Zawgyi ျဖင့္ဖတ္ရန္

 

သူစိမ္းအိမ္ဇာတ္ကားဟာ မၾကာမီ August 1 ရက္ေန႔မွာ႐ုံတင္ျပသေတာ့မွာျဖစ္ၿပီး သူစိမ္းအိမ္ရဲ႕ ဇာတ္ကား Trailer ဟာ Online ေပၚေရာက္ေရာက္ခ်င္းမွာတင္ ပရိသတ္ေတြၾကားမွာ ေရပန္းစားသြားခဲ့တာပါ။ သူစိမ္းအိမ္ကို႐ိုက္တဲ့ လူငယ္ဒါ႐ိုက္တာ ထူးပိုင္ေဇာ္ဦးက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ သူစိမ္းအိမ္ကို (၁၃)ႏွစ္ေအာက္မၾကည့္ရသတ္မွတ္ထားေၾကာင္းေျပာျပသြားခဲ့ပါတယ္။

သူစိမ္းအိမ္ကို အရမ္းၾကမ္းတဲ့အခန္းေတြပါလို႔ အသက္ (၁၃)ႏွစ္ေအာက္မၾကည့္ရသတ္မွတ္ထားတယ္လို႔ ထူးပိုင္ေဇာ္ဦးက “႐ုပ္ရွင္တစ္ကားေပါ့ေနာ္။ Trailer ထက္ကို ႐ုပ္ရွင္ထဲမွာပိုၿပီးျပထားပါတယ္။အဲဒါေၾကာင့္လည္း ကြၽန္ေတာ္တို႔ PG 13 ေပါ့ေနာ္။ အရမ္းငယ္တဲ့ကေလးေတြက် အတုယူမွားမွာ၊အရမ္းေၾကာက္သြားမွာ၊ထိတ္လန႔္သြားမွာ ကြၽန္ေတာ္တို႔အေနနဲ႔ မလိုလားဘူး။ အဲဒီအတြက္ ၁၃ႏွစ္ေအာက္ကေလးေတြကေတာ့ ဒီကားကိုမၾကည့္သင့္ဘူးဆိုၿပီး ကြၽန္ေတာ္တို႔အေနနဲ႔ Production က သတ္မွတ္ထားတာပါ”လို႔ ေျပာျပထားပါတယ္။

Trailer က Online ေပၚမွာအရမ္းေပါက္သြားတာနဲ႔ပတ္သက္ၿပီး ထူးပိုင္ေဇာ္ဦးက “ကြၽန္ေတာ္တို႔အေနနဲ႔ ယုံၾကည္ထားတဲ့ပရိသတ္ေတြ ျပန္ၿပီးရရွိလိုက္တဲ့အႏုပညာဟာ သူတို႔ယုံၾကည္မႈနဲ႔ထိုက္တန္တဲ့ အႏုပညာျဖစ္ရမယ္လို႔ကြၽန္ေတာ့္အေနနဲ႔အာမခံပါတယ္။ ဘာလို႔ဆိုေတာ့ ဒီကားေလးဟာ ကြၽန္ေတာ္တို႔အေနနဲ႔ Trailer ဟာ ႐ုပ္ရွင္ကားတစ္ကားမဟုတ္ဘူး။ ကြၽန္ေတာ့္တို႔ရဲ႕တကယ့္ရည္႐ြယ္ခ်က္က ေကာင္းမြန္ေသာ႐ုပ္ရွင္ကားတစ္ကားျဖစ္ဖို႔ ေကာင္းမြန္ေသာကားတစ္ကားကို ပရိသတ္ၾကည့္ခြင့္ရဖို႔ အဲဒါက ရည္႐ြယ္ခ်က္ျဖစ္ပါတယ္။ Trailer မွာ ပရိသတ္စိတ္ဝင္စားတာက ကြၽန္ေတာ္တို႔အတြက္ plus ျဖစ္တာေပါ့ေနာ္။ Trailer ကို စိတ္ဝင္စားသလိုပဲ ႐ုပ္ရွင္ကားႀကီးမွာ Trailer ထက္ပိုေကာင္းတဲ့ စိတ္ဝင္စားမႈေတြေကာင္းမြန္မႈေတြႀကိဳက္ႏွစ္သက္မႈေတြရမယ္လို႔ကြၽန္ေတာ္ေျပာရဲပါတယ္”လို႔ အာမခံသြားခဲ့ပါတယ္။

သူစိမ္းအိမ္ၾကည့္ရင္းနဲ႔ အသက္ေတြေအာင့္ထားၿပီး စိတ္လႈပ္ရွားတဲ့ခံစားမႈကိုရမယ္လို႔ ထူးပိုင္ေဇာ္ဦးက “သူစိမ္းအိမ္က်ေတာ့ ႏွလုံးသားကိုအလုပ္ေပးတာေပါ့ေနာ္။ ၾကည့္ေနတဲ့အခ်ိန္မွာ အရမ္းရင္ခုန္ရမယ္၊ စိတ္လႈပ္ရွားရမယ္၊ အသက္ေတြေအာင့္ထားရမယ္၊ ၾကည့္ေနရင္းနဲ႔ ဘာျဖစ္မလဲ ဘာျဖစ္မလဲဆိုၿပီးေတြးရမယ္ဆိုေတာ့ ရင္ဘတ္ေတြတဒုန္းဒုန္းခုန္လာေအာင္လို႔ အဲဒီခံစားမႈကိုေပးမယ့္ကားေလးပါ”လို႔ လည္းေျပာျပထားတာေတြ႕ရပါတယ္။

သူစိမ္းအိမ္ဇာတ္ကားထဲမွာ အျပင္ကသ႐ုပ္ေဆာင္ေတြထက္ ဇာတ္ေကာင္ေတြကိုပဲျမင္ခ်င္တဲ့အတြက္ Pre Production မွာအခ်ိန္ယူျပင္ဆင္ျဖစ္ခဲ့ေၾကာင္းလည္း “ကြၽန္ေတာ္က ဒီဇာတ္ကားထဲမွာ ဇာတ္ေကာင္ေတြကိုပဲျမင္ခ်င္တာပါ။ ျမင္ခ်င္တဲ့အတြက္ အျပင္မွာ ျမင္ဖူးေနက်ပုံစံမ်ိဳးထက္ သူတို႔ရဲ႕ သ႐ုပ္ေဆာင္၊သမာၻ၊ဝါ၊ ကြၽမ္းက်င္မႈေတြနဲ႔ေပါင္းၿပီးေတာ့ ဒီဇာတ္ေကာင္ကို ဘယ္ေလာက္ထိအေကာင္းဆုံး support လုပ္ႏိုင္မလဲဆိုတာ ကြၽန္ေတာ္တို႔ ညႇိႏႈိင္းၾကတာပါ။ Pre production မွာ ခုနစ္ရက္ေလာက္အခ်ိန္ယူၿပီး သူတို႔နဲ႔ေဆြးေႏြးၾကတာပါ”လို႔ ရွင္းျပထားပါတယ္။

Credit : Nanmalgyi

Unicode ဖြင့်ဖတ်ရန်

သူစိမ်းအိမ်ဇာတ်ကားကို (၁၃)နှစ်အောက်ကလေးတွေ မကြည့်ရလို့သတ်မှတ်ထားတယ်ဆိုတဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦး

သူစိမ်းအိမ်ဇာတ်ကားဟာ မကြာမီ August 1 ရက်နေ့မှာရုံတင်ပြသတော့မှာဖြစ်ပြီး သူစိမ်းအိမ်ရဲ့ ဇာတ်ကား Trailer ဟာ Online ပေါ်ရောက်ရောက်ချင်းမှာတင် ပရိသတ်တွေကြားမှာ ရေပန်းစားသွားခဲ့တာပါ။ သူစိမ်းအိမ်ကိုရိုက်တဲ့ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးက မီဒီယာတွေနဲ့အင်တာဗျူးမှာ သူစိမ်းအိမ်ကို (၁၃)နှစ်အောက်မကြည့်ရသတ်မှတ်ထားကြောင်းပြောပြသွားခဲ့ပါတယ်။

သူစိမ်းအိမ်ကို အရမ်းကြမ်းတဲ့အခန်းတွေပါလို့ အသက် (၁၃)နှစ်အောက်မကြည့်ရသတ်မှတ်ထားတယ်လို့ ထူးပိုင်ဇော်ဦးက “ရုပ်ရှင်တစ်ကားပေါ့နော်။ Trailer ထက်ကို ရုပ်ရှင်ထဲမှာပိုပြီးပြထားပါတယ်။အဲဒါကြောင့်လည်း ကျွန်တော်တို့ PG 13 ပေါ့နော်။ အရမ်းငယ်တဲ့ကလေးတွေကျ အတုယူမှားမှာ၊အရမ်းကြောက်သွားမှာ၊ထိတ်လန့်သွားမှာ ကျွန်တော်တို့အနေနဲ့ မလိုလားဘူး။ အဲဒီအတွက် ၁၃နှစ်အောက်ကလေးတွေကတော့ ဒီကားကိုမကြည့်သင့်ဘူးဆိုပြီး ကျွန်တော်တို့အနေနဲ့ Production က သတ်မှတ်ထားတာပါ”လို့ ပြောပြထားပါတယ်။

Trailer က Online ပေါ်မှာအရမ်းပေါက်သွားတာနဲ့ပတ်သက်ပြီး ထူးပိုင်ဇော်ဦးက “ကျွန်တော်တို့အနေနဲ့ ယုံကြည်ထားတဲ့ပရိသတ်တွေ ပြန်ပြီးရရှိလိုက်တဲ့အနုပညာဟာ သူတို့ယုံကြည်မှုနဲ့ထိုက်တန်တဲ့ အနုပညာဖြစ်ရမယ်လို့ကျွန်တော့်အနေနဲ့အာမခံပါတယ်။ ဘာလို့ဆိုတော့ ဒီကားလေးဟာ ကျွန်တော်တို့အနေနဲ့ Trailer ဟာ ရုပ်ရှင်ကားတစ်ကားမဟုတ်ဘူး။ ကျွန်တော့်တို့ရဲ့တကယ့်ရည်ရွယ်ချက်က ကောင်းမွန်သောရုပ်ရှင်ကားတစ်ကားဖြစ်ဖို့ ကောင်းမွန်သောကားတစ်ကားကို ပရိသတ်ကြည့်ခွင့်ရဖို့ အဲဒါက ရည်ရွယ်ချက်ဖြစ်ပါတယ်။ Trailer မှာ ပရိသတ်စိတ်ဝင်စားတာက ကျွန်တော်တို့အတွက် plus ဖြစ်တာပေါ့နော်။ Trailer ကို စိတ်ဝင်စားသလိုပဲ ရုပ်ရှင်ကားကြီးမှာ Trailer ထက်ပိုကောင်းတဲ့ စိတ်ဝင်စားမှုတွေကောင်းမွန်မှုတွေကြိုက်နှစ်သက်မှုတွေရမယ်လို့ကျွန်တော်ပြောရဲပါတယ်”လို့ အာမခံသွားခဲ့ပါတယ်။

သူစိမ်းအိမ်ကြည့်ရင်းနဲ့ အသက်တွေအောင့်ထားပြီး စိတ်လှုပ်ရှားတဲ့ခံစားမှုကိုရမယ်လို့ ထူးပိုင်ဇော်ဦးက “သူစိမ်းအိမ်ကျတော့ နှလုံးသားကိုအလုပ်ပေးတာပေါ့နော်။ ကြည့်နေတဲ့အချိန်မှာ အရမ်းရင်ခုန်ရမယ်၊ စိတ်လှုပ်ရှားရမယ်၊ အသက်တွေအောင့်ထားရမယ်၊ ကြည့်နေရင်းနဲ့ ဘာဖြစ်မလဲ ဘာဖြစ်မလဲဆိုပြီးတွေးရမယ်ဆိုတော့ ရင်ဘတ်တွေတဒုန်းဒုန်းခုန်လာအောင်လို့ အဲဒီခံစားမှုကိုပေးမယ့်ကားလေးပါ”လို့ လည်းပြောပြထားတာတွေ့ရပါတယ်။

သူစိမ်းအိမ်ဇာတ်ကားထဲမှာ အပြင်ကသရုပ်ဆောင်တွေထက် ဇာတ်ကောင်တွေကိုပဲမြင်ချင်တဲ့အတွက် Pre Production မှာအချိန်ယူပြင်ဆင်ဖြစ်ခဲ့ကြောင်းလည်း “ကျွန်တော်က ဒီဇာတ်ကားထဲမှာ ဇာတ်ကောင်တွေကိုပဲမြင်ချင်တာပါ။ မြင်ချင်တဲ့အတွက် အပြင်မှာ မြင်ဖူးနေကျပုံစံမျိုးထက် သူတို့ရဲ့ သရုပ်ဆောင်၊သမ္ဘာ၊ဝါ၊ ကျွမ်းကျင်မှုတွေနဲ့ပေါင်းပြီးတော့ ဒီဇာတ်ကောင်ကို ဘယ်လောက်ထိအကောင်းဆုံး support လုပ်နိုင်မလဲဆိုတာ ကျွန်တော်တို့ ညှိနှိုင်းကြတာပါ။ Pre production မှာ ခုနစ်ရက်လောက်အချိန်ယူပြီး သူတို့နဲ့ဆွေးနွေးကြတာပါ”လို့ ရှင်းပြထားပါတယ်။

Credit : Nanmalgyi

LEAVE A REPLY