Zawgyi ျဖင့္ဖတ္ရန္

 

ခ်စ္စ ခင္စ ၾကင္နာစ အခ်ိန္ေတြက ၾကည္ႏူးစရာအေကာင္းဆံုးအခ်ိန္ေတြပါပဲ။ ေန႔ရက္တိုင္းက ကိုရီးယားအခ်စ္ဇာတ္လမ္းေလးလိုပဲ ရင္ခုန္စရာေတြ အျပည့္ပါပဲ။ ဒါေပမဲ့ ခ်စ္သူသက္တမ္းက ႏွစ္႐ွည္လမ်ားၾကာလာတဲ့အခါမွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ဝင္စားမႈေလ်ာ့သြားၿပီး အခ်စ္ေတြလည္း တျဖည္းျဖည္း ေမွးမွိန္ေပ်ာက္ကြယ္သြားတတ္ပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ အရင္လို ဂ႐ုမစိုက္အားေတာ့ဘဲ ေန႔စဥ္ဘဝထဲမွာပဲ လံုးလည္ပတ္ခ်ာလိုက္လာပါေတာ့တယ္။

အဲ့ဒီအခ်ိန္မွာ သင္တို႔ရဲ႕ အခ်စ္ကို အရင္လို ေႏြးေႏြးေထြးေထြးျပန္ျဖစ္သြားေအာင္ ျပဳလုပ္ေပးဖို႔ လိုေနပါၿပီ။ ဘယ္လိုနည္းလမ္းေလးေတြ အသံုးျပဳရမလဲဆိုတာ ဆက္ဖတ္ၾကည့္လိုက္ရေအာင္။

သင့္ရဲ႕ ခ်စ္သူကို ခ်ီးမြမ္းစကားဆိုပါ

လူတိုင္းက ခ်ီးမြမ္းခံရတာကို ႀကိဳက္ႏွစ္သက္ၾကပါတယ္။ ကုိယ့္ခ်စ္သူက ကိုယ့္ကို ခ်ီးမြမ္းမယ္ဆိုရင္ ပိုလို႔ေတာင္ ေပ်ာ္ရႊင္တတ္ၾကပါတယ္။ မေကာင္းျမင္စိတ္နဲ႔ ေဝဖန္ျပစ္တင္ေနမယ့္အစား ခ်စ္တဲ့စိတ္နဲ႔ ခ်ီးက်ဴးေပးမယ္ဆိုရင္ သင့္ အနားမွာေနရတာ ေပ်ာ္ရႊင္သထက္ ေပ်ာ္ရႊင္လာတာေၾကာင့္ သင့္အေၾကာင္းေလးပဲ တစ္ခ်ိန္လံုး စဥ္းစားမိေနမွာျဖစ္ပါတယ္။

ပထမဦးဆံုး ဒိတ္လုပ္တဲ့အေၾကာင္းေလးေတြကို ျပန္ေျပာင္းေျပာျပပါ

သင္တို႔ ပထမဦးဆံုး ေတြ႔ဆံုတုန္းက ႏွစ္ဦးသားလံုး ရင္ခုန္သံျမန္ေနမွာကေတာ့ ေျပာစရာလိုမယ္မထင္ပါဘူး။ ၾကည္ႏူးစရာေကာင္းတဲ့ အမွတ္တရေလးေတြကို ျပန္လည္တူးေဖာ္ျခင္းက သင္တို႔ရဲ႕ အခ်စ္ေရး ခိုင္ၿမဲသထက္ ခိုင္ၿမဲလာေအာင္ ပိုမိုေႏြးေထြးလာေအာင္ ကူညီေပးပါလိမ့္မယ္။

ေလ့က်င့္ခန္း အတူတူလုပ္ပါ

သြားအတူ၊ လာအတူ၊ မုန္႔စား အတူတူဆိုရင္ ေလ့က်င့္ခန္းကိုေရာ ဘာလို႔ အတူတူမလုပ္ႏိုင္ရမွာလဲ။ ေလ့က်င့္ခန္းျပဳလုပ္ျခင္းက က်န္းမာတဲ့ခႏၶာကိုယ္နဲ႔ တက္ၾကြတဲ့စိတ္အာ႐ံုကို ေပးစြမ္းႏိုင္ပါတယ္။ စံုတြဲလိုက္ ေလ့က်င့္ခန္း အတူတူလုပ္ျဖစ္တဲ့အခါ တစ္ေယာက္နဲ႔ တစ္ေယာက္ ကူညီေဖးမႏိုင္ၿပီး နားလည္မႈလည္း ပိုမိုထား႐ွိလာႏိုင္မွာပဲျဖစ္ပါတယ္။ တစ္ခု႐ွိတာကေတာ့ Gym သြားၿပီး ေလ့က်င့္ခန္းသြားလုပ္ေနတာထက္ စံုတြဲလိုက္ႀကီး ေဘးပတ္ဝန္းက်င္ကလူေတြ မ်က္စိေနာက္စရာေကာင္းေလာက္ေအာင္ အကဲပိုေနတာမ်ိဳးကိုေတာ့ ေ႐ွာင္ၾကဥ္သင့္ပါတယ္။

သင့္ ခ်စ္သူကို အံ့အားသင့္သြားေအာင္ စပ႐ိုက္တိုက္ပါ

စပ႐ိုက္ အခ်ိဳရည္တိုက္ခိုင္းတာ မဟုတ္ပါဘူးေနာ္။ သူ ထင္မွတ္မထားဘဲ ေပ်ာ္ရႊင္သြားေအာင္ အံ့အားသင့္ေစမယ့္ စပ႐ိုက္မ်ိဳး လုပ္ခိုင္းတာပါ။ ကုိယ့္ခ်စ္သူကို ေပ်ာ္ရႊင္ေအာင္ လုပ္ေပးတာ ေယာက်ာ္းေလးမွ မိန္းကေလးမွ မခြဲထားပါဘူး။ တန္ဖိုးနည္းတယ္၊ မ်ားတယ္ ပဓာနမထားဘဲ ကိုယ္လုပ္တတ္တဲ့အရာေလးနဲ႔ စပ႐ိုက္ျဖစ္သြားေအာင္ လုပ္ေပးလိုက္ပါ။

စတိုင္လ္က်က်နဲ႔ ျပင္ျပင္ဆင္ဆင္ ဝတ္စားသြားလာပါ

ခ်စ္သူသက္တမ္းအစတုန္းကေတာ့ ဘယ္ေနရာပဲသြားသြား မိတ္ကပ္ေလး လွလွေလးလိမ္းၿပီး အဝတ္အစားလွလွေလးဝတ္သြားတယ္။ ရည္းစားသက္တမ္းၾကာေတာ့မွ ျပင္ျပင္ဆင္ဆင္မေနဘူးဆိုရင္ေတာ့ မဟုတ္ေသးပါဘူး။ လူတိုင္းက အလွအပႀကိဳက္ၾကပါတယ္။ မျပင္မဆင္ဘဲ ထြက္ေတြ႔တယ္ဆိုလည္း တစ္ေခါက္၊ ႏွစ္ေခါက္ဆို လံုေလာက္ပါၿပီ။ ႐ုပ္လွလို႔ ခ်စ္တာမဟုတ္ဘူးလို႔ ေျပာေနေပမယ့္ ဘယ္အရာကမွ အာမခံခ်က္မ႐ွိဘူးဆိုတာ မေမ့လိုက္ပါနဲ႔။ အခုေခတ္မွာ စႏႈိက္မေလးေတြက ခပ္ေပါေပါရယ္။

Credit : Mystyle

Unicode ဖြင့်ဖတ်ရန်

အေးစက်သွားတဲ့အချစ်ရေးကိုနွေးထွေးသွားအောင်ဘယ်လိုပြန်အသက်သွင်းမလဲ

ချစ်စ ခင်စ ကြင်နာစ အချိန်တွေက ကြည်နူးစရာအကောင်းဆုံးအချိန်တွေပါပဲ။ နေ့ရက်တိုင်းက ကိုရီးယားအချစ်ဇာတ်လမ်းလေးလိုပဲ ရင်ခုန်စရာတွေ အပြည့်ပါပဲ။ ဒါပေမဲ့ ချစ်သူသက်တမ်းက နှစ်ရှည်လများကြာလာတဲ့အခါမှာတော့ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားမှုလျော့သွားပြီး အချစ်တွေလည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားတတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အရင်လို ဂရုမစိုက်အားတော့ဘဲ နေ့စဉ်ဘဝထဲမှာပဲ လုံးလည်ပတ်ချာလိုက်လာပါတော့တယ်။

အဲ့ဒီအချိန်မှာ သင်တို့ရဲ့ အချစ်ကို အရင်လို နွေးနွေးထွေးထွေးပြန်ဖြစ်သွားအောင် ပြုလုပ်ပေးဖို့ လိုနေပါပြီ။ ဘယ်လိုနည်းလမ်းလေးတွေ အသုံးပြုရမလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။

သင့်ရဲ့ ချစ်သူကို ချီးမွမ်းစကားဆိုပါ

လူတိုင်းက ချီးမွမ်းခံရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ကိုယ့်ချစ်သူက ကိုယ့်ကို ချီးမွမ်းမယ်ဆိုရင် ပိုလို့တောင် ပျော်ရွှင်တတ်ကြပါတယ်။ မကောင်းမြင်စိတ်နဲ့ ဝေဖန်ပြစ်တင်နေမယ့်အစား ချစ်တဲ့စိတ်နဲ့ ချီးကျူးပေးမယ်ဆိုရင် သင့် အနားမှာနေရတာ ပျော်ရွှင်သထက် ပျော်ရွှင်လာတာကြောင့် သင့်အကြောင်းလေးပဲ တစ်ချိန်လုံး စဉ်းစားမိနေမှာဖြစ်ပါတယ်။

ပထမဦးဆုံး ဒိတ်လုပ်တဲ့အကြောင်းလေးတွေကို ပြန်ပြောင်းပြောပြပါ

သင်တို့ ပထမဦးဆုံး တွေ့ဆုံတုန်းက နှစ်ဦးသားလုံး ရင်ခုန်သံမြန်နေမှာကတော့ ပြောစရာလိုမယ်မထင်ပါဘူး။ ကြည်နူးစရာကောင်းတဲ့ အမှတ်တရလေးတွေကို ပြန်လည်တူးဖော်ခြင်းက သင်တို့ရဲ့ အချစ်ရေး ခိုင်မြဲသထက် ခိုင်မြဲလာအောင် ပိုမိုနွေးထွေးလာအောင် ကူညီပေးပါလိမ့်မယ်။

လေ့ကျင့်ခန်း အတူတူလုပ်ပါ

သွားအတူ၊ လာအတူ၊ မုန့်စား အတူတူဆိုရင် လေ့ကျင့်ခန်းကိုရော ဘာလို့ အတူတူမလုပ်နိုင်ရမှာလဲ။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက ကျန်းမာတဲ့ခန္ဓာကိုယ်နဲ့ တက်ကြွတဲ့စိတ်အာရုံကို ပေးစွမ်းနိုင်ပါတယ်။ စုံတွဲလိုက် လေ့ကျင့်ခန်း အတူတူလုပ်ဖြစ်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် ကူညီဖေးမနိုင်ပြီး နားလည်မှုလည်း ပိုမိုထားရှိလာနိုင်မှာပဲဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ Gym သွားပြီး လေ့ကျင့်ခန်းသွားလုပ်နေတာထက် စုံတွဲလိုက်ကြီး ဘေးပတ်ဝန်းကျင်ကလူတွေ မျက်စိနောက်စရာကောင်းလောက်အောင် အကဲပိုနေတာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

သင့် ချစ်သူကို အံ့အားသင့်သွားအောင် စပရိုက်တိုက်ပါ

စပရိုက် အချိုရည်တိုက်ခိုင်းတာ မဟုတ်ပါဘူးနော်။ သူ ထင်မှတ်မထားဘဲ ပျော်ရွှင်သွားအောင် အံ့အားသင့်စေမယ့် စပရိုက်မျိုး လုပ်ခိုင်းတာပါ။ ကိုယ့်ချစ်သူကို ပျော်ရွှင်အောင် လုပ်ပေးတာ ယောကျာ်းလေးမှ မိန်းကလေးမှ မခွဲထားပါဘူး။ တန်ဖိုးနည်းတယ်၊ များတယ် ပဓာနမထားဘဲ ကိုယ်လုပ်တတ်တဲ့အရာလေးနဲ့ စပရိုက်ဖြစ်သွားအောင် လုပ်ပေးလိုက်ပါ။

စတိုင်လ်ကျကျနဲ့ ပြင်ပြင်ဆင်ဆင် ဝတ်စားသွားလာပါ

ချစ်သူသက်တမ်းအစတုန်းကတော့ ဘယ်နေရာပဲသွားသွား မိတ်ကပ်လေး လှလှလေးလိမ်းပြီး အဝတ်အစားလှလှလေးဝတ်သွားတယ်။ ရည်းစားသက်တမ်းကြာတော့မှ ပြင်ပြင်ဆင်ဆင်မနေဘူးဆိုရင်တော့ မဟုတ်သေးပါဘူး။ လူတိုင်းက အလှအပကြိုက်ကြပါတယ်။ မပြင်မဆင်ဘဲ ထွက်တွေ့တယ်ဆိုလည်း တစ်ခေါက်၊ နှစ်ခေါက်ဆို လုံလောက်ပါပြီ။ ရုပ်လှလို့ ချစ်တာမဟုတ်ဘူးလို့ ပြောနေပေမယ့် ဘယ်အရာကမှ အာမခံချက်မရှိဘူးဆိုတာ မမေ့လိုက်ပါနဲ့။ အခုခေတ်မှာ စနှိုက်မလေးတွေက ခပ်ပေါပေါရယ်။

Credit : Mystyle

LEAVE A REPLY