Zawgyi ျဖင့္ဖတ္ရန္

လူတိုင္းက ခ်စ္တဲ့သူ နဲ႔ေတြ႕ရင္ စိတ္ဓာတ္ေတြ၊ မာနေတြအလိုလို အညံ့ခံၿပီးသားျဖစ္သြားၾကရပါတယ္။ ဒါဟာ ေယာက်္ားေလး၊ မိန္းကေလး မခြဲျခားပါဘူး။ခ်စ္တတ္တဲ့သူတိုင္းခံစားရတဲ့ ခံစားမႈတစ္ခုပါပဲ။ ေယာက္်ားေလး ေတြ ထဲမွာလည္း အားလုံးကေတာ့ ခ်စ္မိၿပီဆိုရင္ ဖြင့္ေျပာဖို႔ သတၱိရွိၾကတဲ့သူေတြခ်ည္းပဲမဟုတ္ပါဘူး။ရဲရဲတင္းတင္းနဲ႔ အခ်စ္ကို ဓားျပတိုက္သလို တိုက္ယူေနၾကတဲ့သူေတြရွိသလို ကိုယ့္အခ်စ္ကို သိေအာင္ ႏူးညံ့သိမ္ေမြ႕စြာနဲ႔ ဖြင့္ဟ ေျပာေနတတ္တဲ့ သူေတြလည္းအမ်ားအျပားပါပဲ။ဘာျဖစ္လို႔လဲဆိုေတာ့အခ်စ္ေပၚထားတဲ့တန္ဖိုးခ်င္းကြာလို႔ပါ။တခါတေလ ေယာက္်ားေလး တစ္ေယာက္က မိန္းကေလးတစ္ေယာက္ကို စိတ္ဝင္စားေနေပမယ့္လည္း မိန္းကေလး ရဲ႕ ဂုဏ္သိကၡာကိုငဲ့တာ၊ ဖြင့္ေျပာ လိုက္ရင္ လက္ရွိအေျခအေနေလးပ်က္ယြင္းသြားမွာ ၊အေျခအေနမေပးတာစသျဖင့္ ခ်စ္တဲ့အေၾကာင္းကိုတိုက္႐ိုက္ဖြင့္ဟ ဝန္ခံဖို႔ ခက္ခဲေနတတ္ၾကပါတယ္။အဲဒီအခါ ဘယ္လိုအျပဳအမူေလးေတြနဲ႔ သိေစၾကလဲဆိုတာ မိန္းကေလးေတြဘက္က လည္း ပါးပါးနပ္နပ္သိထားဖို႔လိုတယ္ေနာ္။

1.ေမးခြန္းေတြ ေမးတယ္

သင့္ကို စိတ္ဝင္စားေနတဲ့ ေယာက္်ားေလး တစ္ေယာက္က သင္နဲ႔ပတ္သက္ၿပီး သိခ်င္တဲ့အေၾကာင္းအရာေတြ မ်ားေနမွာ ပါ။သင္နဲ႔ အာလာပသလႅာပ စကားေတြပဲ ေျပာခ်င္ေနၿပီး စကားေျပာတဲ့အခါ စိုးရိမ္မႈေတြေၾကာင့္ စကားလုံးေတြက ကို႔႐ိုး ကားယားျဖစ္ေနပါလိမ့္မယ္။ဒါေပမယ့္ တစ္ခု သတိထားရမွာက ဘယ္လိုအေၾကာင္းအရာနဲ႔ပဲ စကားဝိုင္းကို စတင္ပါေစ သင့္အေၾကာင္းကိုပဲ ဦးတည္ေနတာလား ဒါမွမဟုတ္ သင့္ဆီကေန တျခားတစ္ေယာက္အေၾကာင္းကို စုံစမ္းသလို သင့္ ကိုေမးခြန္းေမးတာလားဆိုတာေတာ့ ခြဲျခားသိဖို႔လိုပါတယ္။

2.ကိုယ္ေနဟန္ထား

သူ႔အေနနဲ႔ သင့္ကို စိတ္ဝင္စားေနတဲ့အတြက္ သူ႔ရဲ႕အျပဳအမူ၊ကိုယ္ေနဟန္ထားေတြက သင္နဲ႔နီးကပ္ဖို႔ ႀကိဳးစားေနမွာပါ။ ဥပမာ ဂီတသံေတြ ဆူဆူညံညံရွိေနတဲ့ ဘားလိုေနရာမွာ၊ လူေတြထူထပ္တဲ့ေနရာမွာ သင္နဲ႔စကားေျပာတဲ့အခါ သင့္အနား ကို လိုအပ္တာထက္ပိုတိုးကပ္ၿပီး ေျပာပါလိမ့္မယ္။လက္ႏွစ္ဖက္ကို မထားတတ္ႏိုင္ေအာင္အေနခက္ေနတာမ်ိဳးေတြက သင့္ကို စိတ္ဝင္စားေနတယ္ဆိုတာေသခ်ာေစတဲ့အ ျပဳအမူေတြပါ။

3.သင့္ကို စေနာက္ေနမယ္

မိန္းကေလးတစ္ေယာက္ကို စိတ္ဝင္စားေနတဲ့ ေယာက္်ားေလး တစ္ေယာက္ရဲ႕ထင္ရွားတဲ့အျပဳအမူကေတာ့ စေနာက္ တာပဲျဖစ္ပါတယ္။သူက သင့္ကို စိတ္ဝင္စားေနတယ္ဆိုရင္ သင့္ကို ေပ်ာ္ေအာင္ ပုံစံအမ်ိဳးမ်ိဳးနဲ႔စေနာက္ေနမွာပါ။ ရယ္ေမာျခင္းက လူတစ္ေယာက္ရဲ႕ႏွလုံးသားကို ဆြဲခါလႈပ္ကိုင္ႏိုင္ဖို႔ အေကာင္းဆုံးနည္းလမ္းပါပဲ။

4.သင့္အတြက္ဆို သူရဲေကာင္း

ေယာက္်ားေလး အမ်ားစုက သူတို႔ ခ်စ္တဲ့သူ ရဲ႕ေရွ႕မွာ သူတို႔ေတာ္ေၾကာင္း၊ သူတို႔က အားကိုးခ်င္စရာေကာင္းေၾကာင္း စသျဖင့္ ကိုယ္ရည္ေသြးျပေလ့ရွိပါတယ္။တခ်ိဳ႕ကေတာ့ သူတို႔ ခ်စ္တဲ့သူ အခက္အခဲတစ္ခုခုႀကဳံတိုင္းေျဖရွင္းေပးဖို႔ အၿမဲတမ္းႀကိဳးစားၾကသလို အႏၲရာယ္နဲ႔ႀကဳံလာရင္လည္း ခ်စ္တဲ့သူဘက္က ရပ္တည္ကာကြယ္ေပးတတ္ၾကတယ္။

5.သင္နဲ႔ပတ္သက္ၿပီး အရာရာတိုင္းကို မွတ္ထားတတ္တယ္

သင့္ရဲ႕နာမည္၊ ေမြးေန႔စသျဖင့္၊ အားလပ္ရက္မွာ သင္သြားတတ္တဲ့ ေနရာ၊ဘယ္လိုအစားအစာေတြႀကိဳက္တတ္တယ္ စသျဖင့္ မွတ္ထားတတ္တယ္။သူ သင့္ကို သေဘာက်ေနတဲ့အတြက္ သင္တစ္ခုခုေတာင္းဆိုလိုက္တာနဲ႔ အတတ္ႏိုင္ ဆုံး ျဖည့္ဆည္းေပးႏိုင္ေအာင္ႀကိဳးစားမွာပါ။သူက သင့္အတြက္ အေကာင္းဆုံး နားေထာင္သူ တစ္ေယာက္ျဖစ္သလို သူ႔ရဲ႕ဂ႐ုစိုက္မႈေတြကိုလည္း သင့္ကိုသိေစခ်င္ေနပါတယ္။

Credit : Shwemom

Unicode ဖြင့်ဖတ်ရန်

ယောက်ျား တစ်ယောက်သင့်ကို စိတ်ဝင်စားရင်လုပ်လေ့ရှိတဲ့အချက်များ

လူတိုင်းက ချစ်တဲ့သူ နဲ့တွေ့ရင် စိတ်ဓာတ်တွေ၊ မာနတွေအလိုလို အညံ့ခံပြီးသားဖြစ်သွားကြရပါတယ်။ ဒါဟာ ယောကျ်ားလေး၊ မိန်းကလေး မခွဲခြားပါဘူး။ချစ်တတ်တဲ့သူတိုင်းခံစားရတဲ့ ခံစားမှုတစ်ခုပါပဲ။ ယောက်ျားလေး တွေ ထဲမှာလည်း အားလုံးကတော့ ချစ်မိပြီဆိုရင် ဖွင့်ပြောဖို့ သတ္တိရှိကြတဲ့သူတွေချည်းပဲမဟုတ်ပါဘူး။ရဲရဲတင်းတင်းနဲ့ အချစ်ကို ဓားပြတိုက်သလို တိုက်ယူနေကြတဲ့သူတွေရှိသလို ကိုယ့်အချစ်ကို သိအောင် နူးညံ့သိမ်မွေ့စွာနဲ့ ဖွင့်ဟ ပြောနေတတ်တဲ့ သူတွေလည်းအများအပြားပါပဲ။ဘာဖြစ်လို့လဲဆိုတော့အချစ်ပေါ်ထားတဲ့တန်ဖိုးချင်းကွာလို့ပါ။တခါတလေ ယောက်ျားလေး တစ်ယောက်က မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားနေပေမယ့်လည်း မိန်းကလေး ရဲ့ ဂုဏ်သိက္ခာကိုငဲ့တာ၊ ဖွင့်ပြော လိုက်ရင် လက်ရှိအခြေအနေလေးပျက်ယွင်းသွားမှာ ၊အခြေအနေမပေးတာစသဖြင့် ချစ်တဲ့အကြောင်းကိုတိုက်ရိုက်ဖွင့်ဟ ဝန်ခံဖို့ ခက်ခဲနေတတ်ကြပါတယ်။အဲဒီအခါ ဘယ်လိုအပြုအမူလေးတွေနဲ့ သိစေကြလဲဆိုတာ မိန်းကလေးတွေဘက်က လည်း ပါးပါးနပ်နပ်သိထားဖို့လိုတယ်နော်။

1.မေးခွန်းတွေ မေးတယ်

သင့်ကို စိတ်ဝင်စားနေတဲ့ ယောက်ျားလေး တစ်ယောက်က သင်နဲ့ပတ်သက်ပြီး သိချင်တဲ့အကြောင်းအရာတွေ များနေမှာ ပါ။သင်နဲ့ အာလာပသလ္လာပ စကားတွေပဲ ပြောချင်နေပြီး စကားပြောတဲ့အခါ စိုးရိမ်မှုတွေကြောင့် စကားလုံးတွေက ကို့ရိုး ကားယားဖြစ်နေပါလိမ့်မယ်။ဒါပေမယ့် တစ်ခု သတိထားရမှာက ဘယ်လိုအကြောင်းအရာနဲ့ပဲ စကားဝိုင်းကို စတင်ပါစေ သင့်အကြောင်းကိုပဲ ဦးတည်နေတာလား ဒါမှမဟုတ် သင့်ဆီကနေ တခြားတစ်ယောက်အကြောင်းကို စုံစမ်းသလို သင့် ကိုမေးခွန်းမေးတာလားဆိုတာတော့ ခွဲခြားသိဖို့လိုပါတယ်။

2.ကိုယ်နေဟန်ထား

သူ့အနေနဲ့ သင့်ကို စိတ်ဝင်စားနေတဲ့အတွက် သူ့ရဲ့အပြုအမူ၊ကိုယ်နေဟန်ထားတွေက သင်နဲ့နီးကပ်ဖို့ ကြိုးစားနေမှာပါ။ ဥပမာ ဂီတသံတွေ ဆူဆူညံညံရှိနေတဲ့ ဘားလိုနေရာမှာ၊ လူတွေထူထပ်တဲ့နေရာမှာ သင်နဲ့စကားပြောတဲ့အခါ သင့်အနား ကို လိုအပ်တာထက်ပိုတိုးကပ်ပြီး ပြောပါလိမ့်မယ်။လက်နှစ်ဖက်ကို မထားတတ်နိုင်အောင်အနေခက်နေတာမျိုးတွေက သင့်ကို စိတ်ဝင်စားနေတယ်ဆိုတာသေချာစေတဲ့အ ပြုအမူတွေပါ။

3.သင့်ကို စနောက်နေမယ်

မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားနေတဲ့ ယောက်ျားလေး တစ်ယောက်ရဲ့ထင်ရှားတဲ့အပြုအမူကတော့ စနောက် တာပဲဖြစ်ပါတယ်။သူက သင့်ကို စိတ်ဝင်စားနေတယ်ဆိုရင် သင့်ကို ပျော်အောင် ပုံစံအမျိုးမျိုးနဲ့စနောက်နေမှာပါ။ ရယ်မောခြင်းက လူတစ်ယောက်ရဲ့နှလုံးသားကို ဆွဲခါလှုပ်ကိုင်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။

4.သင့်အတွက်ဆို သူရဲကောင်း

ယောက်ျားလေး အများစုက သူတို့ ချစ်တဲ့သူ ရဲ့ရှေ့မှာ သူတို့တော်ကြောင်း၊ သူတို့က အားကိုးချင်စရာကောင်းကြောင်း စသဖြင့် ကိုယ်ရည်သွေးပြလေ့ရှိပါတယ်။တချို့ကတော့ သူတို့ ချစ်တဲ့သူ အခက်အခဲတစ်ခုခုကြုံတိုင်းဖြေရှင်းပေးဖို့ အမြဲတမ်းကြိုးစားကြသလို အန္တရာယ်နဲ့ကြုံလာရင်လည်း ချစ်တဲ့သူဘက်က ရပ်တည်ကာကွယ်ပေးတတ်ကြတယ်။

5.သင်နဲ့ပတ်သက်ပြီး အရာရာတိုင်းကို မှတ်ထားတတ်တယ်

သင့်ရဲ့နာမည်၊ မွေးနေ့စသဖြင့်၊ အားလပ်ရက်မှာ သင်သွားတတ်တဲ့ နေရာ၊ဘယ်လိုအစားအစာတွေကြိုက်တတ်တယ် စသဖြင့် မှတ်ထားတတ်တယ်။သူ သင့်ကို သဘောကျနေတဲ့အတွက် သင်တစ်ခုခုတောင်းဆိုလိုက်တာနဲ့ အတတ်နိုင် ဆုံး ဖြည့်ဆည်းပေးနိုင်အောင်ကြိုးစားမှာပါ။သူက သင့်အတွက် အကောင်းဆုံး နားထောင်သူ တစ်ယောက်ဖြစ်သလို သူ့ရဲ့ဂရုစိုက်မှုတွေကိုလည်း သင့်ကိုသိစေချင်နေပါတယ်။

Credit : Shwemom

LEAVE A REPLY