Zawgyi ျဖင့္ဖတ္ရန္

 

မိုဟာမက္ အဘူဘာကာဆိုသူအမ်ိဳးသားကေတာ့ မိမိသြားခ်င္တဲ့ ပန္းတို္င္ဆီ မဆုတ္မနစ္ႀကိဳးစားသြားရင္ တစ္ေန႔မွာ ေရာက္ႏိုင္တဲ့အေၾကာင္း သက္ေသျပခဲ့တဲ့ ႏိုင္ဂ်ီးရီးယားတစ္ဦး ျဖစ္တာကို truththeory သတင္းအရ သိရပါတယ္။ အဘူဘာကာဟာ လြန္ခဲ့တဲ့ (၂၄) ႏွစ္တုန္းက Air Azman မွာ သန႔္ရွင္းေရးဝန္ထမ္းသမားတစ္ေယာက္အျဖစ္ စတင္အလုပ္လုပ္ခဲ့ပါတယ္။ အဘူဘာကာရဲ႕သန႔္ရွင္းေရးသမားျဖစ္လာတဲ့ ပုံျပင္ကလည္း စိတ္ဝင္စားစရာေကာင္းပါတယ္။

အဘူဘာကာဟာ ေက်ာင္းၿပီးတဲ့ေနာက္မွာ ကူဒူနာျပည္နယ္ကို ထြက္သြားပါတယ္။ ကူဒူနာမွာ ပိုလီတကၠနစ္ေက်ာင္းသြားတက္ဖို႔ ျဖစ္ပါတယ္။ ကံေကာင္းတာလား၊ ကံဆိုးတာလားပဲ မေျပာတတ္ပါဘူး။ ေရာက္တာ ေနာက္က်တဲ့အတြက္ ဝင္ခြင့္ေျဖခြင့္မရေတာ့ပါဘူး။

ေက်ာင္းလည္းမတက္ရမယ့္အတူတူ အလုပ္လက္မဲ့လည္း မေနခ်င္တာေၾကာင့္ သူဟာ ေလယာဥ္သန႔္ရွင္းေရးဝန္ထမ္းတစ္ဦးအျဖစ္နဲ႔ စအလုပ္ဝင္ခဲ့ပါတယ္။ ရတဲ့ပိုက္ဆံကေတာ့ နည္းနည္းေလးပါပဲ။ ဒါေပမယ့္ စိတ္ရွည္လက္ရွည္နဲ႔ သည္းခံအလုပ္လုပ္ရင္း ေနာက္ပိုင္း ေလယာဥ္ေျပးလမ္းမွာ အလုပ္လုပ္ရတဲ့ ဝန္ထမ္းျဖစ္လာပါတယ္။ သူဟာ အလုပ္လုပ္ေနရင္းနဲ႔ပဲ ေလေၾကာင္းပညာရပ္ကို စိတ္ဝင္စားတာေၾကာင့္ အမ်ားႀကီး ေလ့လာျဖစ္ခဲ့ပါတယ္။ ေနာက္က်ေတာ့ Aero Contractors ေလေၾကာင္းလိုင္းကို အလုပ္ ေျပာင္းခဲ့ၿပီး ေလယာဥ္ေမာင္အျဖစ္နဲ႔ အလုပ္ဝင္ခဲ့ပါတယ္။

Aero Contractors ရဲ႕ ေလယာဥ္အခ်ိန္ဇယားနဲ႔ ပတ္သက္တဲ့ကိစၥေတြမွာ အဘူဘာကာဟာ သူသိထားတဲ့ အလုပ္အေတြ႕အႀကဳံေတြကို မွ်ေဝခဲ့ရာမွာ ကုမၸဏီအတြက္ အရမ္းအေထာက္အကူျဖစ္ခဲ့ပါတယ္။ ကုမၸဏီက အဘူဘာကာရဲ႕ လုပ္ရည္ကိုင္ရည္ကို သေဘာက်တဲ့အတြက္ မန္ေနဂ်င္းဒါ႐ိုက္တာကိုယ္တိုင္က သူ႔ကို ရာထူးတိုး၊ လစာတိုးေပးခဲ့ပါတယ္။ ဒါေပမယ့္ အဘူဘာကာဟာ ခ်က္ျခင္းလက္မခံခဲ့ပါဘူး။ မန္ေနးဂ်င္းဒါ႐ိုက္တာနဲ႔ ေတြ႕ၿပီး အႀကံဉာဏ္ယူခဲ့ကာ သူ႔ရဲ႕ေလယာဥ္မႈးျဖစ္ဖို႔ အိပ္မက္ကို အေကာင္အထည္ ေဖာ္ခဲ့တာပဲ ျဖစ္ပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

လေယာဉ်သန့်ရှင်းရေး အလုပ်သမားဘဝကနေ လေယာဉ်မှုးဖြစ်လာတဲ့ အမျိုးသား

မိုဟာမက် အဘူဘာကာဆိုသူအမျိုးသားကတော့ မိမိသွားချင်တဲ့ ပန်းတိုင်ဆီ မဆုတ်မနစ်ကြိုးစားသွားရင် တစ်နေ့မှာ ရောက်နိုင်တဲ့အကြောင်း သက်သေပြခဲ့တဲ့ နိုင်ဂျီးရီးယားတစ်ဦး ဖြစ်တာကို truththeory သတင်းအရ သိရပါတယ်။ အဘူဘာကာဟာ လွန်ခဲ့တဲ့ (၂၄) နှစ်တုန်းက Air Azman မှာ သန့်ရှင်းရေးဝန်ထမ်းသမားတစ်ယောက်အဖြစ် စတင်အလုပ်လုပ်ခဲ့ပါတယ်။ အဘူဘာကာရဲ့သန့်ရှင်းရေးသမားဖြစ်လာတဲ့ ပုံပြင်ကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

အဘူဘာကာဟာ ကျောင်းပြီးတဲ့နောက်မှာ ကူဒူနာပြည်နယ်ကို ထွက်သွားပါတယ်။ ကူဒူနာမှာ ပိုလီတက္ကနစ်ကျောင်းသွားတက်ဖို့ ဖြစ်ပါတယ်။ ကံကောင်းတာလား၊ ကံဆိုးတာလားပဲ မပြောတတ်ပါဘူး။ ရောက်တာ နောက်ကျတဲ့အတွက် ဝင်ခွင့်ဖြေခွင့်မရတော့ပါဘူး။

ကျောင်းလည်းမတက်ရမယ့်အတူတူ အလုပ်လက်မဲ့လည်း မနေချင်တာကြောင့် သူဟာ လေယာဉ်သန့်ရှင်းရေးဝန်ထမ်းတစ်ဦးအဖြစ်နဲ့ စအလုပ်ဝင်ခဲ့ပါတယ်။ ရတဲ့ပိုက်ဆံကတော့ နည်းနည်းလေးပါပဲ။ ဒါပေမယ့် စိတ်ရှည်လက်ရှည်နဲ့ သည်းခံအလုပ်လုပ်ရင်း နောက်ပိုင်း လေယာဉ်ပြေးလမ်းမှာ အလုပ်လုပ်ရတဲ့ ဝန်ထမ်းဖြစ်လာပါတယ်။ သူဟာ အလုပ်လုပ်နေရင်းနဲ့ပဲ လေကြောင်းပညာရပ်ကို စိတ်ဝင်စားတာကြောင့် အများကြီး လေ့လာဖြစ်ခဲ့ပါတယ်။ နောက်ကျတော့ Aero Contractors လေကြောင်းလိုင်းကို အလုပ် ပြောင်းခဲ့ပြီး လေယာဉ်မောင်အဖြစ်နဲ့ အလုပ်ဝင်ခဲ့ပါတယ်။

Aero Contractors ရဲ့ လေယာဉ်အချိန်ဇယားနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ အဘူဘာကာဟာ သူသိထားတဲ့ အလုပ်အတွေ့အကြုံတွေကို မျှဝေခဲ့ရာမှာ ကုမ္ပဏီအတွက် အရမ်းအထောက်အကူဖြစ်ခဲ့ပါတယ်။ ကုမ္ပဏီက အဘူဘာကာရဲ့ လုပ်ရည်ကိုင်ရည်ကို သဘောကျတဲ့အတွက် မန်နေဂျင်းဒါရိုက်တာကိုယ်တိုင်က သူ့ကို ရာထူးတိုး၊ လစာတိုးပေးခဲ့ပါတယ်။ ဒါပေမယ့် အဘူဘာကာဟာ ချက်ခြင်းလက်မခံခဲ့ပါဘူး။ မန်နေးဂျင်းဒါရိုက်တာနဲ့ တွေ့ပြီး အကြံဉာဏ်ယူခဲ့ကာ သူ့ရဲ့လေယာဉ်မှုးဖြစ်ဖို့ အိပ်မက်ကို အကောင်အထည် ဖော်ခဲ့တာပဲ ဖြစ်ပါတယ်။

share from : burmese.asia

LEAVE A REPLY