Zawgyi ျဖင့္ဖတ္ရန္

သီလရွင္ေလးေတြကိစၥ လိုက္စုံစမ္းေမးျမန္းေျဖရွင္းရင္း ျမင္ရေတြ႕ရတာေတြထဲကေန ထိတ္လန႔္စရာအေတြးတစ္ခု ဝင္ခဲ့ပါတယ္။ ” လြဲေခ်ာ္တဲ့ စီမံခန႔္ခြဲမႈေတြေၾကာင့္ အျပစ္မဲ့သူေတြ ဘယ္ေလာက္ေတာင္ နာက်င္ခဲ့ရၿပီလဲ”ဆိုေသာ အေတြးပါ။ ဒီစာကို ေတာ္ေတာ္ေလး စဥ္းစားၿပီးမွ ေရးလိုက္တာပါ။ အျပဳသေဘာေဆာင္တဲ့ မွတ္ခ်က္မ်ိဳးပဲ ေပးေစခ်င္ပါတယ္။ အေျဖမွန္တစ္ခုဆီ သြားခ်င္လို႔ပါ။

ရႈပ္ေထြးမႈေတြက ဇူလိုင္ ၆ရက္ မနက္က စတင္ပါတယ္။ victoria ျဖစ္ရပ္ေၾကာင့္ စိတ္ပင္ပန္းေနခ်ိန္ ေနလည္း သိပ္မေကာင္းခ်င္ျဖစ္ေနလို႔ ဒီေန႔ေတာ့ နားမယ္ဆိုတဲ့ အေတြးနဲ႔ ဖတ္စရာစာ အုပ္တစ္အုပ္ ယူၿပီး လွည္းတန္း KFC ၾကက္ေက်ာ္ဆိုင္ကို ထြက္ခဲ့ပါတယ္။ အေပၚထပ္က ေအာက္ထပ္ထက္ ပိုတိတ္ဆိတ္ေတာ့ လိုအပ္တာမွာၿပီး အေပၚထပ္တက္ခဲ့တယ္။ ၾကက္ေၾကာ္တစ္ပြဲကို သီလရွင္ေလး ႏွစ္ပါးက ၿမိန္ေရယွက္ေရစားေနတာ ေတြ႕ေတာ့ သူတို႔ေဘးကခုံမွာ ထိုင္ခဲ့တယ္။ ႏွစ္ပါးစလုံးက ၿပဳံးျပ ႏႈတ္ဆက္ေတာ့ ကေလးေတြ ကစားပါေစဆိုၿပီး ဖုန္းတစ္လုံးကို ေပးထားလိုက္ပါတယ္။ ကိုယ့္ဘာသာ ကိုယ္ စာဖတ္ေနရင္း သူတို႔နဲ႔ စကားလည္း ေျပာေနျဖစ္တယ္။ အဲ့ဒီလိုနဲ႔ ႐ုတ္တရက္ေတြ႕လိုက္ရတာက သီလရွင္ေလးတစ္ပါးရဲ႕ ေခါင္းမွာ ျမင္သာတဲ့ အနာတစ္ခု။ ေမးၾကည့္မိေတာ့ ေက်ာင္းက သီလရွင္ႀကီး ကို အလႉေငြအပ္တာနည္းလို႔ အ႐ိုက္ခံရတာတဲ့။ ႏွစ္ေသာင္း မအပ္ႏိုင္လို႔ ႐ိုက္တာတဲ့။

စိတ္ရႈပ္စရာေတြကေန ခဏ ေရွာင္ထြက္ကာမွ အခုလို ျမင္ကြင္း ထပ္ႀကဳံတာ။ victoria ေလးကိစၥ ေၾကာင့္လည္း စိတ္က ေထြေနေတာ့ ရင္ထဲ တင္းက်ပ္ေနခဲ့တယ္။ ဒီျဖစ္ရပ္ကို FB ေပၚ ေရးခဲ့သလို လူကုန္တားရဲတပ္ဖြ႕ဲကို အေၾကာင္းၾကားခဲ့တယ္။ အဲ့ဒီမနက္က ျပန္ခဲ့ၿပီး သီလရွင္ေလးေတြ ရွိမယ္ဆိုတဲ့ေနရာကို ညေနမွာ လူကုန္တားရဲနဲ႔အတူ ျပန္သြားၾကည့္တယ္။ မေတြ႕ေတာ့ဘူး။မနက္က စကားေျပာခ်ိန္မွာ လိပ္စာေတာင္းထားခဲ့လို႔ မနက္က် လူကုန္တားရဲနဲ႔အတူ လိုက္ဖို႔ ဆုံးျဖတ္လိုက္တယ္။

ဇူလိုင္ ၇ ရက္ မနက္မွာ KFC ကို တစ္ခါ ျပန္သြားၿပီးေစာင့္ေတာ့ မေန႔က သီလရွင္ေလးႏွစ္ပါးထဲက တစ္ပါးကို ေတြ႕ပါတယ္။ သူစားခ်င္တာေတြ ေကြၽးထားေပးဖို႔ KFC ဝန္ထမ္းတစ္ေယာက္ကို ပိုက္ဆံ ေပးလိုက္ၿပီး အေပၚထပ္က ခုံတစ္ခုံမွာ ေနေစခဲ့ပါတယ္။ အဲ့ဒီအခ်ိန္ လူကုန္တားရဲတပ္ဖြ႕ဲက လည္း လွည္းတန္းနား ကို ေရာက္ေနပါၿပီ။ ခဏထိန္းထားႏိုင္ဖို႔ ႀကိဳးစားေနခ်ိန္ အျခားသီလရွင္ႏွစ္ပါးက သီလရွင္ငယ္ကို KFC ဆိုင္ထဲအထိ ဝင္ရွာပါတယ္။ အဲ့ဒီသီလရွင္ႏွစ္ပါးကို အေပၚထပ္မတက္ေအာင္ ထိန္းထားေပးဖို႔ KFC ဝန္ထမ္းကိုထပ္ေျပာရပါတယ္။ရဲတပ္ဖြဲ႕ဝင္ ႏွစ္ေယာက္ ေရာက္လာေတာ့ သီလ ရွင္ေလးကို ကမာ႐ြတ္ရဲစခန္းဆီ လူကုန္တားရဲနဲ႔အတူ ေခၚသြားခဲ့ပါတယ္။ လူမႈဝန္ထမ္းဦးစီးဌာနကလည္း အသင့္ေရာက္ေနပါ တယ္။ အဲ့ဒီမွာ ေမးျမန္းတဲ့အခါမွာလည္း အလႉေငြရတာနည္းရင္ အ႐ိုက္ခံရတဲ့အေၾကာင္းေျပာပါတယ္။ သာသနာေရးနဲ႔ ဆက္စပ္တဲ့ ကိစၥ ျဖစ္တာေၾကာင့္ ေတာင္ဒဂုံၿမိဳ႕နယ္ သံဃာ့နာယကဥကၠဌ ဆရာေတာ္ဆီ အေၾကာင္းစုံ ဝင္ေလွ်ာက္ၿပီး လိပ္စာရွာတဲ့အခါ သီလရွင္ေလးေတြ ေနတဲ့ ေက်ာင္းကို ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ ၆၉ ရပ္ကြက္က က်ဴးေက်ာ္ကြက္သစ္တစ္ခုမွာ ေတြ႕ပါတယ္။ သီလရွင္ေက်ာင္းဆိုေပမယ့္ သစ္သားနဲ႔ ေဆာက္ထားတဲ့ က်ဳးေက်ာ္ေျမေပၚက အေဆာက္အဦငယ္တစ္ခုပါပဲ။ အဲ့ဒီေနရာကို ေတြ႕ဖို႔ လုူကုန္တားရဲတပ္ဖြဲ႕၊ ေထြအုပ္၊ လူမႈဝန္ထမ္းဦးစီးဌာနကပုဂၢိဳလ္ေတြ ဇူလိုင္ ၇ ရက္က တစ္ေနကုန္ ပင္ပန္းခဲ့ၾကပါတယ္။ သီလရွင္ေလးေတြကို အုပ္ထိန္းထားတယ္ဆိုတဲ့ ေဒၚသီရိစႏၵာအမည္ရ သီလရွင္ကို အြဲွ႔ဒီညမွာ ေမးျမန္းမႈေတြ လုပ္ၾကပါတယ္။ သီလရွင္ေလးေတြကိုလည္း လူစုခြဲၿပီး ေမးၾကပါတယ္။ အလႉေငြနည္းရင္ ႐ိုက္တယ္ဆိုတာကို ေျပာျပတဲ့ သီလရွင္ေတြ ရွိသလို ျငင္းတဲ့ သီလရွင္ေလးေတြလည္း ရွိပါတယ္။ ရပ္ကြက္ အုူပ္ခ်ဳုပ္ေရးတာဝန္ရွိသူေတြကေတာ့ သီလရွင္ ေဒၚသီရိစႏၵာရဲ႕ အေျခအေနကို မႀကိဳက္ေၾကာင္း ေျပာပါတယ္။ အဲ့ဒီညမွာ သုံးနာရီေက်ာ္စစ္ေဆးၿပီး တဲ့ေနာက္ သီလရွင္ေလးေတြကို ေဒၚသီရိစႏၵာဆီ ျပန္အပ္ခဲ့ဖို႔ ဌာနဆိုင္ရာတာဝန္ရွိသူေတြက ဆုံးျဖတ္ပါတယ္။

အဲ့ဒီလို အပ္ခဲ့မယ္ဆိုတာ သိသြားအခါ သီလရွင္ေလးတစ္ပါးဟာ မႈိင္ေတြသြားၿပီး တစ္ပါးတည္း တိတ္ဆိတ္သြားပါတယ္။ အဲ့ဒီသီလရွင္ေလးက ကြၽန္ေတ္ာတို႔နဲ႔အတူတူ ဇူလိုင္ ၇ ရက္ တစ္ေနကုန္ ဌာနဆိုင္ရာေတြ၊ ရဲစခန္းေတြ၊ သံဃာ့နာယက ဆရာေတာ္ေတြဆီမွာ ေမျမန္းခံခဲ့ရတဲ့ သီလရွင္ေလးပါ။ သူအ႐ိုက္ခံရမလားဆိုတဲ့ အေတြးနဲ႔ ေၾကာက္လန႔္ေနပုံရပါတယ္။ ဒါေပမယ့္ သီလရွင္ေလးေတြ အားလုံး ေဒၚသီရိစႏၵာေနာက္ လိုက္သြားၾကရပါတယ္။ ျပန္အပ္ခဲ့ေပမယ့္ ေနာက္ေန႔ေတြ ဆက္ေစာင့္ၾကည့္ေနမယ္လို႔ လူမႈဝန္ထမ္းအရာရွိက ေျပာပါတယ္။ သီလရွင္ေလးေတြကို ဝိနည္းနဲ႔ မညီတဲ့ အလႉခံျခင္းမ်ိဳး မခိုင္းေစဖို႔လည္း မွာခဲ့ၾကပါတယ္။ ဒါဟာ ဌာနဆိုင္ရာက ဆုံးျဖတ္တာမို႔ ဘာမွ မေျပာဘဲ ေနခဲ့ပါတယ္။ ဒီဇာတ္လမ္းက ဒီမွာ မၿပီးေသးဘူးဆိုတာ ကြၽန္ေတ္ာ သိပါတယ္။

ေနာက္ေန႔ ကြၽန္ေတာ္တစ္ဦးတည္း ထပ္သြားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ အေျခအေနေတြ ထပ္ရႈပ္ေထြး တာက ေနာက္ေန႔အထိ မကူးပါဘူး။ အဲ့ဒီညမွာပဲ ၆၉ ရက္ကြက္က ဆရာေတာ္တစ္ပါးက ေဒၚသီရိစႏၵာေၾကာင့္ ဒီလို ျပႆနာေတြျဖစ္တာဆိုၿပီး ဆူပါတယ္။ သီလရွင္ေလးေတြကို နက္ ၆ နာရီကေန ည ၆ နာရီအထိ ေက်ာင္းမွာေခၚထားၿပီး စာသင္ေပးမယ္။ ဒါကို လက္ခံရင္ ဒီမွာေန။ လက္မခံရင္ ဒီရပ္ကြက္က ေျပာင္းဖို႔ ေျပာပါတယ္။ ေက်ာင္းေဆာက္ဖို႔ သိန္း ၂၀ ေခ်းကို ၂၀က်ပ္တူိုးနဲ႔ ယူထားလို႔ အေႂကြးဆပ္ဖို႔ သီလရွင္ေလးေတြကို အလႉခံခိုင္းမွ ျဖစ္မွာေၾကာင့္ ေက်ာင္းေျပာင္းဖို႔ ေဒၚသီရိစႏၵာက ဆုံးျဖတ္ပါတယ္။

ဇူလိုင္ ၈ ရက္ မနက္မွာေတာ့ ေဒၚသီရိစႏၵာက သီလရွင္ေလးငါးပါးကို ေခၚၿပီး ေျမာက္ဥကၠလာက ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းကို ေခၚသြားပါတယ္။ အဲ့ဒီလို ေျပာင္းတာကို လူမႈဝန္ထမ္းဦးစီးဌာန တာဝန္ရွိသူက မသိပါဘူး။ ေျပာင္းသြားတဲ့ ေက်ာင္းလိပ္စာနဲ႔ ေက်ာင္းတိုင္ဆရာေတာ္ဖုန္းနံပတ္ကို စုံစမ္းၿပီး လူကုန္တားရဲတပ္ဖြဲ႕ဆီ ပို႔ခဲ့ပါတယ္။ လူကုန္တားကေန လူမႈဝန္ထမ္းဌာနကို ထပ္ပို႔ေပးခဲ့ ပါတယ္။ သူ႔အေႂကြးဆပ္ဖို႔အတြက္ သီလရွင္ေလးေတြကို အလႉခံခိုင္းမွ ျဖစ္မယ္ဆိုၿပီး ေနရာေျပာင္းသြားတဲ့ ေဒၚသီရိစႏၵာေနာက္ကို လူမႈဝန္ထမ္းက ဇူလိုင္ ၈ ရက္ တစ္ရက္လုံး မလိုက္ဘဲ ေနခဲ့ပါတယ္။ သူတို႔ အတြက္ လိုအပ္မယ္ထင္တဲ့ အခ်က္အလက္ေတြ ဖုန္းဆက္ေျပာခဲ့ေပမယ့္ ဘယ္လို လုပ္မယ္ဆိုတဲ့ တိက်တဲ့ အေျဖမရခဲ့ပါဘူး။ ဇူလိုင္ ၉ ရက္ ညေနမွာေတာ့ အဲ့ဒီကိစၥေျဖရွင္းဖို႔ အစည္းအေဝးလုပ္ေနၿပီး မနက္က်ရင္ သံဃာ့နာယက ေရွ႕ေမွာက္မွာ ရွင္းလင္းၿပီး လိုအပ္ရင္ အေရးယူမႈေတြ လုူပ္မယ္ဆိုတာ ၾကားရပါတယ္။ မနက္က်ရင္ ေတြ႕ဆုံေျဖရွင္းၾကမယ္ဆိုသည့္တိုင္ ေဒၚသီရိစႏၵာနဲ႔ သီလရွင္ငါးပါး ဘယ္ေရာက္ေနလဲဆိုတာ ဘယ္သူမွ မသိၾကပါဘူး။ မသိဘဲ ေျဖရွင္းမယ္ခ်ည္း ေျပာေနၾကတာပါ။ ကြၽန္ေတာ္က ေဒၚသီရိစႏၵာဆီ ဖုန္းဆက္ၿပီး သူတို႔ ရွိႏိုင္မယ့္ေနရာကို နည္းမ်ိဳးစုံးနဲ႔ ေမးပါတယ္။ သူတို႔ဇာတိ မအူပင္မွာလိုလို၊ လႈိင္သာယာမွာလိုလိုနဲ႔ ေဒၚသီရိစႏၵာက အတိအက် မေျပာပါဘူး။ သူ႔ကို ေတြ႕မယ္ဆို ဖုန္းဆက္ဖို႔သာ ေျပာပါတယ္။ ဆုံမယ့္ေနရာဆီ အေရာက္လာေပးမယ္ေပါ့။ အဲ့ဒီညမွာ ေတာ့ သူ ေျပာင္းသာြးတယ္ဆိုတဲ့ ေက်ာင္းက ဆရာေတာ္ဆီ ဖုန္းဆက္ၿပီး အေျခအေနကို ေျပာျပရပါ တယ္။ေတြ႕ဆုံေဆြးေႏြးၾကဖို႔ ဆရာေတာ္ကတစ္ဆင့္ ေျပာေပးဖို႔ ခြင့္ပန္တဲ့အခါ အဆင္ေျပသြားပါတယ္။ တကယ္ေတာ့ ၆၉ ရက္ကြက္မွာ ျဖစ္ခဲ့တဲ့ ျပႆနာကို အဲ့ဒီဆရာေတာ္ကိုယ္တိုင္ သိမထားပါဘူး။

ဌာနဆိုင္ရာကေတာ့ ဇူလိုင္ ၁၀ ရက္မွာ ေတြ႕ဆုံေျဖရွင္းမယ္ပဲ ေျပာေနဆဲပါပဲ။ ကြၽန္ေတာ္က ဇူလိုင္ ၉ ရက္ ညနဲ႔ ဇူလိုင္ ၁၀ ရက္ မနက္ အေစာႀကီးမွာ ေဒၚသီရိစႏၵာကို ဖုန္းေျပာၿပီး ဌာနဆိုင္ရာနဲ႔ ေတြ႕ဆုံေဆြးေႏြးေပးဖို႔၊ ကြၽန္ေတာ္က ၾကားဝင္ညႇိႏႈိင္းေပးၿပီး သီလရွင္ေလးေတြအတြက္ အေကာင္းဆုံး အေျဖရွာၾကဖို႔ ေတာင္းဆိုေတာ့ ” လာခဲ့မယ္၊ ဘယ္ကိုလာရမလဲ”လု႔ိ ဆိုပါတယ္။ လူကုန္တားရဲ႐ုံးနဲ႔ နီးတဲ့ ရန္ကင္း ပတ္စပို႔စ္႐ုံးနား( အဲ့ဒီနားက သီလရွင္ေလးေတြ အလႉခံေနၾကေနရာ) ကို လာခဲ့ဖို႔ေျပာ လိုက္ပါတယ္။ ကားခမရွိလည္း လာခဲ့ဖို႔နဲ႔ ကြၽန္ေတာ္စိုက္ေပးမယ္လို႔ေျပာၿပီး ေရာက္လာေအာင္ စည္း႐ုံးရပါတယ္။ လူကုန္တားရဲနဲ႔ ႀကိဳခ်ိတ္ထားရပါတယ္။ မနက္ ၉ နာရီခန႔္မွာ ေရာက္လာေတာ့ ရဲအရာရွိအခ်ိဳ႕က လူကုန္တားရဲတပ္ဖြဲ႕႐ုံးခန္းဆီ ေခၚၿပီး သံဃာ့နာယက ဆရာေတာ္ထံ ထပ္ေခၚသြား ၾကပါတယ္။
လုူကုန္တားရဲတပ္ဖြဲ႕၊ ေထြအုပ္၊ လူမႈဝန္ထမ္းဦးစီးဌာန၊ လဝကဌာနတာဝန္ရွိသူအခ်ိဳ႕က ေဒၚသီရိစႏၵာနဲ႔ အတူ သီလရွင္ေလးေတြကို ၿမိဳ႕နယ္တစ္ခုက သံဃာ့နာယကဥကၠဌ ဆရာေတာ္ထံ ေခၚသြားၿပီး ေျဖရွင္းၾကပါတယ္။ လူကုန္တားရဲတပ္ဖြဲ႕ကေတာ့ သူတို႔ စိစစ္တဲ့အခ်က္အလက္ေတြကို ဆရာေတာ္ထံ အသိေပးပါတယ္။ လူမႈဝန္ထမ္းကလည္း သူတို႔ စိစစ္တဲ့အေျခအေနေတြကို တင္ျပၿပီး ကေလးေတြကို သီလရွင္ထံ စနစ္တက် ျပန္အပ္ဖို႔( အုပ္ထိန္းသူ မိဖလို႔ အတိအက်မေျပာ၊ ဆရာေတ္ာက လိုအပ္တာ လမ္းၫႊန္ၿပီးရင္ သီလရွင္ထံ ျပန္အပ္မယ္ပဲေျပာျခင္းျဖစ္) စီစဥ္ထားတယ္လို႔ ေလွ်ာက္ပါတယ္။ ဆရာေတာ္ကလည္း လိုအပ္တာေတြ ဆုံးမၿပီး ခံဝန္လက္မွတ္ထိုးဖို႔ စီမံမယ္လို႔ မိန႔္တယ္။ ေဒၚသီရိစႏၵာကလည္း ဟုတ္ကဲ့ပါေပါ့။

ပုံမွန္ဆို ဒါက ဒီမွာတင္ လမ္းဆုံးသြားမွာ။ ကြၽန္ေတာ္က ဆရာေတ္ာထံ ခြင့္ပန္ၿပီး စကားအနည္းငယ္ ေျပာခြင့္ေပးဖို႔ ေတာင္းဆိုခဲ့တယ္။ သီလရွင္ေလးေတြကို ျပန္ေခၚသြားမယ့္ သီလရွင္ေဒၚသီရိစႏၵာရဲ႕ လတ္တေလာ အေျခအေနကို ဌာနဆိုင္ရာေတြ သိမထားတဲ့အေၾကာင္း ရွင္းျပလိုက္ပါတယ္။ ေဒၚသီရိစႏၵာဟာ အခုေလာေလာဆယ္ ေနစရာမရွိတဲ့အေၾကာင္း ေျပာျပလိုက္ပါတယ္။ ေဒၚသီရိစႏၵာက ျငင္းၿပီး ေျမာက္ဥကၠလာက သူ႔ဆရာေတာ္ေက်ာင္းမွာ ေနမွာလို႔ ဆိုတယ္။ အမွန္ေတာ့ ဆရာေတာ္က ေဒၚသီရိစႏၵာတစ္ပါတည္းကိုသာလက္ခံမွာျဖစ္ၿပီး သီလရွင္ေလးေတြနဲ႔ဆို လက္မခံဘူးလို႔ ေဒၚသီရိစႏၵာကိုယ္တိုင္က ကြၽန္ေတာ့္ကို ဖုန္းဆက္ေျပာဖူးတဲ့ အေၾကာင္း အားလုံးကို အသိေပးလိုက္ပါတယ္။ ေျမာက္ဥကၠလာကဆရာေတာ္ကို ဖုန္းေခၚၿပီး သံဃာ့နာယကဥကၠဌ ဆရာေတာ္နဲ႔ တစ္ခါတည္း ေမးျမန္းဖို႔အႀကံေပးလိုက္ပါတယ္။ ကြၽန္ေတာ့္ဖုန္းနဲ႔ပဲ ေခၚေပးလိုက္ၿပီး စပီကာဖြင့္ေျပာတဲ့အခါ ေျမာက္ဥကၠလာကဆရာေတာ္က သူ လက္မခံေၾကာင္း ရွင္းရွင္းလင္းလင္း ေျပာပါတယ္။ အဲ့ဒီေတာ့မွ လူမႈဝန္ထမ္းက အမ်ိဳးသမီးအရာရွိက သူတို႔ ယာယီေစာင့္ ေရွာက္ထားမယ္လို႔ ထုတ္ေျပာပါတယ္။

စာကေတာ္ေတာ္ေလး ရွည္ေနပါၿပီ။ ဒီေနရာမွာ ကေလးသူငယ္ဥပေဒကို ကြၽန္ေတ္ာ ေသခ်ာဖတ္မထားရေသးတဲ့အတြက္ ဘာမွ မေျပာလိုပါ။ ဒါေပမယ့္ ဒီလို ကေလးသူ ငယ္ကိစၥကို ကိုင္တြယ္ေျဖရွင္းရာမွာ လူမႈဝန္ထမ္းက ဦးေဆာင္ေျဖရွင္းရတာပါ။က်ဳးေက်ာ္ေနရာမွာ ေက်ာင္းေဆာက္ဖို႔ ၂၀ တိုးတဲ့ အေႂကြးယူထားၿပီး အဲ့ဒီအေႂကြးဆပ္ဖို႔ သီလရွင္ ေလးေတြကို အလႉခံခိုင္း၊ ရတဲ့ အလႉေငြထဲကေန သီလရွင္ေလးေတြရဲ႕ မိဖေတြဆီ ေပးကမ္းရပါ တယ္လို႔္ သူကိုယ္တိုင္ထုတ္ေျပာထားတဲ့ လတ္တေလာ သတင္းသုံးစရာေနရာမရွိတဲ့ သီလရွင္တစ္ပါး ထံကို ေနာင္အဲဒီလို မလုပ္ဖို႔ ေျပာဆိုဆုံးမ ခံဝန္ထိုးေစၿပီး ကေလးငယ္/သီလရွင္ေလးေတြကို ျပန္ထည့္ေပး ဖို႔ဆုံးျဖတ္ခ်က္ ဘာေၾကာင့္ခ်ခဲ့တာလဲ။ ေဒၚသီရိစႏၵာရဲ႕ လက္ရွိ အေနအထားကို ေသခ်ာမစိစစ္ဘဲ ဘာေၾကာင့္ ျပန္အပ္ခဲ့တာလဲ။ သီလရွင္ေလး ငါးပါးထဲက ႏွစ္ပါးက ေဒၚသီရိစႏၵာနဲ႔ အမ်ိဳးလုံး၀ မေတာ္စပ္ပါဘူး။

သီလရွင္ေလးေတြကိစၥကို လူမႈဝန္ထမ္းဦးစီးဌာနၫႊန္ခ်ဳပ္၊ ဒုၫႊန္ခ်ဳပ္ကိုပါ ဖုန္းဆက္ေျပာျပခဲ့ေပမယ့္ ဇူလိုင္ ၉ ရက္ညအထိ ဝန္ႀကီးမသိေသးပါဘူး။ ဒီျဖစ္ရပ္ကို ကိုင္တြယ္တာမွာ ေတြ႕ရတဲ့လြဲေခ်ာ္မႈအခ်ိဳ႕အတြက္ ဝန္ထမ္းတစ္ဦးခ်င္းကိုလည္း မေဝဖန္လိုပါ။ သီလရွင္ေလးေတြ ကိစၥကို တကယ္ စိတ္ပါ လက္ပါ လိုက္လုပ္တာကို ေတြ႕ရပါတယ္။ ဒါေပမယ့္ လိုအပ္တဲ့ သတင္းအခ်က္အလက္အခ်ိဳ႕ စုေဆာင္းမထားခဲ့ဘဲ ဆုံးျဖတ္ခ်က္အမွားခ်ဖို႔ ျဖစ္လာတဲ့အဆင့္ကိုေတာ့ အေျခအေနကို အစအဆုံး ျမင္ေတြ႕ခဲ့သူတစ္ေယာက္အေနနဲ႔ လက္မခံႏိုင္ပါ။ ဒီလိုအေျခအေနက အထက္တာဝန္ရွိသူ အဆင့္ဆင့္ထံ အခ်က္အလက္အျပည့္အစုံ ေရာက္/မေရာက္ ေတြးစရာပါ။အခုေနာက္ဆုံး အေျခအေနက သီလရွင္ေလးေတြကို လူမႈဝန္ထမ္းကယာယီေစာင့္ေရွာက္ထားၿပီး နယ္က မိဖေတြနဲ႔ ေတြ႕ဆုံၿပီး အေျဖရွာဖို႔ ေစာင့္ဆိုင္းေနပါတယ္။ ကေလးေတြကို သီလရွင္ဝတ္ေပးၿပီး အလႉခံခိုင္းလို႔ ရတဲ့ေငြကို ကိုယ္က်ိဳးအတြက္ ျပန္ေတာင္းတဲ့ မိဖေတြဆီ ဘယ္လိုပုံစံနဲ႔ ျပန္အပ္မလဲ၊ ဘယ္လိုေတြ ဆက္လုပ္မွာလဲဆိုတာ ဆက္ေစာင့္ၾကည့္ေနမွာပါ။ဒီပို႔စ္တင္ရတဲ့ရည္႐ြယ္ခ်က္က ျဖစ္ခဲ့တာကို အျပစ္ဘက္ကေန မေျပာၾကေတာ့ဘဲ ဘယ္လို ဆက္ေဆာင္႐ြက္မယ္ဆို အဆင္ေျပဆုံးျဖစ္မလဲဆိုတာကို ရႈေထာင့္ေပါင္းစုံက သေဘာထားမွတ္ခ်က္ ေတြ ဖတ္မွတ္လိုရင္းပါ။ ကူညီေပးၾကေစလိုပါတယ္ ခမ်ာ။

share form : burmese.asia

Unicode ဖြင့်ဖတ်ရန်

သီလရှင်လေးတွေကိစ္စ လိုက်စုံစမ်းမေးမြန်းဖြေရှင်းရင်း မြင်ရတွေ့ရတာတွေထဲကနေ ထိတ်လန့်စရာအတွေးတစ်ခု ဝင်ခဲ့ပါတယ်

သီလရှင်လေးတွေကိစ္စ လိုက်စုံစမ်းမေးမြန်းဖြေရှင်းရင်း မြင်ရတွေ့ရတာတွေထဲကနေ ထိတ်လန့်စရာအတွေးတစ်ခု ဝင်ခဲ့ပါတယ်။ ” လွဲချော်တဲ့ စီမံခန့်ခွဲမှုတွေကြောင့် အပြစ်မဲ့သူတွေ ဘယ်လောက်တောင် နာကျင်ခဲ့ရပြီလဲ”ဆိုသော အတွေးပါ။ ဒီစာကို တော်တော်လေး စဉ်းစားပြီးမှ ရေးလိုက်တာပါ။ အပြုသဘောဆောင်တဲ့ မှတ်ချက်မျိုးပဲ ပေးစေချင်ပါတယ်။ အဖြေမှန်တစ်ခုဆီ သွားချင်လို့ပါ။

ရှုပ်ထွေးမှုတွေက ဇူလိုင် ၆ရက် မနက်က စတင်ပါတယ်။ victoria ဖြစ်ရပ်ကြောင့် စိတ်ပင်ပန်းနေချိန် နေလည်း သိပ်မကောင်းချင်ဖြစ်နေလို့ ဒီနေ့တော့ နားမယ်ဆိုတဲ့ အတွေးနဲ့ ဖတ်စရာစာ အုပ်တစ်အုပ် ယူပြီး လှည်းတန်း KFC ကြက်ကျော်ဆိုင်ကို ထွက်ခဲ့ပါတယ်။ အပေါ်ထပ်က အောက်ထပ်ထက် ပိုတိတ်ဆိတ်တော့ လိုအပ်တာမှာပြီး အပေါ်ထပ်တက်ခဲ့တယ်။ ကြက်ကြော်တစ်ပွဲကို သီလရှင်လေး နှစ်ပါးက မြိန်ရေယှက်ရေစားနေတာ တွေ့တော့ သူတို့ဘေးကခုံမှာ ထိုင်ခဲ့တယ်။ နှစ်ပါးစလုံးက ပြုံးပြ နှုတ်ဆက်တော့ ကလေးတွေ ကစားပါစေဆိုပြီး ဖုန်းတစ်လုံးကို ပေးထားလိုက်ပါတယ်။ ကိုယ့်ဘာသာ ကိုယ် စာဖတ်နေရင်း သူတို့နဲ့ စကားလည်း ပြောနေဖြစ်တယ်။ အဲ့ဒီလိုနဲ့ ရုတ်တရက်တွေ့လိုက်ရတာက သီလရှင်လေးတစ်ပါးရဲ့ ခေါင်းမှာ မြင်သာတဲ့ အနာတစ်ခု။ မေးကြည့်မိတော့ ကျောင်းက သီလရှင်ကြီး ကို အလှူငွေအပ်တာနည်းလို့ အရိုက်ခံရတာတဲ့။ နှစ်သောင်း မအပ်နိုင်လို့ ရိုက်တာတဲ့။

စိတ်ရှုပ်စရာတွေကနေ ခဏ ရှောင်ထွက်ကာမှ အခုလို မြင်ကွင်း ထပ်ကြုံတာ။ victoria လေးကိစ္စ ကြောင့်လည်း စိတ်က ထွေနေတော့ ရင်ထဲ တင်းကျပ်နေခဲ့တယ်။ ဒီဖြစ်ရပ်ကို FB ပေါ် ရေးခဲ့သလို လူကုန်တားရဲတပ်ဖွ့ဲကို အကြောင်းကြားခဲ့တယ်။ အဲ့ဒီမနက်က ပြန်ခဲ့ပြီး သီလရှင်လေးတွေ ရှိမယ်ဆိုတဲ့နေရာကို ညနေမှာ လူကုန်တားရဲနဲ့အတူ ပြန်သွားကြည့်တယ်။ မတွေ့တော့ဘူး။မနက်က စကားပြောချိန်မှာ လိပ်စာတောင်းထားခဲ့လို့ မနက်ကျ လူကုန်တားရဲနဲ့အတူ လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဇူလိုင် ၇ ရက် မနက်မှာ KFC ကို တစ်ခါ ပြန်သွားပြီးစောင့်တော့ မနေ့က သီလရှင်လေးနှစ်ပါးထဲက တစ်ပါးကို တွေ့ပါတယ်။ သူစားချင်တာတွေ ကျွေးထားပေးဖို့ KFC ဝန်ထမ်းတစ်ယောက်ကို ပိုက်ဆံ ပေးလိုက်ပြီး အပေါ်ထပ်က ခုံတစ်ခုံမှာ နေစေခဲ့ပါတယ်။ အဲ့ဒီအချိန် လူကုန်တားရဲတပ်ဖွ့ဲက လည်း လှည်းတန်းနား ကို ရောက်နေပါပြီ။ ခဏထိန်းထားနိုင်ဖို့ ကြိုးစားနေချိန် အခြားသီလရှင်နှစ်ပါးက သီလရှင်ငယ်ကို KFC ဆိုင်ထဲအထိ ဝင်ရှာပါတယ်။ အဲ့ဒီသီလရှင်နှစ်ပါးကို အပေါ်ထပ်မတက်အောင် ထိန်းထားပေးဖို့ KFC ဝန်ထမ်းကိုထပ်ပြောရပါတယ်။ရဲတပ်ဖွဲ့ဝင် နှစ်ယောက် ရောက်လာတော့ သီလ ရှင်လေးကို ကမာရွတ်ရဲစခန်းဆီ လူကုန်တားရဲနဲ့အတူ ခေါ်သွားခဲ့ပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနကလည်း အသင့်ရောက်နေပါ တယ်။ အဲ့ဒီမှာ မေးမြန်းတဲ့အခါမှာလည်း အလှူငွေရတာနည်းရင် အရိုက်ခံရတဲ့အကြောင်းပြောပါတယ်။ သာသနာရေးနဲ့ ဆက်စပ်တဲ့ ကိစ္စ ဖြစ်တာကြောင့် တောင်ဒဂုံမြို့နယ် သံဃာ့နာယကဥက္ကဌ ဆရာတော်ဆီ အကြောင်းစုံ ဝင်လျှောက်ပြီး လိပ်စာရှာတဲ့အခါ သီလရှင်လေးတွေ နေတဲ့ ကျောင်းကို ဒဂုံဆိပ်ကမ်းမြို့နယ် ၆၉ ရပ်ကွက်က ကျူးကျော်ကွက်သစ်တစ်ခုမှာ တွေ့ပါတယ်။ သီလရှင်ကျောင်းဆိုပေမယ့် သစ်သားနဲ့ ဆောက်ထားတဲ့ ကျုးကျော်မြေပေါ်က အဆောက်အဦငယ်တစ်ခုပါပဲ။ အဲ့ဒီနေရာကို တွေ့ဖို့ လုူကုန်တားရဲတပ်ဖွဲ့၊ ထွေအုပ်၊ လူမှုဝန်ထမ်းဦးစီးဌာနကပုဂ္ဂိုလ်တွေ ဇူလိုင် ၇ ရက်က တစ်နေကုန် ပင်ပန်းခဲ့ကြပါတယ်။ သီလရှင်လေးတွေကို အုပ်ထိန်းထားတယ်ဆိုတဲ့ ဒေါ်သီရိစန္ဒာအမည်ရ သီလရှင်ကို အွဲှ့ဒီညမှာ မေးမြန်းမှုတွေ လုပ်ကြပါတယ်။ သီလရှင်လေးတွေကိုလည်း လူစုခွဲပြီး မေးကြပါတယ်။ အလှူငွေနည်းရင် ရိုက်တယ်ဆိုတာကို ပြောပြတဲ့ သီလရှင်တွေ ရှိသလို ငြင်းတဲ့ သီလရှင်လေးတွေလည်း ရှိပါတယ်။ ရပ်ကွက် အုူပ်ချုုပ်ရေးတာဝန်ရှိသူတွေကတော့ သီလရှင် ဒေါ်သီရိစန္ဒာရဲ့ အခြေအနေကို မကြိုက်ကြောင်း ပြောပါတယ်။ အဲ့ဒီညမှာ သုံးနာရီကျော်စစ်ဆေးပြီး တဲ့နောက် သီလရှင်လေးတွေကို ဒေါ်သီရိစန္ဒာဆီ ပြန်အပ်ခဲ့ဖို့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက ဆုံးဖြတ်ပါတယ်။

အဲ့ဒီလို အပ်ခဲ့မယ်ဆိုတာ သိသွားအခါ သီလရှင်လေးတစ်ပါးဟာ မှိုင်တွေသွားပြီး တစ်ပါးတည်း တိတ်ဆိတ်သွားပါတယ်။ အဲ့ဒီသီလရှင်လေးက ကျွန်တေ်ာတို့နဲ့အတူတူ ဇူလိုင် ၇ ရက် တစ်နေကုန် ဌာနဆိုင်ရာတွေ၊ ရဲစခန်းတွေ၊ သံဃာ့နာယက ဆရာတော်တွေဆီမှာ မေမြန်းခံခဲ့ရတဲ့ သီလရှင်လေးပါ။ သူအရိုက်ခံရမလားဆိုတဲ့ အတွေးနဲ့ ကြောက်လန့်နေပုံရပါတယ်။ ဒါပေမယ့် သီလရှင်လေးတွေ အားလုံး ဒေါ်သီရိစန္ဒာနောက် လိုက်သွားကြရပါတယ်။ ပြန်အပ်ခဲ့ပေမယ့် နောက်နေ့တွေ ဆက်စောင့်ကြည့်နေမယ်လို့ လူမှုဝန်ထမ်းအရာရှိက ပြောပါတယ်။ သီလရှင်လေးတွေကို ဝိနည်းနဲ့ မညီတဲ့ အလှူခံခြင်းမျိုး မခိုင်းစေဖို့လည်း မှာခဲ့ကြပါတယ်။ ဒါဟာ ဌာနဆိုင်ရာက ဆုံးဖြတ်တာမို့ ဘာမှ မပြောဘဲ နေခဲ့ပါတယ်။ ဒီဇာတ်လမ်းက ဒီမှာ မပြီးသေးဘူးဆိုတာ ကျွန်တေ်ာ သိပါတယ်။

နောက်နေ့ ကျွန်တော်တစ်ဦးတည်း ထပ်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခြေအနေတွေ ထပ်ရှုပ်ထွေး တာက နောက်နေ့အထိ မကူးပါဘူး။ အဲ့ဒီညမှာပဲ ၆၉ ရက်ကွက်က ဆရာတော်တစ်ပါးက ဒေါ်သီရိစန္ဒာကြောင့် ဒီလို ပြဿနာတွေဖြစ်တာဆိုပြီး ဆူပါတယ်။ သီလရှင်လေးတွေကို နက် ၆ နာရီကနေ ည ၆ နာရီအထိ ကျောင်းမှာခေါ်ထားပြီး စာသင်ပေးမယ်။ ဒါကို လက်ခံရင် ဒီမှာနေ။ လက်မခံရင် ဒီရပ်ကွက်က ပြောင်းဖို့ ပြောပါတယ်။ ကျောင်းဆောက်ဖို့ သိန်း ၂၀ ချေးကို ၂၀ကျပ်တိူုးနဲ့ ယူထားလို့ အကြွေးဆပ်ဖို့ သီလရှင်လေးတွေကို အလှူခံခိုင်းမှ ဖြစ်မှာကြောင့် ကျောင်းပြောင်းဖို့ ဒေါ်သီရိစန္ဒာက ဆုံးဖြတ်ပါတယ်။

ဇူလိုင် ၈ ရက် မနက်မှာတော့ ဒေါ်သီရိစန္ဒာက သီလရှင်လေးငါးပါးကို ခေါ်ပြီး မြောက်ဥက္ကလာက ဘုန်းကြီးကျောင်းတစ်ကျောင်းကို ခေါ်သွားပါတယ်။ အဲ့ဒီလို ပြောင်းတာကို လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူက မသိပါဘူး။ ပြောင်းသွားတဲ့ ကျောင်းလိပ်စာနဲ့ ကျောင်းတိုင်ဆရာတော်ဖုန်းနံပတ်ကို စုံစမ်းပြီး လူကုန်တားရဲတပ်ဖွဲ့ဆီ ပို့ခဲ့ပါတယ်။ လူကုန်တားကနေ လူမှုဝန်ထမ်းဌာနကို ထပ်ပို့ပေးခဲ့ ပါတယ်။ သူ့အကြွေးဆပ်ဖို့အတွက် သီလရှင်လေးတွေကို အလှူခံခိုင်းမှ ဖြစ်မယ်ဆိုပြီး နေရာပြောင်းသွားတဲ့ ဒေါ်သီရိစန္ဒာနောက်ကို လူမှုဝန်ထမ်းက ဇူလိုင် ၈ ရက် တစ်ရက်လုံး မလိုက်ဘဲ နေခဲ့ပါတယ်။ သူတို့ အတွက် လိုအပ်မယ်ထင်တဲ့ အချက်အလက်တွေ ဖုန်းဆက်ပြောခဲ့ပေမယ့် ဘယ်လို လုပ်မယ်ဆိုတဲ့ တိကျတဲ့ အဖြေမရခဲ့ပါဘူး။ ဇူလိုင် ၉ ရက် ညနေမှာတော့ အဲ့ဒီကိစ္စဖြေရှင်းဖို့ အစည်းအဝေးလုပ်နေပြီး မနက်ကျရင် သံဃာ့နာယက ရှေ့မှောက်မှာ ရှင်းလင်းပြီး လိုအပ်ရင် အရေးယူမှုတွေ လုူပ်မယ်ဆိုတာ ကြားရပါတယ်။ မနက်ကျရင် တွေ့ဆုံဖြေရှင်းကြမယ်ဆိုသည့်တိုင် ဒေါ်သီရိစန္ဒာနဲ့ သီလရှင်ငါးပါး ဘယ်ရောက်နေလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။ မသိဘဲ ဖြေရှင်းမယ်ချည်း ပြောနေကြတာပါ။ ကျွန်တော်က ဒေါ်သီရိစန္ဒာဆီ ဖုန်းဆက်ပြီး သူတို့ ရှိနိုင်မယ့်နေရာကို နည်းမျိုးစုံးနဲ့ မေးပါတယ်။ သူတို့ဇာတိ မအူပင်မှာလိုလို၊ လှိုင်သာယာမှာလိုလိုနဲ့ ဒေါ်သီရိစန္ဒာက အတိအကျ မပြောပါဘူး။ သူ့ကို တွေ့မယ်ဆို ဖုန်းဆက်ဖို့သာ ပြောပါတယ်။ ဆုံမယ့်နေရာဆီ အရောက်လာပေးမယ်ပေါ့။ အဲ့ဒီညမှာ တော့ သူ ပြောင်းသာွးတယ်ဆိုတဲ့ ကျောင်းက ဆရာတော်ဆီ ဖုန်းဆက်ပြီး အခြေအနေကို ပြောပြရပါ တယ်။တွေ့ဆုံဆွေးနွေးကြဖို့ ဆရာတော်ကတစ်ဆင့် ပြောပေးဖို့ ခွင့်ပန်တဲ့အခါ အဆင်ပြေသွားပါတယ်။ တကယ်တော့ ၆၉ ရက်ကွက်မှာ ဖြစ်ခဲ့တဲ့ ပြဿနာကို အဲ့ဒီဆရာတော်ကိုယ်တိုင် သိမထားပါဘူး။

ဌာနဆိုင်ရာကတော့ ဇူလိုင် ၁၀ ရက်မှာ တွေ့ဆုံဖြေရှင်းမယ်ပဲ ပြောနေဆဲပါပဲ။ ကျွန်တော်က ဇူလိုင် ၉ ရက် ညနဲ့ ဇူလိုင် ၁၀ ရက် မနက် အစောကြီးမှာ ဒေါ်သီရိစန္ဒာကို ဖုန်းပြောပြီး ဌာနဆိုင်ရာနဲ့ တွေ့ဆုံဆွေးနွေးပေးဖို့၊ ကျွန်တော်က ကြားဝင်ညှိနှိုင်းပေးပြီး သီလရှင်လေးတွေအတွက် အကောင်းဆုံး အဖြေရှာကြဖို့ တောင်းဆိုတော့ ” လာခဲ့မယ်၊ ဘယ်ကိုလာရမလဲ”လု့ိ ဆိုပါတယ်။ လူကုန်တားရဲရုံးနဲ့ နီးတဲ့ ရန်ကင်း ပတ်စပို့စ်ရုံးနား( အဲ့ဒီနားက သီလရှင်လေးတွေ အလှူခံနေကြနေရာ) ကို လာခဲ့ဖို့ပြော လိုက်ပါတယ်။ ကားခမရှိလည်း လာခဲ့ဖို့နဲ့ ကျွန်တော်စိုက်ပေးမယ်လို့ပြောပြီး ရောက်လာအောင် စည်းရုံးရပါတယ်။ လူကုန်တားရဲနဲ့ ကြိုချိတ်ထားရပါတယ်။ မနက် ၉ နာရီခန့်မှာ ရောက်လာတော့ ရဲအရာရှိအချို့က လူကုန်တားရဲတပ်ဖွဲ့ရုံးခန်းဆီ ခေါ်ပြီး သံဃာ့နာယက ဆရာတော်ထံ ထပ်ခေါ်သွား ကြပါတယ်။
လုူကုန်တားရဲတပ်ဖွဲ့၊ ထွေအုပ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လဝကဌာနတာဝန်ရှိသူအချို့က ဒေါ်သီရိစန္ဒာနဲ့ အတူ သီလရှင်လေးတွေကို မြို့နယ်တစ်ခုက သံဃာ့နာယကဥက္ကဌ ဆရာတော်ထံ ခေါ်သွားပြီး ဖြေရှင်းကြပါတယ်။ လူကုန်တားရဲတပ်ဖွဲ့ကတော့ သူတို့ စိစစ်တဲ့အချက်အလက်တွေကို ဆရာတော်ထံ အသိပေးပါတယ်။ လူမှုဝန်ထမ်းကလည်း သူတို့ စိစစ်တဲ့အခြေအနေတွေကို တင်ပြပြီး ကလေးတွေကို သီလရှင်ထံ စနစ်တကျ ပြန်အပ်ဖို့( အုပ်ထိန်းသူ မိဖလို့ အတိအကျမပြော၊ ဆရာတေ်ာက လိုအပ်တာ လမ်းညွှန်ပြီးရင် သီလရှင်ထံ ပြန်အပ်မယ်ပဲပြောခြင်းဖြစ်) စီစဉ်ထားတယ်လို့ လျှောက်ပါတယ်။ ဆရာတော်ကလည်း လိုအပ်တာတွေ ဆုံးမပြီး ခံဝန်လက်မှတ်ထိုးဖို့ စီမံမယ်လို့ မိန့်တယ်။ ဒေါ်သီရိစန္ဒာကလည်း ဟုတ်ကဲ့ပါပေါ့။

ပုံမှန်ဆို ဒါက ဒီမှာတင် လမ်းဆုံးသွားမှာ။ ကျွန်တော်က ဆရာတေ်ာထံ ခွင့်ပန်ပြီး စကားအနည်းငယ် ပြောခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်။ သီလရှင်လေးတွေကို ပြန်ခေါ်သွားမယ့် သီလရှင်ဒေါ်သီရိစန္ဒာရဲ့ လတ်တလော အခြေအနေကို ဌာနဆိုင်ရာတွေ သိမထားတဲ့အကြောင်း ရှင်းပြလိုက်ပါတယ်။ ဒေါ်သီရိစန္ဒာဟာ အခုလောလောဆယ် နေစရာမရှိတဲ့အကြောင်း ပြောပြလိုက်ပါတယ်။ ဒေါ်သီရိစန္ဒာက ငြင်းပြီး မြောက်ဥက္ကလာက သူ့ဆရာတော်ကျောင်းမှာ နေမှာလို့ ဆိုတယ်။ အမှန်တော့ ဆရာတော်က ဒေါ်သီရိစန္ဒာတစ်ပါတည်းကိုသာလက်ခံမှာဖြစ်ပြီး သီလရှင်လေးတွေနဲ့ဆို လက်မခံဘူးလို့ ဒေါ်သီရိစန္ဒာကိုယ်တိုင်က ကျွန်တော့်ကို ဖုန်းဆက်ပြောဖူးတဲ့ အကြောင်း အားလုံးကို အသိပေးလိုက်ပါတယ်။ မြောက်ဥက္ကလာကဆရာတော်ကို ဖုန်းခေါ်ပြီး သံဃာ့နာယကဥက္ကဌ ဆရာတော်နဲ့ တစ်ခါတည်း မေးမြန်းဖို့အကြံပေးလိုက်ပါတယ်။ ကျွန်တော့်ဖုန်းနဲ့ပဲ ခေါ်ပေးလိုက်ပြီး စပီကာဖွင့်ပြောတဲ့အခါ မြောက်ဥက္ကလာကဆရာတော်က သူ လက်မခံကြောင်း ရှင်းရှင်းလင်းလင်း ပြောပါတယ်။ အဲ့ဒီတော့မှ လူမှုဝန်ထမ်းက အမျိုးသမီးအရာရှိက သူတို့ ယာယီစောင့် ရှောက်ထားမယ်လို့ ထုတ်ပြောပါတယ်။

စာကတော်တော်လေး ရှည်နေပါပြီ။ ဒီနေရာမှာ ကလေးသူငယ်ဥပဒေကို ကျွန်တေ်ာ သေချာဖတ်မထားရသေးတဲ့အတွက် ဘာမှ မပြောလိုပါ။ ဒါပေမယ့် ဒီလို ကလေးသူ ငယ်ကိစ္စကို ကိုင်တွယ်ဖြေရှင်းရာမှာ လူမှုဝန်ထမ်းက ဦးဆောင်ဖြေရှင်းရတာပါ။ကျုးကျော်နေရာမှာ ကျောင်းဆောက်ဖို့ ၂၀ တိုးတဲ့ အကြွေးယူထားပြီး အဲ့ဒီအကြွေးဆပ်ဖို့ သီလရှင် လေးတွေကို အလှူခံခိုင်း၊ ရတဲ့ အလှူငွေထဲကနေ သီလရှင်လေးတွေရဲ့ မိဖတွေဆီ ပေးကမ်းရပါ တယ်လို့် သူကိုယ်တိုင်ထုတ်ပြောထားတဲ့ လတ်တလော သတင်းသုံးစရာနေရာမရှိတဲ့ သီလရှင်တစ်ပါး ထံကို နောင်အဲဒီလို မလုပ်ဖို့ ပြောဆိုဆုံးမ ခံဝန်ထိုးစေပြီး ကလေးငယ်/သီလရှင်လေးတွေကို ပြန်ထည့်ပေး ဖို့ဆုံးဖြတ်ချက် ဘာကြောင့်ချခဲ့တာလဲ။ ဒေါ်သီရိစန္ဒာရဲ့ လက်ရှိ အနေအထားကို သေချာမစိစစ်ဘဲ ဘာကြောင့် ပြန်အပ်ခဲ့တာလဲ။ သီလရှင်လေး ငါးပါးထဲက နှစ်ပါးက ဒေါ်သီရိစန္ဒာနဲ့ အမျိုးလုံး၀ မတော်စပ်ပါဘူး။

သီလရှင်လေးတွေကိစ္စကို လူမှုဝန်ထမ်းဦးစီးဌာနညွှန်ချုပ်၊ ဒုညွှန်ချုပ်ကိုပါ ဖုန်းဆက်ပြောပြခဲ့ပေမယ့် ဇူလိုင် ၉ ရက်ညအထိ ဝန်ကြီးမသိသေးပါဘူး။ ဒီဖြစ်ရပ်ကို ကိုင်တွယ်တာမှာ တွေ့ရတဲ့လွဲချော်မှုအချို့အတွက် ဝန်ထမ်းတစ်ဦးချင်းကိုလည်း မဝေဖန်လိုပါ။ သီလရှင်လေးတွေ ကိစ္စကို တကယ် စိတ်ပါ လက်ပါ လိုက်လုပ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် လိုအပ်တဲ့ သတင်းအချက်အလက်အချို့ စုဆောင်းမထားခဲ့ဘဲ ဆုံးဖြတ်ချက်အမှားချဖို့ ဖြစ်လာတဲ့အဆင့်ကိုတော့ အခြေအနေကို အစအဆုံး မြင်တွေ့ခဲ့သူတစ်ယောက်အနေနဲ့ လက်မခံနိုင်ပါ။ ဒီလိုအခြေအနေက အထက်တာဝန်ရှိသူ အဆင့်ဆင့်ထံ အချက်အလက်အပြည့်အစုံ ရောက်/မရောက် တွေးစရာပါ။အခုနောက်ဆုံး အခြေအနေက သီလရှင်လေးတွေကို လူမှုဝန်ထမ်းကယာယီစောင့်ရှောက်ထားပြီး နယ်က မိဖတွေနဲ့ တွေ့ဆုံပြီး အဖြေရှာဖို့ စောင့်ဆိုင်းနေပါတယ်။ ကလေးတွေကို သီလရှင်ဝတ်ပေးပြီး အလှူခံခိုင်းလို့ ရတဲ့ငွေကို ကိုယ်ကျိုးအတွက် ပြန်တောင်းတဲ့ မိဖတွေဆီ ဘယ်လိုပုံစံနဲ့ ပြန်အပ်မလဲ၊ ဘယ်လိုတွေ ဆက်လုပ်မှာလဲဆိုတာ ဆက်စောင့်ကြည့်နေမှာပါ။ဒီပို့စ်တင်ရတဲ့ရည်ရွယ်ချက်က ဖြစ်ခဲ့တာကို အပြစ်ဘက်ကနေ မပြောကြတော့ဘဲ ဘယ်လို ဆက်ဆောင်ရွက်မယ်ဆို အဆင်ပြေဆုံးဖြစ်မလဲဆိုတာကို ရှုထောင့်ပေါင်းစုံက သဘောထားမှတ်ချက် တွေ ဖတ်မှတ်လိုရင်းပါ။ ကူညီပေးကြစေလိုပါတယ် ခမျာ။

share form : burmese.asia

LEAVE A REPLY