Zawgyi ျဖင့္ဖတ္ရန္

အေမရိကန္ျပည္ေထာင္စုကို လာေရာက္လိုတဲ့ ျမန္မာႏိုင္ငံသားေတြ ခရီးသြားလာေရး လြယ္ကူေစမယ့္ ျပည္ဝင္ခြင့္ ဗီဇာ အစီအစဥ္ကို စတင္လိုက္ေၾကာင္း ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အေမရိကန္သံ႐ုံးက ဒီကေန႔ ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

အေမရိကန္ကို လုပ္ငန္းကိစၥနဲ႔ျဖစ္ေစ၊ အလည္အပတ္ခရီးအတြက္ျဖစ္ေစ သြားေရာက္ လိုသူေတြအတြက္ ထုတ္ေပးတဲ့ ျပည္ဝင္ခြင့္ဗီဇာ B1 နဲ႔ B2 ႏွစ္ခုစလုံးကို တေပါင္းတည္း ေလွ်ာက္ထားႏိုင္တဲ့ အစီအစဥ္ကို စတင္လိုက္တာျဖစ္ပါတယ္။ ဒီအစီအစဥ္သစ္အရ ျပည္ဝင္ခြင့္ဗီဇာ တႀကိမ္ကို ၃ လ သက္တမ္းရွိမွာျဖစ္ၿပီး အာမခံေၾကးလည္း ေပးစရာမလိုေတာ့ဘူးလို႔ ဆိုပါတယ္။

ႏွစ္ႏိုင္ငံအၾကား ခရီးသြားလာမႈပိုမ်ားေစေရးအတြက္ရည္႐ြယ္တဲ့အေနနဲ႔ အခုလို ျပည္ဝင္ခြင့္ ဗီဇာေလွ်ာက္ထားလို႔ လြယ္ကူေစမယ့္ အစီအစဥ္ကို စတင္လိုက္ျခင္းျဖစ္တယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Scot Marciel က ေျပာပါတယ္။

၂၀၁၈ ခုႏွစ္အတြင္းက အေမရိကန္ကိုသြားၾကမယ့္ ျမန္မာႏိုင္ငံသားေတြအတြက္ ျပည္ဝင္ခြင့္ဗီဇာ ၁၄,၀၀၀ နီးပါး ထုတ္ေပးခဲ့ၿပီး ဒါဟာ ၂၀၁၅ ခုႏွစ္ကထက္စာရင္ ၄၀% တိုးလာတယ္လို႔ သံ႐ုံးထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

၂၀၁၇-၁၀၁၈ ပညာသင္ႏွစ္အတြင္းမွာ ျမန္မာႏိုင္ငံက ေက်ာင္းသူ၊ ေက်ာင္းသား စုစုေပါင္း ၁,၅၀၀ ေက်ာ္ အေမရိကန္မွာ ပညာသင္ခဲ့ၾကတယ္လို႔ ေျပာပါတယ္။ ဒါဟာ အဲဒီႏွစ္မတိုင္ခင္ ပညာသင္ႏွစ္နဲ႔ ႏႈိင္းယွဥ္လိုက္ရင္ ၁၆% တိုးလာတာလည္း ျဖစ္ပါတယ္။

တဘက္မွာလည္း အေမရိကန္ကေန ျမန္မာႏိုင္ငံကိုလာတဲ့ ခရီးသြားအေရအတြက္ တိုးလာေနၿပီး အခုႏွစ္ ပထမ ႏွစ္ဝက္အတြင္း မွာတင္ အေမရိကန္ႏိုင္ငံသား ၃၅,၀၀၀ ေရာက္လာခဲ့ၿပီးေတာ့ အရင္ႏွစ္ကထက္ ၃% တိုးလာတယ္လို႔ ေျပာပါတယ္။

Source_VOA

Unicode ဖြင့်ဖတ်ရန်

မြန်မာနိုင်ငံသားတွေအတွက် အမေရိကန်ပြည်ဝင်ခွင့် ပိုလွယ်ကူမယ့်အစီအစဉ် သံရုံးကြေညာ

အမေရိကန်ပြည်ထောင်စုကို လာရောက်လိုတဲ့ မြန်မာနိုင်ငံသားတွေ ခရီးသွားလာရေး လွယ်ကူစေမယ့် ပြည်ဝင်ခွင့် ဗီဇာ အစီအစဉ်ကို စတင်လိုက်ကြောင်း ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်ကို လုပ်ငန်းကိစ္စနဲ့ဖြစ်စေ၊ အလည်အပတ်ခရီးအတွက်ဖြစ်စေ သွားရောက် လိုသူတွေအတွက် ထုတ်ပေးတဲ့ ပြည်ဝင်ခွင့်ဗီဇာ B1 နဲ့ B2 နှစ်ခုစလုံးကို တပေါင်းတည်း လျှောက်ထားနိုင်တဲ့ အစီအစဉ်ကို စတင်လိုက်တာဖြစ်ပါတယ်။ ဒီအစီအစဉ်သစ်အရ ပြည်ဝင်ခွင့်ဗီဇာ တကြိမ်ကို ၃ လ သက်တမ်းရှိမှာဖြစ်ပြီး အာမခံကြေးလည်း ပေးစရာမလိုတော့ဘူးလို့ ဆိုပါတယ်။

နှစ်နိုင်ငံအကြား ခရီးသွားလာမှုပိုများစေရေးအတွက်ရည်ရွယ်တဲ့အနေနဲ့ အခုလို ပြည်ဝင်ခွင့် ဗီဇာလျှောက်ထားလို့ လွယ်ကူစေမယ့် အစီအစဉ်ကို စတင်လိုက်ခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ပြောပါတယ်။

၂၀၁၈ ခုနှစ်အတွင်းက အမေရိကန်ကိုသွားကြမယ့် မြန်မာနိုင်ငံသားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ ၁၄,၀၀၀ နီးပါး ထုတ်ပေးခဲ့ပြီး ဒါဟာ ၂၀၁၅ ခုနှစ်ကထက်စာရင် ၄၀% တိုးလာတယ်လို့ သံရုံးထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

၂၀၁၇-၁၀၁၈ ပညာသင်နှစ်အတွင်းမှာ မြန်မာနိုင်ငံက ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၁,၅၀၀ ကျော် အမေရိကန်မှာ ပညာသင်ခဲ့ကြတယ်လို့ ပြောပါတယ်။ ဒါဟာ အဲဒီနှစ်မတိုင်ခင် ပညာသင်နှစ်နဲ့ နှိုင်းယှဉ်လိုက်ရင် ၁၆% တိုးလာတာလည်း ဖြစ်ပါတယ်။

တဘက်မှာလည်း အမေရိကန်ကနေ မြန်မာနိုင်ငံကိုလာတဲ့ ခရီးသွားအရေအတွက် တိုးလာနေပြီး အခုနှစ် ပထမ နှစ်ဝက်အတွင်း မှာတင် အမေရိကန်နိုင်ငံသား ၃၅,၀၀၀ ရောက်လာခဲ့ပြီးတော့ အရင်နှစ်ကထက် ၃% တိုးလာတယ်လို့ ပြောပါတယ်။

Source_VOA

LEAVE A REPLY