Zawgyi ျဖင့္ဖတ္ရန္

ကိုယ္ပိုင္ေနအိမ္ေလး တစ္လုံးေလာက္ ဝယ္ႏိုင္ဖို႔ဆိုတာ လူအေတာ္မ်ားမ်ားရဲ႕ အိပ္မက္ျဖစ္ပါတယ္။ ဒါေပမယ့္ ေငြေၾကး စီမံခန႔္ခြဲမႈ မတတ္၍ေသာ္၎၊ အျခားအေၾကာင္းအရာမ်ိဳးစုံတို႔နဲ႔ ဒီအိပ္မက္ေလးဟာ အိပ္မက္အျဖစ္မွာပဲ ရပ္တန႔္ေနတဲ့သူေတြသာမ်ားၿပီး အေကာင္အထည္ေပၚေအာင္ တစ္ကယ္လုပ္သြားႏိုင္တဲ့လူက နည္းပါတယ္။

ဂ်ပန္ႏိုင္ငံက အမ်ိဳးသမီးတစ္ဦးကေတာ့ ၁၆ ႏွစ္တိုင္တိုင္ တစ္ရက္မွာ ဂ်ပန္ယန္း ၁၅၃ (က်ပ္ ၂,၁၆၂) သာ သုံးၿပီး စုေဆာင္းခဲ့ရာမွ သူ႔အသက္ ၃၄ ႏွစ္မွာ အေရာက္မွာေတာ့ အိမ္တစ္လုံးသာမကပဲ တန္ဖိုးႀကီးအိမ္ ၃ လုံးဝယ္ႏိုင္ခဲ့ပါတယ္။
အခုဆိုရင္ ဘာအလုပ္မွ လုပ္စရာမလိုေတာ့ပဲ အသက္ငယ္ငယ္ေလးနဲ႔ အၿငိမ္းစားသူေဌးမေလး ျဖစ္ေနပါၿပီ။
(ဒီသတင္းေလးကို ဖတ္ရေတာ့ ယခင္အစိုးရလက္ထက္က တစ္ရက္ကို က်ပ္ႏွစ္ေထာင္(၂,၀၀၀) က်ပ္နဲ႔ ေလာက္ေအာင္သုံး ဆိုတဲ့ ႏိုင္ငံေတာ္အႀကီးအကဲ ျဖစ္ခဲ့သူရဲ႕ စကားကို ျပန္အမွတ္ရေစပါတယ္)

သူမအသက္ ၁၈ ႏွစ္ေလာက္ကစၿပီး အိမ္သုံးလုံးေလာက္ ပိုင္ဆိုင္ရမယ္လို႔ ရည္မွန္းခ်က္ထားခဲ့ၿပီး အဲဒီအခ်ိန္ထဲက သူမရဲ႕ဝင္ေငြနဲ႔ ပိုက္ဆံကို ေခြၽတာစုေဆာင္းဖို႔ အစီစဥ္ေတြ စလုပ္ခဲ့ပါတယ္။ အသက္ ၂၇ ႏွစ္မွာ ဂ်ပန္ယန္း ၁၀ သန္းတန္ (က်ပ္သိန္း ၁၅၀၀ နီးပါး)အိမ္တစ္လုံးကို စတင္ပိုင္ဆိုင္ခဲ့ပါတယ္။ ဒီအေၾကာင္းကို မီဒီယာေတြက သိသြားၿပီးေနာက္ ႐ုပ္သံအစီစဥ္မွာ သူမကို ဖိတ္ၾကားၿပီး ပိုက္ဆံစုေဆာင္းတဲ့ နည္းလမ္းေတြကို အင္တာဗ်ဴးကာ မွ်ေဝေပးခဲ့ပါတယ္။

အစားအေသာက္နဲ႔ ကုန္က်စရိတ္ေတြအားလုံးအတြက္ သူမဟာ တစ္ရက္ကို ၁၅၃ ယန္းသာ အကုန္က်ခံၿပီး ၁၆ ႏွစ္လုံးလုံး စည္းစနစ္တက်သုံးကာ ပိုက္ဆံစုေဆာင္းခဲ့ေၾကာင္း ေျပာျပခဲ့ပါတယ္။ အစားအေသာက္အတြက္ စူပါမားကတ္ေတြမွာ ေလ်ာ့ေဈးအႀကီးအက်ယ္ခ်ေပးေနခ်ိန္မွာ ဝယ္ယူၿပီး ကိုယ္တိုင္ခ်က္ျပဳတ္ခဲ့တယ္လို႔ ဆိုပါတယ္။
နံနက္စာအျဖစ္ ေထာပတ္အနည္းငယ္သုတ္ထားတဲ့ ေပါင္မုန႔္တစ္ခ်ပ္၊ ေန႔လည္စာ ညစာတို႔အတြက္ ေဈးေလ်ာ့ေပးထားတဲ့ ဆယ္လမြန္ငါး၊ ဟင္းသီးဟင္း႐ြက္ေတြနဲ႔ အူဒုံးေခါက္ဆြဲတို႔ကို အလွည့္က်စားတယ္လို႔ဆိုပါတယ္။ ဘယ္ေလာက္ေတာင္ ကုန္က်စရိတ္သက္သာသလဲဆိုရင္ သူမရဲ႕ ညစာဟာ ျမန္မာေငြ ၃၆၀ က်ပ္ စြန္းစြန္းေလးပဲ ကုန္ပါတယ္။

ဒါတင္မကေသးပါဘူး ေသာက္ေရကအစ ေခြၽတာပါေသးတယ္၊ အဝတ္အစားအသစ္ဆိုတာ တစ္ခါမွမဝယ္ပဲ သူမ်ားက မဝတ္ခ်င္ေတာ့လို႔ေပးတဲ့ အက်ေလးေတြကိုပဲ လက္ခံယူၿပီးဝတ္ပါတယ္။ အိမ္ေထာင္ပရိေဘာဂေတြလည္း မဝယ္ပဲ သူမ်ားစြန႔္ပစ္ထားတာေတြကို လိုက္ေကာက္ၿပီး ျပန္သုံးပါတယ္။

အသက္ ၂၇ ႏွစ္မွာ အိမ္တစ္လုံးပဲ ဝယ္ႏိုင္ေသးလို႔ စိတ္မေက်နပ္ႏိုင္ေသးတဲ့ သူမဟာ ထပ္ၿပီးႀကိဳးစားစုခဲ့ရာ အသက္ ၂၉ ႏွစ္မွာ ယန္း ၁၈ သန္း (က်ပ္ သိန္း ၂၅၀၀ ေက်ာ္)တန္ အိမ္တစ္လုံး ထပ္ဝယ္ႏိုင္ခဲ့ျပန္ပါတယ္။ ေနာက္ဆုံး အသက္ ၃၄ ႏွစ္မွာေတာ့ တတိယေျမာက္ ယန္း ၂၇ သန္းတန္ အိမ္တစ္လုံးကို ထပ္မံပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။

အခုဆိုရင္ေတာ့ အဲဒီအိမ္ေတြကို ငွားရမ္းထားၿပီး လစဥ္ဝင္ေငြေတြနဲ႔ အလုပ္လုပ္စရာမလိုပဲ ေအးေဆးအနားယူေနပါတယ္။ အိမ္တစ္လုံးကို ေၾကာင္ေကာ္ဖီဆိုင္ အသြင္ေျပာင္းထားၿပီး လမ္းေဘး အေလအလြင့္ေၾကာင္ေလးေတြကို ထိန္းသိမ္းေစာင့္ေရွာက္ေပးေနပါတယ္၊ ဒါဟာလည္း သူမရဲ႕ အျခားအိမ္မက္တစ္ခုျဖစ္ပါတယ္။

ကဲ.. သူမလို အိမ္ေတြပိုင္ခ်င္ရင္ေတာ့ လက္ေတြ႕ လိုက္လုပ္ၾကည့္ၾကပါဦးေနာ္..။

Credit :popolay

Unicode ဖြင့်ဖတ်ရန်

တစ်ရက်ကို ကျပ်နှစ်ထောင်ပဲသုံးပြီး ၁၆ နှစ်အကြာမှာ အိမ်သုံးလုံး ပိုင်ဆိုင်ခဲ့သူ

ကိုယ်ပိုင်နေအိမ်လေး တစ်လုံးလောက် ဝယ်နိုင်ဖို့ဆိုတာ လူအတော်များများရဲ့ အိပ်မက်ဖြစ်ပါတယ်။ ဒါပေမယ့် ငွေကြေး စီမံခန့်ခွဲမှု မတတ်၍သော်၎င်း၊ အခြားအကြောင်းအရာမျိုးစုံတို့နဲ့ ဒီအိပ်မက်လေးဟာ အိပ်မက်အဖြစ်မှာပဲ ရပ်တန့်နေတဲ့သူတွေသာများပြီး အကောင်အထည်ပေါ်အောင် တစ်ကယ်လုပ်သွားနိုင်တဲ့လူက နည်းပါတယ်။

ဂျပန်နိုင်ငံက အမျိုးသမီးတစ်ဦးကတော့ ၁၆ နှစ်တိုင်တိုင် တစ်ရက်မှာ ဂျပန်ယန်း ၁၅၃ (ကျပ် ၂,၁၆၂) သာ သုံးပြီး စုဆောင်းခဲ့ရာမှ သူ့အသက် ၃၄ နှစ်မှာ အရောက်မှာတော့ အိမ်တစ်လုံးသာမကပဲ တန်ဖိုးကြီးအိမ် ၃ လုံးဝယ်နိုင်ခဲ့ပါတယ်။
အခုဆိုရင် ဘာအလုပ်မှ လုပ်စရာမလိုတော့ပဲ အသက်ငယ်ငယ်လေးနဲ့ အငြိမ်းစားသူဌေးမလေး ဖြစ်နေပါပြီ။
(ဒီသတင်းလေးကို ဖတ်ရတော့ ယခင်အစိုးရလက်ထက်က တစ်ရက်ကို ကျပ်နှစ်ထောင်(၂,၀၀၀) ကျပ်နဲ့ လောက်အောင်သုံး ဆိုတဲ့ နိုင်ငံတော်အကြီးအကဲ ဖြစ်ခဲ့သူရဲ့ စကားကို ပြန်အမှတ်ရစေပါတယ်)

သူမအသက် ၁၈ နှစ်လောက်ကစပြီး အိမ်သုံးလုံးလောက် ပိုင်ဆိုင်ရမယ်လို့ ရည်မှန်းချက်ထားခဲ့ပြီး အဲဒီအချိန်ထဲက သူမရဲ့ဝင်ငွေနဲ့ ပိုက်ဆံကို ချွေတာစုဆောင်းဖို့ အစီစဉ်တွေ စလုပ်ခဲ့ပါတယ်။ အသက် ၂၇ နှစ်မှာ ဂျပန်ယန်း ၁၀ သန်းတန် (ကျပ်သိန်း ၁၅၀၀ နီးပါး)အိမ်တစ်လုံးကို စတင်ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီအကြောင်းကို မီဒီယာတွေက သိသွားပြီးနောက် ရုပ်သံအစီစဉ်မှာ သူမကို ဖိတ်ကြားပြီး ပိုက်ဆံစုဆောင်းတဲ့ နည်းလမ်းတွေကို အင်တာဗျူးကာ မျှဝေပေးခဲ့ပါတယ်။

အစားအသောက်နဲ့ ကုန်ကျစရိတ်တွေအားလုံးအတွက် သူမဟာ တစ်ရက်ကို ၁၅၃ ယန်းသာ အကုန်ကျခံပြီး ၁၆ နှစ်လုံးလုံး စည်းစနစ်တကျသုံးကာ ပိုက်ဆံစုဆောင်းခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ အစားအသောက်အတွက် စူပါမားကတ်တွေမှာ လျော့ဈေးအကြီးအကျယ်ချပေးနေချိန်မှာ ဝယ်ယူပြီး ကိုယ်တိုင်ချက်ပြုတ်ခဲ့တယ်လို့ ဆိုပါတယ်။
နံနက်စာအဖြစ် ထောပတ်အနည်းငယ်သုတ်ထားတဲ့ ပေါင်မုန့်တစ်ချပ်၊ နေ့လည်စာ ညစာတို့အတွက် ဈေးလျော့ပေးထားတဲ့ ဆယ်လမွန်ငါး၊ ဟင်းသီးဟင်းရွက်တွေနဲ့ အူဒုံးခေါက်ဆွဲတို့ကို အလှည့်ကျစားတယ်လို့ဆိုပါတယ်။ ဘယ်လောက်တောင် ကုန်ကျစရိတ်သက်သာသလဲဆိုရင် သူမရဲ့ ညစာဟာ မြန်မာငွေ ၃၆၀ ကျပ် စွန်းစွန်းလေးပဲ ကုန်ပါတယ်။

ဒါတင်မကသေးပါဘူး သောက်ရေကအစ ချွေတာပါသေးတယ်၊ အဝတ်အစားအသစ်ဆိုတာ တစ်ခါမှမဝယ်ပဲ သူများက မဝတ်ချင်တော့လို့ပေးတဲ့ အကျလေးတွေကိုပဲ လက်ခံယူပြီးဝတ်ပါတယ်။ အိမ်ထောင်ပရိဘောဂတွေလည်း မဝယ်ပဲ သူများစွန့်ပစ်ထားတာတွေကို လိုက်ကောက်ပြီး ပြန်သုံးပါတယ်။

အသက် ၂၇ နှစ်မှာ အိမ်တစ်လုံးပဲ ဝယ်နိုင်သေးလို့ စိတ်မကျေနပ်နိုင်သေးတဲ့ သူမဟာ ထပ်ပြီးကြိုးစားစုခဲ့ရာ အသက် ၂၉ နှစ်မှာ ယန်း ၁၈ သန်း (ကျပ် သိန်း ၂၅၀၀ ကျော်)တန် အိမ်တစ်လုံး ထပ်ဝယ်နိုင်ခဲ့ပြန်ပါတယ်။ နောက်ဆုံး အသက် ၃၄ နှစ်မှာတော့ တတိယမြောက် ယန်း ၂၇ သန်းတန် အိမ်တစ်လုံးကို ထပ်မံပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

အခုဆိုရင်တော့ အဲဒီအိမ်တွေကို ငှားရမ်းထားပြီး လစဉ်ဝင်ငွေတွေနဲ့ အလုပ်လုပ်စရာမလိုပဲ အေးဆေးအနားယူနေပါတယ်။ အိမ်တစ်လုံးကို ကြောင်ကော်ဖီဆိုင် အသွင်ပြောင်းထားပြီး လမ်းဘေး အလေအလွင့်ကြောင်လေးတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးနေပါတယ်၊ ဒါဟာလည်း သူမရဲ့ အခြားအိမ်မက်တစ်ခုဖြစ်ပါတယ်။

ကဲ.. သူမလို အိမ်တွေပိုင်ချင်ရင်တော့ လက်တွေ့ လိုက်လုပ်ကြည့်ကြပါဦးနော်..။

Credit :popolay

LEAVE A REPLY