Zawgyi ျဖင့္ဖတ္ရန္

 

ကားႀကဳံလိုက္လာေသာ ေက်ာင္းသား/သူ (၃)ဦးကို မဖြယ္မရာျပဳလုပ္ျပသည့္ ယာဥ္ေမာင္းအား ဖမ္းဆီးအေရးယူ ေက်ာင္းတက္ရန္ ကြၽဲပြဲၿမိဳ႕မွ လမ္းႀကဳံလိုက္လာ ေသာေက်ာင္းသူ(၂)ဦးႏွင့္ေက်ာင္းသားတစ္ဦးကို (၂၂)ဘီးေမာင္းယာဥ္ေမာင္းမွ ကားေပၚတြင္ မဖြယ္မရာျပဳလုပ္ျပသျဖင့္ အုတ္တြင္း(ၿမိဳ႕မ) ရဲစခန္းတြင္း ဖမ္းဆီးအေရးယူထားေၾကာင္းသိရ သည္။

လမ္းႀကဳံလိုက္လာသည့္ အသက္ (၁၄) ႏွစ္အ႐ြယ္ ကိုးတန္းေက်ာင္းသူ (၂) ဦးႏွင့္ အသက္ (၁၂) အ႐ြယ္ ခုႏွစ္တန္းေက်ာင္းသား (၁) ဦးတို႔ကို ကားေပၚတြင္ ယာဥ္ေမာင္းျဖစ္သူမွပုဆိုးလွန္ကာ မိမိတန္ဆာအား လက္ျဖင့္ကိုင္ျပခဲ့သည့္အတြက္ အေရးယူဖမ္းဆီးထားေၾကာင္း၊ ကြၽဲပြဲၿမိဳ႕ ဘန႔္ေဘြးကုန္းေက်း႐ြာအုပ္စုမွ အဆိုပါေက်ာင္းသူ/သားမ်ားမွာ အ.ထ.က (အုတ္တြင္း) သို႔ ေက်ာင္းတက္ရန္အတြက္ ေန႔စဥ္ လမ္းႀကဳံကားမ်ားတားစီးၿပီးေက်ာင္းသို႔ သြားေရာက္ရသည္။

ၾသဂုတ္လ (၁၉) ရက္ေန႔ မနက္ ရးဝဝ နာရီအခ်ိန္ခန႔္ကရန္ကုန္ဘက္မွ မႏၲေလးဘက္သို႔ ယာဥ္ေမာင္း ဝင္းေမာ္(၂၄) ဂ်ပန္လမ္း ၊အင္းစိန္ၿမိဳ႕နယ္ေနသူ ေမာင္းႏွင္လာေသာ YGN-1L/6 – – – beiben truck ျဖဴ/နီက်ား (၂၂) ဘီး ေနာက္တြဲယာဥ္ေခါင္းခန္းမွ လမ္းႀကဳံ လိုက္လာခဲ့ၾကသည္။ ရန္ကုန္-မႏၲေလး လမ္းေဟာင္း မိုင္တိုင္ ၁၄၆/၂ ႏွင့္ ၃ ၾကား ေက်ာက္တလင္း႐ြာႏွင့္ တဲႀကီးကုန္း႐ြာၾကားအေရာက္တြင္ ယာဥ္ေမာင္းမွ ေမာ္ေတာ္ယာဥ္အား ရပ္တန႔္ၿပီး လိုက္ကာမ်ားကာခ်လိုက္သျဖင့္ ေက်ာင္းသူ (၂) ဦးႏွင့္ ေက်ာင္းသား (၁) ဦးတို႔မွာ ေၾကာက္လန႔္ၿပီးဆင္းေျပးရန္ျပင္ဆင္စဥ္ ယာဥ္ေမာင္းမွ ၎တန္ဆာအား လက္ျဖင့္ ကိုင္ျပသျဖင့္ မွန္ျပတင္းေပါက္မွ အတင္းတိုးေဝွ႔ ဆင္းခဲ့ၿပီး မိဘမ်ားႏွင့္အတူ ကြၽဲပြဲနယ္ေျမရဲစခန္းသို႔ သြားေရာက္ တိုင္တန္းခဲ့ေၾကာင္းအဆိုပါစခန္းမွ သိရသည္။

အုတ္တြင္းၿမိဳ႕(ၿမိဳ႕မ)ရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ အုတ္တြင္းၿမိဳ႕နယ္ ဥယ်ာဥ္ေတာ္ေက်း႐ြာအုပ္စု ေမွာ္ေရာတံတားအနီး၌ အဆိုပါကားႏွင့္ယာဥ္ေမာင္းျဖစ္သူအား ဖမ္းဆီးရမိထားၿပီး အမႈဖြင့္အေရးယူသြားရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိသည္ဟုသိရသည္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ကားကြုံလိုက်လာသော ကျောင်းသူ (၃)ဦးကို မဖွယ်မရာ လုပ်ပြသည့် ယာဉ်မောင်းအား ဖမ်းဆီး

ကားကြုံလိုက်လာသော ကျောင်းသား/သူ (၃)ဦးကို မဖွယ်မရာပြုလုပ်ပြသည့် ယာဉ်မောင်းအား ဖမ်းဆီးအရေးယူ ကျောင်းတက်ရန် ကျွဲပွဲမြို့မှ လမ်းကြုံလိုက်လာ သောကျောင်းသူ(၂)ဦးနှင့်ကျောင်းသားတစ်ဦးကို (၂၂)ဘီးမောင်းယာဉ်မောင်းမှ ကားပေါ်တွင် မဖွယ်မရာပြုလုပ်ပြသဖြင့် အုတ်တွင်း(မြို့မ) ရဲစခန်းတွင်း ဖမ်းဆီးအရေးယူထားကြောင်းသိရ သည်။

လမ်းကြုံလိုက်လာသည့် အသက် (၁၄) နှစ်အရွယ် ကိုးတန်းကျောင်းသူ (၂) ဦးနှင့် အသက် (၁၂) အရွယ် ခုနှစ်တန်းကျောင်းသား (၁) ဦးတို့ကို ကားပေါ်တွင် ယာဉ်မောင်းဖြစ်သူမှပုဆိုးလှန်ကာ မိမိတန်ဆာအား လက်ဖြင့်ကိုင်ပြခဲ့သည့်အတွက် အရေးယူဖမ်းဆီးထားကြောင်း၊ ကျွဲပွဲမြို့ ဘန့်ဘွေးကုန်းကျေးရွာအုပ်စုမှ အဆိုပါကျောင်းသူ/သားများမှာ အ.ထ.က (အုတ်တွင်း) သို့ ကျောင်းတက်ရန်အတွက် နေ့စဉ် လမ်းကြုံကားများတားစီးပြီးကျောင်းသို့ သွားရောက်ရသည်။

သြဂုတ်လ (၁၉) ရက်နေ့ မနက် ရးဝဝ နာရီအချိန်ခန့်ကရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဝင်းမော်(၂၄) ဂျပန်လမ်း ၊အင်းစိန်မြို့နယ်နေသူ မောင်းနှင်လာသော YGN-1L/6 – – – beiben truck ဖြူ/နီကျား (၂၂) ဘီး နောက်တွဲယာဉ်ခေါင်းခန်းမှ လမ်းကြုံ လိုက်လာခဲ့ကြသည်။ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် ၁၄၆/၂ နှင့် ၃ ကြား ကျောက်တလင်းရွာနှင့် တဲကြီးကုန်းရွာကြားအရောက်တွင် ယာဉ်မောင်းမှ မော်တော်ယာဉ်အား ရပ်တန့်ပြီး လိုက်ကာများကာချလိုက်သဖြင့် ကျောင်းသူ (၂) ဦးနှင့် ကျောင်းသား (၁) ဦးတို့မှာ ကြောက်လန့်ပြီးဆင်းပြေးရန်ပြင်ဆင်စဉ် ယာဉ်မောင်းမှ ၎င်းတန်ဆာအား လက်ဖြင့် ကိုင်ပြသဖြင့် မှန်ပြတင်းပေါက်မှ အတင်းတိုးဝှေ့ ဆင်းခဲ့ပြီး မိဘများနှင့်အတူ ကျွဲပွဲနယ်မြေရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ကြောင်းအဆိုပါစခန်းမှ သိရသည်။

အုတ်တွင်းမြို့(မြို့မ)ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အုတ်တွင်းမြို့နယ် ဥယျာဉ်တော်ကျေးရွာအုပ်စု မှော်ရောတံတားအနီး၌ အဆိုပါကားနှင့်ယာဉ်မောင်းဖြစ်သူအား ဖမ်းဆီးရမိထားပြီး အမှုဖွင့်အရေးယူသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟုသိရသည်။

share from : burmese.asia

LEAVE A REPLY