Zawgyi ျဖင့္ဖတ္ရန္

 

လတ္တေလာ လူမႈကြန္ယက္ မွာ ေတာ္ေတာ္ေလးနာမည္ႀကီးေနတဲ့ လူၾကမ္းသ႐ုပ္ေဆာင္ ဦးေဇာ္ႀကီးရဲ႕ ပင္ပန္းခက္ခဲလြန္းတဲ့ ဘဝအေၾကာင္းကေတာ့ ႐ုပ္ရွင္ေလာကသားေတြကို စိတ္ထိခိုက္ေစခဲ့ပါတယ္။လတ္တေလာမွာေတာ့ အဆိုေတာ္ ဒါ႐ိုက္တာ ယုန္ေလးက သူ႔ရဲ႕႐ုပ္ရွင္အသစ္ထဲမွာ ဦးေဇာ္ႀကီးကို ေခၚ႐ိုက္ၿပီး အလႉေငြေတြလည္း ေပးအပ္ခဲ့တဲ့အေၾကာင္း လူမႈကြန္ယက္မွာ ေဝမွ်ေပးထားတာ ေတြ႕ရပါတယ္။ လိုအပ္တဲ့ ကူညီမႈေတြအျပင္ ႐ုပ္ရွင္ပါ ျပန္႐ိုက္ရေတာ့မယ့္ ဦးေဇာ္ႀကီးကေတာ့ ေတာ္ေတာ္ေပ်ာ္ေနပုံပါပဲေနာ္။

ခ်စ္ပရိသတ္ေတြအတြက္ က်ဴးေက်ာ္အိမ္ကို ဖ်က္ေပးရမွာမို႔ ဒုကၡေရာက္ေနတဲ့ ဦးေဇာ္ႀကီးကို ႐ုပ္ရွင္ေခၚ႐ိုက္ၿပီး အလႉေငြ ေထာက္ပံ့ခဲ့တဲ့ ယုန္ေလးတို႔အဖြဲ႕သားေတြရဲ႕အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ယုန္ေလးကေတာ့ “MC ကေန ဦးေဇာ္ႀကီး သတင္းၾကားၿပီး စိတ္မေကာင္းတာနဲ႔ MAFIA City မွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔ ေခၚခဲ့ၿပီ

ျမင့္ျမတ္ ယုန္ေလး Kညီ Aung Lay ဘိုခ်မ္း ေစာေက်ာ္ လျပည့္တို႔ MAFIA City အဖြဲ႕သားမ်ားမွ ၅သိန္း ေ႐ႊလီ မွ မိန္းမိန္း မွ ၃သိန္း ေပါင္း ၈သိန္း ကူခဲ့ပါသည္ ။အားလုံး Peace ဆိုၿပီး ဦးေဇာ္ႀကီးကို တတ္ႏိုင္တဲ့ဘက္က ကူညီခဲ့တဲ့ Mafia City အဖြဲ႕သားေတြရဲ႕ အေၾကာင္းကို ေျပာျပထားတာပါ။

လူၾကမ္းသ႐ုပ္ေဆာင္ ေဇာ္ႀကီးကေတာ့ သူ႔ရဲ႕ မိသားစုေလးနဲ႔ ေနထိုင္ေနတဲ့ က်ဴးေက်ာ္အိမ္ေလးကို ဖ်က္ေပးရေတာ့မွာမို႔ ဒုကၡေရာက္ေနတာပဲ ျဖစ္ပါတယ္။ ယုန္ေလးတို႔အလႉေၾကာင့္ ဦးေဇာ္ႀကီးတစ္ေယာက္ သူဝါသနာပါတဲ့ အႏုပညာအလုပ္ေတြ ျပန္လုပ္ရင္း ေတာ္ေတာ္ အဆင္ေျပသြားပါၿပီေနာ္။

အဆိုေတာ္၊ သ႐ုပ္ေဆာင္တျဖစ္လဲ ဒါ႐ိုက္တာ ယုန္ေလးကေတာ့ လတ္တေလာမွာ “Mafia City ” ဆိုတဲ့ ႐ုပ္ရွင္အသစ္ကို ႐ိုက္ကူးေနတာပါ။ တေလာက ျပသခဲ့တဲ့ ယုန္ေလးကိုယ္တိုင္ သ႐ုပ္ေဆာင္ၿပီး ဒါ႐ိုက္တာလုပ္ထားတဲ့ “သတိအႏၲရာယ္ရွိသည္” ႐ုပ္ရွင္ဇာတ္ကားႀကီးကလည္း ေအာင္ျမင္မႈေတြမ်ားစြာ ရရွိထားပါေသးတယ္။ခ်စ္ပရိသတ္ေတြလည္း စိတ္ရင္းေကာင္းလြန္းတဲ့ ယုန္ေလးရဲ႕အလႉကို သာဓုေခၚသြားလိုက္ၾကပါဦးေနာ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဦးဇော်ကြီး သတင်းကြားပြီး အလှူငွေထောက်ပံ့ရင်း သူ့ရဲ့ရုပ်ရှင်အသစ်မှာ သရုပ်ဆောင်ဖို့ခေါ်ခဲ့တဲ့ ယုန်လေး

လတ်တလော လူမှုကွန်ယက် မှာ တော်တော်လေးနာမည်ကြီးနေတဲ့ လူကြမ်းသရုပ်ဆောင် ဦးဇော်ကြီးရဲ့ ပင်ပန်းခက်ခဲလွန်းတဲ့ ဘဝအကြောင်းကတော့ ရုပ်ရှင်လောကသားတွေကို စိတ်ထိခိုက်စေခဲ့ပါတယ်။လတ်တလောမှာတော့ အဆိုတော် ဒါရိုက်တာ ယုန်လေးက သူ့ရဲ့ရုပ်ရှင်အသစ်ထဲမှာ ဦးဇော်ကြီးကို ခေါ်ရိုက်ပြီး အလှူငွေတွေလည်း ပေးအပ်ခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ လိုအပ်တဲ့ ကူညီမှုတွေအပြင် ရုပ်ရှင်ပါ ပြန်ရိုက်ရတော့မယ့် ဦးဇော်ကြီးကတော့ တော်တော်ပျော်နေပုံပါပဲနော်။

ချစ်ပရိသတ်တွေအတွက် ကျူးကျော်အိမ်ကို ဖျက်ပေးရမှာမို့ ဒုက္ခရောက်နေတဲ့ ဦးဇော်ကြီးကို ရုပ်ရှင်ခေါ်ရိုက်ပြီး အလှူငွေ ထောက်ပံ့ခဲ့တဲ့ ယုန်လေးတို့အဖွဲ့သားတွေရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ယုန်လေးကတော့ “MC ကနေ ဦးဇော်ကြီး သတင်းကြားပြီး စိတ်မကောင်းတာနဲ့ MAFIA City မှာ ပါဝင်သရုပ်ဆောင်ဖို့ ခေါ်ခဲ့ပြီ

မြင့်မြတ် ယုန်လေး Kညီ Aung Lay ဘိုချမ်း စောကျော် လပြည့်တို့ MAFIA City အဖွဲ့သားများမှ ၅သိန်း ရွှေလီ မှ မိန်းမိန်း မှ ၃သိန်း ပေါင်း ၈သိန်း ကူခဲ့ပါသည် ။အားလုံး Peace ဆိုပြီး ဦးဇော်ကြီးကို တတ်နိုင်တဲ့ဘက်က ကူညီခဲ့တဲ့ Mafia City အဖွဲ့သားတွေရဲ့ အကြောင်းကို ပြောပြထားတာပါ။

လူကြမ်းသရုပ်ဆောင် ဇော်ကြီးကတော့ သူ့ရဲ့ မိသားစုလေးနဲ့ နေထိုင်နေတဲ့ ကျူးကျော်အိမ်လေးကို ဖျက်ပေးရတော့မှာမို့ ဒုက္ခရောက်နေတာပဲ ဖြစ်ပါတယ်။ ယုန်လေးတို့အလှူကြောင့် ဦးဇော်ကြီးတစ်ယောက် သူဝါသနာပါတဲ့ အနုပညာအလုပ်တွေ ပြန်လုပ်ရင်း တော်တော် အဆင်ပြေသွားပါပြီနော်။

အဆိုတော်၊ သရုပ်ဆောင်တဖြစ်လဲ ဒါရိုက်တာ ယုန်လေးကတော့ လတ်တလောမှာ “Mafia City ” ဆိုတဲ့ ရုပ်ရှင်အသစ်ကို ရိုက်ကူးနေတာပါ။ တလောက ပြသခဲ့တဲ့ ယုန်လေးကိုယ်တိုင် သရုပ်ဆောင်ပြီး ဒါရိုက်တာလုပ်ထားတဲ့ “သတိအန္တရာယ်ရှိသည်” ရုပ်ရှင်ဇာတ်ကားကြီးကလည်း အောင်မြင်မှုတွေများစွာ ရရှိထားပါသေးတယ်။ချစ်ပရိသတ်တွေလည်း စိတ်ရင်းကောင်းလွန်းတဲ့ ယုန်လေးရဲ့အလှူကို သာဓုခေါ်သွားလိုက်ကြပါဦးနော်။

share from : burmese.asia

LEAVE A REPLY