Zawgyi ျဖင့္ဖတ္ရန္

 

ေတာင္ကိုရီးယားရဲ႕ စံျပစုံတြဲ တစ္တြဲျဖစ္တဲ့ Goo Hyesun နဲ႔ Ahn Jaehyun တို႔ကေတာ့ မၾကာခင္မွာ ကြာရွင္းေတာ့မွာပါ။ဒီသတင္းကေတာ့ ကိုရီးယား႐ုပ္ရွင္ ခ်စ္ပရိသတ္ေတြကို အရမ္းတုန္လႈပ္ေစခဲ့ပါတယ္။သူတို႔ႏွစ္ေယာက္ဟာ ပရိသတ္ေတြရဲ႕ စံျပ “မနဲ႔ ေမာင္” ဆယ္လီစုံတြဲ ေလးပါ။ကြာရွင္းေတာ့မယ့္ အေၾကာင္းကိုေတာ့ ေအဂ်င္စီ ဘက္ကေန အတည္ျပဳ လိုက္ပါတယ္။

HB Entertainment ကေတာ့ သူတို႔ႏွစ္ေယာက္လုံးရဲ႕ ေအဂ်င္စီပါ။ေအဂ်င္စီဘက္က ေျပာၾကားရမွာေတာ့…” သူတို႔ ႏွစ္ေယာက္လုံးဟာ တည္ေဆာက္ထားတဲ့ အိမ္ေထာင္ေရးကို ဘယ္လိုမွ တည္ၿမဲ ေအာင္ ဆက္ထိန္းႏိုင္ဖို႔ မျဖစ္ႏိုင္တဲ့ အေနအထားကို မၾကာေသးခင္က ေရာက္ခဲ့ရေၾကာင္း၊ျပႆနာ အမ်ိဳးမ်ိဳးနဲ႔ ႀကဳံခဲ့ရတာျဖစ္ၿပီး အေသးစိတ္ရွင္းျပဖို႔ ေတာ့ မျဖစ္ႏိုင္ေၾကာင္း၊ဒါေၾကာင့္ အႀကိမ္မ်ားစြာ ေဆြးေႏြး ညႇိႏႈိင္းမႈေတြ လုပ္ၿပီးခ်ိန္မွာေတာ့ ကြာရွင္းဖို႔ ဆုံးျဖတ္လိုက္တာ လို႔ ေျပာခဲ့ပါတယ္။ HB Entertainment က ေျပာတဲ့ ေၾကညာခ်က္မွာေတာ့ ေအဂ်င္စီ အေနနဲ႔ လအေတာ္ၾကာ ေဆြးေႏြးညႇိႏႈိင္းမႈေတြ လုပ္ၿပီး မွ ဆုံးျဖတ္လိုက္တဲ့ ႏွစ္ေယာက္လုံးရဲ႕ ဆုံးျဖတ္ခ်က္ ကို ေလးစားေၾကာင္း ၊ ႏွစ္ေယာက္လုံး အနာဂါတ္မွာ ေပ်ာ္႐ႊင္ႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာခဲ့ပါတယ္။

Goo Hyesun ဟာ မၾကာေသးခင္တုန္းကမွ ကြာရွင္းဖို႔ကိစၥကို စီမံဖို႔ ေရွ႕ေန ခန႔္အပ္လိုက္ပါတယ္။ ကြာရွင္းဖို႔ သေဘာတူ မူၾကမ္းတစ္ေစာင္ကို လည္း Ahn Jaehyun ဆီကို ပို႔ခဲ့ပါတယ္။ Ahn Jaehyun ကို လည္း ေရွ႕ေန႔ တစ္ေယာက္ ငွားၿပီး ကြာရွင္းတဲ့ လုပ္ငန္းစဥ္ ေတြကို အျမန္ဆုံး ေဆာင္႐ြက္ဖို႔ ေတာင္းဆိုခဲ့ပါတယ္။Goo Hyesun ကေတာ့ ကြာရွင္းခြင့္ကို တရား႐ုံးမွာ ၾသဂုတ္လ ေလာက္ ေတာင္းဆို မွာျဖစ္ၿပီး ကြာရွင္းတဲ့ လုပ္န္းစႈ္ကိုေတာ့ စက္တင္ဘာ ေလာက္မွာ အၿပီးသတ္ခ်င္ ေနပါတယ္။Goo Hyesun နဲ႔ Ahn Jaehyun တို႔ကေတာ့ (၂၀၁၆) ေမ မွာလ က္ထပ္ခဲ့ၾကတာပါ။Goo Hyesun ကေတာ့ (၃၄)ျဖစ္ၿပီး Ahn Jaehyun ကေတာ့ (၃၂)မို႔ သူတို႔စုံတြဲကလည္း မ နဲ႔ ေမာင္ စုံတြဲ ပါ။ ေဆာင္ဂြၽန္ကီနဲ႔ ေဆာင္းေဟတို႔ အတြဲ ကြာရွင္းျပတ္စဲၿပီး သိပ္မၾကာခင္မွာ ေနာက္ထပ္ မနဲ႔ ေမာင္ စုံတြဲ တစ္တြဲ ထပ္ၿပီး ကြာရွင္းခဲ့တာပါ။

Credit : Aunty may

Unicode ဖြင့်ဖတ်ရန်

Goo Hyesun နဲ့ Ahn Jaehyun တို့ ကွာရှင်းမယ့် အကြောင်းအေဂျင်စီ အတည်ပြု

တောင်ကိုရီးယားရဲ့ စံပြစုံတွဲ တစ်တွဲဖြစ်တဲ့ Goo Hyesun နဲ့ Ahn Jaehyun တို့ကတော့ မကြာခင်မှာ ကွာရှင်းတော့မှာပါ။ဒီသတင်းကတော့ ကိုရီးယားရုပ်ရှင် ချစ်ပရိသတ်တွေကို အရမ်းတုန်လှုပ်စေခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာ ပရိသတ်တွေရဲ့ စံပြ “မနဲ့ မောင်” ဆယ်လီစုံတွဲ လေးပါ။ကွာရှင်းတော့မယ့် အကြောင်းကိုတော့ အေဂျင်စီ ဘက်ကနေ အတည်ပြု လိုက်ပါတယ်။

HB Entertainment ကတော့ သူတို့နှစ်ယောက်လုံးရဲ့ အေဂျင်စီပါ။အေဂျင်စီဘက်က ပြောကြားရမှာတော့…” သူတို့ နှစ်ယောက်လုံးဟာ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးကို ဘယ်လိုမှ တည်မြဲ အောင် ဆက်ထိန်းနိုင်ဖို့ မဖြစ်နိုင်တဲ့ အနေအထားကို မကြာသေးခင်က ရောက်ခဲ့ရကြောင်း၊ပြဿနာ အမျိုးမျိုးနဲ့ ကြုံခဲ့ရတာဖြစ်ပြီး အသေးစိတ်ရှင်းပြဖို့ တော့ မဖြစ်နိုင်ကြောင်း၊ဒါကြောင့် အကြိမ်များစွာ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ပြီးချိန်မှာတော့ ကွာရှင်းဖို့ ဆုံးဖြတ်လိုက်တာ လို့ ပြောခဲ့ပါတယ်။ HB Entertainment က ပြောတဲ့ ကြေညာချက်မှာတော့ အေဂျင်စီ အနေနဲ့ လအတော်ကြာ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ပြီး မှ ဆုံးဖြတ်လိုက်တဲ့ နှစ်ယောက်လုံးရဲ့ ဆုံးဖြတ်ချက် ကို လေးစားကြောင်း ၊ နှစ်ယောက်လုံး အနာဂါတ်မှာ ပျော်ရွှင်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

Goo Hyesun ဟာ မကြာသေးခင်တုန်းကမှ ကွာရှင်းဖို့ကိစ္စကို စီမံဖို့ ရှေ့နေ ခန့်အပ်လိုက်ပါတယ်။ ကွာရှင်းဖို့ သဘောတူ မူကြမ်းတစ်စောင်ကို လည်း Ahn Jaehyun ဆီကို ပို့ခဲ့ပါတယ်။ Ahn Jaehyun ကို လည်း ရှေ့နေ့ တစ်ယောက် ငှားပြီး ကွာရှင်းတဲ့ လုပ်ငန်းစဉ် တွေကို အမြန်ဆုံး ဆောင်ရွက်ဖို့ တောင်းဆိုခဲ့ပါတယ်။Goo Hyesun ကတော့ ကွာရှင်းခွင့်ကို တရားရုံးမှာ သြဂုတ်လ လောက် တောင်းဆို မှာဖြစ်ပြီး ကွာရှင်းတဲ့ လုပ်န်းစှု်ကိုတော့ စက်တင်ဘာ လောက်မှာ အပြီးသတ်ချင် နေပါတယ်။Goo Hyesun နဲ့ Ahn Jaehyun တို့ကတော့ (၂၀၁၆) မေ မှာလ က်ထပ်ခဲ့ကြတာပါ။Goo Hyesun ကတော့ (၃၄)ဖြစ်ပြီး Ahn Jaehyun ကတော့ (၃၂)မို့ သူတို့စုံတွဲကလည်း မ နဲ့ မောင် စုံတွဲ ပါ။ ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေတို့ အတွဲ ကွာရှင်းပြတ်စဲပြီး သိပ်မကြာခင်မှာ နောက်ထပ် မနဲ့ မောင် စုံတွဲ တစ်တွဲ ထပ်ပြီး ကွာရှင်းခဲ့တာပါ။

Credit : Aunty may

LEAVE A REPLY