Zawgyi ျဖင့္ဖတ္ရန္

 

အခ်စ္ဆိုတာ ေမွာ္ဆန္တယ္ေနာ္။ တစ္ခါတေလ ကိုယ္က အျခားသူတစ္ေယာက္ျဖစ္သြားသလိုကို အခ်စ္ကေျပာင္းလဲေပးပါတယ္။ ဒီလိုခံစားခ်က္ေတြ ျဖစ္ေနၿပီဆိုရင္ေတာ့ သင္တကယ္ခ်စ္မိသြားလို႔ပါ။

(၁) ေသရမွာကိုေၾကာက္တတ္လာတယ္

အရင္က ေသမွာေတြဘာေတြ မေၾကာက္တတ္တဲ့သင္ဟာ အခုေတာ့ ေၾကာက္တတ္ေနပါၿပီ။ သူနဲ႔ ပတ္သက္တဲ့ အနာဂတ္ အစီအစဥ္ေတြ၊ စိတ္ကူး အိပ္မက္ေတြ အမ်ားႀကီးရွိေနတဲ့ အတြက္ အဲဒီ့အရာေတြ မၿပီးေျမာက္ခင္ ေသရမွာ ကိုေတြးေတြးၿပီးေၾကာက္တတ္ေနပါၿပီ။ ဒါဆိုရင္ေတာ့ သင္တကယ္ခ်စ္မိသြားတာ ေသခ်ာေနပါၿပီ။

(၂) အရာအားလုံးလိုက္ေလ်ာေပးတယ္

သူေျပာသမွ်ကိုသင္လိုက္ေလ်ာေပးေနမိမွာပါ။ သူဘယ္သြားခ်င္တယ္၊ ဘာလုပ္ခ်င္တယ္၊ ဘာစားခ်င္လဲ သူေျပာသမွ်အားလုံးကို သင္လိုက္ေလ်ာေပးေနမိမွာပါ။ အေၾကာင္းကေတာ့ လုပ္ခ်င္တာလုပ္ေနရရင္ ေက်နပ္သြားတဲ့ သူ႔မ်က္ႏွာေလးကို သင္အၿမဲျမင္ခ်င္ေနလို႔ပါ။

(၃) ရွစ္စကၠန႔္ေလာက္ပဲ သူ႔အေၾကာင္းမေတြးပဲေနႏိုင္မယ္

ထမင္းစားလည္း သူ႔အေၾကာင္း၊ ေရေသာက္လည္းသူ႔အေၾကာင္း၊ သီခ်င္းနားေထာင္လည္း သူ႔အေၾကာင္း၊ ဘာလုပ္လုပ္ သူ႔အေၾကာင္းကို ပဲေတြးေတြးေနမိမွာပါ။ သူဘာမ်ားလုပ္ေနမလဲ ဆိုတာသင္အၿမဲသိခ်င္ေနသလို သင့္အေၾကာင္းကိုပဲ သူ႔ကိုလည္းေတြးေစခ်င္ေနတယ္။ သင္ေမးလိုက္လို႔ သင့္အေၾကာင္းေတြးေနတာ လို႔မ်ားေျပာခဲ့ရင္ သင့္ရင္ထဲမွာ ပန္းေတြ ပြင့္ေနလိမ့္မယ္။ ဒါဆိုေသခ်ာပါတယ္။ ႐ူး႐ူးမူးမူး ကိုခ်စ္မိေနတာပါ။

(၄) ပိုေကာင္းတဲ့သူတစ္ေယာက္ျဖစ္ခ်င္လာမယ္

သူ႔အတြက္ သင့္ကိုသင္ တစ္ေန႔ထက္တစ္ေန႔ ေကာင္းသထက္ေကာင္းေအာင္ ျပဳျပင္ႀကိဳးစားေနပါလိမ့္မယ္။ သူ႔အတြက္ ဂုဏ္ယူရတဲ့သူ၊ ႏွစ္သက္စရာ ေကာင္းတဲ့သူျဖစ္ေအာင္ သင္အၿမဲႀကိဳးစားေနမိမွာပါ။ သူ႔ဆီက ခ်ီးက်ဴးစကားေလးတစ္ခြန္း ၾကားရရင္ကို သင္အေက်နပ္ႀကီး ေက်နပ္ေနမိမွာပါ။

(၅) တျခားသူေတြဘယ္ေလာက္မိုက္မိုက္သူ႔အၿပဳံးကိုမမွီဘူး

႐ုပ္ေခ်ာတဲ့သူေတြ၊ အလန္းဇယားေတြ ဘယ္ေလာက္ေတြ႕ေတြ႕ သင့္အဖို႔ကေတာ့ သူ႔ရဲ႕အၿပဳံးကသာ ဆြဲေဆာင္မႈအရွိဆုံးျဖစ္ေနမွာပါ။ အေၾကာင္းက သူအရမ္းေခ်ာေနလို႔၊ မိုက္ေနလို႔မဟုတ္ပဲ သင့္ရဲ႕ ခ်စ္တဲ့စိတ္ကသာ သူ႔ကို အလွဆင္ေပးလိုက္တာျဖစ္ပါတယ္။

Credit : Em Em(Auntymay)

Unicode ဖြင့်ဖတ်ရန်

မီးကုန်ယမ်းကုန် ချစ်မိသွားတဲ့ စုံတွဲတွေသာ ရရှိနိုင်တဲ့ ခံစားမှုများ

အချစ်ဆိုတာ မှော်ဆန်တယ်နော်။ တစ်ခါတလေ ကိုယ်က အခြားသူတစ်ယောက်ဖြစ်သွားသလိုကို အချစ်ကပြောင်းလဲပေးပါတယ်။ ဒီလိုခံစားချက်တွေ ဖြစ်နေပြီဆိုရင်တော့ သင်တကယ်ချစ်မိသွားလို့ပါ။

(၁) သေရမှာကိုကြောက်တတ်လာတယ်

အရင်က သေမှာတွေဘာတွေ မကြောက်တတ်တဲ့သင်ဟာ အခုတော့ ကြောက်တတ်နေပါပြီ။ သူနဲ့ ပတ်သက်တဲ့ အနာဂတ် အစီအစဉ်တွေ၊ စိတ်ကူး အိပ်မက်တွေ အများကြီးရှိနေတဲ့ အတွက် အဲဒီ့အရာတွေ မပြီးမြောက်ခင် သေရမှာ ကိုတွေးတွေးပြီးကြောက်တတ်နေပါပြီ။ ဒါဆိုရင်တော့ သင်တကယ်ချစ်မိသွားတာ သေချာနေပါပြီ။

(၂) အရာအားလုံးလိုက်လျောပေးတယ်

သူပြောသမျှကိုသင်လိုက်လျောပေးနေမိမှာပါ။ သူဘယ်သွားချင်တယ်၊ ဘာလုပ်ချင်တယ်၊ ဘာစားချင်လဲ သူပြောသမျှအားလုံးကို သင်လိုက်လျောပေးနေမိမှာပါ။ အကြောင်းကတော့ လုပ်ချင်တာလုပ်နေရရင် ကျေနပ်သွားတဲ့ သူ့မျက်နှာလေးကို သင်အမြဲမြင်ချင်နေလို့ပါ။

(၃) ရှစ်စက္ကန့်လောက်ပဲ သူ့အကြောင်းမတွေးပဲနေနိုင်မယ်

ထမင်းစားလည်း သူ့အကြောင်း၊ ရေသောက်လည်းသူ့အကြောင်း၊ သီချင်းနားထောင်လည်း သူ့အကြောင်း၊ ဘာလုပ်လုပ် သူ့အကြောင်းကို ပဲတွေးတွေးနေမိမှာပါ။ သူဘာများလုပ်နေမလဲ ဆိုတာသင်အမြဲသိချင်နေသလို သင့်အကြောင်းကိုပဲ သူ့ကိုလည်းတွေးစေချင်နေတယ်။ သင်မေးလိုက်လို့ သင့်အကြောင်းတွေးနေတာ လို့များပြောခဲ့ရင် သင့်ရင်ထဲမှာ ပန်းတွေ ပွင့်နေလိမ့်မယ်။ ဒါဆိုသေချာပါတယ်။ ရူးရူးမူးမူး ကိုချစ်မိနေတာပါ။

(၄) ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်ချင်လာမယ်

သူ့အတွက် သင့်ကိုသင် တစ်နေ့ထက်တစ်နေ့ ကောင်းသထက်ကောင်းအောင် ပြုပြင်ကြိုးစားနေပါလိမ့်မယ်။ သူ့အတွက် ဂုဏ်ယူရတဲ့သူ၊ နှစ်သက်စရာ ကောင်းတဲ့သူဖြစ်အောင် သင်အမြဲကြိုးစားနေမိမှာပါ။ သူ့ဆီက ချီးကျူးစကားလေးတစ်ခွန်း ကြားရရင်ကို သင်အကျေနပ်ကြီး ကျေနပ်နေမိမှာပါ။

(၅) တခြားသူတွေဘယ်လောက်မိုက်မိုက်သူ့အပြုံးကိုမမှီဘူး

ရုပ်ချောတဲ့သူတွေ၊ အလန်းဇယားတွေ ဘယ်လောက်တွေ့တွေ့ သင့်အဖို့ကတော့ သူ့ရဲ့အပြုံးကသာ ဆွဲဆောင်မှုအရှိဆုံးဖြစ်နေမှာပါ။ အကြောင်းက သူအရမ်းချောနေလို့၊ မိုက်နေလို့မဟုတ်ပဲ သင့်ရဲ့ ချစ်တဲ့စိတ်ကသာ သူ့ကို အလှဆင်ပေးလိုက်တာဖြစ်ပါတယ်။

Credit : Em Em(Auntymay)

LEAVE A REPLY