Zawgyi ဖြင့်ဖတ်ရန်





Unicode ဖြင့်ဖတ်ရန်

သားဖြစ်သူ ကို အဖေတူသားလေးတစ်ယောက်အဖြစ် ပုံသွင်းတော့မယ့် အောင်လအန်ဆန်း

ပရိသတ်ကြီးရေ ၊ မြန်မာ့စပါးအုံး အောင်လအန်ဆန်း တစ်ယောက် အခုအချိန်ထိကြိုးဝိုင်းထဲမှာ ရွှေရောင်နေ့ရက်တွေကို ပိုင်ဆိုင်ထားဆဲပါ။ မြန်မာ့ဂုဏ်ကို နိုင်ငံတကာမှာဆောင်နိုင်တဲ့အတွက်လည်း ပရိသတ်တွေက အောင်လမှ အောင်လ လို့ စွဲစွဲလမ်းလမ်း အားပေးနေကြတာလည်းဖြစ်ပါတယ်။

အောင်လ တစ်ယောက် သားဖြစ်သူကို ကိုယ်ခံပညာအမွေတွေပေးနေပြီလို့လည်း သိရပါတယ်။ အောင်လ က အဆိုပါအကြောင်းအရာကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တာပါ။အောင်လ က “ကျွန်တော့်သားလေး.. ပြိုင်ပွဲကြိုးဝိုင်းထဲမှာ!..ယှဉ်ပြိုင်ထိုးသတ်ဖို့အတွက် အသင့်ဖြစ်နေပြီလို့ထင်တယ်!သူ့ရဲ့ BJJ သင်ယူမှု့ကို နည်းပြ Bruna ” Durinho ” Burns နဲ့စတင်နေပါပြီ.

.တချိန်ချိန်မှာ မြန်မာနိုင်ငံမှာ လည်း ကလေးတွေ စည်းကမ်းညြ့်ဝပြီး.နာခံမှုရှိစွာနဲ့,အချင်းချင်းလေးစားမှုရှိဖို့,သင်ယူမှုတွေကိုအာရုံစိုက်တတ်ဖို့, မိမိကိုယ်ကိုကာကွယ်နိုင်ဖို့အတွက်..လုံခြုံကောင်းမွန်တဲ့ကိုယ်ခံပညာသင်တန်းကျောင်းလေးတခုဖွင့်ချင်ပါတယ်” လို့ရေးသားထားပါတယ် ။ အဖေတူ ဘေဘီအောင်လလေးအတွက် မှတ်ချက်ကနေအားပေးစကားလေးတွေပြောခဲ့ကြပါဦး။

share from : burmese.asia

LEAVE A REPLY