Zawgyi ျဖင့္ဖတ္ရန္

 

MasterChef အစီစဥ္ရဲ႕ ပထမဦးဆုံးေန႔မွာ ဟင္းပြဲအေတာ္မ်ားမ်ား အမႈိက္ပုံးထဲ လႊင့္ပစ္ခံလိုက္ရတာေၾကာင့္ ဒုတိယေန႔ အတြက္ ၿပိဳင္ပြဲဝင္ေတြအားလုံးရဲ႕ စိုးရိမ္ေရမွတ္က ငယ္ထိပ္ကို ေရာက္ေနပါတယ္။ ဒိုင္လူႀကီးေတြထဲမွာ သူတို႔အလန႔္ဆုံးက ဦးရွာကီ လို႔ လူသိမ်ားတဲ့ ဦးရဲထြဋ္ဝင္း ျဖစ္ပါတယ္။

ရွာကီစားေသာက္ဆိုင္လုပ္ငန္းစုရဲ႕ ပဲ့ကိုင္ရွင္လည္း ျဖစ္သလို အစားအေသာက္ေတြရဲ႕ အရသာပိုင္း၊ ျပင္ဆင္မႈအပိုင္းေတြနဲ႔ ပက္သက္လာရင္လည္း ရသာ႐ုံ၊ ႐ူပါ႐ုံ ကေနတစ္ဆင့္ ႏွလုံးသားထဲထိ နက္ရႈိင္းစြာခံစားၿပီးမွ ဆုံးျဖတ္တတ္သူျဖစ္လို႔ သူ႔ဆီက ကြန္မန႔္ေကာင္းေကာင္း ရဖို႔ထက္ ရက္ရက္စက္စက္ အေျပာမခံရဖို႔ကိုပဲ ၿပိဳင္ပြဲဝင္ေတြက ေမွ်ာ္လင့္ေနၾကရတာပါ။

မေန႔ညက ၿပိဳင္ပြဲမွာေတာ့ က်ပ္ေငြ ၁၀ သိန္းခန႔္ တန္ဖိုးရွိတဲ့ တူနာငါးေတြရဲ႕ တန္ဖိုးကို ေထာက္ထားၿပီး ဟင္းပြဲေတြ တစ္ပြဲမွ အမႈိက္ပုံးထဲ မေရာက္ခဲ့ေပမယ့္ သူ႔ရဲ႕ ေဒါသကို ႏႈိးဆြေနခဲ့တဲ့ ဟင္းပြဲေတြကေတာ့ ရွိေနဆဲျဖစ္ပါတယ္။

ပထမအဆင့္ ယွဥ္ၿပိဳင္မႈမွာ ေနျပည္ေတာ္က လာေရာက္ယွဥ္ၿပိဳင္တဲ့ ရခိုင္တိုင္းရင္းသား ‘ႏိုင္ေဇာ္’ က ပုစြန္နဲ႔ ဂုံးစိမ္းတို႔ကို ရခိုင္႐ိုးရာနည္း ေပါင္းစပ္ၿပီး ႏိုင္ငံတစ္ကာ အဆင့္မီ ဟင္းပြဲျဖစ္ေအာင္ ခ်က္ျပဳတ္ႏိုင္ခဲ့တာမို႔ အဲဒီေန႔အတြက္ Winner ျဖစ္သြားခဲ့ပါတယ္။

သူက ၿပိဳင္ပြဲဝင္ ၈ ဦးကို ျပန္လည္ခ်က္ျပဳတ္ဖို႔ ေ႐ြးခ်ယ္ခဲ့ၿပီး တူနာငါးအပါအဝင္ စည္သြပ္ဗူးေတြကိုေပးခဲ့ပါတယ္။ သူေ႐ြးခ်ယ္ခဲ့တဲ့ ၿပိဳင္ပြဲဝင္ေတြထဲမွာ “စိုင္းဂ်က္ေအာင္” လည္း တစ္ေယာက္အပါအဝင္ျဖစ္ပါတယ္။

ကခ်င္တိုင္းရင္းသား “စိုင္းဂ်က္ေအာင္” ဟာ ကမာၻ႔အသိမွတ္ျပဳ MMA ကစားသမား ‘ေအာင္လအန္ဆန္’ နဲ႔ ေဆြးမ်ိဳးေတာ္စပ္သူျဖစ္ပါတယ္။ ကခ်င္ျပည္နယ္ကေန ရန္ကုန္ကို တစ္ေယာက္ထဲ တက္လာခဲ့ၿပီး အမ်ိဳးေတြရဲ႕အိမ္မွာ ခတၱတည္းခိုကာ MasterChef ၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူပါတယ္။ သူ႔မွာ မိဘေတြကို လုပ္ေကြၽးျပဳစုခ်င္တဲ့ အနာဂါတ္အိမ္မက္ေတြ တစ္ေပြ႕တစ္ပိုက္ႀကီးရွိေနပါတယ္။

သူ႔ရဲ႕လက္ရာ ဟင္းပြဲကို ျပင္သစ္ဒိုင္လူႀကီး Jean Marc Lemmery က စတင္စစ္ေဆးခဲ့ၿပီး တူနာငါးရဲ႕ အရိပ္အေယာင္ေတာင္ မေတြ႕ရဘူးလို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ ေဒၚျဖဴျဖဴတင္ ကေတာ့ MasterChef Myanmar ဆိုတာ ျမန္မာေတြ စားဖို႔ခ်က္ခိုင္းေနတာမဟုတ္ဘူး၊ ျမန္မာျပည္ကလူေတြ ဘယ္ေလာက္ေတာ္လဲဆိုတာ စစ္ေနတာလို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ဦးရဲထြဋ္ဝင္း က ေနာက္ဆုံးအဆုံးအျဖတ္မွာေတာ့ ကမာၻမွာေဈးအႀကီးဆုံး တူနာငါးကို ကိုယ့္လက္ထဲေရာက္မွ ႏွစ္ခါေသေအာင္ သတ္လိုက္တဲ့အျပင္ တန္ဖိုးကိုပါႏွိမ့္လိုက္တဲ့အတြက္ MasterChef Kitchen ကေန ထြက္သြားဖို႔ ‘စိုင္းဂ်က္ေအာင္’ ကို ေ႐ြးခ်ယ္လိုက္ပါတယ္။

အေစာပိုင္းက ‘စိုင္းဂ်က္ေအာင္’ နဲ႔ အင္တာဗ်ဴးမွာ သူက “MasterChef ဆိုတာ professional chef တစ္ေယာက္ကို ရွာေနတာျဖစ္လို႔ လမ္းေဘးအဆင့္အတန္းနဲ႔ ၿပိဳင္တဲ့သူဆိုရင္ ဒီလိုပဲသြားမွာပဲ” လို႔ ေျဖၾကားခဲ့ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

‘အောင်လအန်ဆန်’ နဲ့ အမျိုးတော်လည်း ‘ဦးရှာကီ’ က ခွင့်မလွှတ်ဘူး

MasterChef အစီစဉ်ရဲ့ ပထမဦးဆုံးနေ့မှာ ဟင်းပွဲအတော်များများ အမှိုက်ပုံးထဲ လွှင့်ပစ်ခံလိုက်ရတာကြောင့် ဒုတိယနေ့ အတွက် ပြိုင်ပွဲဝင်တွေအားလုံးရဲ့ စိုးရိမ်ရေမှတ်က ငယ်ထိပ်ကို ရောက်နေပါတယ်။ ဒိုင်လူကြီးတွေထဲမှာ သူတို့အလန့်ဆုံးက ဦးရှာကီ လို့ လူသိများတဲ့ ဦးရဲထွဋ်ဝင်း ဖြစ်ပါတယ်။

ရှာကီစားသောက်ဆိုင်လုပ်ငန်းစုရဲ့ ပဲ့ကိုင်ရှင်လည်း ဖြစ်သလို အစားအသောက်တွေရဲ့ အရသာပိုင်း၊ ပြင်ဆင်မှုအပိုင်းတွေနဲ့ ပက်သက်လာရင်လည်း ရသာရုံ၊ ရူပါရုံ ကနေတစ်ဆင့် နှလုံးသားထဲထိ နက်ရှိုင်းစွာခံစားပြီးမှ ဆုံးဖြတ်တတ်သူဖြစ်လို့ သူ့ဆီက ကွန်မန့်ကောင်းကောင်း ရဖို့ထက် ရက်ရက်စက်စက် အပြောမခံရဖို့ကိုပဲ ပြိုင်ပွဲဝင်တွေက မျှော်လင့်နေကြရတာပါ။

မနေ့ညက ပြိုင်ပွဲမှာတော့ ကျပ်ငွေ ၁၀ သိန်းခန့် တန်ဖိုးရှိတဲ့ တူနာငါးတွေရဲ့ တန်ဖိုးကို ထောက်ထားပြီး ဟင်းပွဲတွေ တစ်ပွဲမှ အမှိုက်ပုံးထဲ မရောက်ခဲ့ပေမယ့် သူ့ရဲ့ ဒေါသကို နှိုးဆွနေခဲ့တဲ့ ဟင်းပွဲတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။

ပထမအဆင့် ယှဉ်ပြိုင်မှုမှာ နေပြည်တော်က လာရောက်ယှဉ်ပြိုင်တဲ့ ရခိုင်တိုင်းရင်းသား ‘နိုင်ဇော်’ က ပုစွန်နဲ့ ဂုံးစိမ်းတို့ကို ရခိုင်ရိုးရာနည်း ပေါင်းစပ်ပြီး နိုင်ငံတစ်ကာ အဆင့်မီ ဟင်းပွဲဖြစ်အောင် ချက်ပြုတ်နိုင်ခဲ့တာမို့ အဲဒီနေ့အတွက် Winner ဖြစ်သွားခဲ့ပါတယ်။

သူက ပြိုင်ပွဲဝင် ၈ ဦးကို ပြန်လည်ချက်ပြုတ်ဖို့ ရွေးချယ်ခဲ့ပြီး တူနာငါးအပါအဝင် စည်သွပ်ဗူးတွေကိုပေးခဲ့ပါတယ်။ သူရွေးချယ်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေထဲမှာ “စိုင်းဂျက်အောင်” လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

ကချင်တိုင်းရင်းသား “စိုင်းဂျက်အောင်” ဟာ ကမ္ဘာ့အသိမှတ်ပြု MMA ကစားသမား ‘အောင်လအန်ဆန်’ နဲ့ ဆွေးမျိုးတော်စပ်သူဖြစ်ပါတယ်။ ကချင်ပြည်နယ်ကနေ ရန်ကုန်ကို တစ်ယောက်ထဲ တက်လာခဲ့ပြီး အမျိုးတွေရဲ့အိမ်မှာ ခတ္တတည်းခိုကာ MasterChef ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူပါတယ်။ သူ့မှာ မိဘတွေကို လုပ်ကျွေးပြုစုချင်တဲ့ အနာဂါတ်အိမ်မက်တွေ တစ်ပွေ့တစ်ပိုက်ကြီးရှိနေပါတယ်။

သူ့ရဲ့လက်ရာ ဟင်းပွဲကို ပြင်သစ်ဒိုင်လူကြီး Jean Marc Lemmery က စတင်စစ်ဆေးခဲ့ပြီး တူနာငါးရဲ့ အရိပ်အယောင်တောင် မတွေ့ရဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒေါ်ဖြူဖြူတင် ကတော့ MasterChef Myanmar ဆိုတာ မြန်မာတွေ စားဖို့ချက်ခိုင်းနေတာမဟုတ်ဘူး၊ မြန်မာပြည်ကလူတွေ ဘယ်လောက်တော်လဲဆိုတာ စစ်နေတာလို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဦးရဲထွဋ်ဝင်း က နောက်ဆုံးအဆုံးအဖြတ်မှာတော့ ကမ္ဘာမှာဈေးအကြီးဆုံး တူနာငါးကို ကိုယ့်လက်ထဲရောက်မှ နှစ်ခါသေအောင် သတ်လိုက်တဲ့အပြင် တန်ဖိုးကိုပါနှိမ့်လိုက်တဲ့အတွက် MasterChef Kitchen ကနေ ထွက်သွားဖို့ ‘စိုင်းဂျက်အောင်’ ကို ရွေးချယ်လိုက်ပါတယ်။

အစောပိုင်းက ‘စိုင်းဂျက်အောင်’ နဲ့ အင်တာဗျူးမှာ သူက “MasterChef ဆိုတာ professional chef တစ်ယောက်ကို ရှာနေတာဖြစ်လို့ လမ်းဘေးအဆင့်အတန်းနဲ့ ပြိုင်တဲ့သူဆိုရင် ဒီလိုပဲသွားမှာပဲ” လို့ ဖြေကြားခဲ့ပါတယ်။
မနေ့က MasterChef Myanmar ပြိုင်ပွဲကနေ ထွက်သွားခဲ့ရတဲ့ ‘စိုင်းဂျက်အောင်’ ဘယ်လိုအဆင့်အတန်းမျိုးနဲ့ ချက်ပြုတ်ယှဉ်ပြိုင်ပြသခဲ့သလဲဆိုတာ ပရိသတ်တွေ ကိုယ်တိုင် ကြည့်ရှုအကဲဖြတ်နိုင်ပါတယ်။

Credit : popolay

LEAVE A REPLY