Zawgyi ျဖင့္ဖတ္ရန္

အသက္ ၈ ႏွစ္အ႐ြယ္ သမီးေလးဟာ မိခင္ျဖစ္သူရဲ႕ အခ်စ္ပိုကာ လြဲမွားစြာနဲ႔ ဂ႐ုစိုက္မႈလြန္ကဲတာေၾကာင့္ အစာအိမ္ထဲမွာ ျပည္တည္နာ ျဖစ္ခဲ့ပါတယ္။ ကေလးဟာ ဗိုက္ေအာင့္တဲ့ ေဝဒနာကို ခံစားေနရတာ တစ္ႏွစ္ေလာက္ရွိၿပီျဖစ္ၿပီး အေျခအေနပိုဆိုးလာတာေၾကာင့္ ေဆး႐ုံျပခဲ့ရာ ကေလးရဲ႕ အစာအိမ္ထဲမွာ မိခင္ထံကေန ကူးစက္တဲ့ ဘက္တီးရီးယားပိုးေၾကာင့္ အစာအိမ္ျပည္တည္ေနတာျဖစ္ေၾကာင္း ေတြ႕ခဲ့ရပါတယ္။

ဒီအျပဳမႈမ်ိဳးဟာ အာရွတိုက္က မိခင္ေတြ အထူးသျဖင့္ ျမန္မာျပည္က မိခင္ေတြ အမ်ားဆုံး လုပ္ေလ့လုပ္ထရွိတဲ့ အက်င့္ျဖစ္ပါတယ္။ စိုးရိမ္မိၿပီး လုပ္လိုက္တဲ့ အျပဳအမူက အခန႔္မသင့္တဲ့အခါ ကေလးအတြက္ အသက္အႏၲရာယ္ရွိသြားႏိုင္ပါတယ္။

တ႐ုတ္ႏိုင္ငံ ဟန္က်ိဳးျပည္နယ္က ‘ေရွာင္းေမ’ ဆိုတဲ့ ကေလးမေလးဟာ အသက္ ၈ ႏွစ္ရွိပါၿပီ။ ခႏၶာကိုယ္ႀကီးထြားဖြံ႕ၿဖိဳးမႈ အရွိန္ရေနတဲ့ ဒီအ႐ြယ္မ်ိဳးမွာ ကေလးက အစားအရမ္းစားပါတယ္၊ အထူးသျဖင့္ အသားကို ပိုႀကိဳက္ပါတယ္။ မိဘေတြကလည္း စားႏိုင္လို႔စားတာ စားပါေစဆိုၿပီး အစားအေသာက္ကို မပိတ္ပင္ပါဘူး။
ဒါေပမယ့္ ေနာက္ပိုင္းမွာ ကေလးက မၾကာခဏဗိုက္ေအာင့္တတ္ၿပီး ညဘက္ေတြဆိုရင္ ေကာင္းေကာင္းမအိပ္ႏိုင္ ျဖစ္လာပါတယ္။ အဲဒီအခါနာက်င္လို႔ ကေလးက ငိုတဲ့အခါ မိဘေတြက သူဗိုက္ဆာလို႔ ျဖစ္မွာပါဆိုၿပီး ခပ္ေအးေအးပဲ ေနလိုက္ၾကပါတယ္။

မၾကာေသးခင္ကပဲ သူတို႔မိသားစု ႐ုရွားႏိုင္ငံကို သြားလည္ၾကတုန္း ရာသီဥတုေအးတဲ့ဒဏ္ေၾကာင့္ ကေလးရဲ႕ ေဝဒနာ ပိုဆိုးလာတဲ့အတြက္ တ႐ုတ္ႏိုင္ငံကို ခ်က္ျခင္း ျပန္လာၿပီး ေဆး႐ုံျပခဲ့ၾကပါတယ္။

‘ေရွာင္ေမ’ ကို ဆရာဝန္ေတြက ေဆးစစ္ၾကည့္ၿပီး မိသားစုေတြထဲမွာေရာ ဒီလို အစာအိမ္ေရာဂါမ်ိဳး (Helicobacter Pylori infection)ျဖစ္ဖူးလားလို႔ ေမးၾကည့္ပါတယ္။ ဒီေရာဂါပိုးဟာ ခႏၶာကိုယ္ထဲဝင္သြားၿပီး အစာေခ်လမ္းေၾကာင္းမွာ အေျခတည္ၿပီး အစာအိမ္လမ္းေၾကာင္းမွာ ျပည္တည္ေစတဲ့ ေရာဂါပိုးမ်ိဳးျဖစ္ပါတယ္။

မိခင္ျဖစ္သူက အံ့ၾသသြားၿပီး ဒီေရာဂါဟာ သူသမီးေလးမွာ ဘယ္လိုရွိေနလဲလို႔ ေတြးမိသြားပါတယ္။ ဒီအခါက်မွ သူမမွာ ဒီေရာဂါမ်ိဳးျဖစ္ဖူးၿပီး ေဆးကုသဖို႔ ေန႔ေ႐ြ႕ညေ႐ြ႕လုပ္ေနခဲ့တာကို သတိရသြားပါတယ္။

မိခင္ျဖစ္သူက ‘ေရွာင္းေမ’ ကို ပူပူေႏြးေႏြး အစားအေသာက္ေတြ ခြံ႕ေကြၽးရာမွာ ကေလးအပူေလာင္မွာစိုးတဲ့အတြက္ အစားေသာက္ေတြကို သူမပါးစပ္နဲ႔ တစ္ဖူးဖူးမႈတ္ရင္း အပူရွိန္ေလွ်ာ့ေအာင္ လုပ္ၿပီးမွ ေကြၽးတတ္တဲ့ အေလ့အထေၾကာင့္ ဘက္တီးရီးယားပိုးေတြက အစားအေသာက္မွာ ကပ္ၿပီး ကေလးရဲ႕ အစာအိမ္မွာ ျပည္တည္နာျဖစ္ခဲ့တာျဖစ္ေၾကာင္း ဆရာဝန္ေတြက အေၾကာင္းရင္းကို ေတြ႕သြားခဲ့ပါတယ္။

ဒီေရာဂါဟ ပ်ံ႕ပြားလြယ္ၿပီး မိသားစုဝင္ထဲက တစ္ေယာက္ေယာက္မွာ ရွိတာနဲ႔ က်န္မိသားစုဝင္ေတြဆီကိုပါ အလြယ္တကူ ကူးစက္ႏိုင္တယ္လို႔ ဆရာဝန္ေတြက ဆိုပါတယ္။ ဒီေရာဂါပိုးေတြဟာ မသန႔္ရွင္းတဲ့ အစားအစာနဲ႔ ေသာက္ေရတို႔မွတစ္ဆင့္လည္း တစ္ေယာက္ကို တစ္ေယာက္ကူးစက္ႏိုင္ေၾကာင္း သိရပါတယ္။

ဒါေၾကာင့္မို႔ ကေလးေတြကို အစားအစာေကြၽးတဲ့အခါ လူႀကီးေတြက ဝါးေကြၽးတာေတြ၊ တဖူးဖူးနဲ႔ မႈတ္ၿပီး ေကြၽးတာေတြက ကေလးေတြအတြက္ အႏၲရာယ္ရွိလို႔ ေရွာင္က်ဥ္သင့္ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

မိခင်ရဲ့ လွဲမှားတဲ့ အချစ်ကြောင့် ၈ နှစ်သမီးလေး အစာအိမ်ပြည်တည်

အသက် ၈ နှစ်အရွယ် သမီးလေးဟာ မိခင်ဖြစ်သူရဲ့ အချစ်ပိုကာ လွဲမှားစွာနဲ့ ဂရုစိုက်မှုလွန်ကဲတာကြောင့် အစာအိမ်ထဲမှာ ပြည်တည်နာ ဖြစ်ခဲ့ပါတယ်။ ကလေးဟာ ဗိုက်အောင့်တဲ့ ဝေဒနာကို ခံစားနေရတာ တစ်နှစ်လောက်ရှိပြီဖြစ်ပြီး အခြေအနေပိုဆိုးလာတာကြောင့် ဆေးရုံပြခဲ့ရာ ကလေးရဲ့ အစာအိမ်ထဲမှာ မိခင်ထံကနေ ကူးစက်တဲ့ ဘက်တီးရီးယားပိုးကြောင့် အစာအိမ်ပြည်တည်နေတာဖြစ်ကြောင်း တွေ့ခဲ့ရပါတယ်။

ဒီအပြုမှုမျိုးဟာ အာရှတိုက်က မိခင်တွေ အထူးသဖြင့် မြန်မာပြည်က မိခင်တွေ အများဆုံး လုပ်လေ့လုပ်ထရှိတဲ့ အကျင့်ဖြစ်ပါတယ်။ စိုးရိမ်မိပြီး လုပ်လိုက်တဲ့ အပြုအမူက အခန့်မသင့်တဲ့အခါ ကလေးအတွက် အသက်အန္တရာယ်ရှိသွားနိုင်ပါတယ်။

တရုတ်နိုင်ငံ ဟန်ကျိုးပြည်နယ်က ‘ရှောင်းမေ’ ဆိုတဲ့ ကလေးမလေးဟာ အသက် ၈ နှစ်ရှိပါပြီ။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု အရှိန်ရနေတဲ့ ဒီအရွယ်မျိုးမှာ ကလေးက အစားအရမ်းစားပါတယ်၊ အထူးသဖြင့် အသားကို ပိုကြိုက်ပါတယ်။ မိဘတွေကလည်း စားနိုင်လို့စားတာ စားပါစေဆိုပြီး အစားအသောက်ကို မပိတ်ပင်ပါဘူး။
ဒါပေမယ့် နောက်ပိုင်းမှာ ကလေးက မကြာခဏဗိုက်အောင့်တတ်ပြီး ညဘက်တွေဆိုရင် ကောင်းကောင်းမအိပ်နိုင် ဖြစ်လာပါတယ်။ အဲဒီအခါနာကျင်လို့ ကလေးက ငိုတဲ့အခါ မိဘတွေက သူဗိုက်ဆာလို့ ဖြစ်မှာပါဆိုပြီး ခပ်အေးအေးပဲ နေလိုက်ကြပါတယ်။

မကြာသေးခင်ကပဲ သူတို့မိသားစု ရုရှားနိုင်ငံကို သွားလည်ကြတုန်း ရာသီဥတုအေးတဲ့ဒဏ်ကြောင့် ကလေးရဲ့ ဝေဒနာ ပိုဆိုးလာတဲ့အတွက် တရုတ်နိုင်ငံကို ချက်ခြင်း ပြန်လာပြီး ဆေးရုံပြခဲ့ကြပါတယ်။

‘ရှောင်မေ’ ကို ဆရာဝန်တွေက ဆေးစစ်ကြည့်ပြီး မိသားစုတွေထဲမှာရော ဒီလို အစာအိမ်ရောဂါမျိုး (Helicobacter Pylori infection)ဖြစ်ဖူးလားလို့ မေးကြည့်ပါတယ်။ ဒီရောဂါပိုးဟာ ခန္ဓာကိုယ်ထဲဝင်သွားပြီး အစာချေလမ်းကြောင်းမှာ အခြေတည်ပြီး အစာအိမ်လမ်းကြောင်းမှာ ပြည်တည်စေတဲ့ ရောဂါပိုးမျိုးဖြစ်ပါတယ်။

မိခင်ဖြစ်သူက အံ့သြသွားပြီး ဒီရောဂါဟာ သူသမီးလေးမှာ ဘယ်လိုရှိနေလဲလို့ တွေးမိသွားပါတယ်။ ဒီအခါကျမှ သူမမှာ ဒီရောဂါမျိုးဖြစ်ဖူးပြီး ဆေးကုသဖို့ နေ့ရွေ့ညရွေ့လုပ်နေခဲ့တာကို သတိရသွားပါတယ်။

မိခင်ဖြစ်သူက ‘ရှောင်းမေ’ ကို ပူပူနွေးနွေး အစားအသောက်တွေ ခွံ့ကျွေးရာမှာ ကလေးအပူလောင်မှာစိုးတဲ့အတွက် အစားသောက်တွေကို သူမပါးစပ်နဲ့ တစ်ဖူးဖူးမှုတ်ရင်း အပူရှိန်လျှော့အောင် လုပ်ပြီးမှ ကျွေးတတ်တဲ့ အလေ့အထကြောင့် ဘက်တီးရီးယားပိုးတွေက အစားအသောက်မှာ ကပ်ပြီး ကလေးရဲ့ အစာအိမ်မှာ ပြည်တည်နာဖြစ်ခဲ့တာဖြစ်ကြောင်း ဆရာဝန်တွေက အကြောင်းရင်းကို တွေ့သွားခဲ့ပါတယ်။

ဒီရောဂါဟ ပျံ့ပွားလွယ်ပြီး မိသားစုဝင်ထဲက တစ်ယောက်ယောက်မှာ ရှိတာနဲ့ ကျန်မိသားစုဝင်တွေဆီကိုပါ အလွယ်တကူ ကူးစက်နိုင်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ ဒီရောဂါပိုးတွေဟာ မသန့်ရှင်းတဲ့ အစားအစာနဲ့ သောက်ရေတို့မှတစ်ဆင့်လည်း တစ်ယောက်ကို တစ်ယောက်ကူးစက်နိုင်ကြောင်း သိရပါတယ်။

ဒါကြောင့်မို့ ကလေးတွေကို အစားအစာကျွေးတဲ့အခါ လူကြီးတွေက ဝါးကျွေးတာတွေ၊ တဖူးဖူးနဲ့ မှုတ်ပြီး ကျွေးတာတွေက ကလေးတွေအတွက် အန္တရာယ်ရှိလို့ ရှောင်ကျဉ်သင့်ပါတယ်။

Credit : popolay

LEAVE A REPLY