Zawgyi ျဖင့္ဖတ္ရန္

အသက္ (၂၃) ႏွစ္ ေအာက္ အာရွအမ်ိဳးသားေဘာ္လီ ေဘာၿပိဳင္ပြဲ ဒုတိယပြဲတြင္ အိမ္ရွင္ ျမန္မာအသင္းက သီရိလကၤာအ သင္းကို အႀကိတ္အနယ္ယွဥ္ၿပိဳင္ ၿပီး သုံးပြဲ၊တစ္ပြဲျဖင့္ အႏိုင္ရခဲ့ သည္။

ၾသဂုတ္ ၄ ရ က္က ေနျပည္ ေတာ္ဝဏၰသိဒၶိ အားကစား႐ုံ၌ က်င္းပသည့္ အုပ္စု (က) ဒုတိယ ပြဲတြင္ ျမန္မာအသင္းက သီရိ လကၤာအသင္းကို (၂၅-၁၈)၊ (၂၆-၂၈)၊ (၁၉-၂၅)၊ (၁၄-၂၅) မွတ္၊ သုံးပြဲ၊ တစ္ပြဲျဖင့္ အႏိုင္ရခဲ့သည္။

ျမန္မာယူ-၂၃ ေဘာ္လီ ေဘာအသင္းသည္ အုပ္စုအဖြင့္ ပြဲတြင္ ေဟာင္ေကာင္အသင္းကို သုံးပြဲျပတ္အႏိုင္ရခဲ့သျဖင့္ လက္ရွိ ၌ အုပ္စုႏွစ္ပြဲဆက္ အႏိုင္ရရွိ ထားသည္။

၂၀၁၉ အာရွယူ-၂၃ အမ်ိဳး သားေဘာ္လီေဘာၿပိဳင္ပြဲကို ၾသ ဂုတ္ ၃ ရက္မွ ၁၁ ရက္အထိက်င္း ပမည္ ျဖစ္ၿပီး ၿပိဳင္ပြဲဝင္ ၁၆ ႏိုင္ငံက အုပ္စုေလးခုခြဲ၍ ယွဥ္ၿပိဳင္ေနသည္။ အိမ္ရွင္ျမန္မာယူ -၂၃ ေဘာ္လီေဘာအသင္းသည္ အုပ္စု(က) တြင္ ေဟာင္ေကာင္၊ သီရိလကၤာ၊ ၾသစေၾတးလ် အသင္းတို႔ႏွင့္ တစ္အုပ္စုတည္း က် ေရာက္ေနသည္။

အုပ္စု (ခ) တြင္ ဂ်ပန္၊ ကာ ဇက္စတန္၊ ေဆာ္ဒီ၊ ဗီယက္နမ္၊ အုပ္စု (ဂ) တြင္ တိုင္ေပ၊ ပါကစၥ တန္၊ ကာတာ၊ ဘာရိန္း၊ အုပ္စု (ဃ) တြင္ ထိုင္း၊ တ႐ုတ္၊အိႏၵိယ၊ နယူးဇီလန္တို႔ ယွဥ္ၿပိဳင္မည္ျဖစ္ သည္။

ျမန္မာယူ-၂၃ ေဘာ္လီ ေဘာအသင္းသည္ အုပ္စုေနာက္ ဆုံးပြဲစဥ္အျဖစ္ ၾသဂုတ္ ၅ ရက္ တြင္ ၾသစေၾတးလ် အသင္းႏွင့္ ယွဥ္ၿပိဳင္မည္ ျဖစ္သည္။

အာရွယူ-၂၃ ေဘာ္လီေဘာ ၿပိဳင္ပြဲကို ျမန္မာႏိုင္ငံတြင္ ၂၀၁၅ က အိမ္ရွင္အျဖစ္ က်င္းပၿပီး ယခု ဒုတိယအႀကိမ္ေျမာက္ က်င္းပ ျခင္းျဖစ္သည္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

အာရှယူ-၂၃ ဘော်လီဘောပြိုင်ပွဲတွင် မြန်မာအသင်း နှစ်ပွဲဆက်အနိုင်ရ

အသက် (၂၃) နှစ် အောက် အာရှအမျိုးသားဘော်လီ ဘောပြိုင်ပွဲ ဒုတိယပွဲတွင် အိမ်ရှင် မြန်မာအသင်းက သီရိလင်္ကာအ သင်းကို အကြိတ်အနယ်ယှဉ်ပြိုင် ပြီး သုံးပွဲ၊တစ်ပွဲဖြင့် အနိုင်ရခဲ့ သည်။

သြဂုတ် ၄ ရ က်က နေပြည် တော်ဝဏ္ဏသိဒ္ဓိ အားကစားရုံ၌ ကျင်းပသည့် အုပ်စု (က) ဒုတိယ ပွဲတွင် မြန်မာအသင်းက သီရိ လင်္ကာအသင်းကို (၂၅-၁၈)၊ (၂၆-၂၈)၊ (၁၉-၂၅)၊ (၁၄-၂၅) မှတ်၊ သုံးပွဲ၊ တစ်ပွဲဖြင့် အနိုင်ရခဲ့သည်။

မြန်မာယူ-၂၃ ဘော်လီ ဘောအသင်းသည် အုပ်စုအဖွင့် ပွဲတွင် ဟောင်ကောင်အသင်းကို သုံးပွဲပြတ်အနိုင်ရခဲ့သဖြင့် လက်ရှိ ၌ အုပ်စုနှစ်ပွဲဆက် အနိုင်ရရှိ ထားသည်။

၂၀၁၉ အာရှယူ-၂၃ အမျိုး သားဘော်လီဘောပြိုင်ပွဲကို သြ ဂုတ် ၃ ရက်မှ ၁၁ ရက်အထိကျင်း ပမည် ဖြစ်ပြီး ပြိုင်ပွဲဝင် ၁၆ နိုင်ငံက အုပ်စုလေးခုခွဲ၍ ယှဉ်ပြိုင်နေသည်။ အိမ်ရှင်မြန်မာယူ -၂၃ ဘော်လီဘောအသင်းသည် အုပ်စု(က) တွင် ဟောင်ကောင်၊ သီရိလင်္ကာ၊ သြစတြေးလျ အသင်းတို့နှင့် တစ်အုပ်စုတည်း ကျ ရောက်နေသည်။

အုပ်စု (ခ) တွင် ဂျပန်၊ ကာ ဇက်စတန်၊ ဆော်ဒီ၊ ဗီယက်နမ်၊ အုပ်စု (ဂ) တွင် တိုင်ပေ၊ ပါကစ္စ တန်၊ ကာတာ၊ ဘာရိန်း၊ အုပ်စု (ဃ) တွင် ထိုင်း၊ တရုတ်၊အိန္ဒိယ၊ နယူးဇီလန်တို့ ယှဉ်ပြိုင်မည်ဖြစ် သည်။

မြန်မာယူ-၂၃ ဘော်လီ ဘောအသင်းသည် အုပ်စုနောက် ဆုံးပွဲစဉ်အဖြစ် သြဂုတ် ၅ ရက် တွင် သြစတြေးလျ အသင်းနှင့် ယှဉ်ပြိုင်မည် ဖြစ်သည်။

အာရှယူ-၂၃ ဘော်လီဘော ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ၂၀၁၅ က အိမ်ရှင်အဖြစ် ကျင်းပပြီး ယခု ဒုတိယအကြိမ်မြောက် ကျင်းပ ခြင်းဖြစ်သည်။

share from : burmese.asia

LEAVE A REPLY