Zawgyi ျဖင့္ဖတ္ရန္

ဒီလူမ်ိဳးစုဟာ သီသန႔္ေနရတာ သေဘာက်သလို ဘယ္ဧည့္သည္မွလာေရာက္ျခင္းကိုလည္း သေဘာမက်ပါဘူး။ “ေဝးေဝးေန ၊ ထြက္သြား ၊ ဘယ္သူ႔ကိုမွႀကိဳဆိုဘူး ၊ သီးသန႔္ပဲေနမယ္” ဆိုတဲ့အထာမ်ိဳးနဲ႔ အနီးအနားပတ္ဝန္းက်င္ကျဖတ္သြားေလ့ရွိတဲ့ သေဘၤာေတြကို ဓါးေတြလွံေတြပုစိန္ေတြ ေဝွ႔ယမ္းျပေလ့ရွိပါတယ္။ သူတို႔ဟာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ က်န္းက်န္းမာမာနဲ႔ ႏွစ္ေပါင္း ၃ေသာင္းေလာက္ လူေတြရဲ႕ကမာၻနဲ႔ေဝးမွာေနထိုင္ေနၾကတာပဲျဖစ္ပါတယ္။

သူတို႔ဟာ ကြၽန္းေပၚမွာရွိေနတဲ့ ေတာဝက္ ၊ ဒရယ္ ၊ ဘယ္ရီေတြ နဲ႔ ပ်ားရည္ေတြကိုသာ စားသုံးၿပီးအသက္ရွင္ေနထိုင္ၾကတာျဖစ္ၿပီး လူစိမ္းေတြေရာက္လာရင္ေတာ့ အဆိပ္လူးျမႇားေတြနဲ႔ပစ္ခတ္ေလ့ရွိပါတယ္။ John Allen Chau ဆိုတဲ့ အေမရိကန္လူမ်ိဳးတစ္ဦးဟာ ဘာသာေရးျပန႔္ပြားေစဖို႔ကိစၥနဲ႔ပတ္သတ္ၿပီး ၿပီးခဲ့တဲ့အပတ္က ဒီကြၽန္းေပၚသြားေရာက္လည္ပတ္ခဲ့ပါေသးတယ္ ။ သင္တို႔ထင္ထားတဲ့အတိုင္းပဲ သူ႔ကံၾကမၼာကေတာ့ အေကာင္းနဲ႔အဆုံးမသတ္ခဲ့ပါဘူး ။

ကြၽန္းသားေတြဟာ သူ႔ကိုအဆိပ္လူးျမႇားနဲ႔ပစ္သတ္ၿပီးေတာ့ မေသမခ်င္း ကမ္းေျခမွာ ဒ႐ြတ္တိုက္ဆြဲကာ သတ္ျဖတ္ခဲ့ၾကပါတယ္။ လူ႐ိုင္းေတြအတြက္ထုတ္ေပးထားတဲ့ ဥပေဒအရလူ႐ိုင္းေတြေနထိုင္တဲ့ ကြၽန္းေပၚကို သြားေရာက္ျခင္းဟာတရားမဝင္သလို လူ႐ိုင္းေတြကို ဗီဒီယိုဓါတ္ပုံ႐ိုက္ကူးျခင္းကိုလည္း တရားမဝင္အျဖစ္သတ္မွတ္ထားပါတယ္။ဒီဥပေဒဟာ လူ႐ိုင္းေတြကို ကာကြယ္ေပးထားတဲ့ ဥပေဒဆိုလည္း မမွားပါဘူး။

တကယ္လို႔သာ သူတို႔ကြၽန္းေပၚကအျခားကလူတစ္ဦးေရာက္လာခဲ့မယ္ဆိုရင္ ဘယ္တုန္းကမွမျဖစ္ခဲ့ဘူးတဲ့ တုပ္ေကြး ၊ အေအးမိတဲ့ေရာဂါေတြပ်ံ႕ႏွံ႔သြားႏိုင္ၿပီး တစ္ကြၽန္းလုံးနာမက်န္းျဖစ္ကာ ေသဆုံးသြားႏိုင္ပါတယ္။ Sentinel လူမ်ိဳးစုေတြဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ရ ေသာင္းခြဲေလာက္က အာဖရိကမွ အာရွတိုက္ကို ပထမဆုံး ေရာက္ရွိခဲ့တဲ့သူေတြပါ ။

ပထမဆုံး ဒီကြၽန္းစုေပၚကလူေတြနဲ႔ ၿငိမ္းခ်မ္းေရးစာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာကေတာ့ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁ ေထာင္ေလာက္ကျဖစ္ၿပီး တ႐ုတ္နဲ႔ အာရပ္ စြန႔္စားသြားလာသူေတြမွ ခ်ဳပ္ဆိုေပးခဲ့တာျဖစ္ပါတယ္။ သူတို႔အေျပာအရ ကြၽန္းသားေတြဟာ အရပ္သုံးေပသာသာ သာရွိၿပီး ငွက္လိုႏႈတ္သီးနဲ႔လူခႏၶာကိုယ္ပုံစံရွိၾကတယ္လို႔ေျပာပါတယ္။ စိတ္ဝင္စားလို႔သြားေရာက္ေလ့လာခဲ့သူအားလုံးကေတာ့ ကံၾကမၼာဆိုးနဲ႔ရင္ဆိုင္ခဲ့ရပါတယ္။

Chau ကေတာ့ သာသနာျပန႔္ပြားဖို႔ရည္႐ြယ္ခ်က္နဲ႔သြားခဲ့ေပမယ့္လည္း သူလည္း အျခားလူေတြလမ္းအတိုင္းလိုက္ခဲ့ရပါတယ္။ Chau ရဲ႕ ဒိုင္ယာရီထဲမွာ ” ကြၽန္တာ္သူတို႔ကို ေကာင္းေကာင္းဆက္ဆံရဲ႕သားနဲ႔ ဘာေၾကာင့္ ဒီလိုရက္စက္ရတာလဲ ” လို႔ေရးသားထားတာကိုေတြ႕ရပါတယ္။ Chau ကိုေတာ ့အနားတစ္ဝိုက္က ငါးဖမ္းသမား ရ ဦးကလိုက္ပို႔ေပးခဲ့တာျဖစ္ၿပီး Chau ကိုသတ္ေနတာကိုလည္း သူတို႔မ်က္ဝါးထင္ထင္ေတြ႕ခဲ့ၾကရပါတယ္။

ဒါေပမယ့္ ဥပေဒအရ ဒီေနရာကိုသြားေရာက္ခြင့္မရွိတဲ့အတြက္ ငါးဖမ္းသမား ရ ဦးလုံးအဖမ္းခံခဲ့ရပါတယ္။ Chau ရဲ႕ေသဆုံးမႈဟာ ေၾကကြဲစရာေကာင္းေပမယ့္လည္း Sentinel လူမ်ိဳးစုေတြ ဆက္လက္အသက္ရွင္ဖို႔အတြက္ သူတို႔အခုလိုလုပ္ရတယ္ဆိုတာကိုေတာ့ လက္ခံနားလည္ေပးရပါလိမ့္မယ္။

Writer – Min Thu ( XYZ News )

Unicode ဖြင့်ဖတ်ရန်

ဘင်္ဂလားပင်လယ်ထဲက ကျွန်းပေါ်မှ ကမ္ဘာနဲ့အဆက်အသွယ်ပြတ်နေတဲ့ လူရိုင်း လူမျိုးနွယ်စု

ဒီလူမျိုးစုဟာ သီသန့်နေရတာ သဘောကျသလို ဘယ်ဧည့်သည်မှလာရောက်ခြင်းကိုလည်း သဘောမကျပါဘူး။ “ဝေးဝေးနေ ၊ ထွက်သွား ၊ ဘယ်သူ့ကိုမှကြိုဆိုဘူး ၊ သီးသန့်ပဲနေမယ်” ဆိုတဲ့အထာမျိုးနဲ့ အနီးအနားပတ်ဝန်းကျင်ကဖြတ်သွားလေ့ရှိတဲ့ သင်္ဘောတွေကို ဓါးတွေလှံတွေပုစိန်တွေ ဝှေ့ယမ်းပြလေ့ရှိပါတယ်။ သူတို့ဟာ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာနဲ့ နှစ်ပေါင်း ၃သောင်းလောက် လူတွေရဲ့ကမ္ဘာနဲ့ဝေးမှာနေထိုင်နေကြတာပဲဖြစ်ပါတယ်။

သူတို့ဟာ ကျွန်းပေါ်မှာရှိနေတဲ့ တောဝက် ၊ ဒရယ် ၊ ဘယ်ရီတွေ နဲ့ ပျားရည်တွေကိုသာ စားသုံးပြီးအသက်ရှင်နေထိုင်ကြတာဖြစ်ပြီး လူစိမ်းတွေရောက်လာရင်တော့ အဆိပ်လူးမြှားတွေနဲ့ပစ်ခတ်လေ့ရှိပါတယ်။ John Allen Chau ဆိုတဲ့ အမေရိကန်လူမျိုးတစ်ဦးဟာ ဘာသာရေးပြန့်ပွားစေဖို့ကိစ္စနဲ့ပတ်သတ်ပြီး ပြီးခဲ့တဲ့အပတ်က ဒီကျွန်းပေါ်သွားရောက်လည်ပတ်ခဲ့ပါသေးတယ် ။ သင်တို့ထင်ထားတဲ့အတိုင်းပဲ သူ့ကံကြမ္မာကတော့ အကောင်းနဲ့အဆုံးမသတ်ခဲ့ပါဘူး ။

ကျွန်းသားတွေဟာ သူ့ကိုအဆိပ်လူးမြှားနဲ့ပစ်သတ်ပြီးတော့ မသေမချင်း ကမ်းခြေမှာ ဒရွတ်တိုက်ဆွဲကာ သတ်ဖြတ်ခဲ့ကြပါတယ်။ လူရိုင်းတွေအတွက်ထုတ်ပေးထားတဲ့ ဥပဒေအရလူရိုင်းတွေနေထိုင်တဲ့ ကျွန်းပေါ်ကို သွားရောက်ခြင်းဟာတရားမဝင်သလို လူရိုင်းတွေကို ဗီဒီယိုဓါတ်ပုံရိုက်ကူးခြင်းကိုလည်း တရားမဝင်အဖြစ်သတ်မှတ်ထားပါတယ်။ဒီဥပဒေဟာ လူရိုင်းတွေကို ကာကွယ်ပေးထားတဲ့ ဥပဒေဆိုလည်း မမှားပါဘူး။

တကယ်လို့သာ သူတို့ကျွန်းပေါ်ကအခြားကလူတစ်ဦးရောက်လာခဲ့မယ်ဆိုရင် ဘယ်တုန်းကမှမဖြစ်ခဲ့ဘူးတဲ့ တုပ်ကွေး ၊ အအေးမိတဲ့ရောဂါတွေပျံ့နှံ့သွားနိုင်ပြီး တစ်ကျွန်းလုံးနာမကျန်းဖြစ်ကာ သေဆုံးသွားနိုင်ပါတယ်။ Sentinel လူမျိုးစုတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ရ သောင်းခွဲလောက်က အာဖရိကမှ အာရှတိုက်ကို ပထမဆုံး ရောက်ရှိခဲ့တဲ့သူတွေပါ ။

ပထမဆုံး ဒီကျွန်းစုပေါ်ကလူတွေနဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့တာကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁ ထောင်လောက်ကဖြစ်ပြီး တရုတ်နဲ့ အာရပ် စွန့်စားသွားလာသူတွေမှ ချုပ်ဆိုပေးခဲ့တာဖြစ်ပါတယ်။ သူတို့အပြောအရ ကျွန်းသားတွေဟာ အရပ်သုံးပေသာသာ သာရှိပြီး ငှက်လိုနှုတ်သီးနဲ့လူခန္ဓာကိုယ်ပုံစံရှိကြတယ်လို့ပြောပါတယ်။ စိတ်ဝင်စားလို့သွားရောက်လေ့လာခဲ့သူအားလုံးကတော့ ကံကြမ္မာဆိုးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

Chau ကတော့ သာသနာပြန့်ပွားဖို့ရည်ရွယ်ချက်နဲ့သွားခဲ့ပေမယ့်လည်း သူလည်း အခြားလူတွေလမ်းအတိုင်းလိုက်ခဲ့ရပါတယ်။ Chau ရဲ့ ဒိုင်ယာရီထဲမှာ ” ကျွန်တာ်သူတို့ကို ကောင်းကောင်းဆက်ဆံရဲ့သားနဲ့ ဘာကြောင့် ဒီလိုရက်စက်ရတာလဲ ” လို့ရေးသားထားတာကိုတွေ့ရပါတယ်။ Chau ကိုတော့အနားတစ်ဝိုက်က ငါးဖမ်းသမား ရ ဦးကလိုက်ပို့ပေးခဲ့တာဖြစ်ပြီး Chau ကိုသတ်နေတာကိုလည်း သူတို့မျက်ဝါးထင်ထင်တွေ့ခဲ့ကြရပါတယ်။

ဒါပေမယ့် ဥပဒေအရ ဒီနေရာကိုသွားရောက်ခွင့်မရှိတဲ့အတွက် ငါးဖမ်းသမား ရ ဦးလုံးအဖမ်းခံခဲ့ရပါတယ်။ Chau ရဲ့သေဆုံးမှုဟာ ကြေကွဲစရာကောင်းပေမယ့်လည်း Sentinel လူမျိုးစုတွေ ဆက်လက်အသက်ရှင်ဖို့အတွက် သူတို့အခုလိုလုပ်ရတယ်ဆိုတာကိုတော့ လက်ခံနားလည်ပေးရပါလိမ့်မယ်။

Writer – Min Thu ( XYZ News )

LEAVE A REPLY