Zawgyi ျဖင့္ဖတ္ရန္

ေက်ာင္းႀကီးၾကပ္ေရးမႉး အမ်ိဳးသမီးရဲ႕ ကားကို ေမာင္းတဲ့သူကို သံသယတရားခံ အျဖစ္ ဖမ္းဆီးထား။

Wisdom Hill မူႀကိဳေက်ာင္းသူေလး သက္ငယ္မုဒိမ္း ျပဳက်င့္ ခံခဲ့ရမႈ ပထဆုံးအႀကိမ္ ႐ုံးခ်ိန္းေရာက္ဖို႔ သီတင္းတစ္ပတ္ပဲ လိုပါေတာ့တယ္။

ေက်ာင္းႀကီးၾကပ္ေရးမႉး အမ်ိဳးသမီးရဲ႕ ကားကိုေမာင္းတဲ့ ကိုေအာင္ႀကီးကို ရဲက ဖမ္းၿပီး မုဒိမ္းမႈနဲ႔ ပုဒ္မတပ္ တရားစြဲထားတာပါ။

လာမယ့္ ဇူလိုင္ ၁၅ ရက္ တနလၤာေန႔ဆိုရင္ ေနျပည္ေတာ္ ဒကၡိဏခ႐ိုင္တရား႐ုံးမွာ စတင္ စစ္ေဆးမွာ ျဖစ္ပါတယ္။

ဒီအမႈမွာ တရားလိုက နစ္နာသူ ကေလးငယ္ရဲ႕ မိခင္ ျဖစ္ပါတယ္။

ဘယ္လို အခ်က္အလက္ေတြ အေပၚ အေျခခံၿပီး သံသယတရားခံ တစ္ေယာက္ကို ရဲက ဖမ္းဆီး တရားစြဲထားလဲ ဆိုတာကို မသိရေသးဘူးလို႔ တရားလို ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္က ေျပာပါတယ္။

အေၾကာင္းကေတာ့ ဒကၡိဏ ခ႐ိုင္ ဥပေဒ႐ုံးက ဒီအမႈအေၾကာင္း တရားလို ေရွ႕ေနေတြနဲ႔ ေလာေလာဆယ္ မေဆြးေႏြး ႏိုင္ေသးဘူးလို႔ ျငင္းဆိုထားတဲ့ အတြက္ ျဖစ္ပါတယ္။

ဒီ အမႈမွာ ဖမ္းဆီးထားတဲ့ သံသယတရားခံနဲ႔ ပတ္သက္ၿပီး “ဗစ္တိုးရီးယားေလး” မိသားစုနဲ႔ တရားလို ေရွ႕ေနေတြက ဘယ္လို ထင္ျမင္ယူဆထားလဲ၊ ဥပေဒေၾကာင္း အရ ဘာေတြ ျပင္ဆင္ ေနလဲ ဆိုတာကို တရားလို ေရွ႕ေနေတြထဲက တစ္ေယာက္ျဖစ္တဲ့ ေဒၚ႐ြက္ႏုေအာင္ကို ဘီဘီစီ ေမးျမန္းထားပါတယ္။

( ၃ ႏွစ္ မျပည့္တဲ့ ကေလးငယ္ေလး ဘယ္သူဘယ္ဝါ ဆိုတာကို မေဖာ္ျပရမယ့္ က်င့္ဝတ္ကို ျမန္မာလူမႈ ဝန္းက်င္က လိုက္နာၿပီး ေအာင္ႏိုင္သူ “ဗစ္တိုးရီးယား” ဆိုၿပီး ရည္ၫႊန္း ေခၚေဝၚ ၾကပါတယ္။ )

ဘီဘီစီ။ ။ ေဒၚ႐ြက္ႏုေအာင္က တရားလို ေရွ႕ေန အျဖစ္ေဆာင္႐ြက္မယ္ ဆိုတာ ေအာင္ႀကီးကို သံသယတရားခံ အျဖစ္ စစ္ေဆးမယ့္ တရားခြင္မွာ တရားလို မိသားစု ဘက္က ေရွ႕ေန အျဖစ္ လုပ္ေဆာင္မယ္ ဆိုတဲ့ အဓိပၸာယ္လား၊ ဒါမွမဟုတ္ ဗစ္တိုးရီးယားေလးနဲ႔ ပတ္သက္သမွ် ကိစၥ အေထြေထြေတြမွာ ဥပေဒေၾကာင္းဆိုင္ရာ ကိုယ္စားျပဳ ေဆာင္႐ြက္ေပးမွာလား။

ေဒၚ႐ြက္ႏုေအာင္။ ။ ဒီအမႈမွာ ေလာေလာကေတာ့ ကြၽန္မရယ္၊ တရားလႊတ္ေတာ္ ေရွ႕ေန ကိုမ်ိဳးေဇာ္ဦးရယ္ ႏွစ္ဦးက လိုက္ပါ ေဆာင္႐ြက္မွာပါ။ ကြၽန္မတို႔က တရားလိုရဲ႕ ေရွ႕ေနေတြ ျဖစ္တဲ့ အတြက္ ဥပေဒအရာရွိရဲ႕ ႀကီးၾကပ္မႈေအာက္ကေန ျပစ္မႈဆိုင္ရာ က်င့္ထုံး ဥပေဒ ၄၉၃ အရ ကြၽန္မတို႔ ေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္။ အဓိက အားျဖင့္ ေအာင္ႀကီး တရားခံ အျဖစ္ပါတဲ့ အမႈမွာ ေဆာင္႐ြက္မွာ ျဖစ္တယ္။ ဒါေပမယ့္ လိုအပ္မယ္ဆိုရင္ ေနာက္ထပ္ ဘယ္လို ကိစၥေတြပဲ ရွိရွိ ဗစ္တိုးရီးယားေလး အတြက္ကို တတ္ႏိုင္တဲ့ ဘက္က ဥပေဒနဲ႔အညီ ကူညီ ေဆာင္႐ြက္ေပးမွာပါ။

ဘီဘီစီ။ ။ ဒီအမႈမွာ ရဲက ေအာင္ႀကီးဆိုသူကို သံသယ တရားခံ အျဖစ္ ဖမ္းတယ္၊ ႐ုံးတင္တယ္၊ ဒါေပမယ့္ ဗစ္တိုးရီးယားတို႔ မိသားစုက တရားလို၊ အဲဒီလိုလား။

ေဒၚ႐ြက္ႏုေအာင္။ ။ ဒီအမႈမွာ တရားလိုက ဗစ္တိုးရီးယားေလးရဲ႕ မိခင္ပါ။

ဘီဘီစီ။ ။ ဒီအမႈနဲ႔ ပတ္သက္ၿပီး ဗစ္တိုးရီးယားေလးရဲ႕ မိသားစုက ေရွ႕ေနကို ဘာေတြ ေျပာလဲ။

ေဒၚ႐ြက္ႏုေအာင္။ ။ သူတို႔က အခင္းျဖစ္တဲ့ ျဖစ္စဥ္ အတိုင္းပဲ ေျပာပါတယ္။ အဲဒီေန႔က ေက်ာင္းပို႔တယ္၊ ေက်ာင္းျပန္လာတာ ေနာက္က်တယ္၊ ထမင္းခ်က္တယ္ လုပ္တဲ့ အခါမွာ သမီးေလး ဆီးသြားခ်င္တယ္၊ မရဘူး၊ ေနာက္ပိုင္း ဖင္ဘုနာတယ္ ဆိုၿပီး သမီးေလး ငိုတယ္၊ ဒီ ျဖစ္စဥ္ ျဖစ္တယ္ေပါ့၊ ျဖစ္တဲ့အခါမွာ ခ်က္ျခင္းပဲ ေဆး႐ုံနဲ႔ ရဲစခန္းေတြကို သြားတယ္။ အဲဒီ အျဖစ္မွန္ေတြကို ဗစ္တိုးရီးယားေလး မိသားစုက တိုင္ၾကားခဲ့တယ္။ တိုင္ၾကားလိုက္တဲ့ အခါမွာ ဘယ္သူဟာ တရားခံလဲ ဆိုၿပီး တာဝန္ရွိသြားတာ တရားစြဲအဖြဲ႕အစည္းနဲ႔ ရဲမွာပဲ တာဝန္ရွိတယ္။ ခ႐ိုင္တရား႐ုံးမွာ စြဲတင္လိုက္တဲ့ အခ်ိန္က်ေတာ့မွ ေအာင္ႀကီးကို တရားခံ အျဖစ္ တရားစြဲ တင္ပို႔ထားတယ္ ဆိုတာ သိရတယ္။ ရဲသည္ တရားစြဲ အဖြဲ႕အစည္းသည္ ဘယ္လို အခ်က္အလက္ေတြအေပၚ မူတည္ၿပီးေတာ့မွ ဒီ ေအာင္ႀကီးကို တရားခံ အျဖစ္ စြဲခဲ့တာလဲ ဆိုတာကို ဗစ္တိုးရီးယားေလးရဲ႕ မိသားစု အပါအဝင္ သူတို႔ရဲ႕ ေရွ႕ေန ကြၽန္မတို႔ေတာင္ အတိအက် မသိရေသးဘူး။

ဘာ့ေၾကာင့္လဲဆိုေတာ့ သံသယတရားခံ ေအာင္ႀကီးကို ႐ုံးတင္ တရားစြဲထားတယ္လို႔ ေၾကညာၿပီး ေနာက္တစ္ရက္မွာပဲ၊ ဇူလိုင္ ၅ ရက္ ေသာၾကာေန႔မွာ ကြၽန္မတို႔ ခ႐ိုင္ ဥပေဒ႐ုံးကို သြားၿပီး အဲဒီအမႈတြဲနဲ႔ ပတ္သက္လို႔ ေဆြးေႏြးခြင့္ေတာင္းတယ္။ ခ႐ိုင္ဥပေဒ အရာရွိက ေဆြးေႏြးခြင့္ မေပးႏိုင္ေသးဘူး၊ ေလာေလာဆယ္ ေဆြးေႏြးခြင့္ မျပဳႏိုင္ေသးဘူးလို႔ ျငင္းဆို လိုက္တယ္။ ဒါ့ေၾကာင့္ ကြၽန္မတို႔က အဲဒီ အမႈတြဲကို ေလ့လာခြင့္ မရခဲ့ဘူး။

ဒီေတာ့ တရားစြဲ အဖြဲ႕အစည္းျဖစ္တဲ့ ဒီအမႈကို တည္ေဆာက္တဲ့ စီအိုင္ဒီနဲ႔ ရဲဟာ ဘယ္အခ်က္အလက္ေတြ၊ ဘယ္ေတြ႕ရွိခ်က္ေတြ အရ၊ ဒီလိုမ်ိဳး ေအာင္ႀကီးကို တရားခံအျဖစ္ စြဲတာလည္း ဆိုတာကို ကြၽန္မတို႔ ေကာင္းေကာင္း မသိရဘူး။

ကြၽန္မတို႔ ဒီ (ဇူလိုင္ ၉ရက္) အဂၤါေန႔မွာ ခ႐ိုင္ ဥပေဒ အရာရွိနဲ႔ ျပန္ၿပီးေတာ့ ခ်ိန္းဆို ထားတာေတာ့ ရွိပါတယ္။ အဲဒီအခါ ကြၽန္မတို႔ ဘာေတြ ေဆြးေႏြးခြင့္ ရမလဲ၊ မရဘူးလဲဆိုတာ အဲဒီအခ်ိန္မွ သိရမွာပါ။

ဘီဘီစီ။ ။ ပုံမွန္ အတိုင္းဆိုရင္ေရာ ႐ုံးေတာ္ဘက္က ဘယ္ေလာက္ အခ်ိန္ယူၿပီးမွ အမႈနဲ႔ဆိုင္တဲ့ စာ႐ြက္စာတမ္းေတြကို ႏွစ္ဘက္ ေရွ႕ေနေရွ႕ရပ္ေတြကို အသိေပးတာ၊ မိတၱဴကူးတာေတြ ခြင့္ျပဳလဲ။

ေဒၚ႐ြက္ႏုေအာင္။ ။ အခု ကြၽန္မတို႔ ေတြ႕ေနရတဲ့ အခက္အခဲက တရား႐ုံးေတာ္နဲ႔ မဆိုင္ပါဘူး၊ ဥေပဒ႐ုံးပါ။ တရား႐ုံးေတာ္ကို ေရာက္ေနတဲ့ အမႈတြဲကိုလည္း တနလၤာေန႔ (ဇူလိုင္ ၈ ရက္) မွာ ကြၽန္မတို႔ တရားဝင္ကူးဖို႔ စီစဥ္ထားတယ္။ အဲဒီဟာေတာ့ ကြၽန္မတို႔ ခ်က္ျခင္းရလိမ့္မယ္လို႔ ယူဆတယ္။

တရား႐ုံးမွာ ရွိတဲ့ အမႈတြဲနဲ႔ ဥပေဒ႐ုံးမွာ ရွိတဲ့ အမႈတြဲ ဆိုတာ မတူဘူးရွင့္။ တရား႐ုံးမွာ ရွိတဲ့ အမႈတြဲကေတာ့ တိုင္စာတို႔၊ တိုင္ခ်က္၊ ရွာေဖြပုံစံနဲ႔ စာ႐ြက္စာတမ္းေတြ ပါတာေပါ့။ ဥပေဒ႐ုံးမွာ ရွိေနတဲ့ အမႈတြဲထဲမွာ ေအာင္ႀကီးကို တရားစြဲခြင့္ျပဳဖို႔ ေပးလိုက္တဲ့ ဥပေဒအရာရွိရဲ႕ အႀကံျပဳခ်က္ေတြ ပါတာေပါ့။

ဘီဘီစီ။ ။ ေအာင္ႀကီးကို တခါ ျပန္လႊတ္ေပးၿပီးမွ အခု တရားခံပါဆိုၿပီး ထပ္ဖမ္းၿပီး တရား႐ုံးတင္ထားတဲ့ အေပၚ ဗစ္တိုးရီးယားေလးတို႔ မိသားစုက ဘယ္လို သေဘာထားမ်ိဳး ရွိေနပါလဲ။

ေဒၚ႐ြက္ႏုေအာင္။ ။ အမွန္အတိုင္းပဲ ျဖစ္ေစခ်င္တာပါ။ ဗစ္တိုးရီးယားေလးရဲ႕ မိသားစု အေနနဲ႔ လူတစ္ေယာက္ကို ေထာင္ခ်ခ်င္တဲ့အတြက္ ဒီအမႈကို တရားစြဲဆိုတာ မဟုတ္ပါဘူး။ သမီးေလးရဲ႕ နစ္နာမႈ အေပၚမွာ တရားစြဲတာပါ။ ကြၽန္မတို႔ႏိုင္ငံမွာ သက္ငယ္မုဒိမ္းေတြ၊ မုဒိမ္းမႈေတြဟာ တရား႐ုံးကိုေရာက္တာ ေတာ္ေတာ္ေလး ရွားပါတယ္။ တရားခြင္ကို ေရာက္လာတဲ့ မုဒိမ္းမႈေတြဟာလည္း တကယ့္ကို အမွန္တရား ျဖစ္ဖို႔ လိုအပ္ပါတယ္။

အခုအမႈက တရားခြင္ကို မေရာက္ခင္ စၿပီး တိုင္လိုက္ခ်ိန္ကတည္းက အခက္အခဲေတြ အမ်ားႀကီး ရင္ဆိုင္ခဲ့ရပါတယ္။ အမႈတြဲ တည္ေဆာက္ၿပီးတဲ့ ေနာက္မွာ တရားခံဟာ ကိုေအာင္ႀကီးပါ ဆိုၿပီး ေျပာလိုက္တဲ့ အခါမွာလည္း ဘယ္ေလာက္ အတိုင္းအတာထိ မွန္ကန္မလဲ ဆိုတာ ကြၽန္မတို႔ အေနနဲ႔ မေျပာႏိုင္ေသးတဲ့ အေနအထား ရွိေနတယ္ေပါ့။

ဆိုလိုခ်င္တာက တရားမွ်တမႈနဲ႔ အမွန္တရားကိုပဲ ရွာေဖြတာပါ။ လူတစ္ေယာက္ကို ေထာင္က်ေစခ်င္တဲ့ စိတ္နဲ႔ ဒီအမႈကို တိုင္ခဲ့တာ မဟုတ္ဘူး။ မျဖစ္မေန တရားခံပဲ ဆိုၿပီး ဆြဲထုတ္လာတဲ့ အေျခအေနမ်ိဳးကိုေတာ့ ဘယ္သူပဲ ျဖစ္ျဖစ္ မလိုခ်င္ဘူး။

ဘီဘီစီ။ ။ လူမႈ အသိုင္းအဝိုင္းထဲမွာလည္း ရန္ကုန္အပါအဝင္ တခ်ိဳ႕ၿမိဳ႕ေတြမွာ ဗစ္တိုးရီးယားေလး အတြက္ တရားမွ်တမႈ ေဖာ္ေဆာင္ေပးပါဆိုတဲ့ ေတာင္းဆိုသံေတြနဲ႔ လူေတြ စုေဝး လွည့္လည္တာေတြ လုပ္လာတယ္။ တရား႐ုံးေတာ္ကို တရားခံတစ္ေယာက္ေရာက္လာတဲ့ အေျခအေနမွာလည္း တရားမွ်တမႈကို ေဖာ္ေဆာင္ေပးဖို႔ ထပ္ၿပီး လိုေနေသးတယ္ဆိုတဲ့ သေဘာတာအျမင္မ်ိဳးေတြ ေတြ႕ေနရတယ္။ ဒီေတာ့ ကာယကံရွင္ မိသားစုနဲ႔ ေဒၚ႐ြက္ႏုေအာင္တို႔လို ေရွ႕ေနေတြ အေနနဲ႔ေရာ အခုအေျခအေနဟာ အမွန္တရားကို ဆက္ၿပီး ေဖာ္ထုတ္ေပးဖို႔ လိုအပ္ေနေသးတဲ့ အေျခအေနလို႔ ယူဆထားၾကလား။

ေဒၚ႐ြက္ႏုေအာင္။ ။ အမွန္တရားကို ဆက္ၿပီး ေဖာ္ထုတ္ေပးဖို႔ လိုအပ္ေနေသးတယ္ဆိုတဲ့ အေျခအေန ဆိုၿပီး တႏိုင္ငံလုံး အတိုင္းအတာ အေနနဲ႔ သတ္မွတ္ထား ၾကတာဟာ အားလုံး သိသာေနတဲ့ အေျခအေနတစ္ခု ျဖစ္ေနတာေပါ့။ ကြၽန္မတို႔ကေတာ့ တရားခြင္မွာ ရွိေနတဲ့ ကြၽန္မတို႔ရဲ႕ အလုပ္ကို တာဝန္ေက်ေအာင္လုပ္မယ္။

ဘီဘီစီ။ ။ ဒီအမႈမွာ လြတ္ေျမာက္ေနဆဲ က်ဴးလြန္သူ/က်ဴးလြန္သူေတြ ရွိေနေသးတယ္ ဆိုတဲ့ အဓိပၸာယ္မ်ိဳးကို ေျပာတာလား။

ေဒၚ႐ြက္ႏုေအာင္။ ။ ျပည္သူေတြက တရားမွ်တမႈကို ေတာင္းဆိုေနတယ္ ဆိုတာ တရားမွ်တမႈ ရရွိဖို႔ လိုအပ္ေနေသးတယ္လို႔ ယူဆတဲ့ အတြက္ ေတာင္းဆိုၾကတာပါ။ ဥပမာ ဆိုလိုရွိရင္၊ တရားခံဟာ ေအာင္ႀကီးဆိုၿပီး တရားခြင္ကို ေရာက္လာခဲ့တယ္၊ ဒါဆိုရင္ ဒီေက်ာင္းရဲ႕ ပရိဝုဏ္ထဲမွာ ျဖစ္ခဲ့ရဲ႕သားနဲ႔ သမီးငယ္ေလးရဲ႕ အက်ႌကိုလဲၿပီးေတာ့ ေဆးေၾကာ ေပးခဲ့တယ္ ဆိုတဲ့ ဆရာမႏွင္းႏု၊ ေနာက္ၿပီးေတာ့ သမီးငယ္ေလးက အစကတည္းကေျပာတဲ့ “ကိုကို” ဆိုတဲ့ဟာ။ အမွန္တရားရွာေဖြတဲ့ အခါ ဒါေတြဟာ ဘာ့ေၾကာင့္ မပါလာရတာလဲ ဆိုတဲ့ ေမးခြန္းေတြ ရွိေနတယ္ေလ။ အဲဒီလို ရွိေနတဲ့ အတြက္ ဒါဟာ အမွန္တရား ေဖာ္ထုတ္ဖို႔ လိုအပ္ေနေသးတယ္လို႔ ျပည္သူေတြက ယူဆေနၾကတာ။

ဘီဘီစီ။ ။ ေအာင္ႀကီးကို ႐ုံးတင္ၿပီး စစ္ေတာ့မယ့္ တရားခြင္မွာ ေဒၚ႐ြက္ႏုေအာင္တို႔လို တရားလိုေရွ႕ေနေတြက ဒီလူကေတာ့ က်ဴးလြန္သူပါ၊ အျပစ္ရွိပါတယ္ ဆိုၿပီး ေလွ်ာက္လဲ ရမွာ မဟုတ္ဘူးလား။

ေဒၚ႐ြက္ႏုေအာင္။ ။ အမႈတြဲရဲ႕ ေပၚေပါက္ခ်က္က ဘာေတြ ရွိတယ္ဆိုတာ ကြၽန္မတို႔ မသိေသးဘူး ဆိုတာ ေစာေစာက ကြၽန္မေျပာခဲ့ပါတယ္။ ကြၽန္မတို႔ဟာ လူတစ္ေယာက္ ေထာင္က်ဖို႔ အတြက္ ဗစ္တိုးရီးယား ဘက္က လိုက္ပါ ေဆာင္႐ြက္တာ မဟုတ္ဘဲနဲ႔ ၊ ဗစ္တိုးရီးယားအတြက္ တရားမွ်တမႈနဲ႔ အမွန္တရား ေပၚေပါက္ေရး အတြက္သာ ေဆာင္႐ြက္တာ ျဖစ္တဲ့ အတြက္၊ အမႈတြဲရဲ႕ ေပၚေပါက္ခ်က္ အေျခအေနကို ၾကည့္ၿပီးတဲ့ ေနာက္မွာမွ သုံးသပ္ၿပီး လုပ္ငန္းစဥ္ကို ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။

Credit to BBC

Unicode ဖြင့်ဖတ်ရန်

သံသယတရားခံကို ဗစ်တိုးရီးယား မိသားစု ဘယ်လို သဘောထားလဲ

ကျောင်းကြီးကြပ်ရေးမှူး အမျိုးသမီးရဲ့ ကားကို မောင်းတဲ့သူကို သံသယတရားခံ အဖြစ် ဖမ်းဆီးထား။

Wisdom Hill မူကြိုကျောင်းသူလေး သက်ငယ်မုဒိမ်း ပြုကျင့် ခံခဲ့ရမှု ပထဆုံးအကြိမ် ရုံးချိန်းရောက်ဖို့ သီတင်းတစ်ပတ်ပဲ လိုပါတော့တယ်။

ကျောင်းကြီးကြပ်ရေးမှူး အမျိုးသမီးရဲ့ ကားကိုမောင်းတဲ့ ကိုအောင်ကြီးကို ရဲက ဖမ်းပြီး မုဒိမ်းမှုနဲ့ ပုဒ်မတပ် တရားစွဲထားတာပါ။

လာမယ့် ဇူလိုင် ၁၅ ရက် တနင်္လာနေ့ဆိုရင် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ စတင် စစ်ဆေးမှာ ဖြစ်ပါတယ်။

ဒီအမှုမှာ တရားလိုက နစ်နာသူ ကလေးငယ်ရဲ့ မိခင် ဖြစ်ပါတယ်။

ဘယ်လို အချက်အလက်တွေ အပေါ် အခြေခံပြီး သံသယတရားခံ တစ်ယောက်ကို ရဲက ဖမ်းဆီး တရားစွဲထားလဲ ဆိုတာကို မသိရသေးဘူးလို့ တရားလို ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

အကြောင်းကတော့ ဒက္ခိဏ ခရိုင် ဥပဒေရုံးက ဒီအမှုအကြောင်း တရားလို ရှေ့နေတွေနဲ့ လောလောဆယ် မဆွေးနွေး နိုင်သေးဘူးလို့ ငြင်းဆိုထားတဲ့ အတွက် ဖြစ်ပါတယ်။

ဒီ အမှုမှာ ဖမ်းဆီးထားတဲ့ သံသယတရားခံနဲ့ ပတ်သက်ပြီး “ဗစ်တိုးရီးယားလေး” မိသားစုနဲ့ တရားလို ရှေ့နေတွေက ဘယ်လို ထင်မြင်ယူဆထားလဲ၊ ဥပဒေကြောင်း အရ ဘာတွေ ပြင်ဆင် နေလဲ ဆိုတာကို တရားလို ရှေ့နေတွေထဲက တစ်ယောက်ဖြစ်တဲ့ ဒေါ်ရွက်နုအောင်ကို ဘီဘီစီ မေးမြန်းထားပါတယ်။

( ၃ နှစ် မပြည့်တဲ့ ကလေးငယ်လေး ဘယ်သူဘယ်ဝါ ဆိုတာကို မဖော်ပြရမယ့် ကျင့်ဝတ်ကို မြန်မာလူမှု ဝန်းကျင်က လိုက်နာပြီး အောင်နိုင်သူ “ဗစ်တိုးရီးယား” ဆိုပြီး ရည်ညွှန်း ခေါ်ဝေါ် ကြပါတယ်။ )

ဘီဘီစီ။ ။ ဒေါ်ရွက်နုအောင်က တရားလို ရှေ့နေ အဖြစ်ဆောင်ရွက်မယ် ဆိုတာ အောင်ကြီးကို သံသယတရားခံ အဖြစ် စစ်ဆေးမယ့် တရားခွင်မှာ တရားလို မိသားစု ဘက်က ရှေ့နေ အဖြစ် လုပ်ဆောင်မယ် ဆိုတဲ့ အဓိပ္ပာယ်လား၊ ဒါမှမဟုတ် ဗစ်တိုးရီးယားလေးနဲ့ ပတ်သက်သမျှ ကိစ္စ အထွေထွေတွေမှာ ဥပဒေကြောင်းဆိုင်ရာ ကိုယ်စားပြု ဆောင်ရွက်ပေးမှာလား။

ဒေါ်ရွက်နုအောင်။ ။ ဒီအမှုမှာ လောလောကတော့ ကျွန်မရယ်၊ တရားလွှတ်တော် ရှေ့နေ ကိုမျိုးဇော်ဦးရယ် နှစ်ဦးက လိုက်ပါ ဆောင်ရွက်မှာပါ။ ကျွန်မတို့က တရားလိုရဲ့ ရှေ့နေတွေ ဖြစ်တဲ့ အတွက် ဥပဒေအရာရှိရဲ့ ကြီးကြပ်မှုအောက်ကနေ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၄၉၃ အရ ကျွန်မတို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဓိက အားဖြင့် အောင်ကြီး တရားခံ အဖြစ်ပါတဲ့ အမှုမှာ ဆောင်ရွက်မှာ ဖြစ်တယ်။ ဒါပေမယ့် လိုအပ်မယ်ဆိုရင် နောက်ထပ် ဘယ်လို ကိစ္စတွေပဲ ရှိရှိ ဗစ်တိုးရီးယားလေး အတွက်ကို တတ်နိုင်တဲ့ ဘက်က ဥပဒေနဲ့အညီ ကူညီ ဆောင်ရွက်ပေးမှာပါ။

ဘီဘီစီ။ ။ ဒီအမှုမှာ ရဲက အောင်ကြီးဆိုသူကို သံသယ တရားခံ အဖြစ် ဖမ်းတယ်၊ ရုံးတင်တယ်၊ ဒါပေမယ့် ဗစ်တိုးရီးယားတို့ မိသားစုက တရားလို၊ အဲဒီလိုလား။

ဒေါ်ရွက်နုအောင်။ ။ ဒီအမှုမှာ တရားလိုက ဗစ်တိုးရီးယားလေးရဲ့ မိခင်ပါ။

ဘီဘီစီ။ ။ ဒီအမှုနဲ့ ပတ်သက်ပြီး ဗစ်တိုးရီးယားလေးရဲ့ မိသားစုက ရှေ့နေကို ဘာတွေ ပြောလဲ။

ဒေါ်ရွက်နုအောင်။ ။ သူတို့က အခင်းဖြစ်တဲ့ ဖြစ်စဉ် အတိုင်းပဲ ပြောပါတယ်။ အဲဒီနေ့က ကျောင်းပို့တယ်၊ ကျောင်းပြန်လာတာ နောက်ကျတယ်၊ ထမင်းချက်တယ် လုပ်တဲ့ အခါမှာ သမီးလေး ဆီးသွားချင်တယ်၊ မရဘူး၊ နောက်ပိုင်း ဖင်ဘုနာတယ် ဆိုပြီး သမီးလေး ငိုတယ်၊ ဒီ ဖြစ်စဉ် ဖြစ်တယ်ပေါ့၊ ဖြစ်တဲ့အခါမှာ ချက်ခြင်းပဲ ဆေးရုံနဲ့ ရဲစခန်းတွေကို သွားတယ်။ အဲဒီ အဖြစ်မှန်တွေကို ဗစ်တိုးရီးယားလေး မိသားစုက တိုင်ကြားခဲ့တယ်။ တိုင်ကြားလိုက်တဲ့ အခါမှာ ဘယ်သူဟာ တရားခံလဲ ဆိုပြီး တာဝန်ရှိသွားတာ တရားစွဲအဖွဲ့အစည်းနဲ့ ရဲမှာပဲ တာဝန်ရှိတယ်။ ခရိုင်တရားရုံးမှာ စွဲတင်လိုက်တဲ့ အချိန်ကျတော့မှ အောင်ကြီးကို တရားခံ အဖြစ် တရားစွဲ တင်ပို့ထားတယ် ဆိုတာ သိရတယ်။ ရဲသည် တရားစွဲ အဖွဲ့အစည်းသည် ဘယ်လို အချက်အလက်တွေအပေါ် မူတည်ပြီးတော့မှ ဒီ အောင်ကြီးကို တရားခံ အဖြစ် စွဲခဲ့တာလဲ ဆိုတာကို ဗစ်တိုးရီးယားလေးရဲ့ မိသားစု အပါအဝင် သူတို့ရဲ့ ရှေ့နေ ကျွန်မတို့တောင် အတိအကျ မသိရသေးဘူး။

ဘာ့ကြောင့်လဲဆိုတော့ သံသယတရားခံ အောင်ကြီးကို ရုံးတင် တရားစွဲထားတယ်လို့ ကြေညာပြီး နောက်တစ်ရက်မှာပဲ၊ ဇူလိုင် ၅ ရက် သောကြာနေ့မှာ ကျွန်မတို့ ခရိုင် ဥပဒေရုံးကို သွားပြီး အဲဒီအမှုတွဲနဲ့ ပတ်သက်လို့ ဆွေးနွေးခွင့်တောင်းတယ်။ ခရိုင်ဥပဒေ အရာရှိက ဆွေးနွေးခွင့် မပေးနိုင်သေးဘူး၊ လောလောဆယ် ဆွေးနွေးခွင့် မပြုနိုင်သေးဘူးလို့ ငြင်းဆို လိုက်တယ်။ ဒါ့ကြောင့် ကျွန်မတို့က အဲဒီ အမှုတွဲကို လေ့လာခွင့် မရခဲ့ဘူး။

ဒီတော့ တရားစွဲ အဖွဲ့အစည်းဖြစ်တဲ့ ဒီအမှုကို တည်ဆောက်တဲ့ စီအိုင်ဒီနဲ့ ရဲဟာ ဘယ်အချက်အလက်တွေ၊ ဘယ်တွေ့ရှိချက်တွေ အရ၊ ဒီလိုမျိုး အောင်ကြီးကို တရားခံအဖြစ် စွဲတာလည်း ဆိုတာကို ကျွန်မတို့ ကောင်းကောင်း မသိရဘူး။

ကျွန်မတို့ ဒီ (ဇူလိုင် ၉ရက်) အင်္ဂါနေ့မှာ ခရိုင် ဥပဒေ အရာရှိနဲ့ ပြန်ပြီးတော့ ချိန်းဆို ထားတာတော့ ရှိပါတယ်။ အဲဒီအခါ ကျွန်မတို့ ဘာတွေ ဆွေးနွေးခွင့် ရမလဲ၊ မရဘူးလဲဆိုတာ အဲဒီအချိန်မှ သိရမှာပါ။

ဘီဘီစီ။ ။ ပုံမှန် အတိုင်းဆိုရင်ရော ရုံးတော်ဘက်က ဘယ်လောက် အချိန်ယူပြီးမှ အမှုနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေကို နှစ်ဘက် ရှေ့နေရှေ့ရပ်တွေကို အသိပေးတာ၊ မိတ္တူကူးတာတွေ ခွင့်ပြုလဲ။

ဒေါ်ရွက်နုအောင်။ ။ အခု ကျွန်မတို့ တွေ့နေရတဲ့ အခက်အခဲက တရားရုံးတော်နဲ့ မဆိုင်ပါဘူး၊ ဥပေဒရုံးပါ။ တရားရုံးတော်ကို ရောက်နေတဲ့ အမှုတွဲကိုလည်း တနင်္လာနေ့ (ဇူလိုင် ၈ ရက်) မှာ ကျွန်မတို့ တရားဝင်ကူးဖို့ စီစဉ်ထားတယ်။ အဲဒီဟာတော့ ကျွန်မတို့ ချက်ခြင်းရလိမ့်မယ်လို့ ယူဆတယ်။

တရားရုံးမှာ ရှိတဲ့ အမှုတွဲနဲ့ ဥပဒေရုံးမှာ ရှိတဲ့ အမှုတွဲ ဆိုတာ မတူဘူးရှင့်။ တရားရုံးမှာ ရှိတဲ့ အမှုတွဲကတော့ တိုင်စာတို့၊ တိုင်ချက်၊ ရှာဖွေပုံစံနဲ့ စာရွက်စာတမ်းတွေ ပါတာပေါ့။ ဥပဒေရုံးမှာ ရှိနေတဲ့ အမှုတွဲထဲမှာ အောင်ကြီးကို တရားစွဲခွင့်ပြုဖို့ ပေးလိုက်တဲ့ ဥပဒေအရာရှိရဲ့ အကြံပြုချက်တွေ ပါတာပေါ့။

ဘီဘီစီ။ ။ အောင်ကြီးကို တခါ ပြန်လွှတ်ပေးပြီးမှ အခု တရားခံပါဆိုပြီး ထပ်ဖမ်းပြီး တရားရုံးတင်ထားတဲ့ အပေါ် ဗစ်တိုးရီးယားလေးတို့ မိသားစုက ဘယ်လို သဘောထားမျိုး ရှိနေပါလဲ။

ဒေါ်ရွက်နုအောင်။ ။ အမှန်အတိုင်းပဲ ဖြစ်စေချင်တာပါ။ ဗစ်တိုးရီးယားလေးရဲ့ မိသားစု အနေနဲ့ လူတစ်ယောက်ကို ထောင်ချချင်တဲ့အတွက် ဒီအမှုကို တရားစွဲဆိုတာ မဟုတ်ပါဘူး။ သမီးလေးရဲ့ နစ်နာမှု အပေါ်မှာ တရားစွဲတာပါ။ ကျွန်မတို့နိုင်ငံမှာ သက်ငယ်မုဒိမ်းတွေ၊ မုဒိမ်းမှုတွေဟာ တရားရုံးကိုရောက်တာ တော်တော်လေး ရှားပါတယ်။ တရားခွင်ကို ရောက်လာတဲ့ မုဒိမ်းမှုတွေဟာလည်း တကယ့်ကို အမှန်တရား ဖြစ်ဖို့ လိုအပ်ပါတယ်။

အခုအမှုက တရားခွင်ကို မရောက်ခင် စပြီး တိုင်လိုက်ချိန်ကတည်းက အခက်အခဲတွေ အများကြီး ရင်ဆိုင်ခဲ့ရပါတယ်။ အမှုတွဲ တည်ဆောက်ပြီးတဲ့ နောက်မှာ တရားခံဟာ ကိုအောင်ကြီးပါ ဆိုပြီး ပြောလိုက်တဲ့ အခါမှာလည်း ဘယ်လောက် အတိုင်းအတာထိ မှန်ကန်မလဲ ဆိုတာ ကျွန်မတို့ အနေနဲ့ မပြောနိုင်သေးတဲ့ အနေအထား ရှိနေတယ်ပေါ့။

ဆိုလိုချင်တာက တရားမျှတမှုနဲ့ အမှန်တရားကိုပဲ ရှာဖွေတာပါ။ လူတစ်ယောက်ကို ထောင်ကျစေချင်တဲ့ စိတ်နဲ့ ဒီအမှုကို တိုင်ခဲ့တာ မဟုတ်ဘူး။ မဖြစ်မနေ တရားခံပဲ ဆိုပြီး ဆွဲထုတ်လာတဲ့ အခြေအနေမျိုးကိုတော့ ဘယ်သူပဲ ဖြစ်ဖြစ် မလိုချင်ဘူး။

ဘီဘီစီ။ ။ လူမှု အသိုင်းအဝိုင်းထဲမှာလည်း ရန်ကုန်အပါအဝင် တချို့မြို့တွေမှာ ဗစ်တိုးရီးယားလေး အတွက် တရားမျှတမှု ဖော်ဆောင်ပေးပါဆိုတဲ့ တောင်းဆိုသံတွေနဲ့ လူတွေ စုဝေး လှည့်လည်တာတွေ လုပ်လာတယ်။ တရားရုံးတော်ကို တရားခံတစ်ယောက်ရောက်လာတဲ့ အခြေအနေမှာလည်း တရားမျှတမှုကို ဖော်ဆောင်ပေးဖို့ ထပ်ပြီး လိုနေသေးတယ်ဆိုတဲ့ သဘောတာအမြင်မျိုးတွေ တွေ့နေရတယ်။ ဒီတော့ ကာယကံရှင် မိသားစုနဲ့ ဒေါ်ရွက်နုအောင်တို့လို ရှေ့နေတွေ အနေနဲ့ရော အခုအခြေအနေဟာ အမှန်တရားကို ဆက်ပြီး ဖော်ထုတ်ပေးဖို့ လိုအပ်နေသေးတဲ့ အခြေအနေလို့ ယူဆထားကြလား။

ဒေါ်ရွက်နုအောင်။ ။ အမှန်တရားကို ဆက်ပြီး ဖော်ထုတ်ပေးဖို့ လိုအပ်နေသေးတယ်ဆိုတဲ့ အခြေအနေ ဆိုပြီး တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ သတ်မှတ်ထား ကြတာဟာ အားလုံး သိသာနေတဲ့ အခြေအနေတစ်ခု ဖြစ်နေတာပေါ့။ ကျွန်မတို့ကတော့ တရားခွင်မှာ ရှိနေတဲ့ ကျွန်မတို့ရဲ့ အလုပ်ကို တာဝန်ကျေအောင်လုပ်မယ်။

ဘီဘီစီ။ ။ ဒီအမှုမှာ လွတ်မြောက်နေဆဲ ကျူးလွန်သူ/ကျူးလွန်သူတွေ ရှိနေသေးတယ် ဆိုတဲ့ အဓိပ္ပာယ်မျိုးကို ပြောတာလား။

ဒေါ်ရွက်နုအောင်။ ။ ပြည်သူတွေက တရားမျှတမှုကို တောင်းဆိုနေတယ် ဆိုတာ တရားမျှတမှု ရရှိဖို့ လိုအပ်နေသေးတယ်လို့ ယူဆတဲ့ အတွက် တောင်းဆိုကြတာပါ။ ဥပမာ ဆိုလိုရှိရင်၊ တရားခံဟာ အောင်ကြီးဆိုပြီး တရားခွင်ကို ရောက်လာခဲ့တယ်၊ ဒါဆိုရင် ဒီကျောင်းရဲ့ ပရိဝုဏ်ထဲမှာ ဖြစ်ခဲ့ရဲ့သားနဲ့ သမီးငယ်လေးရဲ့ အင်္ကျီကိုလဲပြီးတော့ ဆေးကြော ပေးခဲ့တယ် ဆိုတဲ့ ဆရာမနှင်းနု၊ နောက်ပြီးတော့ သမီးငယ်လေးက အစကတည်းကပြောတဲ့ “ကိုကို” ဆိုတဲ့ဟာ။ အမှန်တရားရှာဖွေတဲ့ အခါ ဒါတွေဟာ ဘာ့ကြောင့် မပါလာရတာလဲ ဆိုတဲ့ မေးခွန်းတွေ ရှိနေတယ်လေ။ အဲဒီလို ရှိနေတဲ့ အတွက် ဒါဟာ အမှန်တရား ဖော်ထုတ်ဖို့ လိုအပ်နေသေးတယ်လို့ ပြည်သူတွေက ယူဆနေကြတာ။

ဘီဘီစီ။ ။ အောင်ကြီးကို ရုံးတင်ပြီး စစ်တော့မယ့် တရားခွင်မှာ ဒေါ်ရွက်နုအောင်တို့လို တရားလိုရှေ့နေတွေက ဒီလူကတော့ ကျူးလွန်သူပါ၊ အပြစ်ရှိပါတယ် ဆိုပြီး လျှောက်လဲ ရမှာ မဟုတ်ဘူးလား။

ဒေါ်ရွက်နုအောင်။ ။ အမှုတွဲရဲ့ ပေါ်ပေါက်ချက်က ဘာတွေ ရှိတယ်ဆိုတာ ကျွန်မတို့ မသိသေးဘူး ဆိုတာ စောစောက ကျွန်မပြောခဲ့ပါတယ်။ ကျွန်မတို့ဟာ လူတစ်ယောက် ထောင်ကျဖို့ အတွက် ဗစ်တိုးရီးယား ဘက်က လိုက်ပါ ဆောင်ရွက်တာ မဟုတ်ဘဲနဲ့ ၊ ဗစ်တိုးရီးယားအတွက် တရားမျှတမှုနဲ့ အမှန်တရား ပေါ်ပေါက်ရေး အတွက်သာ ဆောင်ရွက်တာ ဖြစ်တဲ့ အတွက်၊ အမှုတွဲရဲ့ ပေါ်ပေါက်ချက် အခြေအနေကို ကြည့်ပြီးတဲ့ နောက်မှာမှ သုံးသပ်ပြီး လုပ်ငန်းစဉ်ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

Credit to BBC

LEAVE A REPLY