Zawgyi ျဖင့္ဖတ္ရန္

အသက္ ၅၀ ပတ္၀န္းက်င္မွာ ေသြးတိုး ရွိသူေတြဟာ ဘ၀ရဲ႕ ေနာက္ပိုင္းအခ်ိန္ေတြမွာ ရူးသြပ္သြားဖို႔မ်ားတယ္လို႔ ေလ့လာမႈ တစ္ခုက ေဖာ္ျပလိုက္ပါတယ္။

Alzheimer’s Disease ဆိုတဲ့ ဂ်ာနယ္မွာ ပံုႏွိပ္ေဖာ္ျပခဲ့တဲ့ ေလ့လာမႈတစ္ခုအရ အသက္အရြယ္ အလယ္အလတ္ပိုင္း ေသြးတိုးရွိတဲ့ လူနာေတြဟာ ႏွစ္ ၃၀ ၾကာတဲ့အခါမွာ အာရံုစူးစိုက္မႈအပိုင္းမွာ ဆိုးရြားစြာ ထိခိုက္လာေတြကို ေတြ႔ခဲ့ရတယ္လို႔ဆိုပါတယ္။

ထို ေလ့လာမႈ မွာပါ၀င္ခဲ့သူတစ္ေယာက္ျဖစ္တဲ့ Rhoda Au က “အသိဥာဏ္မွာ ဆုတ္ယုတ္မႈ ရွိလာျခင္းဟာ အသက္အရြယ္အိုမင္းလာျခင္းရဲ႕ အက်ိဳးဆက္တစ္ခု ျဖစ္ၿပီး အသက္အရြယ္ဆိုတာဟာလည္း ရုးသြပ္ျခင္းကို ျဖစ္ေပၚေစႏိုင္တဲ့ အႀကီးဆံုး အမွန္တရားပါပဲ” လို႔ ဆိုပါတယ္။

ေဘာ့စတြန္ေဆးတကၠသိုလ္က သိပၸံပညာရွင္ေတြဟာ အသက္ ၅၀ ကေန ၆၀ ၾကားရွိတဲ့ လူဦးေရ ၃၈၉ ေယာက္ရဲ႕ ေသြးဖိအား အေျခအေနေတြကို တိုင္းတာခဲ့ပါတယ္။ ႏွစ္ ၃၀ ခန္႔ ၾကာတဲ့အခါ လူနာေတြ အသက္ ၈၀ ၀န္းက်င္ အေရာက္မွာ သူတို႔ရဲ႕ ဥာဏ္ရည္ ေတြကို ထပ္မံ စမ္းသပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ေသြးဖိအားေတြကို ေလ့က်င့္ခန္းလုပ္ျခင္း ၊ ၀ိတ္ခ်ျခင္း နဲ႔ တရားထိုင္ျခင္းတို႔က ေလ်ာ့က်ေစႏိုင္တယ္လို႔ သုေတသီေတြက ဆိုၾကပါတယ္။

မစၥ Au ကေတာ့ ဒါကို အသက္အရြယ္ အလယ္အလတ္ ပိုင္းက်န္းမာေရး ျပသနာ လို႔ ဆိုျပန္ပါတယ္။

“လူတစ္ေယာက္ရဲ႕ အသက္ႀကီးခ်ိန္ဆိုတာဟာ အသက္ငယ္ရြယ္စဥ္အခ်ိန္ကာလေတြကတဆင့္ ျဖစ္ေပၚလာတာပါ။ ဒါေၾကာင့္ ငယ္ရြယ္စဥ္မွာ ကတည္းက က်န္းမာေရး ဂရုစိုက္တာဟာ သင္အသက္ႀကီးလာတဲ့အခါမွာ ဥာဏ္ရည္ေကာင္းမြန္လာေစႏိုင္ပါတယ္။” လို႔ သူမက ဆိုထားပါတယ္။

ဒီ ေသြးဖိအား ေလ်ာ့က်ေစႏိုင္တဲ့ အခ်က္ေတြကေတာ့ အေမရိကန္သုေတသီေတြရဲ႕ အယ္လ္ဇိုင္းမား နဲ႔ အမ်ိဳးအစား ၂ ဆီးခ်ိဳ ေသြးခ်ိဳ ေရာဂါ ျဖစ္ႏိုင္ေခ်ရွိသူေတြကို ေလ့လာမႈ က ေပၚထြက္လာတာပဲ ျဖစ္ပါတယ္။

( Mario ) – သစ္ထူးလြင္

 

Unicode ဖြင့်ဖတ်ရန်

 

အသက်အရွယ် အလယ်အလတ် ပိုင်းမှာ သွေးတိုးရှိခြင်းဟာ အသက်ကြီးလာတဲ့အခါ ရူးသွပ်သွားစေနိုင်

အသက် ၅၀ ပတ်ဝန်းကျင်မှာ သွေးတိုး ရှိသူတွေဟာ ဘဝရဲ့ နောက်ပိုင်းအချိန်တွေမှာ ရူးသွပ်သွားဖို့များတယ်လို့ လေ့လာမှု တစ်ခုက ဖော်ပြလိုက်ပါတယ်။

Alzheimer’s Disease ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုအရ အသက်အရွယ် အလယ်အလတ်ပိုင်း သွေးတိုးရှိတဲ့ လူနာတွေဟာ နှစ် ၃၀ ကြာတဲ့အခါမှာ အာရုံစူးစိုက်မှုအပိုင်းမှာ ဆိုးရွားစွာ ထိခိုက်လာတွေကို တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

ထို လေ့လာမှု မှာပါဝင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ Rhoda Au က “အသိဉာဏ်မှာ ဆုတ်ယုတ်မှု ရှိလာခြင်းဟာ အသက်အရွယ်အိုမင်းလာခြင်းရဲ့ အကျိုးဆက်တစ်ခု ဖြစ်ပြီး အသက်အရွယ်ဆိုတာဟာလည်း ရုးသွပ်ခြင်းကို ဖြစ်ပေါ်စေနိုင်တဲ့ အကြီးဆုံး အမှန်တရားပါပဲ” လို့ ဆိုပါတယ်။

ဘော့စတွန်ဆေးတက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ အသက် ၅၀ ကနေ ၆၀ ကြားရှိတဲ့ လူဦးရေ ၃၈၉ ယောက်ရဲ့ သွေးဖိအား အခြေအနေတွေကို တိုင်းတာခဲ့ပါတယ်။ နှစ် ၃၀ ခန့် ကြာတဲ့အခါ လူနာတွေ အသက် ၈၀ ဝန်းကျင် အရောက်မှာ သူတို့ရဲ့ ဉာဏ်ရည် တွေကို ထပ်မံ စမ်းသပ်ခဲ့တာပဲ ဖြစ်ပါတယ်။ သွေးဖိအားတွေကို လေ့ကျင့်ခန်းလုပ်ခြင်း ၊ ဝိတ်ချခြင်း နဲ့ တရားထိုင်ခြင်းတို့က လျော့ကျစေနိုင်တယ်လို့ သုတေသီတွေက ဆိုကြပါတယ်။

မစ္စ Au ကတော့ ဒါကို အသက်အရွယ် အလယ်အလတ် ပိုင်းကျန်းမာရေး ပြသနာ လို့ ဆိုပြန်ပါတယ်။

“လူတစ်ယောက်ရဲ့ အသက်ကြီးချိန်ဆိုတာဟာ အသက်ငယ်ရွယ်စဉ်အချိန်ကာလတွေကတဆင့် ဖြစ်ပေါ်လာတာပါ။ ဒါကြောင့် ငယ်ရွယ်စဉ်မှာ ကတည်းက ကျန်းမာရေး ဂရုစိုက်တာဟာ သင်အသက်ကြီးလာတဲ့အခါမှာ ဉာဏ်ရည်ကောင်းမွန်လာစေနိုင်ပါတယ်။” လို့ သူမက ဆိုထားပါတယ်။

ဒီ သွေးဖိအား လျော့ကျစေနိုင်တဲ့ အချက်တွေကတော့ အမေရိကန်သုတေသီတွေရဲ့ အယ်လ်ဇိုင်းမား နဲ့ အမျိုးအစား ၂ ဆီးချို သွေးချို ရောဂါ ဖြစ်နိုင်ချေရှိသူတွေကို လေ့လာမှု က ပေါ်ထွက်လာတာပဲ ဖြစ်ပါတယ်။

Credit : – သစ်ထူးလွင်