Zawgyi ျဖင့္ဖတ္ရန္

 

မိန္းကေလးေတြမွာ ခ်စ္သူနဲ႔ပတ္သက္လာရင္ အလိုလိုသိေနတဲ့စိတ္တစ္မ်ိဳးရွိပါတယ္။ အထူးသျဖင့္ သူအသစ္တစ္ေယာက္ေတြ႕ေနၿပီလို႔ထင္တဲ့အခါ တကယ္ျဖစ္ေနတတ္တာမ်ိဳးပါ။ ဒီလိုေျပာလို႔ ကိုယ့္စိတ္ကထင္တာနဲ႔ သူအသစ္ေတြ႕ေနၿပီလို႔ သြားမစြပ္စြဲပါနဲ႔ဦး။ ကိုယ့္စိတ္ကအဲ့လိုထင္ေနတဲ့အခါ ဒီအခ်က္ေလးေတြပါျဖစ္ေနလားဆိုတာ အရင္ေစာင့္ၾကည့္လိုက္ပါဦး။ တကယ္လို႔ ဒီအခ်က္ေတြနဲ႔ပါတိုက္ဆိုင္ေနၿပီဆိုရင္ေတာ့ ေသခ်ာေပါက္သူ႔မွာေနာက္တစ္ေယာက္ရွိေနပါၿပီ။

(၁) မ်က္လုံးခ်င္းမဆုံေအာင္ေရွာင္တတ္တယ္

သူသာ မဟုတ္တာတစ္ခုခုလုပ္ထားတယ္ဆိုရင္ သင္နဲ႔စကားေျပာတိုင္း မ်က္လုံးခ်င္းမဆုံေအာင္ ေရွာင္ေနပါလိမ့္မယ္။ အထူးသျဖင့္ သင္တို႔ႏွစ္ေယာက္ရဲ႕အခ်စ္ေရးနဲ႔ပတ္သက္လို႔ေျပာတဲ့အခါ၊ ေဖာက္ျပန္တဲ့လူေတြအေၾကာင္းေျပာတဲ့အခါမ်ိဳးမွာ မ်က္လုံးခ်င္းမဆုံေအာင္ ေရွာင္ေနတတ္ပါတယ္။

(၂) အမူအက်င့္တခ်ိဳ႕သိသိသာသာေျပာင္းလာတယ္

သူ႔ဘက္က တတ္ႏိုင္သေလာက္ဟန္မပ်က္ေအာင္ေနေနေပမယ့္ သူ႔ရဲ႕အမူအက်င့္တခ်ိဳ႕က သိသိသာသာေျပာင္းလာတာကို ေသခ်ာၾကည့္ရင္သိႏိုင္ပါတယ္။ မနက္ေစာေစာမထတတ္တဲ့သူ၊ ေလ့က်င့္ခန္းမလုပ္တတ္တဲ့သူက မနက္ေစာေစာထေလ့က်င့္ခန္းပုံမွန္လုပ္ေနတာမ်ိဳး၊ ပိတ္ရက္တိုင္းအျပင္ထြက္ေနတာမ်ိဳး၊အသင္းအဖြဲ႕တစ္မွာဝင္ထားၿပီး မပ်က္မကြက္သြားေနတာမ်ိဳး၊ ဒီလိုမ်ိဳးေတြက lifestyle ေျပာင္းခ်င္လို႔ဆိုၿပီးေတြးလို႔ရေပမယ့္ အဲ့ဒါေတြအတြက္ တစ္ရက္မွအပ်က္မခံဘဲ အသည္းအသန္ႀကိဳးစားပမ္းစားေတြလုပ္ေနတယ္ဆိုရင္ေတာ့ စဥ္းစားစရာျဖစ္လာပါၿပီ။

(၃) အတူတူအျပင္သြားဖို႔၊စကားေျပာဖို႔ေရွာင္တတ္တယ္

သူတို႔မွာေနာက္တစ္ေယာက္ရွိေနတဲ့အခါ သင္နဲ႔ေတြ႕ဖို႔ေရွာင္ေနပါလိမ့္မယ္။ အတူတူအျပင္သြားဖို႔ကိုအေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ေရွာင္ထြက္ေနတာမ်ိဳး၊ အနာဂတ္အေၾကာင္းေဆြးေႏြးတဲ့အခါ စကားလမ္းေၾကာင္းလြဲသြားတာမ်ိဳးေတြလုပ္လာပါလိမ့္မယ္။

(၄) ကိုယ့္အေပၚစိတ္တိုလြယ္မယ္၊ ျပႆနာရွာမယ္

သူ႔ဘက္ကမွားလို႔ ကိုယ္ကေျပာလိုက္ရင္ေတာင္ သူကျပန္စိတ္တိုသြားတာမ်ိဳး၊ ကိုယ္ေတာင္ဘာမွမေျပာရေသးဘဲနဲ႔ သူကအလိုလိုစိတ္တိုေနတာမ်ိဳး၊ ကိုယ့္ကိုအျပစ္ရွာေနတာမ်ိဳးေတြလုပ္လာမယ္။ တျခားလူေတြနဲ႔ဆိုပုံမွန္ပဲဆိုေပမယ့္ ကိုယ့္တစ္ေယာက္တည္းကိုမွကြက္ၿပီး စိတ္တိုလြယ္ေနတာမ်ိဳး၊အျပစ္ျမင္ေနတာမ်ိဳးေပါ့။ ဒါဟာသူ႔စိတ္ထဲမွာ သင့္အတြက္မစဥ္းစားေပးေတာ့လို႔ျဖစ္ပါတယ္။

Credit : Aunty may

Unicode ဖြင့်ဖတ်ရန်

သင့်ချစ်သူဟာနောက်တစ်ယောက်နဲ့ဇာတ်လမ်းစနေပြီဆိုတာ သိသာနေတဲ့သက်သေ(၄)ချက်

မိန်းကလေးတွေမှာ ချစ်သူနဲ့ပတ်သက်လာရင် အလိုလိုသိနေတဲ့စိတ်တစ်မျိုးရှိပါတယ်။ အထူးသဖြင့် သူအသစ်တစ်ယောက်တွေ့နေပြီလို့ထင်တဲ့အခါ တကယ်ဖြစ်နေတတ်တာမျိုးပါ။ ဒီလိုပြောလို့ ကိုယ့်စိတ်ကထင်တာနဲ့ သူအသစ်တွေ့နေပြီလို့ သွားမစွပ်စွဲပါနဲ့ဦး။ ကိုယ့်စိတ်ကအဲ့လိုထင်နေတဲ့အခါ ဒီအချက်လေးတွေပါဖြစ်နေလားဆိုတာ အရင်စောင့်ကြည့်လိုက်ပါဦး။ တကယ်လို့ ဒီအချက်တွေနဲ့ပါတိုက်ဆိုင်နေပြီဆိုရင်တော့ သေချာပေါက်သူ့မှာနောက်တစ်ယောက်ရှိနေပါပြီ။

(၁) မျက်လုံးချင်းမဆုံအောင်ရှောင်တတ်တယ်

သူသာ မဟုတ်တာတစ်ခုခုလုပ်ထားတယ်ဆိုရင် သင်နဲ့စကားပြောတိုင်း မျက်လုံးချင်းမဆုံအောင် ရှောင်နေပါလိမ့်မယ်။ အထူးသဖြင့် သင်တို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ပတ်သက်လို့ပြောတဲ့အခါ၊ ဖောက်ပြန်တဲ့လူတွေအကြောင်းပြောတဲ့အခါမျိုးမှာ မျက်လုံးချင်းမဆုံအောင် ရှောင်နေတတ်ပါတယ်။

(၂) အမူအကျင့်တချို့သိသိသာသာပြောင်းလာတယ်

သူ့ဘက်က တတ်နိုင်သလောက်ဟန်မပျက်အောင်နေနေပေမယ့် သူ့ရဲ့အမူအကျင့်တချို့က သိသိသာသာပြောင်းလာတာကို သေချာကြည့်ရင်သိနိုင်ပါတယ်။ မနက်စောစောမထတတ်တဲ့သူ၊ လေ့ကျင့်ခန်းမလုပ်တတ်တဲ့သူက မနက်စောစောထလေ့ကျင့်ခန်းပုံမှန်လုပ်နေတာမျိုး၊ ပိတ်ရက်တိုင်းအပြင်ထွက်နေတာမျိုး၊အသင်းအဖွဲ့တစ်မှာဝင်ထားပြီး မပျက်မကွက်သွားနေတာမျိုး၊ ဒီလိုမျိုးတွေက lifestyle ပြောင်းချင်လို့ဆိုပြီးတွေးလို့ရပေမယ့် အဲ့ဒါတွေအတွက် တစ်ရက်မှအပျက်မခံဘဲ အသည်းအသန်ကြိုးစားပမ်းစားတွေလုပ်နေတယ်ဆိုရင်တော့ စဉ်းစားစရာဖြစ်လာပါပြီ။

(၃) အတူတူအပြင်သွားဖို့၊စကားပြောဖို့ရှောင်တတ်တယ်

သူတို့မှာနောက်တစ်ယောက်ရှိနေတဲ့အခါ သင်နဲ့တွေ့ဖို့ရှောင်နေပါလိမ့်မယ်။ အတူတူအပြင်သွားဖို့ကိုအကြောင်းအမျိုးမျိုးပြပြီး ရှောင်ထွက်နေတာမျိုး၊ အနာဂတ်အကြောင်းဆွေးနွေးတဲ့အခါ စကားလမ်းကြောင်းလွဲသွားတာမျိုးတွေလုပ်လာပါလိမ့်မယ်။

(၄) ကိုယ့်အပေါ်စိတ်တိုလွယ်မယ်၊ ပြဿနာရှာမယ်

သူ့ဘက်ကမှားလို့ ကိုယ်ကပြောလိုက်ရင်တောင် သူကပြန်စိတ်တိုသွားတာမျိုး၊ ကိုယ်တောင်ဘာမှမပြောရသေးဘဲနဲ့ သူကအလိုလိုစိတ်တိုနေတာမျိုး၊ ကိုယ့်ကိုအပြစ်ရှာနေတာမျိုးတွေလုပ်လာမယ်။ တခြားလူတွေနဲ့ဆိုပုံမှန်ပဲဆိုပေမယ့် ကိုယ့်တစ်ယောက်တည်းကိုမှကွက်ပြီး စိတ်တိုလွယ်နေတာမျိုး၊အပြစ်မြင်နေတာမျိုးပေါ့။ ဒါဟာသူ့စိတ်ထဲမှာ သင့်အတွက်မစဉ်းစားပေးတော့လို့ဖြစ်ပါတယ်။

Credit : Aunty may

LEAVE A REPLY