲ႔ ဒီလိုဖီလင္ေလး ရေစပါတယ္။

SHE မေရာက္ဖူးလို႔ လိုက္ပို႔ေပးတာ ဆိုေပမယ့္ ေရာက္သြားေတာ့လဲ ေနရာႀကီးက အလန္းစားႀကီးဆိုေတာ့ စိတၱဇ ဆန္ဆန္၊ သရဲဆန္ဆန္ ပုံစံေလးေတြေတာ့႐ိုက္ခဲ့တယ္။ တမင္တကာ ေၾကာက္ေအာင္လုပ္တာ မဟုတ္ဘူးေနာ္ အဲ့ဒီတုန္းက အဲ့လိုဖီလင္ေလး ၀င္သြားလို႔ **

အိမ္ပ်က္ႀကီး

အိမ္ႀကီးကေတာ့ ႏွစ္ထပ္အိမ္၊ ဖြဲ႕ထားတဲ့ အခန္းေတြလဲ အမ်ားႀကီးပဲ၊ ေရနံစက္႐ုံဝန္းထဲမွာရွိတာဆိုေတာ့ အရင္တုန္းက အရာရွိေတြအတြက္ ေဆာက္ေပးထားပုံရပါတယ္၊ ကိုလိုနီေခတ္ေဟာင္းပုံစံပါ၊ တစ္အိမ္လုံး သစ္သားေတြနဲ႔ အမ်ားစု သုံးထားပါတယ္။ ေရနံေခ်းေကာင္းေကာင္းသုတ္ထားတယ္ထင္တယ္၊

ပ်ဥ္ေတြ အားလုံးက မည္းနက္ေနေရာ၊ အေပၚထပ္မွာဆို ၾကမ္းခင္းေတြနင္းလိုက္ရင္ တႄကြိႄကြိနဲ႔ အသံေတြၾကားရတယ္၊ တခါးေတြဘာေတြ တြန္းဖြင့္ရင္လဲ ကြၽီ ….. ဆိုအသံႀကီးနဲ႔ ပါတ္ဝန္းက်င္တစ္ခုလုံး တိတ္ဆိတ္ေနေတာ့ ေက်ာခ်မ္းစရာ။

ပုတ္အက္အက္ အနံေတြ

လူမေနပဲ ပစ္ထားေတာ့ အနံ႔အသက္ေတြေတာ့သိပ္မေကာင္းဘူး၊ ေရခ်ိဳးခန္းနဲ႔ အိမ္သာလိုေနရာမ်ိဳးေတြဆို ပိုဆိုးတယ္၊ ေလွကားေအာက္က အံဝွက္တံခါးေတြဘာေတြေတာင္ ေတြ႕ခဲ့ရတယ္၊ ဘာေတြရွိမွန္းမသိလို႔ ဆက္မဝင္ေတာ့တာပါ၊

ပတ္ဝန္းက်င္

ပတ္ဝန္းက်င္အေနအထားကေတာ့ အရမ္းကိုေအးခ်မ္းလြန္းတယ္၊ အခုေခတ္ေစ်းနဲ႔သာဆို သိန္းေသာင္းခ်ီေအာင္ ေပါက္မယ့္ေနရာမ်ိဳး အိမ္ေရွ႕ဝရန္တာကေနလွမ္းၾကည့္ရင္ ေရျပင္က်ယ္ႀကီးနဲ႔ သန္လွ်င္တံတားႀကီးကိုလွမ္းျမင္ေနရတယ္၊

အခန္းေတြထဲ ေလွ်ာက္ေလွ်ာက္ဝင္ၾကည့္ရင္း အရင္တုန္းက ဘယ္သူေတြမ်ားေနခဲ့လဲ၊ အရင္တုန္းက အခန္းတြင္း အျပင္အဆင္ေတြကို ျမင္ေယာင္ၾကည့္မိတယ္၊ ေတာ္ေတာ္ႀကီးကို ခမ္းနားလိုက္မယ့္ျဖစ္ခ်င္းပဲ။

ဘယ္ေနရာမွာရွိတာလဲ

ေနရာကေတာ့ သြားရလြယ္ပါတယ္၊ သန္လွ်င္တံတားဆင္းဆင္းခ်င္း သဘာဝဓါတ္ေငြ႕ အေရာင္းဆိုင္ ရွိပါတယ္၊ အဲ့ဒီလမ္းၾကားေလးကေန ၀င္ၿပီး ညာဘက္ ခ်ိဳး၊ ၿပီးရင္ ကုန္းေပၚတက္လိုက္လို႔ နည္းနည္း ေမာင္းလိုက္ရင္ ဆုေတာင္းျပည့္ ဓါတ္ေတာင္ကုန္း ေစတီေတာ္တစ္ဆူ ေတြ႕ပါမယ္၊ အဲ့ဒီေဘးနားက ကပ္လ်ပ္အိမ္ႀကီးပါပဲ။

ဘာေတြသတိထားသင့္လဲ

ဒီေနရာက ဘယ္သူပိုင္တယ္၊ ၀င္ရ၊ မဝင္ရ ဆိုင္းဘုတ္ေတြဘာေတြေတာ့ မေတြ႕ခဲ့ရပါဘူး၊ အိမ္ႀကီးကေတာ့ ေတာ္ေတာ္ႀကီး ေဆြးေျမ့ေနၿပီဆိုေတာ့ သြားမယ္ဆိုရင္လဲ ကိုယ့္တာဝန္ကိုယ္ယူၿပီး အစစအရာရာ သတိႀကီးႀကီးထားၿပီးသြားပါ၊ တစ္ေယာက္တည္းေတာ့ မသြားပါနဲ႔၊ လူျပတ္ေတာ့ စိုးရိမ္လို႔ပါ။

share from :/xyznews

Unicode ဖြင့်ဖတ်ရန်

သရဲခြောက်တယ်လို့ နာမည်ကြီးနေတဲ့ သန်လျင်မြို့က အိမ်ပျက်ကြီး

အခုတစ်လော အွန်လိုင်းမှာရော လူတွေကြားထဲမှာ နာမည်ကြီးနေတဲ့ အိမ်ပျက်ကြီးကိုရောက်ဖြစ်တယ်။ ဒီနေရာက တကယ်တော့ HE ရဲ့အိမ်နဲ့ သိပ်မဝေးတာရော သွားရလာရမခက်လို့ ရောက်သွားတယ်ပေါ့။ ..အရင်တုန်းက ပွင့်လင်းရာသီမှာတော့ ဓါတ်ပုံရိုက်လာကြတဲ့ လူတော်တော်များများတွေ့ရတယ်၊ ဒါပေမယ့် ဒီလိုအချိန်မိုးရာသီမှာတော့ တကယ်ခြောက်ခြားစရာပါ၊

တကယ်ရော သရဲခြောက်လား ?

သရဲခြောက်တယ်လို့တော့ လူပြောများကြတယ် ဒါပေမယ့် He & She သွားတဲ့အချိန်မှာတော့ ညနေစောင်းဆိုပေမယ့်လည်း အေးအေးဆေးဆေးပါ၊ သရဲနဲ့တူတာတော့ ဘာမှမတွေ့ခဲ့ရပါဘူး။ တစ်အိမ်လုံးမှာ ကိုယ်တွေပဲရှိတယ် .. တော်တော်ခြောက်ခြားစရာပါ။ တကယ်ခြောက်ခြားချင်တဲ့ စိတ်လှုပ်ရှားချင်တယ်ဆိုရင်တော့ သရဲကားမကြည့်ဘဲနဲ့ ဒီလိုဖီလင်လေး ရစေပါတယ်။

SHE မရောက်ဖူးလို့ လိုက်ပို့ပေးတာ ဆိုပေမယ့် ရောက်သွားတော့လဲ နေရာကြီးက အလန်းစားကြီးဆိုတော့ စိတ္တဇ ဆန်ဆန်၊ သရဲဆန်ဆန် ပုံစံလေးတွေတော့ရိုက်ခဲ့တယ်။ တမင်တကာ ကြောက်အောင်လုပ်တာ မဟုတ်ဘူးနော် အဲ့ဒီတုန်းက အဲ့လိုဖီလင်လေး ဝင်သွားလို့ **

အိမ်ပျက်ကြီး

အိမ်ကြီးကတော့ နှစ်ထပ်အိမ်၊ ဖွဲ့ထားတဲ့ အခန်းတွေလဲ အများကြီးပဲ၊ ရေနံစက်ရုံဝန်းထဲမှာရှိတာဆိုတော့ အရင်တုန်းက အရာရှိတွေအတွက် ဆောက်ပေးထားပုံရပါတယ်၊ ကိုလိုနီခေတ်ဟောင်းပုံစံပါ၊ တစ်အိမ်လုံး သစ်သားတွေနဲ့ အများစု သုံးထားပါတယ်။ ရေနံချေးကောင်းကောင်းသုတ်ထားတယ်ထင်တယ်၊

ပျဉ်တွေ အားလုံးက မည်းနက်နေရော၊ အပေါ်ထပ်မှာဆို ကြမ်းခင်းတွေနင်းလိုက်ရင် တကြွိကြွိနဲ့ အသံတွေကြားရတယ်၊ တခါးတွေဘာတွေ တွန်းဖွင့်ရင်လဲ ကျွီ ….. ဆိုအသံကြီးနဲ့ ပါတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေတော့ ကျောချမ်းစရာ။

ပုတ်အက်အက် အနံတွေ

လူမနေပဲ ပစ်ထားတော့ အနံ့အသက်တွေတော့သိပ်မကောင်းဘူး၊ ရေချိုးခန်းနဲ့ အိမ်သာလိုနေရာမျိုးတွေဆို ပိုဆိုးတယ်၊ လှေကားအောက်က အံဝှက်တံခါးတွေဘာတွေတောင် တွေ့ခဲ့ရတယ်၊ ဘာတွေရှိမှန်းမသိလို့ ဆက်မဝင်တော့တာပါ၊

ပတ်ဝန်းကျင်

ပတ်ဝန်းကျင်အနေအထားကတော့ အရမ်းကိုအေးချမ်းလွန်းတယ်၊ အခုခေတ်ဈေးနဲ့သာဆို သိန်းသောင်းချီအောင် ပေါက်မယ့်နေရာမျိုး အိမ်ရှေ့ဝရန်တာကနေလှမ်းကြည့်ရင် ရေပြင်ကျယ်ကြီးနဲ့ သန်လျှင်တံတားကြီးကိုလှမ်းမြင်နေရတယ်၊

အခန်းတွေထဲ လျှောက်လျှောက်ဝင်ကြည့်ရင်း အရင်တုန်းက ဘယ်သူတွေများနေခဲ့လဲ၊ အရင်တုန်းက အခန်းတွင်း အပြင်အဆင်တွေကို မြင်ယောင်ကြည့်မိတယ်၊ တော်တော်ကြီးကို ခမ်းနားလိုက်မယ့်ဖြစ်ချင်းပဲ။

ဘယ်နေရာမှာရှိတာလဲ

နေရာကတော့ သွားရလွယ်ပါတယ်၊ သန်လျှင်တံတားဆင်းဆင်းချင်း သဘာဝဓါတ်ငွေ့ အရောင်းဆိုင် ရှိပါတယ်၊ အဲ့ဒီလမ်းကြားလေးကနေ ဝင်ပြီး ညာဘက် ချိုး၊ ပြီးရင် ကုန်းပေါ်တက်လိုက်လို့ နည်းနည်း မောင်းလိုက်ရင် ဆုတောင်းပြည့် ဓါတ်တောင်ကုန်း စေတီတော်တစ်ဆူ တွေ့ပါမယ်၊ အဲ့ဒီဘေးနားက ကပ်လျပ်အိမ်ကြီးပါပဲ။

ဘာတွေသတိထားသင့်လဲ

ဒီနေရာက ဘယ်သူပိုင်တယ်၊ ဝင်ရ၊ မဝင်ရ ဆိုင်းဘုတ်တွေဘာတွေတော့ မတွေ့ခဲ့ရပါဘူး၊ အိမ်ကြီးကတော့ တော်တော်ကြီး ဆွေးမြေ့နေပြီဆိုတော့ သွားမယ်ဆိုရင်လဲ ကိုယ့်တာဝန်ကိုယ်ယူပြီး အစစအရာရာ သတိကြီးကြီးထားပြီးသွားပါ၊ တစ်ယောက်တည်းတော့ မသွားပါနဲ့၊ လူပြတ်တော့ စိုးရိမ်လို့ပါ။

share from :/xyznews

LEAVE A REPLY