Zawgyi ျဖင့္ဖတ္ရန္

၁။ ေခါင္းေလွ်ာ္ရည္တစ္မ်ိဳးထဲကိုသာသံုးပါ။

ဆံပင္ၿဖဴၿခင္းကာကြယ္ဖို႕အတြက္အေၿခခံအက်ဆံုးကေတာ့မိမိဆံသားနဲ႕ကိုက္ညီတဲ့ေခါင္းေလွ်ာ္ရည္တစ္မ်ိဳး ထဲကိုစြဲသံုးတာပဲၿဖစ္ပါတယ္။ မိမိဆံသားနဲ႕အဆင္ေၿပတဲ့ေခါင္းေလွ်ာ္ရည္ရွိေနရင္ေတာ့တစ္ၿခားဟာေတြေၿပာင္းၿပီးစမ္းသံုးၾကည့္တာမ်ိဳးမလုပ္သင့္ပါဘူး။ေခါင္းေလွ်ာ္ရည္ေတြတစ္မ်ိဳးၿပီးတစ္မ်ိဳးေၿပာင္းသံုးတာဟာဆံသားကို ထိေရာက္တဲ့အက်ိဳး မရရွိေစတဲ့ အၿပင္ ဆံပင္ၿဖဴတာကိုလည္းအားေပးပါတယ္။

၂။ကုလားဆီးၿဖဴသီးအသံုးၿပဳပါ။

ကုလားဆီးၿဖဴသီးဟာအရြယ္မတိုင္ခင္ဆံပင္ၿဖဴေပါက္တာနဲ႕ဆံပင္ကြ်တ္တာမွကာကြယ္ေပးနိုင္ပါတယ္။ အိႏၵိယ ဆီးၿဖဴသီးကိုပါးပါးလွီးကာ နွစ္ရက္ခန္႕ေနပူလွန္းၿပီးရင္အုန္းဆီထည့္ကာ အပူေပးပါ။ ေခါင္းမေလွ်ာ္ခင္ တစ္ည ေလာက္ၾကိဳတင္ၿပီးဦးေရၿပားကိုနွံ႕စပ္ေအာင္လိမ္းကာမနက္ေရာက္မွေလွ်ာ္ပါ။ ဒါမွမဟုတ္ အိႏၵိယဆီးၿဖဴသီး အပိုင္းအစေလးေတြကို ေရေႏြးထဲ ထည့္ၿပဳပ္ၿပီး အေအးခံကာ အဲဒီေရနဲ႕ေခါင္းေဆးလို႕ရပါတယ္။

၃။ဆီပံုမွန္လိမ္းပါ။

အုန္းဆီ ဒါမွမဟုတ္မိမိလိမ္းေနက်ဆီကိုတစ္ပတ္နွစ္ၾကိမ္မွ သံုးၾကိမ္လိမ္းေပးပါ။ဆီပံုမွန္လိမ္းတာဟာဆံသားကို က်န္းမာသန္စြမ္းေနေစတဲ့ အၿပင္ အရြယ္မတိုင္ခင္ဆံပင္ၿဖဴတာေၾကာင့္
စိတ္ညစ္ရတာေတြမွလည္းသက္သာေစပါတယ္။

၄။ေကာ္ဖီနွင့္အဆီပါ၀င္မွဳမ်ားေသာအစာမ်ားကိုေရွာင္ပါ။

ေကာ္ဖီ၊အရက္၊အဆီမ်ားတဲ့အစာေတြကိုအလြန္အကြ်ံစားေသာက္
ၿခင္းမွေရွာင္ရပါမယ္။ အကယ္လို႕စားက်င့္ရွိေနရင္ေတာင္အနည္း
ငယ္ေလ်ာ့စားေပးပါ။ တခ်ိဳ႕အစားအစာေတြဟာဆံသားအတြက္ လိုအပ္တဲ့အစိုဓာတ္ကို ဆိုးရြားစြာေလ်ာ့နည္းေစတာေၾကာင့္ ဆံပင္ၿဖဴၿမန္ေစပါတယ္။

( အိျဖဴ – ေဆး၀ါးတကၠသိုလ္ | Good Health )

Unicode ဖြင့်ဖတ်ရန်

အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း ကင်းဝေးစေရန်

၁။ ခေါင်းလျှော်ရည်တစ်မျိုးထဲကိုသာသုံးပါ။

ဆံပင်ဖြူခြင်းကာကွယ်ဖို့အတွက်အခြေခံအကျဆုံးကတော့မိမိဆံသားနဲ့ကိုက်ညီတဲ့ခေါင်းလျှော်ရည်တစ်မျိုး ထဲကိုစွဲသုံးတာပဲဖြစ်ပါတယ်။ မိမိဆံသားနဲ့အဆင်ပြေတဲ့ခေါင်းလျှော်ရည်ရှိနေရင်တော့တစ်ခြားဟာတွေပြောင်းပြီးစမ်းသုံးကြည့်တာမျိုးမလုပ်သင့်ပါဘူး။ခေါင်းလျှော်ရည်တွေတစ်မျိုးပြီးတစ်မျိုးပြောင်းသုံးတာဟာဆံသားကို ထိရောက်တဲ့အကျိုး မရရှိစေတဲ့ အပြင် ဆံပင်ဖြူတာကိုလည်းအားပေးပါတယ်။

၂။ကုလားဆီးဖြူသီးအသုံးပြုပါ။

ကုလားဆီးဖြူသီးဟာအရွယ်မတိုင်ခင်ဆံပင်ဖြူပေါက်တာနဲ့ဆံပင်ကျွတ်တာမှကာကွယ်ပေးနိုင်ပါတယ်။ အိန္ဒိယ ဆီးဖြူသီးကိုပါးပါးလှီးကာ နှစ်ရက်ခန့်နေပူလှန်းပြီးရင်အုန်းဆီထည့်ကာ အပူပေးပါ။ ခေါင်းမလျှော်ခင် တစ်ည လောက်ကြိုတင်ပြီးဦးရေပြားကိုနှံ့စပ်အောင်လိမ်းကာမနက်ရောက်မှလျှော်ပါ။ ဒါမှမဟုတ် အိန္ဒိယဆီးဖြူသီး အပိုင်းအစလေးတွေကို ရေနွေးထဲ ထည့်ပြုပ်ပြီး အအေးခံကာ အဲဒီရေနဲ့ခေါင်းဆေးလို့ရပါတယ်။

၃။ဆီပုံမှန်လိမ်းပါ။

အုန်းဆီ ဒါမှမဟုတ်မိမိလိမ်းနေကျဆီကိုတစ်ပတ်နှစ်ကြိမ်မှ သုံးကြိမ်လိမ်းပေးပါ။ဆီပုံမှန်လိမ်းတာဟာဆံသားကို ကျန်းမာသန်စွမ်းနေစေတဲ့ အပြင် အရွယ်မတိုင်ခင်ဆံပင်ဖြူတာကြောင့်
စိတ်ညစ်ရတာတွေမှလည်းသက်သာစေပါတယ်။

၄။ကော်ဖီနှင့်အဆီပါဝင်မှုများသောအစာများကိုရှောင်ပါ။

ကော်ဖီ၊အရက်၊အဆီများတဲ့အစာတွေကိုအလွန်အကျွံစားသောက်
ခြင်းမှရှောင်ရပါမယ်။ အကယ်လို့စားကျင့်ရှိနေရင်တောင်အနည်း
ငယ်လျော့စားပေးပါ။ တချို့အစားအစာတွေဟာဆံသားအတွက် လိုအပ်တဲ့အစိုဓာတ်ကို ဆိုးရွားစွာလျော့နည်းစေတာကြောင့် ဆံပင်ဖြူမြန်စေပါတယ်။

( အိဖြူ – ဆေးဝါးတက္ကသိုလ် | Good Health )