Zawgyi ျဖင့္ဖတ္ရန္

(၁၁-၇-၂၀၁၉) ရက္ေန႔တြင္ ျဖစ္ေပၚခဲ့သည့္ ယာယီဝန္ေဆာင္မႈ ဆိုင္းငံ့ခဲ့ေသာ ေငြစာရင္းႏွင့္ ပတ္သက္၍ အမ်ားျပည္သူသို႔ ရွင္းလင္း တင္ျပျခင္း။ယေန႔ျဖစ္ေပၚခဲ့ေသာ ေငြစာရင္းအား ယာယီဆိုင္းငံ့ရန္ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဗဟိုအဖြဲ႕မွ ၫႊန္ၾကားလာသည့္အတြက္ ဝန္ေဆာင္မႈ ယာယီဆိုင္းငံ့ခဲ့ရပါသည္။

ယင္းကိစၥအေပၚ အထူးအေလးထား၍ ဧရာဝတီဘဏ္ အုပ္ခ်ဳပ္မူအဖြဲ႕မွ ဘဏ္၏ လုပ္ထုံးလုပ္နည္းမ်ားကို ျပန္လည္စိစစ္ ေဆြးေႏြးတိုင္ပင္ၿပီး သက္ဆိုင္ရာမွ တရားဝင္စာျဖင့္ ၫႊန္ၾကားခ်က္မျပဳမခ်င္း ယုံၾကည္စြာအပ္ႏွံထားေသာ ေငြစာရင္းပိုင္ရွင္အား ဝန္ေဆာင္မႈ ဆက္လက္ေပးသြားရန္ ဆုံးျဖတ္ခဲ့ၿပီး နာရီပိုင္းအတြင္း ျပန္လည္ ဖြင့္လွစ္ေပးခဲ့ပါေၾကာင္း အသိေပးအပ္ပါသည္။

ထို႔အျပင္ လူႀကီးမင္းတို႔ ယုံၾကည္စြာအပ္နံွထားေသာေငြမ်ား ဆုံးရွဴံးမႈမရွိေစေရးအတြက္ မိမိတို႔ ဧရာဝတီဘဏ္အေနျဖင့္ အျပည့္အ၀ တာဝန္ယူ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ပါေၾကာင္း ေလးစားစြာ အသိေပးအပ္ပါသည္။

အမ်ားျပည္သူမ်ားအေနျဖင့္ စိတ္အေႏွာင့္အယွက္ျဖစ္ေပၚမႈ၊ စိုးရိမ္ပူပန္ရမႈမ်ား ၾကားသိရသည့္အတြက္ မိမိတို႔ ဧရာဝတီဘဏ္အေနျဖင့္ အႏူးအၫြတ္ ေတာင္းပန္အပ္ပါသည္။

Credit: AYA Bank

Unicode ဖြင့်ဖတ်ရန်

“ဗစ်တိုးရီးယားအတွက်ဖွင့်ထားတဲ့ ဘဏ်အကောင့်ယာယီပိတ်ထားမှု ဧရာဝတီဘဏ် ရှင်းလင်းချက်ထုတ်ပြန်”

ဗစ်တိုးရီးယား ဧရာဝတီဘဏ် နာရီပိုင်း
(၁၁-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ယာယီဝန်ဆောင်မှု ဆိုင်းငံ့ခဲ့သော ငွေစာရင်းနှင့် ပတ်သက်၍ အများပြည်သူသို့ ရှင်းလင်း တင်ပြခြင်း။ယနေ့ဖြစ်ပေါ်ခဲ့သော ငွေစာရင်းအား ယာယီဆိုင်းငံ့ရန် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ညွှန်ကြားလာသည့်အတွက် ဝန်ဆောင်မှု ယာယီဆိုင်းငံ့ခဲ့ရပါသည်။

ယင်းကိစ္စအပေါ် အထူးအလေးထား၍ ဧရာဝတီဘဏ် အုပ်ချုပ်မူအဖွဲ့မှ ဘဏ်၏ လုပ်ထုံးလုပ်နည်းများကို ပြန်လည်စိစစ် ဆွေးနွေးတိုင်ပင်ပြီး သက်ဆိုင်ရာမှ တရားဝင်စာဖြင့် ညွှန်ကြားချက်မပြုမချင်း ယုံကြည်စွာအပ်နှံထားသော ငွေစာရင်းပိုင်ရှင်အား ဝန်ဆောင်မှု ဆက်လက်ပေးသွားရန် ဆုံးဖြတ်ခဲ့ပြီး နာရီပိုင်းအတွင်း ပြန်လည် ဖွင့်လှစ်ပေးခဲ့ပါကြောင်း အသိပေးအပ်ပါသည်။

ထို့အပြင် လူကြီးမင်းတို့ ယုံကြည်စွာအပ်နံှထားသောငွေများ ဆုံးရှူံးမှုမရှိစေရေးအတွက် မိမိတို့ ဧရာဝတီဘဏ်အနေဖြင့် အပြည့်အ၀ တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

အများပြည်သူများအနေဖြင့် စိတ်အနှောင့်အယှက်ဖြစ်ပေါ်မှု၊ စိုးရိမ်ပူပန်ရမှုများ ကြားသိရသည့်အတွက် မိမိတို့ ဧရာဝတီဘဏ်အနေဖြင့် အနူးအညွတ် တောင်းပန်အပ်ပါသည်။

Credit: AYA Bank

LEAVE A REPLY