Zawgyi ျဖင့္ဖတ္ရန္

က်မအေၾကာင္းေလး ဖတ္ခ်င္တဲ့သူအတြက္ က်မဘဝရဲ႕ မွတ္တမ္း သမီးအေဖနဲ႔က က်မ ၁၀ တန္းစာေမးပြဲေျဖၿပီး ေအာင္စာရင္းထြက္ခါနီးမွာ မထင္မွတ္ပဲ ရသြားခဲ့တာပါ က်မ အိမ္ေထာင္က်ၿပီး ၅ ႏွစ္အၾကာမွ သမီးကို ကိုယ္ဝန္စရွိခဲ့တာပါ သမီးေလးကို ၂၀/၃/၂၀၀၃ မွာေမြးခဲ့တယ္ မိဘေတြသေဘာမတူလို႔ သူ႔အိမ္မွာပဲ လိုက္ေနခဲ့ရတယ္ ကိုယ့္ေယာက္်ားအဝတ္ကို တျခားသူေလွ်ာ္တာ လုံးဝမႀကိဳက္ မလုပ္တတ္ လုပ္တတ္နဲ႔ လုပ္ခဲ့တယ္ ကိုယ္ဝန္ရွိေတာ့ ေဆးခန္းကို ခ်ိန္းတဲ့ရက္တိုင္း ျပတယ္ သူကလည္း က်မအနားမရွိ တျခားၿမိဳ႕မွာ အလုပ္သြားလုပ္ေနေတာ့ ေဆးခန္းျပရမယ့္ ရက္ေတြဆို ဆိုကၠားဆရာ ဦးေလးႀကီးပဲ လိုက္ပို႔ခိုင္းရတယ္ တရက္ အေမက က်မဆိုကၠားေဘးကေန ကားနဲ႔ျဖတ္အသြား က်မကို ျမင္ေတာ့ အေဖ့ကိုေၾကာက္လို႔ မေခၚရဲဘူးေလ။

က်မသမီးေလး ကိုယ္ဝန္စရွိကတည္းက ဘုရား တရားပုံမွန္လုပ္ျဖစ္တယ္ ေန႔တိုင္း ပ႒ာန္းအက်ယ္ မနက္ေရာညေရာ ႐ြတ္ဖတ္တယ္ ဘုရားက်ည္းပန္းအိုးေတြလည္း ပုံမွန္ မက်ည္းမွဲ႔နဲ႔ တိုက္တယ္ အဲဒီ ဘုရားဂုဏ္ေက်းဇူးေၾကာင့္ သမီးေလးက ညဏ္ရည္ထက္ျမက္ၿပီး လိမၼာတယ္.. ကိုယ္ဝန္စရွိကတည္းက ေန႔တိုင္းလိုလို က်မ အိမ္မက္မက္တယ္ အိမ္မက္ထဲမွာ က်မ ေယာက္်ားကို ေကာင္မေလးတစ္ေယာက္နဲ႔ျမင္မိတယ္.. က်မေယာက္်ားအေၾကာင္းကို သူမ်ားေတြက က်မကိုလာေျပာၾကတယ္ က်မ မယုံခဲ့ဘူး.. ေန႔တိုင္းလိုလို သူက်မဆီကို ညဥ့္နက္မွျပန္လာတယ္ တေန႔ က်မသည္းၿငီးမခံႏိုင္ေတာ့လို႔ စကားမ်ားၾကတယ္.. ၿပီးေတာ့ သူမူးၿပီးအိပ္ေပ်ာ္သြားတယ္.. အဲဒီအခ်ိန္က က်မ ကိုယ္ဝန္ ၇ လ ရွိတဲ့အခ်ိန္ေပါ့.. က်မလည္း ငိုရင္းနဲ႔အေမ့ကို သတိရလာတယ္.. သူ႔အိမ္ကေန က်မ လမ္းေလွ်ာက္ၿပီး ညတြင္းခ်င္း အေမ့အိမ္ျပန္ခဲ့တယ္.. သူ႔အိမ္နဲ႔က်မအိမ္ ၄၅ မိနစ္ေလာက္ ေလွ်ာက္ခဲ့ရတယ္ အေမ့ေတြ႕ခ်င္တဲ့စိတ္ကမ်ားေနေတာ့ က်မ ညႀကီး တစ္ေယာက္တည္း ေလွ်ာက္ခဲ့ရတာ ေၾကာက္စိတ္မဝင္မိဘူး။

အေမ့အိမ္ေရာက္ေတာ့ အေမ အေမ ေအာ္ေခၚၿပီး က်မ တံခါးေခါက္လိုက္တယ္.. အေမ့ကို ျမင္ေတာ့ အားရပါးရ ဖက္ငိုျပစ္လိုက္တယ္.. အေမတစ္ေယာက္ က်မကို ညအခ်ိန္မေတာ္ တစ္ေယာက္တည္း မထင္မွတ္ပဲ ေရာက္လာလို႔ အံ့ဪေနမိတယ္.. ေနာက္ေန႔ မနက္ ၉ နာရီမွ က်မအိမ္ကို ပုံပုံ အေဖ ေရာက္လာၿပီး က်မ အိမ္ကို သူျပန္လာေခၚတဲ့ေန႔မွာ အေမက မိန္းမတစ္ေယာက္လုံး အနားမွာ မရွိတာ တစ္ညလုံး မသိရေကာင္းလားဆိုၿပီး သူ႔ကိုဆူတယ္ အေမ့ေရွ႕မွာ အေမေျပာသမွ်ကို ၿပဳံးၿပဳံးေလးနဲ႔ သူဟန္ေဆာင္ခဲ့တယ္ က်မလက္ကိုဆြဲၿပီး သူ႔အိမ္ျပန္ေခၚသြားတယ္ သူ႔အိမ္လည္းေရာက္ေရာ အခန္းတံခါးပိတ္ၿပီး က်မအေမကိုငါကိုင္တုတ္ဆဲတယ္ က်မကိုလည္း ပါးေတြ ဘယ္ျပန္ညာျပန္႐ိုက္တယ္.. ရန္ျဖစ္ရမွာ အရမ္းရွက္လို႔ ၿငိမ္ခံေနလိုက္တယ္.. အၿမဲလိုလို မူးလာတတ္တဲ့သူ႔ေၾကာင့္ ညေရာက္မွာ အရမ္းေၾကာက္လာတယ္.. ေနာက္ေတာ့ ေမြးခါးနီးၿပီမို႔လို႔ အေမက အိမ္ေခၚထားတယ္ေလ အဲဒီအခ်ိန္မွာ သူက ၉ တန္းေက်ာင္းသူေကာင္မေလးကို ေက်ာင္းသြားၿပီး မုန႔္ေတြသြားပို႔လိုက္ ဖုန္းေတြဆက္လိုက္နဲ႔ အလုပ္ေတြရႈပ္ေနတာေပါ့.. ရပ္ကြက္ထဲက ေကာင္မေလးနဲ႔တခန္းတည္း စာသင္တဲ့ေကာင္ေလးက က်မကို အေၾကာင္းစုံ လာေျပာျပတယ္။

ေနာက္ေန႔ က်မသူငယ္ခ်င္း ဇာနည္ကို အေဖာ္ေခၚၿပီး ထမင္းစားဆင္းခ်္န္ ေက်ာင္းမွာ ေကာင္မေလးကို သြားေတြ႕တယ္.. ျမင္ဖူးခ်င္႐ုံသက္သက္သြားၾကည့္ခဲ့တာပါ.. ေတြ႕ေတာ့ က်မ မေနႏိုင္ဘူး စကားေတြေျပာခ်င္လာတယ္ေလ.. မိန္းမ ရွိမွန္းမသိလို႔ သူ႔ခမ်ားပက္သက္တယ္လို႔ ေကာင္မေလးဘက္က ေတြးလိုက္မိတယ္.. အဲဒါနဲ႔ က်မ သြားမိတ္ဆက္လိုက္တယ္.. ေကာင္မေလးက ျပန္ေျပာတယ္ မိန္းမရွိတာသိတယ္ သမီးက သူ႔ကို ခင္တာပါတဲ့ေလ.. က်မလည္း ဘာမွျပန္မေျပာေတာ့ပဲ ေက်းဇူးပါ ညီမေလးရယ္ဆိုၿပီး ျပန္လာခဲ့တယ္.. ဘဝမွာ ငယ္ငယ္ကတည္းက အခက္အခဲရွိတိုင္း အေဖာ္လိုက္ေပးတဲ့ ခ်စ္သူငယ္ခ်င္းေလး ဇာနည္ေၾကာင့္ ဘယ္ေနရာသြားသြား အားရွိခဲ့တယ္.. ဒီလိုနဲ႔ပဲ က်မ သမီးေလးကိုေမြးမယ့္ေန႔ေလးမွာ အေမ့လက္ကိုဆုပ္ၿပီး ေမြးခန္းထဲဝင္သြားခဲ့ရတယ္.. သူက ျပည္ကို အလုပ္ကိစၥနဲ႔ေရာက္ေနေတာ့ အဲဒီအခ်ိန္မွာ သူမရွိဘူးေလ.. က်မေမြးၿပီးမွ သူအနားေရာက္လာခဲ့တယ္.. ေဆး႐ုံမွာ အိပ္ေပးပါ ေယာက္်ားရယ္လို႔ေျပာတဲ့အခ်ိန္မွာ သူ ျငင္းခဲ့တယ္.. ေဆးနံ႔ေတြ မခံႏိုင္လို႔ ေဆး႐ုံကို ဧည့္သြား ဧည့္လာပဲ သူလာေတြ႕တယ္.. ေမြးၿပီး ေနာက္ေန႔မွာ ေယာကၡမက က်မစားဖို႔ ဆန္ျပဳတ္လာပို႔တယ္.. ေဆး႐ုံကေနဆင္းေတာ့ အေမက က်မကို အိမ္မွာေခၚထားတယ္ေလ.. အိမ္လည္းေရာက္ေရာ ထုံးစံအတိုင္း ေယာက္်ားမူးလာၿပီဆို အခန္းတံခါးေပါက္ေတြ ေျပးပိတ္ရတယ္.. က်မကို ေအာ္တဲ့အသံေတြ မိဘကိုေရာ ပတ္ဝန္းက်င္ေရာ ၾကားမွာ ေၾကာက္တယ္။

တေန႔အေဖက သူ႔ကို အလုပ္တစ္ခု ခိုင္းလိုက္တယ္.. တနာရီနဲ႔ၿပီးရမယ့္အလုပ္ကို ညေရာက္မွျပန္လာတယ္ေလ.. အေဖက ေဒါသထြက္ၿပီး သူ႔ကိုဆူတယ္ သူ႔ကိုအဆူခံရတိုင္း အခန္းထဲေခၚၿပီး မိဘကိုမေက်နပ္တာနဲ႔ က်မကို႐ိုက္တယ္.. တရက္ က်မကို သူတြန္းခ်လိုက္ေတာ့ က်မလဲသြားတယ္ က်မျပန္ထလို႔မရဘူး က်မလည္ပင္းကို သူ႔ေျခေထာက္နဲ႔နင္းထားတယ္.. အဲဒါကို ျမင္လိုက္တဲ့အခ်ိန္မွာပဲ အေမ မူးလဲသြားတယ္ေလ.. ဒီလိုနဲ႔ပဲ သူနဲ႔က်မ ရန္ျဖစ္လိုက္ သူေခ်ာ့ေတာ့လည္း ျပန္အဆင္ေျပသြားလိုက္နဲ႔ေပါ့.. က်မသမီးေလး တစ္ႏွစ္ေက်ာ္ေလာက္မွာ က်မဆီကို ညႀကီး အခ်ိန္မေတာ္ ဖုန္းဝင္လာတယ္.. က်မေယာက္်ားကို ဟိုတယ္တစ္ခုမွာေကာင္မေလးတစ္ေယာက္နဲ႔ရွိတယ္လို႔ သတင္းေပးတဲ့ သူငယ္ခ်င္းတစ္ေယာက္ေပါ့.. မိုးေတြကလည္း အရမ္း႐ြာေနတာ.. က်မကလည္း ဆိုင္ကယ္အထုတ္ အေမက က်မကို ေသြးႏုသားႏုနဲ႔ မိုးမိလို႔မျဖစ္ဘူး မသြားရဘူးဆိုၿပီး တားတယ္.. သမီး သူမ်ားေျပာတာမယုံဘူး သမီးမ်က္လုံးနဲ႔ျမင္မွ ယုံမွာအေမဆိုၿပီး အတင္းထြက္လာတယ္.. ဒီလိုနဲ႔ပဲ က်မအဲဒီဟိုတယ္ကို ေရာက္သြားခဲ့တယ္။

တစ္ကိုယ္လုံးလည္းစို႐ႊဲၿပီး ဘိနပ္စီးဖို႔ေတာင္ က်မေမ့လာတယ္.. လမ္းေလွ်ာက္ေတာ့မွ က်မ ဘိနပ္မပါမွန္း သိတယ္.. ဟိုတယ္အတြင္းထဲမွာ က်မ ေယာက္်ား ဆိုင္ကယ္ကို ျမင္လိုက္ေတာ့ ရင္ထဲမွာ တဒုန္းဒုန္းနဲ႔ လဲသြားမတတ္ ခံစားရတယ္.. က်မ ဟိုတယ္ထဲေရာက္သြားေတာ့ မန္ေနဂ်ာက မရွိဘူးျငင္းတယ္.. သူ႔ဆိုင္ကယ္ႀကီး က်မေတြ႕ပါတယ္ ရွင္ျပသနာ မတက္ေစရဘူးလို႔ေျပာလိုက္တယ္.. ဘယ္အခန္းမွာရွိလဲ က်မကိုေျပာပါလို႔ ေတာင္းပန္လိုက္တယ္.. မန္ေနဂ်ာလည္း က်မကို ျမင္ၿပီး စိတ္မေကာင္းျဖစ္သြားတယ္ ထင္ပါတယ္. သူတို႔ေနတဲ့ အခန္းနံပါတ္ က်မကိုေျပာလိုက္တယ္.. က်မေလ လမ္းေလွ်ာက္တာ ဒူးေတြအရမ္တုန္ေနတာေပါ့.. အခန္းေရွ႕ေရာက္ေတာ့ က်မအသံမေပးဘူး တံခါးေခါက္လိုက္တယ္.. သူလာဖြင့္ေပးတဲ့အခ်ိန္ တံခါးကို ေစာင့္တြန္းလိုက္တယ္..က်မကိုျမင္ေတာ့ ေကာင္မေလးကေရခ်ိဳးခန္းထဲဝင္ေျပးၿပီး တံခါးေလာ့ခ်ထားတယ္.. သူကလည္း က်မကိုတြန္းထုတ္တယ္.. အိမ္မွာ ေမြးကင္းစ က်မသမီးေလး အေဖမရွိမွာဆိုးလို႔ က်မစိတ္ကိုေလွ်ာ့ၿပီး သူ႔ကိုေကာင္းမြန္စြာ ျပန္ေခၚခဲ့တယ္.. သူလိုက္မလာဘူး.. မထင္ထားပဲ ျမင္လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္ က်မ ေဆာက္တည္ရာမရ မေကြးတံတားႀကီးေပၚမွာ တစ္ေယာက္တည္း ေအာ္ဟစ္ငိုေႂကြးခဲ့တယ္.. အားရေအာင္ငိုၿပီးမွ အေမ့အိမ္ျပန္ခဲ့တယ္။

အိမ္ေရာက္ေတာ့ အေမက သမီးေတြ႕ခဲ့လားလို႔ေမးၿပီး ေရစိုေနတဲ့က်မ အဝတ္ေတြကို ၾကည္းၾကည္းနဲ႔ႏွစ္ေယာက္လဲေပးၾကတယ္.. က်မေခါင္းစိုႀကီးကို တဘက္နဲ႔သုတ္ေပးတယ္.. သူတို႔ကို ဘာစကားမွျပန္မေျဖႏိုင္ဘူး ရင္ထဲမွာဆို႔ေနတယ္..အဲဒီညက က်မသမီးေလးကိုၾကည့္ရင္း အခန္းထဲမွာ တညလုံး ငိုေနမိတယ္.. ေနာက္ေန႔မနက္မွ သူ က်မအိမ္ျပန္လာေတာ့ သူ႔ကိုက်မအေတြ႕မခံေတာ့ပဲ တံခါးပိတ္ေနခဲ့တယ္.. ေနာက္ေန႔မနက္ သူျပန္လာတဲ့အခ်ိန္ က်မ အခန္းတံခါးလာေခါက္တယ္… က်မ ဖြင့္မေပးခဲ့ဘူး.. အဲဒီေနာက္ ၂ ရက္ၾကာေတာ့ က်မသမီးေလးကို က်မ မရွိတုန္း သူေနတဲ့ ဟိုတယ္ကိုေခၚသြားတယ္.. အေမနဲ႔မမက က်မအတြက္ သမီးေလးကို သြားေခၚေပးတယ္.. ေပ်ာ္႐ႊင္တဲ့မိသားစုေလး ျပန္တည္ေဆာက္မယ္ ဆိုၿပီး သမီးေလးကိုလည္း မိဘစုံစုံလင္လင္နဲ႔ ေနေစခ်င္တဲ့စိတ္ေၾကာင့္ က်မ သူ႔ဆီဖုန္းဆက္လိုက္တယ္.. ရွင့္အမွားေတြကို က်မကိုမေတာင္းပန္ပါနဲ႔ က်မမိဘကိုေတာ့ ကန္ေတာ့ၿပီး ေတာင္းပန္ေပးပါ.. ရွင့္အေဖေခၚၿပီး က်မတို႔သားအမိကို ျပန္လာေခၚဖို႔ ေျပာလိုက္တယ္.. ဒီအခ်ိန္မွာ ငါမေတာင္းပန္ႏိုင္ဘူး နင့္ကိုလည္း ျပန္မေပါင္းႏိုင္ဘူးလို႔ သူေျပာတယ္.. သူက အဲဒီစင္တင္ကေကာင္မေလးနဲ႔က်မ မသိေအာင္ လက္မွတ္ထိုး ေပါင္းသင္းေနၾကတယ္။

ဒီလိုနဲ႔ပဲ တေျဖးေျဖးေဝးသြားခဲ့ၾကတယ္.. သမီးေလး ေနမေကာင္းတဲ့အခ်ိန္မွာ အေဖေဘးနားရွိေစခ်င္လို႔ သူရွိတဲ့ စင္တင္စားေသာက္ဆိုင္ကို က်မ လိုက္သြားတယ္. အဲဒီေကာင္မေလး ေနမေကာင္းလို႔ သူဆန္ျပဳတ္တိုက္ေနတာ က်မ ကိုယ္တိုင္ ျမင္လိုက္ရတယ္.. ေပါက္ကြဲၿပီး ဆိုင္ထဲမွာ က်မေသာင္းက်န္းေတာ့တာပဲ.. ဆိုင္ရွင္က ကိုယ့္ေယာက္်ားကို ႏိုင္ေအာင္ မထိန္းႏိုင္ပဲ ငါ့ဆိုင္ လာမရမ္းနဲ႔ဆိုၿပီး ေအာ္ထုတ္တယ္.. ၿပီးေတာ့ က်မအေဖဆီ ဆိုင္ရွင္က ဖုန္းဆက္တိုင္တယ္.. က်မလည္း သူနဲ႔စားေသာက္ဆိုင္ထဲမွာ ရန္ေတြ ေအာ္ႀကီးဟစ္က်ယ္ျဖစ္ၾကတယ္.. ၿပီးေတာ့ က်မအိမ္ကိုျပန္ၿပီး မဂၤလာေဆာင္ ဓာတ္ပုံေတြယူတယ္.. အဲဒီဆိုင္ထဲမွာပဲ လူအမ်ားေရွ႕မွာ ဓာတ္ပုံေတြ မီးရႈိ႕ျပစ္လိုက္တယ္.. သူ႔ကို ဇာ ခ်စ္လည္း မခ်စ္ဘူး မုန္းလည္း မမုန္းဘူး စိတ္ထဲမွာ မရွိေတာ့ဘူး.. ေနာက္ပိုင္း သူနဲ႔ဇာ ကြဲသြားတယ္.. ကြဲသြားၿပီး တစ္ႏွစ္ေက်ာ္ေလာက္မွာ ကြာရွင္းလက္မွတ္ထိုးဖို႔ သူလာေျပာတယ္.. က်မတို႔ရပ္ကြက္႐ုံးမွာပဲ သူ႔ကို ကြာေပးလိုက္တယ္။

ဒီလိုနဲ႔ေနာက္ပိုင္း က်မကို အေဖက စိတ္ေျပလက္ေပ်ာက္ ရန္ကုန္မွာ အလွျပင္သင္တန္းပို႔လိုက္တယ္.. က်မသူငယ္ခ်င္း လင္းဇာနည္ေဇာ္ရဲ႕သူငယ္ခ်င္းဆိုင္ေပါ့.. အေဖက ေ႐ႊဂုံတိုင္မွာ အေဆာင္ထားေပးတယ္.. အလွျပင္ဆိုင္က တာေမြ ဗ်ိဳင္းေရအိုးစင္လမ္းထဲက လဲ့လဲ့အလွျပင္ဆိုင္ေပါ့.. အလွျပင္ဆရာမက ဇာ့ကို ဆံပင္ေတြေျဖာင့္ေပး အလွေတြျပင္ေပးနဲ႔ အဝတ္အစား ဒီဇိုင္းက အစ ေျပာင္းေပးတယ္.. Bus ကားမစီးတတ္ေတာ့ က်မ ညေနတိုင္း တာေမြကေန ေ႐ႊဂုံတိုင္ထိ လမ္းေလွ်ာက္ျပန္တယ္.. ၂လေလာက္ၾကာေတာ့ က်မေနာက္ကို လူ ၃ ေယာက္ လမ္းထိပ္မွာ က်မအျပန္ေစာင့္ၿပီး အေဆာင္ထိ လိုက္လာတယ္.. ပထမေတာ့ က်မ မရိပ္မိဘူး..ေနာက္ပိုင္း က်မသိလာေတာ့ ေၾကာက္လာတယ္.. ညေမွာင္ရင္ မျပန္ရဲဘူး.. အဲဒါနဲ႔ အေဖကလည္း က်မကို လာအေတြ႕အေဖ့ကိုေျပာျပၿပီး အေဆာင္မွာမေနေတာ့ပဲ ဆရာမအိမ္ေျပာင္းေနခဲ့တယ္.. သူမ်ားၿမိဳ႕မွာေနရေတာ့ အားလည္းငယ္တယ္.. ထမင္းစားတိုင္း အေမနဲ႔သမီးေလးကို သတိရလို႔ မ်က္ရည္က်ရတယ္.. သမီးေလးကို အရမ္းလြမ္းလို႔ က်မ မေကြးျပန္လာခဲ့တယ္။

မေကြးေရာက္ေတာ့ က်မကို ေတြ႕တဲ့သူတိုင္း အသားေတြျဖဴၿပီး အရမ္းလွလာတယ္လို႔ေျပာတယ္.. တေန႔ က်မဆိုင္ကယ္နဲ႔ ဇာနည္အိမ္အသြား သူနဲ႔ လမ္းမွာဆုံတယ္.. က်မေနာက္ကို အတင္းလိုက္လာတယ္.. ၿပီးေတာ့ က်မဆိုင္ကယ္ေရွ႕က ပိတ္ရပ္တယ္ က်မလက္ကို အတင္းဆြဲေခၚတယ္ က်မ လွလာတာ သူမေက်နပ္ဘူး.. က်မနဲ႔ျပန္ေပါင္းမယ္ဆိုၿပီး အတင္းလုပ္တယ္.. က်မဆိုင္ကယ္ မီးလုံးေတြလည္း ႐ိုက္ခြဲတယ္.. ေၾကာက္ေၾကာက္နဲ႔ က်မ သူမ်ားအိမ္ထဲ ဝင္ေျပးၿပီး ရဲစခန္းကို ဖုန္းဆက္လိုက္တယ္.. ရဲေတြေရာက္လာတဲ့ အခ်ိန္မွာ သူမရွိေတာ့ဘူးေလ.. အဲဒါနဲ႔ သူ႔အိမ္ကို ရဲေတြ သြားရွာၾကတယ္.. ေနာက္ေန႔ရဲစခန္းမွာ က်မကို မေႏွာင့္ယွက္ဖို႔ ခံဝန္ကတိ ထိုးခိုင္းတယ္.. ဒီလိုနဲ႔ပဲ သူ အရက္ရဲ႕ေက်းကြၽန္ျဖစ္သြားတယ္.. က်မသမီးေလးကိုလည္း သူ မူးလာၿပီဆို အိမ္နားက သူငယ္ခ်င္း အိျပာကတဆင့္ လာေခၚခိုင္းတယ္.. သမီးေလးကလည္း သူ႔အေဖကို ေသြးကစကားေျပာတယ္ ထင္ပါရဲ႕ အရမ္းခ်စ္.. တေန႔ က်မသူငယ္ခ်င္းေတြ မုန႔္စားၿပီးအျပန္ ၿမိဳ႕ပတ္လမ္းမွာ သူနဲ႔ထပ္ေတြ႕တယ္.. အရမ္းလည္းမူးေနတာ က်မကိုျမင္ေတာ့ ေနာက္က လိုက္လာျပန္တယ္.. ၿပီးေတာ့ ခါတိုင္းလိုပဲ အတင္းဆြဲေခၚျပန္တယ္ သူ႔မွာလည္း သူငယ္ခ်င္းတစ္ေယာက္ပါလာတယ္.. က်မကမလိုက္ေတာ့ က်မကို လက္သီးေတြနဲ႔မ်က္ႏွာကို ထိုးႀကိတ္သြားတယ္.. ရွိသမွ်လူေတြလည္း သူ႔ကိုဝိုင္းဆြဲၾကတယ္ မရဘူး.. က်မသူငယ္ခ်င္း အိျပာလည္းပါတယ္ သူလည္း ဆြဲလို႔ တြန္းခ်ခံလိုက္ရတယ္.. အဲဒီ အနီးအနား ပတ္ဝန္းက်င္က အေဖ့ကို သြားေျပာၾကတယ္.. အေဖလည္း က်မ မ်က္ႏွာ ဖုေယာင္ေနေတာ့ စိတ္ေတြအရမ္းတိုၿပီး သူ႔ကိုအမႈဖြင့္လိုက္တယ္။

တရား႐ုံးကို ႐ုံးခ်ိန္းတိုင္း က်မသြားရတယ္.. အေမက သူ႔ေျမးေလးကို ေထာင္ထြက္သမီးလို႔ အေျပာမခံႏိုင္လို႔ ဆိုၿပီး အမႈပိတ္လိုက္တယ္.. အဲဒီေနာက္ပိုင္း သူ က်မကိုမေႏွာင့္ယွက္ေတာ့ဘူး.. အခ်ိန္ျပည့္ အရက္ဆိုင္မွာပဲ ေနေတာ့တယ္ေလ.. သမီးေလးက သူငယ္တန္းကေန ခုခ်ိန္ထိ ႏွစ္တိုင္း ဆုေတြယူရတယ္.. သူဆုယူတဲ့ေန႔တိုင္း သူရတဲ့ဆုေၾကးစာအိတ္ေလးကို အေဖ့ဆီသြားကန္ေတာ့တယ္.. အေမကိုေတာ့ သူ ဆုရတဲ့မွတ္တမ္းေလး အပ္တယ္.. အေဖကလည္း သူ႔သမီးကန္ေတာ့တဲ့ ပိုက္ဆံနဲ႔ အရက္ေသာက္တယ္ေလ.. ဒါေတြကို သမီးက သိေသာ္လည္း သူ႔အေဖကို အျပစ္မျမင္ပါဘူး.. သမီးေလးက အၿမဲတမ္း သူ တစ္ခုခုစားတိုင္း စားေကာင္းလို႔ရွိရင္ ေဖေဖ့ကို ေကြၽးခ်င္လိုက္တာနဲ႔ က်မအိမ္ကလူေတြကို ေျပာတယ္။

တစ္ေန႔ေတာ့ က်မ သမီးေလးကို ေက်ာင္းပို႔ရင္း သတိထားမိလာတယ္.. ေက်ာင္းမွာ သူ႔သူငယ္ခ်င္းေတြ အေဖ လိုက္ပို႔တာျမင္ရင္ သူ႔မ်က္ႏွာေလးငယ္ေနတယ္.. သူ႔ အေဖကလည္း ငယ္ငယ္ကတည္းက သူ႔ကိုေခၚသြားတိုင္း အေဖတို႔မိသားစုကို အခုလိုၿပိဳကြဲေအာင္ သမီး အဘက လုပ္တာဆိုၿပီး မဟုတ္တဲ့စကားေတြနဲ႔ ကေလးကို နားသြင္းတယ္.. သူ႔အမွားေတြကို ကေလးသိမွာ ေၾကာက္တယ္ေလ.. ဒါေပမယ့္ သမီးက အသိရွိတယ္.. သူငယ္ငယ္တုန္းက သူ႔အေဖ တျခားမိန္းမတစ္ေယာက္ဆီ သူ႔ကိုေခၚသြားတာ မွတ္မိတယ္..သူ ေန႔တိုင္းက်မကို ေျပာတဲ့စကားက သမီး ဆရာဝန္ျဖစ္ရင္ ရတဲ့ဝင္ေငြနဲ႔ ေမေမ့ကိုလည္း ေစာင့္ေရွာက္မယ္ အဘနဲ႔အဖြားကိုလည္း ကန္ေတာ့မယ္ ေဖေဖ့အတြက္လည္း ရည္စူးၿပီး လႉမယ္.. သမီးလို မိဘမဆုံတဲ့ ကေလးေတြ ျမင္တိုင္း ေဖေဖ့ကို အရမ္းသတိရတယ္တဲ့ေလ.. တခါတေလ အိမ္မက္ထဲမွာ ေဖေဖ့ကို ဖက္ၿပီး အိပ္ေနတာတဲ့ သမီး ေဖေဖ့ကို အဲလိုေလး အိပ္ခြင့္မေပးလိုက္ရတာ စိတ္မေကာင္းဘူးတဲ့ေလ.. သမီးက ခြင့္မေပးတာမဟုတ္ပါဘူး အေဖက ခြင့္မေပးတာပါလို႔ က်မကျပန္ေျပာရင္း သားမိႏွစ္ေယာက္ ရႈိက္ႀကီးတငင္ဖက္ငိုမိတယ္.. ေမေမမ်ား ေနာက္အိမ္ေထာင္ျပဳသြားရင္ ဆိုတဲ့ အေတြးဝင္လာလိုက္တိုင္း ရင္ေတြ ကြဲမတတ္ခံစားရတယ္.. အေဖမေကာင္းေပမယ့္ အေဖ့ေနရာမွာ ဘယ္သူ႔မွအစားမထိုးႏိုင္ဘူးတဲ့ေလ.. ေမေမ့ကိုလည္း အေဖ့လို ႏွိပ္ဆက္တဲ့ေယာက္်ားမ်ိဳးနဲ႔ ထပ္ဆုံမွာဆိုးတယ္.. ဒါေပမယ့္လည္း သမီးေပ်ာ္႐ႊင္မႈထက္ ေမေမ အရမ္းပင္ပမ္းခဲ့တာေၾကာင့္ ေမေမ ေပ်ာ္တာကိုပဲ ျမင္ခ်င္တယ္တဲ့ေလ။

က်မတစ္ေန႔ေတာ့ အလုပ္ကိစၥနဲ႔ ခရီးအသြား တစ္ေန႔ က်မ ခရီးသြားတဲ့အခ်ိန္ က်မ အမဆီက ဖုန္းလာတယ္… ပုံပုံအေဖ အရမ္းေနမေကာင္းဘူးၾကားတယ္ နင့္သမီးေလးကို သူ႔အေဖနဲ႔ေတြ႕ေပးလိုက္ပါဦးတဲ့.. ေနာက္ေတာ့ သူ ကေယာင္ေျခာက္ျခားေတြျဖစ္ ျမင္ျမင္သမွ် က်မပဲထင္ၿပီး ဇာဇာေရ ဇာဇာေရ နဲ႔လိုက္ေခၚေတာ့တာပဲ.. အဲဒီလိုၾကားရတဲ့အခ်ိန္မွာ က်မ စိတ္မေကာင္းဘူး.. ဒါေပမယ့္ ကိုယ့္ေရွ႕မွာ မိန္းမေပါင္းေျမာက္မ်ားစြာနဲ႔ ၿငိခဲ့တာလည္း မ်က္ျမင္ဆိုေတာ့ ဘယ္လိုမွ စိတ္က မပါေတာ့ဘူး.. အဲဒီမိန္းမေတြကလည္း သူ႔မွာပိုက္ဆံ မရွိေတာ့ အားလုံး ထားခဲ့ၾကတယ္ေလ.. က်မ သူ႔ကိုသိပ္ခ်စ္ခဲ့ပါတယ္.. ခ်စ္လြန္းလို႔ မိဘေတြေျပာရင္ လုံးဝမႀကိဳက္.. ကိုယ့္ေယာက္်ားကို မွားမွား မွန္မွန္ ကိုယ္ပဲေျပာခ်င္တာ သူမ်ားေျပာတာ မႀကိဳက္.. အေဖနဲ႔ဆို ဇာ အႀကိမ္ႀကိမ္ ရန္ျဖစ္ခဲ့ရတယ္.. ေနာက္ ဇာၿမိဳ႕ထဲအသြား သူ႔ကို လမ္းေပၚမွာ မူးၿပီးလဲေနတာ ေတြ႕လိုက္ရတယ္.. ဘဝေတြ ပ်က္သြားတာ အံ့ဪစရာပါ့လား ေန႔ခ်င္းညခ်င္းပဲ သူ ဒီလိုျဖစ္သြားတာ အခုေရးေနရင္းနဲ႔ က်မ ခံစားရပါတယ္။

တခ်ိန္တုန္းက က်မ အမ ေစ့စပ္ပြဲေန႔မွာ အေဖက မမကို ေ႐ႊ ၇ က်ပ္သားလက္ဖြဲ႕တယ္.. က်မကိုေတာ့ သေဘာမတူပဲနဲ႔ယူလို႔ ဆင္ထားတာေတြ ျပန္ေတာင္းတယ္.. သူကလည္း အဲဒါကိုေတြးတိုင္း အေဖ့ကိုမေက်နပ္.. ၿပီးရင္ အဲဒါေတြျပန္ေျပာၿပီး က်မကို အခန္းပိတ္႐ိုက္ေတာ့တာပဲ.. ဒီလိုနဲ႔ သူတေျဖးေျဖး က်န္းမာေရး အရမ္းဆိုးလာတာေပါ့.. ေနာက္ေတာ့ သူ က်မကိုျမင္ခ်င္လို႔ အိမ္နားကို လာလာ ေခ်ာင္းၾကည့္တယ္.. သူက်န္းမာေရးမေကာင္းတာ သူ႔ကိုယ္သူ သိေတာ့ က်မကို မေႏွာင့္ယွက္ေတာ့ဘူး.. က်မ ေက်ာက္ပန္းေတာင္းကို အလုပ္ကိစၥနဲ႔ သြားၿပီး အျပန္ က်မဆီကို အေမဖုန္းဆက္တယ္.. ပုံပုံ အေဖဆုံးၿပီ သမီးသြားေတြ႕လိုက္ပါဦး အခုျပန္လာခဲ့ေတာ့တဲ့ေလ.. က်မသြားၿပီး ေရာက္ေရာက္ခ်င္း အေလာင္းေဘးမွာ သားမိႏွစ္ေယာက္ထိုင္ကန္ေတာ့တယ္.. အေမ့မ်က္ႏွာၾကည့္ၿပီး မငိုပဲ ေအာင့္ထားတဲ့ သမီးမ်က္ႏွာေလးကို အခုထိျမင္ေယာင္မိတယ္။

အသုဘ လာပို႔တဲ့ တခ်ိဳ႕လူေတြကလည္း စပ္စုၾကတာေပါ့ေနာ္ က်မကိုၾကည့္လိုက္ အေလာင္းကို ၾကည့္လိုက္နဲ႔ေပါ့ အသုဘသြားပို႔ခ်ိန္ လမ္းတစ္ေလွ်ာက္လုံး ကားေမာင္းရင္းနဲ႔ က်မအမ က အႏိုင္ေရ အႏိုင္ေရ ဆိုၿပီး ရႈိက္ႀကီးတငင္ငိုရွာတယ္.. သမီးေလးကေတာ့ က်မရင္ခြင္ ထဲမွာ တြယ္ဖက္ၿပီး ေနေလရဲ႕.. တလမ္းလုံး သမီး မုန႔္ဖိုးေလးနဲ႔ ေဖေဖ့ အုတ္ဂူလုပ္ေပးပရေစ ေမေမဆိုၿပီး တတြတ္တြတ္ ေျပာရွာတယ္ သမီးသေဘာပါ ေမေမ လုပ္ေပးရမွာေပါ့ လို႔ေျပာလိုက္တယ္.. အေလာင္းကို မီးရႈိ႕ခါနီး သားမိႏွစ္ေယာက္ထိုင္ကန္ေတာ့တဲ့ အခ်ိန္ က်မရင္ထဲ ဆို႔တက္လာတာ က်မတို႔ႏွစ္ေယာက္ ရဲ႕ ၾကည္ႏူးခဲ့တဲ့ အခ်ိန္ေလးေတြ ရန္ျဖစ္ခဲ့တဲ့ အခ်ိန္ေလးေတြ ျပန္ျမင္ေယာင္လာတယ္ေလ မီးခိုးေခါင္းတိုင္က အေငြ႕ေတြကို က်မေမာ့ၾကည့္ရင္း သူ႔မ်က္ႏွာေလး ျမင္လိုက္တယ္.. က်မတို႔သားအမိကိုၾကည့္ၿပီး ငိုေနတယ္ က်မ သူ႔မ်က္ႏွာၾကည့္ၿပီး ေျပာလိုက္တယ္ ရွင့္ကို ခြင့္လႊတ္တယ္..သိပ္ခ်စ္ပါတယ္ ေယာက္်ားရယ္လို႔ ေျပာၿပီး က်မ ေျမေပၚမွာ ေျခဆင္းၿပီး အားရေအာင္ ငိုခ်လိုက္တယ္.. က်မငိုေတာ့ သမီးကလည္း ေဖေဖရယ္ဆိုၿပီး တအားငိုတယ္။

အျပန္တလမ္းလုံး သူ႔အတြက္ဆုေတာင္းေပးတယ္ ေကာင္းရာမြန္ရာ ဘဝေလး ေရာက္ပါေစ ဘဝဆက္တိုင္း မိသားစု ေပ်ာ္႐ႊင္စြာ ေနႏိုင္ပါေစ ညက်ေတာ့ သမီးကိုက်မလိုက္ရွာတာ ဘုရားခန္းမွာ တစ္ေယာက္တည္း ဘုရားရွင္ခိုးၿပီး သူ႔အေဖအတြက္ အမွ်ေပးေနတာေလ သမီးေလး အားမငယ္နဲ႔ ေမေမကေလ သမီးနားမွာ သက္ဆုံးတိုင္ေနမွာ ေမေမ့ကိုၾကည့္ သမီးကို ခ်စ္တယ္ အရင္ထက္ပိုခ်စ္မယ္ေနာ္ဆိုၿပီး ေခ်ာ့သိပ္လိုက္တယ္ သူ႔အေဖ ဆုံးတဲ့ေန႔ေလးတိုင္း သူ႔မုန႔္ဖိုးေလးနဲ႔လႉရွာတယ္ ဘယ္ဘုရားသြားသြား သူ႔အေဖ နာမည္နဲ႔ ရည္စူးၿပီး လႉတယ္ေလ က်မ ဘဝေလးကေတာ့ ဒီေလာက္ပါပဲ လူတိုင္း မိသားစုဘဝေလး နားလည္မႈ အျပည့္နဲ႔ ေပ်ာ္႐ႊင္စြာ ျဖတ္သန္းႏိုင္ၾကပါေစလို႔ က်မတို႔ သားမိႏွစ္ေယာက္က ဆုေတာင္းေပးလိုက္ပါတယ္ရွင္။

share from: burmese.asia

Unicode ဖြင့်ဖတ်ရန်

ရင်နင့်ဖွယ် အိမ်ထောင်ရေး အကြောင်း ဖွင့်ချလိုက်တဲ့ မကွေးက အလှဘုရင်မ ချစ်ဇာ

ကျမအကြောင်းလေး ဖတ်ချင်တဲ့သူအတွက် ကျမဘဝရဲ့ မှတ်တမ်း သမီးအဖေနဲ့က ကျမ ၁၀ တန်းစာမေးပွဲဖြေပြီး အောင်စာရင်းထွက်ခါနီးမှာ မထင်မှတ်ပဲ ရသွားခဲ့တာပါ ကျမ အိမ်ထောင်ကျပြီး ၅ နှစ်အကြာမှ သမီးကို ကိုယ်ဝန်စရှိခဲ့တာပါ သမီးလေးကို ၂၀/၃/၂၀၀၃ မှာမွေးခဲ့တယ် မိဘတွေသဘောမတူလို့ သူ့အိမ်မှာပဲ လိုက်နေခဲ့ရတယ် ကိုယ့်ယောက်ျားအဝတ်ကို တခြားသူလျှော်တာ လုံးဝမကြိုက် မလုပ်တတ် လုပ်တတ်နဲ့ လုပ်ခဲ့တယ် ကိုယ်ဝန်ရှိတော့ ဆေးခန်းကို ချိန်းတဲ့ရက်တိုင်း ပြတယ် သူကလည်း ကျမအနားမရှိ တခြားမြို့မှာ အလုပ်သွားလုပ်နေတော့ ဆေးခန်းပြရမယ့် ရက်တွေဆို ဆိုက္ကားဆရာ ဦးလေးကြီးပဲ လိုက်ပို့ခိုင်းရတယ် တရက် အမေက ကျမဆိုက္ကားဘေးကနေ ကားနဲ့ဖြတ်အသွား ကျမကို မြင်တော့ အဖေ့ကိုကြောက်လို့ မခေါ်ရဲဘူးလေ။

ကျမသမီးလေး ကိုယ်ဝန်စရှိကတည်းက ဘုရား တရားပုံမှန်လုပ်ဖြစ်တယ် နေ့တိုင်း ပဋ္ဌာန်းအကျယ် မနက်ရောညရော ရွတ်ဖတ်တယ် ဘုရားကျည်းပန်းအိုးတွေလည်း ပုံမှန် မကျည်းမှဲ့နဲ့ တိုက်တယ် အဲဒီ ဘုရားဂုဏ်ကျေးဇူးကြောင့် သမီးလေးက ညဏ်ရည်ထက်မြက်ပြီး လိမ္မာတယ်.. ကိုယ်ဝန်စရှိကတည်းက နေ့တိုင်းလိုလို ကျမ အိမ်မက်မက်တယ် အိမ်မက်ထဲမှာ ကျမ ယောက်ျားကို ကောင်မလေးတစ်ယောက်နဲ့မြင်မိတယ်.. ကျမယောက်ျားအကြောင်းကို သူများတွေက ကျမကိုလာပြောကြတယ် ကျမ မယုံခဲ့ဘူး.. နေ့တိုင်းလိုလို သူကျမဆီကို ညဉ့်နက်မှပြန်လာတယ် တနေ့ ကျမသည်းငြီးမခံနိုင်တော့လို့ စကားများကြတယ်.. ပြီးတော့ သူမူးပြီးအိပ်ပျော်သွားတယ်.. အဲဒီအချိန်က ကျမ ကိုယ်ဝန် ၇ လ ရှိတဲ့အချိန်ပေါ့.. ကျမလည်း ငိုရင်းနဲ့အမေ့ကို သတိရလာတယ်.. သူ့အိမ်ကနေ ကျမ လမ်းလျှောက်ပြီး ညတွင်းချင်း အမေ့အိမ်ပြန်ခဲ့တယ်.. သူ့အိမ်နဲ့ကျမအိမ် ၄၅ မိနစ်လောက် လျှောက်ခဲ့ရတယ် အမေ့တွေ့ချင်တဲ့စိတ်ကများနေတော့ ကျမ ညကြီး တစ်ယောက်တည်း လျှောက်ခဲ့ရတာ ကြောက်စိတ်မဝင်မိဘူး။

အမေ့အိမ်ရောက်တော့ အမေ အမေ အော်ခေါ်ပြီး ကျမ တံခါးခေါက်လိုက်တယ်.. အမေ့ကို မြင်တော့ အားရပါးရ ဖက်ငိုပြစ်လိုက်တယ်.. အမေတစ်ယောက် ကျမကို ညအချိန်မတော် တစ်ယောက်တည်း မထင်မှတ်ပဲ ရောက်လာလို့ အံ့ဪနေမိတယ်.. နောက်နေ့ မနက် ၉ နာရီမှ ကျမအိမ်ကို ပုံပုံ အဖေ ရောက်လာပြီး ကျမ အိမ်ကို သူပြန်လာခေါ်တဲ့နေ့မှာ အမေက မိန်းမတစ်ယောက်လုံး အနားမှာ မရှိတာ တစ်ညလုံး မသိရကောင်းလားဆိုပြီး သူ့ကိုဆူတယ် အမေ့ရှေ့မှာ အမေပြောသမျှကို ပြုံးပြုံးလေးနဲ့ သူဟန်ဆောင်ခဲ့တယ် ကျမလက်ကိုဆွဲပြီး သူ့အိမ်ပြန်ခေါ်သွားတယ် သူ့အိမ်လည်းရောက်ရော အခန်းတံခါးပိတ်ပြီး ကျမအမေကိုငါကိုင်တုတ်ဆဲတယ် ကျမကိုလည်း ပါးတွေ ဘယ်ပြန်ညာပြန်ရိုက်တယ်.. ရန်ဖြစ်ရမှာ အရမ်းရှက်လို့ ငြိမ်ခံနေလိုက်တယ်.. အမြဲလိုလို မူးလာတတ်တဲ့သူ့ကြောင့် ညရောက်မှာ အရမ်းကြောက်လာတယ်.. နောက်တော့ မွေးခါးနီးပြီမို့လို့ အမေက အိမ်ခေါ်ထားတယ်လေ အဲဒီအချိန်မှာ သူက ၉ တန်းကျောင်းသူကောင်မလေးကို ကျောင်းသွားပြီး မုန့်တွေသွားပို့လိုက် ဖုန်းတွေဆက်လိုက်နဲ့ အလုပ်တွေရှုပ်နေတာပေါ့.. ရပ်ကွက်ထဲက ကောင်မလေးနဲ့တခန်းတည်း စာသင်တဲ့ကောင်လေးက ကျမကို အကြောင်းစုံ လာပြောပြတယ်။

နောက်နေ့ ကျမသူငယ်ချင်း ဇာနည်ကို အဖော်ခေါ်ပြီး ထမင်းစားဆင်းချ်န် ကျောင်းမှာ ကောင်မလေးကို သွားတွေ့တယ်.. မြင်ဖူးချင်ရုံသက်သက်သွားကြည့်ခဲ့တာပါ.. တွေ့တော့ ကျမ မနေနိုင်ဘူး စကားတွေပြောချင်လာတယ်လေ.. မိန်းမ ရှိမှန်းမသိလို့ သူ့ခများပက်သက်တယ်လို့ ကောင်မလေးဘက်က တွေးလိုက်မိတယ်.. အဲဒါနဲ့ ကျမ သွားမိတ်ဆက်လိုက်တယ်.. ကောင်မလေးက ပြန်ပြောတယ် မိန်းမရှိတာသိတယ် သမီးက သူ့ကို ခင်တာပါတဲ့လေ.. ကျမလည်း ဘာမှပြန်မပြောတော့ပဲ ကျေးဇူးပါ ညီမလေးရယ်ဆိုပြီး ပြန်လာခဲ့တယ်.. ဘဝမှာ ငယ်ငယ်ကတည်းက အခက်အခဲရှိတိုင်း အဖော်လိုက်ပေးတဲ့ ချစ်သူငယ်ချင်းလေး ဇာနည်ကြောင့် ဘယ်နေရာသွားသွား အားရှိခဲ့တယ်.. ဒီလိုနဲ့ပဲ ကျမ သမီးလေးကိုမွေးမယ့်နေ့လေးမှာ အမေ့လက်ကိုဆုပ်ပြီး မွေးခန်းထဲဝင်သွားခဲ့ရတယ်.. သူက ပြည်ကို အလုပ်ကိစ္စနဲ့ရောက်နေတော့ အဲဒီအချိန်မှာ သူမရှိဘူးလေ.. ကျမမွေးပြီးမှ သူအနားရောက်လာခဲ့တယ်.. ဆေးရုံမှာ အိပ်ပေးပါ ယောက်ျားရယ်လို့ပြောတဲ့အချိန်မှာ သူ ငြင်းခဲ့တယ်.. ဆေးနံ့တွေ မခံနိုင်လို့ ဆေးရုံကို ဧည့်သွား ဧည့်လာပဲ သူလာတွေ့တယ်.. မွေးပြီး နောက်နေ့မှာ ယောက္ခမက ကျမစားဖို့ ဆန်ပြုတ်လာပို့တယ်.. ဆေးရုံကနေဆင်းတော့ အမေက ကျမကို အိမ်မှာခေါ်ထားတယ်လေ.. အိမ်လည်းရောက်ရော ထုံးစံအတိုင်း ယောက်ျားမူးလာပြီဆို အခန်းတံခါးပေါက်တွေ ပြေးပိတ်ရတယ်.. ကျမကို အော်တဲ့အသံတွေ မိဘကိုရော ပတ်ဝန်းကျင်ရော ကြားမှာ ကြောက်တယ်။

တနေ့အဖေက သူ့ကို အလုပ်တစ်ခု ခိုင်းလိုက်တယ်.. တနာရီနဲ့ပြီးရမယ့်အလုပ်ကို ညရောက်မှပြန်လာတယ်လေ.. အဖေက ဒေါသထွက်ပြီး သူ့ကိုဆူတယ် သူ့ကိုအဆူခံရတိုင်း အခန်းထဲခေါ်ပြီး မိဘကိုမကျေနပ်တာနဲ့ ကျမကိုရိုက်တယ်.. တရက် ကျမကို သူတွန်းချလိုက်တော့ ကျမလဲသွားတယ် ကျမပြန်ထလို့မရဘူး ကျမလည်ပင်းကို သူ့ခြေထောက်နဲ့နင်းထားတယ်.. အဲဒါကို မြင်လိုက်တဲ့အချိန်မှာပဲ အမေ မူးလဲသွားတယ်လေ.. ဒီလိုနဲ့ပဲ သူနဲ့ကျမ ရန်ဖြစ်လိုက် သူချော့တော့လည်း ပြန်အဆင်ပြေသွားလိုက်နဲ့ပေါ့.. ကျမသမီးလေး တစ်နှစ်ကျော်လောက်မှာ ကျမဆီကို ညကြီး အချိန်မတော် ဖုန်းဝင်လာတယ်.. ကျမယောက်ျားကို ဟိုတယ်တစ်ခုမှာကောင်မလေးတစ်ယောက်နဲ့ရှိတယ်လို့ သတင်းပေးတဲ့ သူငယ်ချင်းတစ်ယောက်ပေါ့.. မိုးတွေကလည်း အရမ်းရွာနေတာ.. ကျမကလည်း ဆိုင်ကယ်အထုတ် အမေက ကျမကို သွေးနုသားနုနဲ့ မိုးမိလို့မဖြစ်ဘူး မသွားရဘူးဆိုပြီး တားတယ်.. သမီး သူများပြောတာမယုံဘူး သမီးမျက်လုံးနဲ့မြင်မှ ယုံမှာအမေဆိုပြီး အတင်းထွက်လာတယ်.. ဒီလိုနဲ့ပဲ ကျမအဲဒီဟိုတယ်ကို ရောက်သွားခဲ့တယ်။

တစ်ကိုယ်လုံးလည်းစိုရွှဲပြီး ဘိနပ်စီးဖို့တောင် ကျမမေ့လာတယ်.. လမ်းလျှောက်တော့မှ ကျမ ဘိနပ်မပါမှန်း သိတယ်.. ဟိုတယ်အတွင်းထဲမှာ ကျမ ယောက်ျား ဆိုင်ကယ်ကို မြင်လိုက်တော့ ရင်ထဲမှာ တဒုန်းဒုန်းနဲ့ လဲသွားမတတ် ခံစားရတယ်.. ကျမ ဟိုတယ်ထဲရောက်သွားတော့ မန်နေဂျာက မရှိဘူးငြင်းတယ်.. သူ့ဆိုင်ကယ်ကြီး ကျမတွေ့ပါတယ် ရှင်ပြသနာ မတက်စေရဘူးလို့ပြောလိုက်တယ်.. ဘယ်အခန်းမှာရှိလဲ ကျမကိုပြောပါလို့ တောင်းပန်လိုက်တယ်.. မန်နေဂျာလည်း ကျမကို မြင်ပြီး စိတ်မကောင်းဖြစ်သွားတယ် ထင်ပါတယ်. သူတို့နေတဲ့ အခန်းနံပါတ် ကျမကိုပြောလိုက်တယ်.. ကျမလေ လမ်းလျှောက်တာ ဒူးတွေအရမ်တုန်နေတာပေါ့.. အခန်းရှေ့ရောက်တော့ ကျမအသံမပေးဘူး တံခါးခေါက်လိုက်တယ်.. သူလာဖွင့်ပေးတဲ့အချိန် တံခါးကို စောင့်တွန်းလိုက်တယ်..ကျမကိုမြင်တော့ ကောင်မလေးကရေချိုးခန်းထဲဝင်ပြေးပြီး တံခါးလော့ချထားတယ်.. သူကလည်း ကျမကိုတွန်းထုတ်တယ်.. အိမ်မှာ မွေးကင်းစ ကျမသမီးလေး အဖေမရှိမှာဆိုးလို့ ကျမစိတ်ကိုလျှော့ပြီး သူ့ကိုကောင်းမွန်စွာ ပြန်ခေါ်ခဲ့တယ်.. သူလိုက်မလာဘူး.. မထင်ထားပဲ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျမ ဆောက်တည်ရာမရ မကွေးတံတားကြီးပေါ်မှာ တစ်ယောက်တည်း အော်ဟစ်ငိုကြွေးခဲ့တယ်.. အားရအောင်ငိုပြီးမှ အမေ့အိမ်ပြန်ခဲ့တယ်။

အိမ်ရောက်တော့ အမေက သမီးတွေ့ခဲ့လားလို့မေးပြီး ရေစိုနေတဲ့ကျမ အဝတ်တွေကို ကြည်းကြည်းနဲ့နှစ်ယောက်လဲပေးကြတယ်.. ကျမခေါင်းစိုကြီးကို တဘက်နဲ့သုတ်ပေးတယ်.. သူတို့ကို ဘာစကားမှပြန်မဖြေနိုင်ဘူး ရင်ထဲမှာဆို့နေတယ်..အဲဒီညက ကျမသမီးလေးကိုကြည့်ရင်း အခန်းထဲမှာ တညလုံး ငိုနေမိတယ်.. နောက်နေ့မနက်မှ သူ ကျမအိမ်ပြန်လာတော့ သူ့ကိုကျမအတွေ့မခံတော့ပဲ တံခါးပိတ်နေခဲ့တယ်.. နောက်နေ့မနက် သူပြန်လာတဲ့အချိန် ကျမ အခန်းတံခါးလာခေါက်တယ်… ကျမ ဖွင့်မပေးခဲ့ဘူး.. အဲဒီနောက် ၂ ရက်ကြာတော့ ကျမသမီးလေးကို ကျမ မရှိတုန်း သူနေတဲ့ ဟိုတယ်ကိုခေါ်သွားတယ်.. အမေနဲ့မမက ကျမအတွက် သမီးလေးကို သွားခေါ်ပေးတယ်.. ပျော်ရွှင်တဲ့မိသားစုလေး ပြန်တည်ဆောက်မယ် ဆိုပြီး သမီးလေးကိုလည်း မိဘစုံစုံလင်လင်နဲ့ နေစေချင်တဲ့စိတ်ကြောင့် ကျမ သူ့ဆီဖုန်းဆက်လိုက်တယ်.. ရှင့်အမှားတွေကို ကျမကိုမတောင်းပန်ပါနဲ့ ကျမမိဘကိုတော့ ကန်တော့ပြီး တောင်းပန်ပေးပါ.. ရှင့်အဖေခေါ်ပြီး ကျမတို့သားအမိကို ပြန်လာခေါ်ဖို့ ပြောလိုက်တယ်.. ဒီအချိန်မှာ ငါမတောင်းပန်နိုင်ဘူး နင့်ကိုလည်း ပြန်မပေါင်းနိုင်ဘူးလို့ သူပြောတယ်.. သူက အဲဒီစင်တင်ကကောင်မလေးနဲ့ကျမ မသိအောင် လက်မှတ်ထိုး ပေါင်းသင်းနေကြတယ်။

ဒီလိုနဲ့ပဲ တဖြေးဖြေးဝေးသွားခဲ့ကြတယ်.. သမီးလေး နေမကောင်းတဲ့အချိန်မှာ အဖေဘေးနားရှိစေချင်လို့ သူရှိတဲ့ စင်တင်စားသောက်ဆိုင်ကို ကျမ လိုက်သွားတယ်. အဲဒီကောင်မလေး နေမကောင်းလို့ သူဆန်ပြုတ်တိုက်နေတာ ကျမ ကိုယ်တိုင် မြင်လိုက်ရတယ်.. ပေါက်ကွဲပြီး ဆိုင်ထဲမှာ ကျမသောင်းကျန်းတော့တာပဲ.. ဆိုင်ရှင်က ကိုယ့်ယောက်ျားကို နိုင်အောင် မထိန်းနိုင်ပဲ ငါ့ဆိုင် လာမရမ်းနဲ့ဆိုပြီး အော်ထုတ်တယ်.. ပြီးတော့ ကျမအဖေဆီ ဆိုင်ရှင်က ဖုန်းဆက်တိုင်တယ်.. ကျမလည်း သူနဲ့စားသောက်ဆိုင်ထဲမှာ ရန်တွေ အော်ကြီးဟစ်ကျယ်ဖြစ်ကြတယ်.. ပြီးတော့ ကျမအိမ်ကိုပြန်ပြီး မင်္ဂလာဆောင် ဓာတ်ပုံတွေယူတယ်.. အဲဒီဆိုင်ထဲမှာပဲ လူအများရှေ့မှာ ဓာတ်ပုံတွေ မီးရှို့ပြစ်လိုက်တယ်.. သူ့ကို ဇာ ချစ်လည်း မချစ်ဘူး မုန်းလည်း မမုန်းဘူး စိတ်ထဲမှာ မရှိတော့ဘူး.. နောက်ပိုင်း သူနဲ့ဇာ ကွဲသွားတယ်.. ကွဲသွားပြီး တစ်နှစ်ကျော်လောက်မှာ ကွာရှင်းလက်မှတ်ထိုးဖို့ သူလာပြောတယ်.. ကျမတို့ရပ်ကွက်ရုံးမှာပဲ သူ့ကို ကွာပေးလိုက်တယ်။

ဒီလိုနဲ့နောက်ပိုင်း ကျမကို အဖေက စိတ်ပြေလက်ပျောက် ရန်ကုန်မှာ အလှပြင်သင်တန်းပို့လိုက်တယ်.. ကျမသူငယ်ချင်း လင်းဇာနည်ဇော်ရဲ့သူငယ်ချင်းဆိုင်ပေါ့.. အဖေက ရွှေဂုံတိုင်မှာ အဆောင်ထားပေးတယ်.. အလှပြင်ဆိုင်က တာမွေ ဗျိုင်းရေအိုးစင်လမ်းထဲက လဲ့လဲ့အလှပြင်ဆိုင်ပေါ့.. အလှပြင်ဆရာမက ဇာ့ကို ဆံပင်တွေဖြောင့်ပေး အလှတွေပြင်ပေးနဲ့ အဝတ်အစား ဒီဇိုင်းက အစ ပြောင်းပေးတယ်.. Bus ကားမစီးတတ်တော့ ကျမ ညနေတိုင်း တာမွေကနေ ရွှေဂုံတိုင်ထိ လမ်းလျှောက်ပြန်တယ်.. ၂လလောက်ကြာတော့ ကျမနောက်ကို လူ ၃ ယောက် လမ်းထိပ်မှာ ကျမအပြန်စောင့်ပြီး အဆောင်ထိ လိုက်လာတယ်.. ပထမတော့ ကျမ မရိပ်မိဘူး..နောက်ပိုင်း ကျမသိလာတော့ ကြောက်လာတယ်.. ညမှောင်ရင် မပြန်ရဲဘူး.. အဲဒါနဲ့ အဖေကလည်း ကျမကို လာအတွေ့အဖေ့ကိုပြောပြပြီး အဆောင်မှာမနေတော့ပဲ ဆရာမအိမ်ပြောင်းနေခဲ့တယ်.. သူများမြို့မှာနေရတော့ အားလည်းငယ်တယ်.. ထမင်းစားတိုင်း အမေနဲ့သမီးလေးကို သတိရလို့ မျက်ရည်ကျရတယ်.. သမီးလေးကို အရမ်းလွမ်းလို့ ကျမ မကွေးပြန်လာခဲ့တယ်။

မကွေးရောက်တော့ ကျမကို တွေ့တဲ့သူတိုင်း အသားတွေဖြူပြီး အရမ်းလှလာတယ်လို့ပြောတယ်.. တနေ့ ကျမဆိုင်ကယ်နဲ့ ဇာနည်အိမ်အသွား သူနဲ့ လမ်းမှာဆုံတယ်.. ကျမနောက်ကို အတင်းလိုက်လာတယ်.. ပြီးတော့ ကျမဆိုင်ကယ်ရှေ့က ပိတ်ရပ်တယ် ကျမလက်ကို အတင်းဆွဲခေါ်တယ် ကျမ လှလာတာ သူမကျေနပ်ဘူး.. ကျမနဲ့ပြန်ပေါင်းမယ်ဆိုပြီး အတင်းလုပ်တယ်.. ကျမဆိုင်ကယ် မီးလုံးတွေလည်း ရိုက်ခွဲတယ်.. ကြောက်ကြောက်နဲ့ ကျမ သူများအိမ်ထဲ ဝင်ပြေးပြီး ရဲစခန်းကို ဖုန်းဆက်လိုက်တယ်.. ရဲတွေရောက်လာတဲ့ အချိန်မှာ သူမရှိတော့ဘူးလေ.. အဲဒါနဲ့ သူ့အိမ်ကို ရဲတွေ သွားရှာကြတယ်.. နောက်နေ့ရဲစခန်းမှာ ကျမကို မနှောင့်ယှက်ဖို့ ခံဝန်ကတိ ထိုးခိုင်းတယ်.. ဒီလိုနဲ့ပဲ သူ အရက်ရဲ့ကျေးကျွန်ဖြစ်သွားတယ်.. ကျမသမီးလေးကိုလည်း သူ မူးလာပြီဆို အိမ်နားက သူငယ်ချင်း အိပြာကတဆင့် လာခေါ်ခိုင်းတယ်.. သမီးလေးကလည်း သူ့အဖေကို သွေးကစကားပြောတယ် ထင်ပါရဲ့ အရမ်းချစ်.. တနေ့ ကျမသူငယ်ချင်းတွေ မုန့်စားပြီးအပြန် မြို့ပတ်လမ်းမှာ သူနဲ့ထပ်တွေ့တယ်.. အရမ်းလည်းမူးနေတာ ကျမကိုမြင်တော့ နောက်က လိုက်လာပြန်တယ်.. ပြီးတော့ ခါတိုင်းလိုပဲ အတင်းဆွဲခေါ်ပြန်တယ် သူ့မှာလည်း သူငယ်ချင်းတစ်ယောက်ပါလာတယ်.. ကျမကမလိုက်တော့ ကျမကို လက်သီးတွေနဲ့မျက်နှာကို ထိုးကြိတ်သွားတယ်.. ရှိသမျှလူတွေလည်း သူ့ကိုဝိုင်းဆွဲကြတယ် မရဘူး.. ကျမသူငယ်ချင်း အိပြာလည်းပါတယ် သူလည်း ဆွဲလို့ တွန်းချခံလိုက်ရတယ်.. အဲဒီ အနီးအနား ပတ်ဝန်းကျင်က အဖေ့ကို သွားပြောကြတယ်.. အဖေလည်း ကျမ မျက်နှာ ဖုယောင်နေတော့ စိတ်တွေအရမ်းတိုပြီး သူ့ကိုအမှုဖွင့်လိုက်တယ်။

တရားရုံးကို ရုံးချိန်းတိုင်း ကျမသွားရတယ်.. အမေက သူ့မြေးလေးကို ထောင်ထွက်သမီးလို့ အပြောမခံနိုင်လို့ ဆိုပြီး အမှုပိတ်လိုက်တယ်.. အဲဒီနောက်ပိုင်း သူ ကျမကိုမနှောင့်ယှက်တော့ဘူး.. အချိန်ပြည့် အရက်ဆိုင်မှာပဲ နေတော့တယ်လေ.. သမီးလေးက သူငယ်တန်းကနေ ခုချိန်ထိ နှစ်တိုင်း ဆုတွေယူရတယ်.. သူဆုယူတဲ့နေ့တိုင်း သူရတဲ့ဆုကြေးစာအိတ်လေးကို အဖေ့ဆီသွားကန်တော့တယ်.. အမေကိုတော့ သူ ဆုရတဲ့မှတ်တမ်းလေး အပ်တယ်.. အဖေကလည်း သူ့သမီးကန်တော့တဲ့ ပိုက်ဆံနဲ့ အရက်သောက်တယ်လေ.. ဒါတွေကို သမီးက သိသော်လည်း သူ့အဖေကို အပြစ်မမြင်ပါဘူး.. သမီးလေးက အမြဲတမ်း သူ တစ်ခုခုစားတိုင်း စားကောင်းလို့ရှိရင် ဖေဖေ့ကို ကျွေးချင်လိုက်တာနဲ့ ကျမအိမ်ကလူတွေကို ပြောတယ်။

တစ်နေ့တော့ ကျမ သမီးလေးကို ကျောင်းပို့ရင်း သတိထားမိလာတယ်.. ကျောင်းမှာ သူ့သူငယ်ချင်းတွေ အဖေ လိုက်ပို့တာမြင်ရင် သူ့မျက်နှာလေးငယ်နေတယ်.. သူ့ အဖေကလည်း ငယ်ငယ်ကတည်းက သူ့ကိုခေါ်သွားတိုင်း အဖေတို့မိသားစုကို အခုလိုပြိုကွဲအောင် သမီး အဘက လုပ်တာဆိုပြီး မဟုတ်တဲ့စကားတွေနဲ့ ကလေးကို နားသွင်းတယ်.. သူ့အမှားတွေကို ကလေးသိမှာ ကြောက်တယ်လေ.. ဒါပေမယ့် သမီးက အသိရှိတယ်.. သူငယ်ငယ်တုန်းက သူ့အဖေ တခြားမိန်းမတစ်ယောက်ဆီ သူ့ကိုခေါ်သွားတာ မှတ်မိတယ်..သူ နေ့တိုင်းကျမကို ပြောတဲ့စကားက သမီး ဆရာဝန်ဖြစ်ရင် ရတဲ့ဝင်ငွေနဲ့ မေမေ့ကိုလည်း စောင့်ရှောက်မယ် အဘနဲ့အဖွားကိုလည်း ကန်တော့မယ် ဖေဖေ့အတွက်လည်း ရည်စူးပြီး လှူမယ်.. သမီးလို မိဘမဆုံတဲ့ ကလေးတွေ မြင်တိုင်း ဖေဖေ့ကို အရမ်းသတိရတယ်တဲ့လေ.. တခါတလေ အိမ်မက်ထဲမှာ ဖေဖေ့ကို ဖက်ပြီး အိပ်နေတာတဲ့ သမီး ဖေဖေ့ကို အဲလိုလေး အိပ်ခွင့်မပေးလိုက်ရတာ စိတ်မကောင်းဘူးတဲ့လေ.. သမီးက ခွင့်မပေးတာမဟုတ်ပါဘူး အဖေက ခွင့်မပေးတာပါလို့ ကျမကပြန်ပြောရင်း သားမိနှစ်ယောက် ရှိုက်ကြီးတငင်ဖက်ငိုမိတယ်.. မေမေများ နောက်အိမ်ထောင်ပြုသွားရင် ဆိုတဲ့ အတွေးဝင်လာလိုက်တိုင်း ရင်တွေ ကွဲမတတ်ခံစားရတယ်.. အဖေမကောင်းပေမယ့် အဖေ့နေရာမှာ ဘယ်သူ့မှအစားမထိုးနိုင်ဘူးတဲ့လေ.. မေမေ့ကိုလည်း အဖေ့လို နှိပ်ဆက်တဲ့ယောက်ျားမျိုးနဲ့ ထပ်ဆုံမှာဆိုးတယ်.. ဒါပေမယ့်လည်း သမီးပျော်ရွှင်မှုထက် မေမေ အရမ်းပင်ပမ်းခဲ့တာကြောင့် မေမေ ပျော်တာကိုပဲ မြင်ချင်တယ်တဲ့လေ။

ကျမတစ်နေ့တော့ အလုပ်ကိစ္စနဲ့ ခရီးအသွား တစ်နေ့ ကျမ ခရီးသွားတဲ့အချိန် ကျမ အမဆီက ဖုန်းလာတယ်… ပုံပုံအဖေ အရမ်းနေမကောင်းဘူးကြားတယ် နင့်သမီးလေးကို သူ့အဖေနဲ့တွေ့ပေးလိုက်ပါဦးတဲ့.. နောက်တော့ သူ ကယောင်ခြောက်ခြားတွေဖြစ် မြင်မြင်သမျှ ကျမပဲထင်ပြီး ဇာဇာရေ ဇာဇာရေ နဲ့လိုက်ခေါ်တော့တာပဲ.. အဲဒီလိုကြားရတဲ့အချိန်မှာ ကျမ စိတ်မကောင်းဘူး.. ဒါပေမယ့် ကိုယ့်ရှေ့မှာ မိန်းမပေါင်းမြောက်များစွာနဲ့ ငြိခဲ့တာလည်း မျက်မြင်ဆိုတော့ ဘယ်လိုမှ စိတ်က မပါတော့ဘူး.. အဲဒီမိန်းမတွေကလည်း သူ့မှာပိုက်ဆံ မရှိတော့ အားလုံး ထားခဲ့ကြတယ်လေ.. ကျမ သူ့ကိုသိပ်ချစ်ခဲ့ပါတယ်.. ချစ်လွန်းလို့ မိဘတွေပြောရင် လုံးဝမကြိုက်.. ကိုယ့်ယောက်ျားကို မှားမှား မှန်မှန် ကိုယ်ပဲပြောချင်တာ သူများပြောတာ မကြိုက်.. အဖေနဲ့ဆို ဇာ အကြိမ်ကြိမ် ရန်ဖြစ်ခဲ့ရတယ်.. နောက် ဇာမြို့ထဲအသွား သူ့ကို လမ်းပေါ်မှာ မူးပြီးလဲနေတာ တွေ့လိုက်ရတယ်.. ဘဝတွေ ပျက်သွားတာ အံ့ဪစရာပါ့လား နေ့ချင်းညချင်းပဲ သူ ဒီလိုဖြစ်သွားတာ အခုရေးနေရင်းနဲ့ ကျမ ခံစားရပါတယ်။

တချိန်တုန်းက ကျမ အမ စေ့စပ်ပွဲနေ့မှာ အဖေက မမကို ရွှေ ၇ ကျပ်သားလက်ဖွဲ့တယ်.. ကျမကိုတော့ သဘောမတူပဲနဲ့ယူလို့ ဆင်ထားတာတွေ ပြန်တောင်းတယ်.. သူကလည်း အဲဒါကိုတွေးတိုင်း အဖေ့ကိုမကျေနပ်.. ပြီးရင် အဲဒါတွေပြန်ပြောပြီး ကျမကို အခန်းပိတ်ရိုက်တော့တာပဲ.. ဒီလိုနဲ့ သူတဖြေးဖြေး ကျန်းမာရေး အရမ်းဆိုးလာတာပေါ့.. နောက်တော့ သူ ကျမကိုမြင်ချင်လို့ အိမ်နားကို လာလာ ချောင်းကြည့်တယ်.. သူကျန်းမာရေးမကောင်းတာ သူ့ကိုယ်သူ သိတော့ ကျမကို မနှောင့်ယှက်တော့ဘူး.. ကျမ ကျောက်ပန်းတောင်းကို အလုပ်ကိစ္စနဲ့ သွားပြီး အပြန် ကျမဆီကို အမေဖုန်းဆက်တယ်.. ပုံပုံ အဖေဆုံးပြီ သမီးသွားတွေ့လိုက်ပါဦး အခုပြန်လာခဲ့တော့တဲ့လေ.. ကျမသွားပြီး ရောက်ရောက်ချင်း အလောင်းဘေးမှာ သားမိနှစ်ယောက်ထိုင်ကန်တော့တယ်.. အမေ့မျက်နှာကြည့်ပြီး မငိုပဲ အောင့်ထားတဲ့ သမီးမျက်နှာလေးကို အခုထိမြင်ယောင်မိတယ်။

အသုဘ လာပို့တဲ့ တချို့လူတွေကလည်း စပ်စုကြတာပေါ့နော် ကျမကိုကြည့်လိုက် အလောင်းကို ကြည့်လိုက်နဲ့ပေါ့ အသုဘသွားပို့ချိန် လမ်းတစ်လျှောက်လုံး ကားမောင်းရင်းနဲ့ ကျမအမ က အနိုင်ရေ အနိုင်ရေ ဆိုပြီး ရှိုက်ကြီးတငင်ငိုရှာတယ်.. သမီးလေးကတော့ ကျမရင်ခွင် ထဲမှာ တွယ်ဖက်ပြီး နေလေရဲ့.. တလမ်းလုံး သမီး မုန့်ဖိုးလေးနဲ့ ဖေဖေ့ အုတ်ဂူလုပ်ပေးပရစေ မေမေဆိုပြီး တတွတ်တွတ် ပြောရှာတယ် သမီးသဘောပါ မေမေ လုပ်ပေးရမှာပေါ့ လို့ပြောလိုက်တယ်.. အလောင်းကို မီးရှို့ခါနီး သားမိနှစ်ယောက်ထိုင်ကန်တော့တဲ့ အချိန် ကျမရင်ထဲ ဆို့တက်လာတာ ကျမတို့နှစ်ယောက် ရဲ့ ကြည်နူးခဲ့တဲ့ အချိန်လေးတွေ ရန်ဖြစ်ခဲ့တဲ့ အချိန်လေးတွေ ပြန်မြင်ယောင်လာတယ်လေ မီးခိုးခေါင်းတိုင်က အငွေ့တွေကို ကျမမော့ကြည့်ရင်း သူ့မျက်နှာလေး မြင်လိုက်တယ်.. ကျမတို့သားအမိကိုကြည့်ပြီး ငိုနေတယ် ကျမ သူ့မျက်နှာကြည့်ပြီး ပြောလိုက်တယ် ရှင့်ကို ခွင့်လွှတ်တယ်..သိပ်ချစ်ပါတယ် ယောက်ျားရယ်လို့ ပြောပြီး ကျမ မြေပေါ်မှာ ခြေဆင်းပြီး အားရအောင် ငိုချလိုက်တယ်.. ကျမငိုတော့ သမီးကလည်း ဖေဖေရယ်ဆိုပြီး တအားငိုတယ်။

အပြန်တလမ်းလုံး သူ့အတွက်ဆုတောင်းပေးတယ် ကောင်းရာမွန်ရာ ဘဝလေး ရောက်ပါစေ ဘဝဆက်တိုင်း မိသားစု ပျော်ရွှင်စွာ နေနိုင်ပါစေ ညကျတော့ သမီးကိုကျမလိုက်ရှာတာ ဘုရားခန်းမှာ တစ်ယောက်တည်း ဘုရားရှင်ခိုးပြီး သူ့အဖေအတွက် အမျှပေးနေတာလေ သမီးလေး အားမငယ်နဲ့ မေမေကလေ သမီးနားမှာ သက်ဆုံးတိုင်နေမှာ မေမေ့ကိုကြည့် သမီးကို ချစ်တယ် အရင်ထက်ပိုချစ်မယ်နော်ဆိုပြီး ချော့သိပ်လိုက်တယ် သူ့အဖေ ဆုံးတဲ့နေ့လေးတိုင်း သူ့မုန့်ဖိုးလေးနဲ့လှူရှာတယ် ဘယ်ဘုရားသွားသွား သူ့အဖေ နာမည်နဲ့ ရည်စူးပြီး လှူတယ်လေ ကျမ ဘဝလေးကတော့ ဒီလောက်ပါပဲ လူတိုင်း မိသားစုဘဝလေး နားလည်မှု အပြည့်နဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ကျမတို့ သားမိနှစ်ယောက်က ဆုတောင်းပေးလိုက်ပါတယ်ရှင်။

share from: burmese.asia

LEAVE A REPLY