Zawgyi ဖြင့်ဖတ်ရန်








Credit: mmload

Unicode ဖြင့်ဖတ်ရန်

Wifi အသုံးပြုများခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးများ

ကလေးရဖို့ ကြိုးစားတဲ့အခါတိုင်း ဘယ်တော့မှ မအောင်မြင်ဖူးဆိုလျှင်၊ ဒါဟာသင်ရဲ့ အိတ်ကပ်ထဲမှာပဲ အဖြေရှိပါတယ်..။လုံးစေ့၊ ပတ်စေ့ ပြောရမယ်ဆိုရင် ဂျပန်နိုင်ငံက သုတေသနပညာရှင် “Kumiko Nakata” ဆိုသူက ရှာဖွေ တွေ့ရှိခဲ့တဲ့

“WiFi devices” ကနေလာတဲ့ “electromagnetic waves” လျှပ်စစ်သံလိုက်လှိုင်း၊ (ရေဒီယိုသတ္တုကြွ) တွေဟာဆိုရှင် အမျိုးသား အင်္ဂါနှင့် မျိုးပွားမှုန်းကို ထိခိုက်စေတာပဲဖြစ်ပါတယ်..။ မိုဘိုင်းဖုန်းတွေ၊ အိမ်ထိုင် wifi စက်တွေမှလာတဲ့ လှိုင်းကြောင့် အမျိုးသားသုတ်ပိုးကို ထိခိုက်သေကြေ စေတာကြောင့်ပဲဖြစ်ပါတယ်…။

W.H.O (World Health Organization) ရဲ့ထုတ်ပြန်ချက်အရ…၊ ကမ္ဘာတစ်ဝှမ်းရှိ ချစ်သူစုံတွဲတွေကို စစ်တမ်းကောက်ချက်အရ “၁၅” ရာခိုင်နှုန်းသော အတွဲတွေဟာဆိုရင် “ကလေးမရတဲ့” ပြသနာကို ရင်ဆိုင် ကြုံတွေ့နေရပါတယ်.။ “မျိုးပွားမှပြသနာ”ဟာဆိုရင် အမျိုးသားတွေကြောင့်ပဲ အများဆုံးလို့ ဆိုရမှာပါ…။

ဒါဟာ များစွားသော အကြောင်းအရင်းတွေရှိပါတယ်.။ပတ်ဝန်းကျင်မသန့်ရှင်းမှု၊ လေထုညစ်ညမ်းမှုတွေထဲမှာ နေ့စဉ်ဖြတ်သန်းနေရတာတွေ၊ စိတ်ဖိစီးမှု၊ မှားယွင်းသောဝိတ်ချမှု၊ မျိုးရိုးဗီဇ စတာတွေကြောင့်ပဲဖြစ်ပါတယ်.။ဘယ်လိုပဲဖြစ်ဖြစ် သေးငယ်တဲ့အရာလေးဖြစ်တဲ့ mobile ဖုန်းကို သင့်အိတ်ကပ်ထဲ သိမ်းထားတာကလည်း ကြီးမားတဲ့ မျိုးပွားမှုဆိုင်ရာ ရောဂါ တွေ ကြုံတွေ့လာနိုင်တယ်လို့ ပြောလို့မရဖူးနော်…။

ဖုန်းတွေကို ဘောင်းဘီအိပ်ကပ်ထဲမှာ ထည့်တာ၊ ပြုတာမလုပ်ရမှာဖြစ်ပြီး၊ သင့်ရဲ့”အိမ်ထောင်ရေးသုခ” မပြည့်ဝခြင်းတွေကို ဖော်ဆောင်လာနိုင်တာပါ…။ ၂နာရီကြာတာနဲ့သင့်ရဲ့သုတ်ပိုးတွေကိုသိသိသာသာ ထိခိုက်ပျက်စီးစေတာမလို့ပါ…။

“Ms. Nakata” ရဲ့ သတ်မှတ်ခဲ့တဲ့ ထိုလေ့လာတွေ့ရှိချက်အရ “WiFi devices”ကနေလာတဲ့လျှပ်စစ်သံလိုက်လှိုင်းတွေထံမှလူတွေကို ကယ်တင်ခြင်းဖြင့် ရလဒ်ကောင်းမွန်တဲ့ကျန်းမာရေးသုခအချက်တစ်ချက်ကိုပေါ်ထွန်းစေမှာဖြစ်ပါတယ်..။

အကယ်၍များ လူကြီးမင်းတို့အနေနဲ့ wifi devices တွေကို မစွန့်လွှတ်လိုက်နိုင်ဖူးဆိုရင် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးဖြစ်သော “မိုဘိုင်းဖုန်းတွေကို သင့်ရဲ့ အိတ်ကပ်ထဲမှာသိမ်းထားမယ့်အစားခုန်ပေါ်မှာထားတာဖြစ်ဖြစ်”လုပ်ဆောင်လိုက်ကြရအောင်.။သင့်ရဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေ တွေကိုလည်း ဝေမျှသွားပေးပါဦးနော်…။

Credit: mmload

LEAVE A REPLY