Zawgyi ျဖင့္ဖတ္ရန္

ေတာ႐ြာေလးတစ္႐ြာ တြင္ျဖစ္၏။ ေမွာင္ေမွာင္မဲမဲႏွင့္တိတ္ဆိတ္ေနေလသည္ ။ ထိုအခ်ိန္တြင္ စြဲငင္စြာအူလိုက္ေသာ ေခြးအူသံသည္ တိတ္ဆိတ္ေနေသာ ညအခ်ိန္ကိုေဖာက္ခြဲလိုက္ေလသည္။ ထိုအခ်ိန္တြင္ ႐ြာေတာင္ပိုင္းမွေအာ္သံႏွင့္အတူ လူအမ်ားမီးဒုတ္မ်ား လက္နက္မ်ားကိုစြဲကိုင္ကာ သူႀကီးအိမ္ေရွ႕သို႔ေရာက္လာၾကသည္။ “ သူႀကီး သူႀကီး ေမာင္ထုပါအုံး ထစမ္းပါအုံးဟ “ လူအမ်ား၏ေအာ္ဟစ္သံေၾကာင့္သူႀကီးသည္ ေမာင္းကို တစ္ဒူဒူႏွင့္စတင္တီးခတ္လိုက္သည္။

ထိုအခါ ႐ြာတစ္လုံးမွ လူမ်ားသည္ ဓားလွံလက္နက္မ်ားကိုစြဲကိုင္ကာ သူႀကီးအိမ္သို႔အေျပးအလႊားေရာက္ရွိလာၾကပါသည္။ သူႀကီးလည္းအိမ္ထဲမွထြက္လာၿပီး “ေတာင္ပိုင္းက ဘာျဖစ္လို႔လဲကြေျပာစမ္းပါအုံးဟ” ထိုအခါ ပြႀကီးဆိုေသာ႐ြာသားမွ” က်ဳပ္တို႔အိမ္နားမွာ ေျခသံၾကားလို႔ ထိၾကည့္လိုက္ေတာ့မဲမဲေကာင္ႀကီးတစ္ေကာင္ ေထာင္ေထာင္ေမာင္းေမာင္းနဲ႔ သရဲလား တေစၱလားမသိဘူး အဲဒါေၾကာင့္ဓားဆြဲၿပီးလိုက္လာတာဟုေျပာသံအဆုံး တစ္႐ြာလုံး လႈပ္ရွာသြားၾကသည္။ ထိုအခါ သူႀကီးက “ကဲဘာေကာင္လဲဆိုတာအတိအက်ေတာ့မသိဘူး အဲေတာ့ဘုန္းႀကီးပင့္ၿပီး အႏၲရာယ္ကင္းတရားေလး ဘာေလး ႐ြတ္ၾကတာေပါ့ကြာ” ဟုေျပာကာ မနက္လင္းေသာအခါ ႐ြာကေလးမွ တရားစာ႐ြတ္သံမ်ား အိမ္တိုင္လိုလိုၾကား လာ ၾကရပါသည္။

တဲအိ္မ္ေလးတစ္ခုအတြင္းမွာေတာ့ “ကဲအရီးေလး သမီးျပန္မယ္ေနာ္ က်န္းမာေရးေသခ်ာဂ႐ုစိုက္” “ေက်းဇူးတင္ လိုက္တာ ဆရာမေလးရယ္ ေဆးဖိုးဝါးခမေပးႏိုင္ေပမဲ့ အလကားကုေပးတဲ့ ဆရာမေလး ေက်းဇူးကို ဘယ္လိုဆပ္ရမလဲ မသိ ပါဘူး ဆရာမေလးရယ္” “ အရီးေလးကလည္း ေဆးဖိုးဝါးခေျပာစရာမလိုပါဘူး ဒီ႐ြာေလးက ကြၽန္မအိမ္လိုျဖစ္ေန ပါၿပီ” ဟုေျပာကာ လွပေသာ မိန္းကေလးတစ္ေယာက္သည္ အိမ္ကေလးထဲမွထြက္ခြာသြားေလသည္။

ဆရာမေလးက တနယ္တေက်းမွလာ၍ထို႐ြာေလးတြင္ေနေသာ ေက်းလက္ေဆးေပးခန္းမွ သူနာျပဳဆရာမေလး မျမခက္ ျဖစ္ပါသည္။ ဆရာမေလးသည္ ႐ုပ္ရည္ေခ်ာေမာလွပကာ မိန္းကေလးပီသစြာ ႐ိုး႐ိုးယဥ္ယဥ္ေလးႏွင့္ က်က္သေရရွိသူ ျဖစ္ပါသည္။ တစ္ေန႔ ဆရာမေလးတစ္ေယာက္ တစ္ဖက္႐ြာမွေန၍ေဆးကုၿပီးအျပန္ “ ဆရာမ ဆရာမ “ “ ေအာ္ ဦးလွေအာင္ပဲ ေနမေကာင္းလို႔လား မသိဘူး “ “ မဟုတ္ပါဘူးဆရာမေလးရယ္ ဆရာမေလးအတြက္ ပန္းပင္ေပါက္ေလး ေတြ လက္ေဆာင္ေပးခ်င္လို႔ပါ “ “ေက်းဇူးပါပဲ ဦးလွေအာင္ ရယ္ အိမ္ေလးကလည္း နည္းနည္းေျခာက္ကပ္ေနေတာ့ စိမ္းစိမ္းစိုစိုေလးျဖစ္ခ်င္တာေပါ့” “ ဆရာမေလးရယ္ စိမ္းစိမ္းစိုစိုျဖစ္ခ်င္တာမ်ား ဆရာေလး ေမာင္ေစာႏိုင္နဲ႔ လက္ထပ္ လိုက္ေပါ့ဗ်ာ”

ဆရာမေလးသည္ ရယ္ေမာရင္း တစ္ေန႔ေန႔ေပါ့ရွင္ဟု ေျပာကာ ပ်ိဳးပင္ေပါက္မ်ားကိုယူကာ ထြက္ခါသြားေလသည္။ ဆရာေလးေမာင္ေစာႏိုင္သည္ ေက်ာင္းဆရာတစ္ဦးျဖစ္ကာ ဆရာမေလးႏွင့္ေရငံေနသူျဖစ္ပါသည္ ။ ထိုပ်ိဳးပင္ေပါက္မ်ားကို ဆရာမေလးသည္ အိမ္ေခါင္းရင္းဘက္တြင္ေသခ်ာစိုက္ပ်ိဳးေလသည္။ ထိုသစ္ပင္ေပါက္မ်ားထဲတြင္ အခက္အလက္သိပ္မရွိ မုလာဥကဲ့သို႔အ႐ြက္မ်ားရွိ၍ေျပာင္ေခ်ာေခ်ာအေနအထားရွိေသာ အပင္တစ္ပင္ပါလာသည္ကိုေတာ့ဆရာမေလး သတိျပဳမိလိုက္ပါသည္။ ထိုအပင္သည္ သစ္မခုတ္ရ က်မ္းအလိုအရ ေအာက္ပိုင္းရႈူး၍ အေပၚပိုင္းႀကီးေသာ သစ္ဘီလူးပင္ ဆို သည္သာ ဆရာမေလးသိခဲ့ရင္ ……။

အခ်ိန္ေတြၾကာလာသည္ႏွင့္အမွ် ဆရာမေလးတို႔လဲလက္ထပ္ၿပီးၿပီး အပင္ႀကီးကလည္းပိုပိုႀကီးလာေလသည္။ ထိုအပင္သည္ ဆရာမေလးအတြက္ ကံၾကမၼာဆိုးေတြသယ္ေဆာင္လာမည္ဆိုသည္ကိုသာ သိခဲ့ရင္ ညေနခင္း ေရခပ္ဆင္းခ်ိန္ ပ်ိဳးႏုတ္ ေကာက္စိုက္ စပါးရိတ္စသည့္စုေပါင္းအဖြဲမ်ားႀကဳံလွ်င္လည္း ထိုအေၾကာင္းမပါမၿပီးေပ “ဟဲ့ေကာင္မ ဟိုေန႔က ေတာင္ပိုင္းက ကိုေက်ာ္ရသားေလး မဲမဲအေကာင္ႀကီးကိုျမင္ၿပီး ေမ့သြားသာ အခုထိသတိ မရေသးဘူးတဲ့” ၿပီးေတာံ့ေနာက္တစ္ခုက “အဲေကာင္ႀကီး ကဆရာမေလးတို႔အိမ္နားမွာပဲေ ပ်ာက္သြားတာတဲ့ ဆရာမေလး သရဲေမြးထားလားမသိပါဘူးေအ ဆရာမေလးက စုန္းပညာတတ္တယ္လို႔လဲ ေျပာၾကတယ္ ငါေတာ့ မယုံပါဘူးေအ “ ဟုေျပာဆိုေနၾကသည္။

ထိုမေကာင္းဆိုးဝါးအမည္ရေသာသတၱဝါႀကီးမွာ တစ္ပတ္ျခားတစ္ခါ ႏွစ္ပတ္ျခားတစ္ခါေတြ႕ေနရေသာေၾကာင့္႐ြာေလးမွာ တုန္လႈပ္ေခ်ာက္ခ်ားေနၾကရသည္။ သူတို႔ထိုအေကာင္ႀကီးေနာက္ကိုလိုက္တိုင္း ထိုအေကာင္ႀကီးသည္ ဆရာမေလးတို႔ အိမ္နားမွာ ေပ်ာက္ဆုံးသြားေလသည္။ တစ္ည “ အမေလးကယ္ၾကပါအုံးသရဲသရဲ” ဟူေသာအသံႏွင့္ တစ္႐ြာလုံး ဆူညံ ပြက္ေလာ႐ိုက္သြားပါသည္ ။ ထိုအခါကင္းသမားမ်ားက လိုက္ၾကရင္း ခဲမ်ားဒုတ္မ်ားႏွင့္ပစ္ေပါက္ၾကေလသည္။ ထိုအေကာင္ႀကီးသည္ ဆရာမေလး ၿခံနားအေရာက္ေပ်ာက္ဆုံးသြားေလသည္။ ထိုအခါ”ဆရာမေလးထပါအုံး ထပါအုံး “ ဟုႏႈိးကာ ၀င္ေရာက္ရွာေဖြေသာ္လည္းမေတြ႕ရွိၾကေပ။ သို႔ေသာ္လည္း စိုက္ပ်ိဳးထားေသာအပင္ႀကီးမွာ ေသြးမ်ားပမာ အရည္မ်ား ထြက္က်ေနေသာဒဏ္ရာႀကီးအား မည္သူမွ်သတိမထားမိၾကေပ။

ထိုအခါတစ္႐ြာလုံးကလည္း ဆရာမေလးစုန္းမဆိုတာ ပိုယုံၾကည္ေအာင္ ကိစၥတစ္ခု ျဖစ္ပြားခဲ့သည္။ ဆရာမေလးကို စုန္းမဟု စြတ္စြဲၿပီး အိမ္ေရွ႕တြင္ လာေရာက္ဆဲဆိုကာ ရန္ရွာေနေသာ ႐ြာသားႏွစ္ေယာက္လုံး ေနာက္ေန႔တြင္ သစ္ပင္ေ ပၚမွ လိ္မ့္က်ကာ ဇက္က်ိဳး၍ေသေလသည္။ ထိုအခါတစ္႐ြာလုံးမွေသခ်ာေပါက္အေတြးမ်ားပိုမိုခိုင္မာလာသည္ ။ ဆရာမေလးတို႔ လင္မယားသည္ တစ္ညတြင္ “ မိန္းမကိုယ္တို႔အိမ္ေျပာင္းရေအာင္ကြာ ဒီ႐ြာမွာဆက္ေနရင္ အႏၲရာယ္ မ်ားတယ္ မင္းဗိုက္ထဲကကေလးကိုလည္း ထည့္တြက္ရအုံးမယ္ေလ” ဟု ဆရာေလး ကိုေစာႏိုင္ကေျပာကာ ကဲကိုယ္တို႔ ေနာက္ညဆို တိတ္တိတ္ေလး ေျပာင္းေ႐ြ႕ၾကမယ္ေနာ္ဟု စီစဥ္ထားခဲ့ေလသည္။

လေရာင္မထြက္တဲ့ထိုေန႔ညတြင္ “ လိုက္ၾကလိုက္ၾက” ဟူေသာအသံမ်ားႏွင့္ “ ဟိုစုန္းမလင္မယား ငါတို႔႐ြာကိုဖ်က္စီးၿပီး အခုထြက္ေျပးေတာ့မယ္ လိုက္ၾကလိုက္ၾက” ဟူေသာအသံမ်ားႏွင့္ဆရာမေလးတို႔လင္မယားေနာက္ကိုလိုက္ၾက ေလသည္။ ဆရာမေလးကမိန္းမသားမို႔ ကေလးလည္းလြယ္ထားရေသာအခါ ခဏေလးႏွင့္မိေလသည္။ “ ကြၽန္မတို႔စုန္းမ မဟုတ္ၾကပါဘူးရွင္ မသတ္ပါနဲ႔ “ဟုေတာင္းပန္ေသာ္လည္း ေခတ္ပညာအျမင္မရွိေသာ ႐ြာသားမ်ားသည္ ရက္ရက္စက္စက္ သတ္ပစ္လိုက္ၾကေလသည္။ တစ္႐ြာလုံးနီးပါး ႐ြာအျပင္ေရာက္ေနေသာအခါ အိမ္တြင္ကေလးမ်ားႏွင့္ အဖိုးအဖြားမ်ားသာက်န္ရစ္ေလသည္္။ ထိုအခ်ိန္တြင္ မဲမဲေကာင္ႀကီးသည္ ေမွာင္ထဲမွေန၍ ကေလးမ်ားအား ေျခာက္လွန႔္ေလရာ ကေလးမ်ားလည္းေၾကာက္လန႔္ၿပီးေျပးမိေျပးရာေျ့ပးၾကေသာအခါ မီးခြက္မ်ားကိုခလုပ္တိုက္မိၿပီး တစ္အိမ္လုံးမီးစြဲေလာင္ေလသည္။

ထိုအခါသက္ကယ္မ်ား ဓနိမ်ားႏွင့္မိုးထားေသာအိမ္မ်ားကို ဆက္တိုက္ စြဲေလာင္ေလသည္ ထိုအခါ ႐ြာအျပင္ ျပန္ေရာက္ေနေသာ ႐ြာသားမ်ားသည္ ႐ြာထဲသို႔အမွီျပန္လာၾကေသာ္လည္း မီးေလာင္တိုက္သြင္းသကဲ့သို႔ ကေလးမ်ား အကုန္ေသေၾကကုန္ၾကေလသည္။ သို႔ေသာ္လည္း ဆရာမေလးတို႔တစ္အိမ္သာ မိးမေလာင္ဘဲက်န္ရစ္ေလသည္။ ႐ြာသားမ်ားလည္းအ႐ုးတစ္ပိုင္းျဖစ္ၾကရွာသည္။ မနက္လင္းေသာအခါ ႐ြာဦးေက်ာ္င္းဆရာေတာင္ႂကြခ်ီလာၿပီး ဆရာမေလး တို႔ အိမ္ဝင္းကိုလွည့္ၾကည့္ၿပီး သစ္ပင္ႀကီးေရွ႕ေရာက္ေသာအခါ “ဒကာတို႔ဒီသစ္ပင္ဟာ သစ္ဘီလူးပင္ျဖစ္တယ္ ဘီလူးေစာင့္ၿပီးညအခ်ိန္ဆိုအျပင္ထြက္ေလ့ရွိတယ္ သူ႔ကိုေမြးျမဴေစာင့္ေရွာက္ထားတဲ့သခင္ကိုအၿမဲေစာင့္ေရွာက္တယ္ သူ႔သခင္ကိုစိတ္ဆင္းရဲေအာင္လုပ္ရင္ သူက ကလက္စားေခ်တတ္တယ္ဒကာတို႔ဟု”မိန႔္ေလရာ တစ္႐ြာလုံးလဲ အမွားကိုသိၿပီး ဆရာမေလးတို႔လင္မယားအား ေျမျမႇပ္ေပးကာ ထို႐ြာေလးမွာ႐ြာလုံးကြၽတ္ေျပာင္းေ႐ြ႕ခဲ့ေလသည္။ သစ္ဘီလူးပင္ႀကီးကေတာ့တစ္ထီးတည္းက်န္ရစ္ခဲ့ေလေတာ့သည္။

Kaungkhant Zaw (ေလးစားမႈျဖင့္ ခရက္ဒစ္)

Unicode ဖြင့်ဖတ်ရန်

မနက်ဆို သစ်ပင်၊ ညဖက်ဆို ဘီလူးဖြစ်တဲ့ သစ်ဘီလူးအပင်ကို စိုက်မိသူ တယောက်အကြောင်း

တောရွာလေးတစ်ရွာ တွင်ဖြစ်၏။ မှောင်မှောင်မဲမဲနှင့်တိတ်ဆိတ်နေလေသည် ။ ထိုအချိန်တွင် စွဲငင်စွာအူလိုက်သော ခွေးအူသံသည် တိတ်ဆိတ်နေသော ညအချိန်ကိုဖောက်ခွဲလိုက်လေသည်။ ထိုအချိန်တွင် ရွာတောင်ပိုင်းမှအော်သံနှင့်အတူ လူအများမီးဒုတ်များ လက်နက်များကိုစွဲကိုင်ကာ သူကြီးအိမ်ရှေ့သို့ရောက်လာကြသည်။ “ သူကြီး သူကြီး မောင်ထုပါအုံး ထစမ်းပါအုံးဟ “ လူအများ၏အော်ဟစ်သံကြောင့်သူကြီးသည် မောင်းကို တစ်ဒူဒူနှင့်စတင်တီးခတ်လိုက်သည်။

ထိုအခါ ရွာတစ်လုံးမှ လူများသည် ဓားလှံလက်နက်များကိုစွဲကိုင်ကာ သူကြီးအိမ်သို့အပြေးအလွှားရောက်ရှိလာကြပါသည်။ သူကြီးလည်းအိမ်ထဲမှထွက်လာပြီး “တောင်ပိုင်းက ဘာဖြစ်လို့လဲကွပြောစမ်းပါအုံးဟ” ထိုအခါ ပွကြီးဆိုသောရွာသားမှ” ကျုပ်တို့အိမ်နားမှာ ခြေသံကြားလို့ ထိကြည့်လိုက်တော့မဲမဲကောင်ကြီးတစ်ကောင် ထောင်ထောင်မောင်းမောင်းနဲ့ သရဲလား တစ္တေလားမသိဘူး အဲဒါကြောင့်ဓားဆွဲပြီးလိုက်လာတာဟုပြောသံအဆုံး တစ်ရွာလုံး လှုပ်ရှာသွားကြသည်။ ထိုအခါ သူကြီးက “ကဲဘာကောင်လဲဆိုတာအတိအကျတော့မသိဘူး အဲတော့ဘုန်းကြီးပင့်ပြီး အန္တရာယ်ကင်းတရားလေး ဘာလေး ရွတ်ကြတာပေါ့ကွာ” ဟုပြောကာ မနက်လင်းသောအခါ ရွာကလေးမှ တရားစာရွတ်သံများ အိမ်တိုင်လိုလိုကြား လာ ကြရပါသည်။

တဲအိမ်လေးတစ်ခုအတွင်းမှာတော့ “ကဲအရီးလေး သမီးပြန်မယ်နော် ကျန်းမာရေးသေချာဂရုစိုက်” “ကျေးဇူးတင် လိုက်တာ ဆရာမလေးရယ် ဆေးဖိုးဝါးခမပေးနိုင်ပေမဲ့ အလကားကုပေးတဲ့ ဆရာမလေး ကျေးဇူးကို ဘယ်လိုဆပ်ရမလဲ မသိ ပါဘူး ဆရာမလေးရယ်” “ အရီးလေးကလည်း ဆေးဖိုးဝါးခပြောစရာမလိုပါဘူး ဒီရွာလေးက ကျွန်မအိမ်လိုဖြစ်နေ ပါပြီ” ဟုပြောကာ လှပသော မိန်းကလေးတစ်ယောက်သည် အိမ်ကလေးထဲမှထွက်ခွာသွားလေသည်။

ဆရာမလေးက တနယ်တကျေးမှလာ၍ထိုရွာလေးတွင်နေသော ကျေးလက်ဆေးပေးခန်းမှ သူနာပြုဆရာမလေး မမြခက် ဖြစ်ပါသည်။ ဆရာမလေးသည် ရုပ်ရည်ချောမောလှပကာ မိန်းကလေးပီသစွာ ရိုးရိုးယဉ်ယဉ်လေးနှင့် ကျက်သရေရှိသူ ဖြစ်ပါသည်။ တစ်နေ့ ဆရာမလေးတစ်ယောက် တစ်ဖက်ရွာမှနေ၍ဆေးကုပြီးအပြန် “ ဆရာမ ဆရာမ “ “ အော် ဦးလှအောင်ပဲ နေမကောင်းလို့လား မသိဘူး “ “ မဟုတ်ပါဘူးဆရာမလေးရယ် ဆရာမလေးအတွက် ပန်းပင်ပေါက်လေး တွေ လက်ဆောင်ပေးချင်လို့ပါ “ “ကျေးဇူးပါပဲ ဦးလှအောင် ရယ် အိမ်လေးကလည်း နည်းနည်းခြောက်ကပ်နေတော့ စိမ်းစိမ်းစိုစိုလေးဖြစ်ချင်တာပေါ့” “ ဆရာမလေးရယ် စိမ်းစိမ်းစိုစိုဖြစ်ချင်တာများ ဆရာလေး မောင်စောနိုင်နဲ့ လက်ထပ် လိုက်ပေါ့ဗျာ”

ဆရာမလေးသည် ရယ်မောရင်း တစ်နေ့နေ့ပေါ့ရှင်ဟု ပြောကာ ပျိုးပင်ပေါက်များကိုယူကာ ထွက်ခါသွားလေသည်။ ဆရာလေးမောင်စောနိုင်သည် ကျောင်းဆရာတစ်ဦးဖြစ်ကာ ဆရာမလေးနှင့်ရေငံနေသူဖြစ်ပါသည် ။ ထိုပျိုးပင်ပေါက်များကို ဆရာမလေးသည် အိမ်ခေါင်းရင်းဘက်တွင်သေချာစိုက်ပျိုးလေသည်။ ထိုသစ်ပင်ပေါက်များထဲတွင် အခက်အလက်သိပ်မရှိ မုလာဥကဲ့သို့အရွက်များရှိ၍ပြောင်ချောချောအနေအထားရှိသော အပင်တစ်ပင်ပါလာသည်ကိုတော့ဆရာမလေး သတိပြုမိလိုက်ပါသည်။ ထိုအပင်သည် သစ်မခုတ်ရ ကျမ်းအလိုအရ အောက်ပိုင်းရှုူး၍ အပေါ်ပိုင်းကြီးသော သစ်ဘီလူးပင် ဆို သည်သာ ဆရာမလေးသိခဲ့ရင် ……။

အချိန်တွေကြာလာသည်နှင့်အမျှ ဆရာမလေးတို့လဲလက်ထပ်ပြီးပြီး အပင်ကြီးကလည်းပိုပိုကြီးလာလေသည်။ ထိုအပင်သည် ဆရာမလေးအတွက် ကံကြမ္မာဆိုးတွေသယ်ဆောင်လာမည်ဆိုသည်ကိုသာ သိခဲ့ရင် ညနေခင်း ရေခပ်ဆင်းချိန် ပျိုးနုတ် ကောက်စိုက် စပါးရိတ်စသည့်စုပေါင်းအဖွဲများကြုံလျှင်လည်း ထိုအကြောင်းမပါမပြီးပေ “ဟဲ့ကောင်မ ဟိုနေ့က တောင်ပိုင်းက ကိုကျော်ရသားလေး မဲမဲအကောင်ကြီးကိုမြင်ပြီး မေ့သွားသာ အခုထိသတိ မရသေးဘူးတဲ့” ပြီးတောံ့နောက်တစ်ခုက “အဲကောင်ကြီး ကဆရာမလေးတို့အိမ်နားမှာပဲေ ပျာက်သွားတာတဲ့ ဆရာမလေး သရဲမွေးထားလားမသိပါဘူးအေ ဆရာမလေးက စုန်းပညာတတ်တယ်လို့လဲ ပြောကြတယ် ငါတော့ မယုံပါဘူးအေ “ ဟုပြောဆိုနေကြသည်။

ထိုမကောင်းဆိုးဝါးအမည်ရသောသတ္တဝါကြီးမှာ တစ်ပတ်ခြားတစ်ခါ နှစ်ပတ်ခြားတစ်ခါတွေ့နေရသောကြောင့်ရွာလေးမှာ တုန်လှုပ်ချောက်ချားနေကြရသည်။ သူတို့ထိုအကောင်ကြီးနောက်ကိုလိုက်တိုင်း ထိုအကောင်ကြီးသည် ဆရာမလေးတို့ အိမ်နားမှာ ပျောက်ဆုံးသွားလေသည်။ တစ်ည “ အမလေးကယ်ကြပါအုံးသရဲသရဲ” ဟူသောအသံနှင့် တစ်ရွာလုံး ဆူညံ ပွက်လောရိုက်သွားပါသည် ။ ထိုအခါကင်းသမားများက လိုက်ကြရင်း ခဲများဒုတ်များနှင့်ပစ်ပေါက်ကြလေသည်။ ထိုအကောင်ကြီးသည် ဆရာမလေး ခြံနားအရောက်ပျောက်ဆုံးသွားလေသည်။ ထိုအခါ”ဆရာမလေးထပါအုံး ထပါအုံး “ ဟုနှိုးကာ ဝင်ရောက်ရှာဖွေသော်လည်းမတွေ့ရှိကြပေ။ သို့သော်လည်း စိုက်ပျိုးထားသောအပင်ကြီးမှာ သွေးများပမာ အရည်များ ထွက်ကျနေသောဒဏ်ရာကြီးအား မည်သူမျှသတိမထားမိကြပေ။

ထိုအခါတစ်ရွာလုံးကလည်း ဆရာမလေးစုန်းမဆိုတာ ပိုယုံကြည်အောင် ကိစ္စတစ်ခု ဖြစ်ပွားခဲ့သည်။ ဆရာမလေးကို စုန်းမဟု စွတ်စွဲပြီး အိမ်ရှေ့တွင် လာရောက်ဆဲဆိုကာ ရန်ရှာနေသော ရွာသားနှစ်ယောက်လုံး နောက်နေ့တွင် သစ်ပင်ေ ပါ်မှ လိမ့်ကျကာ ဇက်ကျိုး၍သေလေသည်။ ထိုအခါတစ်ရွာလုံးမှသေချာပေါက်အတွေးများပိုမိုခိုင်မာလာသည် ။ ဆရာမလေးတို့ လင်မယားသည် တစ်ညတွင် “ မိန်းမကိုယ်တို့အိမ်ပြောင်းရအောင်ကွာ ဒီရွာမှာဆက်နေရင် အန္တရာယ် များတယ် မင်းဗိုက်ထဲကကလေးကိုလည်း ထည့်တွက်ရအုံးမယ်လေ” ဟု ဆရာလေး ကိုစောနိုင်ကပြောကာ ကဲကိုယ်တို့ နောက်ညဆို တိတ်တိတ်လေး ပြောင်းရွေ့ကြမယ်နော်ဟု စီစဉ်ထားခဲ့လေသည်။

လရောင်မထွက်တဲ့ထိုနေ့ညတွင် “ လိုက်ကြလိုက်ကြ” ဟူသောအသံများနှင့် “ ဟိုစုန်းမလင်မယား ငါတို့ရွာကိုဖျက်စီးပြီး အခုထွက်ပြေးတော့မယ် လိုက်ကြလိုက်ကြ” ဟူသောအသံများနှင့်ဆရာမလေးတို့လင်မယားနောက်ကိုလိုက်ကြ လေသည်။ ဆရာမလေးကမိန်းမသားမို့ ကလေးလည်းလွယ်ထားရသောအခါ ခဏလေးနှင့်မိလေသည်။ “ ကျွန်မတို့စုန်းမ မဟုတ်ကြပါဘူးရှင် မသတ်ပါနဲ့ “ဟုတောင်းပန်သော်လည်း ခေတ်ပညာအမြင်မရှိသော ရွာသားများသည် ရက်ရက်စက်စက် သတ်ပစ်လိုက်ကြလေသည်။ တစ်ရွာလုံးနီးပါး ရွာအပြင်ရောက်နေသောအခါ အိမ်တွင်ကလေးများနှင့် အဖိုးအဖွားများသာကျန်ရစ်လေသည်။ ထိုအချိန်တွင် မဲမဲကောင်ကြီးသည် မှောင်ထဲမှနေ၍ ကလေးများအား ခြောက်လှန့်လေရာ ကလေးများလည်းကြောက်လန့်ပြီးပြေးမိပြေးရာေြ့ပးကြသောအခါ မီးခွက်များကိုခလုပ်တိုက်မိပြီး တစ်အိမ်လုံးမီးစွဲလောင်လေသည်။

ထိုအခါသက်ကယ်များ ဓနိများနှင့်မိုးထားသောအိမ်များကို ဆက်တိုက် စွဲလောင်လေသည် ထိုအခါ ရွာအပြင် ပြန်ရောက်နေသော ရွာသားများသည် ရွာထဲသို့အမှီပြန်လာကြသော်လည်း မီးလောင်တိုက်သွင်းသကဲ့သို့ ကလေးများ အကုန်သေကြေကုန်ကြလေသည်။ သို့သော်လည်း ဆရာမလေးတို့တစ်အိမ်သာ မိးမလောင်ဘဲကျန်ရစ်လေသည်။ ရွာသားများလည်းအရုးတစ်ပိုင်းဖြစ်ကြရှာသည်။ မနက်လင်းသောအခါ ရွာဦးကျော်င်းဆရာတောင်ကြွချီလာပြီး ဆရာမလေး တို့ အိမ်ဝင်းကိုလှည့်ကြည့်ပြီး သစ်ပင်ကြီးရှေ့ရောက်သောအခါ “ဒကာတို့ဒီသစ်ပင်ဟာ သစ်ဘီလူးပင်ဖြစ်တယ် ဘီလူးစောင့်ပြီးညအချိန်ဆိုအပြင်ထွက်လေ့ရှိတယ် သူ့ကိုမွေးမြူစောင့်ရှောက်ထားတဲ့သခင်ကိုအမြဲစောင့်ရှောက်တယ် သူ့သခင်ကိုစိတ်ဆင်းရဲအောင်လုပ်ရင် သူက ကလက်စားချေတတ်တယ်ဒကာတို့ဟု”မိန့်လေရာ တစ်ရွာလုံးလဲ အမှားကိုသိပြီး ဆရာမလေးတို့လင်မယားအား မြေမြှပ်ပေးကာ ထိုရွာလေးမှာရွာလုံးကျွတ်ပြောင်းရွေ့ခဲ့လေသည်။ သစ်ဘီလူးပင်ကြီးကတော့တစ်ထီးတည်းကျန်ရစ်ခဲ့လေတော့သည်။

Kaungkhant Zaw (လေးစားမှုဖြင့် ခရက်ဒစ်)

LEAVE A REPLY