Zawgyi ဖြင့်ဖတ်ရန်
Credit : Nanmagyi
Unicode ဖြင့်ဖတ်ရန်
ချစ်သူကောင်မလေးကို ထုတ်ကြွားလိုက်တဲ့ Spider Man မင်းသား Tom Holland
Spider Man မင်းသား Tom Holland ဟာ တစ်ကမ္ဘာလုံးက ကောင်မလေးတွေရဲ့အသည်းနှလုံးကိုဖမ်းစားထားတဲ့ကောင်လေးဖြစ်ပြီး ရိုးသားတဲ့သွင်ပြင်၊ အလုပ်ကိုရေကုန်ရေခမ်းကြိုးစားလုပ်မှုတွေနဲ့ ပွင့်လင်းအေးချမ်းပြီး တစ်ခါတစ်ခါလူကြီးဆန်ဆန် pose တွေနဲ့ ရင်ခုန်အောင်လုပ်တတ်သလို အချိန်တော်တော်များများမှာဟိတ်ဟန်မရှိပဲလွပ်လပ်ပေါ့ပါးစွာနေထိုင်တတ်ပြီး အင်တာဗျူးတွေမှာ Spoiler တွေထုတ်ပြောမှုတွေချစ်ဖို့ကောင်းတဲ့ အူကြောင်ကျားစတိုင်လေးတွေကြောင့် ပရိသတ်တွေက မောင်လေး၊ကလေးလေး၊အူကြူကြူးလေး ဆိုပြီး အသည်းတယားယားနဲ့ချစ်ရတဲ့ သရုပ်ဆောင်ကောင်လေးဖြစ်ပါတယ်။
ပရိသတ်တွေကသာ မောင်လေး၊ကလေးပုစိလေး၊ အူကြူကြူးပူတူးတူးလေးလုပ်နေပေမယ့် Tom Holland လေးက တကယ်တော့အရွယ်ရောက်နေပြီဖြစ်တဲ့ အသက်နှစ်ဆယ့်သုံးနှစ်အရွယ်ယောက်ျားလေးတစ်ယောက်ပါ။ Tom Holland ဟာ ဒီနေ့ဒီအချိန်အထိ Dating News ပေါ်ပေါ်တင်တင်တစ်ခါမှမထွက်ဖူးခဲ့တာမို့သူ့ရဲ့ အချစ်ရေးကို စိတ်ဝင်စားနေကြတဲ့ပရိသတ်တွေက Tom က သူနဲ့အတူ Far From Home မှာ သရုပ်ဆောင်ထားတဲ့ မင်းသမီး အညိုစင်လေး Zendaya နဲ့များကြိုက်နေကြပြီလားလု့ိ ခဏခဏသံသယဖြစ်နေကြရတာပါ။ ဒါပေမယ့် Tom က Interview တိုင်းမှာ သူတို့က သူငယ်ချင်းတွေပါလို့ ငြင်းခဲ့ပြီး Zendaya ကတော့ ပြတ်ပြတ်သားသားငြင်းဆိုထားခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့်နောက်ဆုံးမှာတော့ သူ့ကိုအရိပ်တကြည့်ကြည့်နဲ့ ဥထားချင်လောက်အောင်ချစ်ရတဲ့ ပရိသတ်တွေကိုအသည်းခွဲလိုက်တဲ့သတင်းကြီးကထွက်ပေါ်လာပါပြီ။ အဲဒါကတော့ Tom က ကောင်မလေးတစ်ယောက်နဲ့ဒိတ်နေပြီဆိုတဲ့သတင်းပါပဲ။
ဟုတ်ပါတယ်။ မင်းရဲ့နတ်သား၊ငါ့ရဲ့နတ်သား၊စကြဝဠာကြီးရဲ့နတ်သားလို့ပြောရလောက်အောင် အားလုံးက ဝိုင်းချစ်ရတဲ့အပြစ်ကင်းစင်တဲ့ Tom Holland လေးက နောက်ဆုံးတော့ ကောင်မလေးတစ်ယောက်နဲ့လူမြင်ကွင်းမှာ ပေါ်ပေါ်ထင်ထင်ဒိတ်နေခဲ့ပါပြီ။ တကယ်ကိုဟုတ်ပါတယ်.. တကယ်ကိုချစ်နေကြတဲ့.. မင်းတို့အတွဲကိုလေငါတွေ့လိုက်တယ် ဆိုတဲ့ သီချင်းစာသားလေးလိုပဲ Tom ရဲ့ ဘေးမှာ ချစ်ကြည်နူးနေတဲ့ ကောင်မလေးနဲ့ ဓာတ်ပုံတွေကိုတွေ့လိုက်ရတဲ့အချိန်မှာပရိသတ်တွေရဲ့အသည်းဟာခွမ်းခနဲနေအောင် ကွဲအက်ကြေမွသွားခဲ့ရပါတော့တယ်။ အဲဒီအမျိုးသမီးလေးက Tom ထက်အသက်ကြီးတဲ့ပုံပေါက်ပြီး ဘယ်သူဘယ်ဝါရယ်လို့တော့ နာမည်အတိအကျထွက်မလာသေးပါဘူး။ ဒါပေမယ့် ဒိတ်နေစဉ်အတွင်းမှာ Tom နဲ့အတူဘီယာတွေသောက်နေပြီး Tom ရဲ့ မို့ဖောင်းနေတဲ့ အနောက်အလည်ပိုင်းကနေရာလေးကို ပိုင်စိုးပိုင်နင်းနဲ့ စနောက်ပြီးကိုင်နေတာတွေ Tom က သူ့ကိုအထင်ကြီးလေးစားတဲ့အကြည့်တွေနဲ့ကြည့်ပြီးကောင်းကောင်းမွန်မွန်တလေးတစားဆက်ဆံတာတွေကြောင့်သူက Tom ထက်သေချာပေါက်အသက်ကြီးရမယ်လို့ ပရိသတ်တွေက မှတ်ချက်ချနေကြပါတယ်။အဲဒီမိန်းကလေးက တကယ်လည်း Tom ထက်အသက်ကြီးတဲ့ပုံပေါက်တာကတော့ ငြင်းစရာမရှိပါဘူး။ ဓာတ်ပုံတွေထဲမှာ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်လက်တွေလည်းကိုင်ပြီး ခါးဖက်တာတွေဘာတွေပါရှိနေတာကြောင့် ဒိတ်နေတယ်ဆိုတာကတော့အသေအချာပါပဲလို့ကောက်ချက်ဆွဲရတော့မှာပါ။ နောက်ဆုံးတော့ ကလေးလေးက ဘီယာတွေလည်းသောက်တတ်ပြီး ရည်းစားလည်းထားတတ်နေပြီပေါ့။Tom နဲ့ အဲဒီကောင်မလေးက Hyde Park Music Festival ကိုလာရောက်အပန်းဖြေကြတာဖြစ်ပြီးThe Black Eyed Peas နဲ့ Robbie Williams တို့ကိုလာကြည့်ကြတာလို့ ပါပါရာဇီတွေကဆိုပါတယ်။
ရုတ်တရက်ချက်ချင်းဆိုသလိုဘယ်ကမှန်းမသိတဲ့ကောင်မလေးနဲ့ကြည်နူးနေတဲ့ Tom ကြောင့်တစ်ချိန်လုံး Tom နဲ့ Zendaya ကိုသဘောတွေတူပြီး Tomdaya လုပ်ခဲ့ကြတဲ့ ပရိသတ်တွေက မျက်စိလည်သွားရတာတော့အမှန်ပါပဲ။ အရင်တုန်းက Tom နဲ့ Zendaya ကိုသဘောမတူခဲ့ကြတဲ့ ပရိသတ်တွေကတောင် အခုတော့ ဘယ်ကမှန်းမသိတာနဲ့စာရင် Zendaya နဲ့တောင်ပြန်သဘောတူလာပြီလို့မှတ်ချက်တွေပေးထားကြပါတယ်။အချို့ကလည်း Tom ကို ကြိတ် crush နေတဲ့ သူငယ်ချင်းချစ်သူလေး Zendaya ကို အသနားတွေပိုပြီး Poor Zendaya တွေဘာတွေလုပ်နေကြတာတွေလည်းရှိပါတယ်။ Tom နဲ့ ပတ်သက်ရင် အသေးအမွှားလေးကအစ အမြဲလိုလိုဂရုစိုက်ပေးပြီး Tom နဲ့ ပတ်သက်တဲ့ Instagram post တိုင်းနီးပါးကို အချိန်ယူတုံ့ပြန်တတ်တဲ့ Zendaya က အခုသတင်းကြီးကိုတော့ ဘာမှတုံ့ပြန်ခြင်းမရှိသေးတာကြောင့်လည်း Zendaya တစ်ယောက်အိမ်တွင်းအောင်းပြီး ငိုနေပြီလားရယ်လို့ပရိသတ်တွေကစိုးရိမ်နေကြပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော ကလေးလေး Tom ကို ဘယ်သူနဲ့သဘောတူကြလဲ။ Zendaya လား.. လက်ရှိဘယ်သူမှန်းမသိတဲ့တစ်ယောက်နဲ့လား..ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ်နဲ့ပဲလား :3 Far From Home ကိုရောကြည့်ပြီးသွားကြပြီလား။ပြောခဲ့ကြပါဦး။
Credit : Nanmagyi
LEAVE A REPLY