Zawgyi ဖြင့်ဖတ်ရန်






share from : Wai Min Oo

Unicode ဖြင့်ဖတ်ရန်

ဘတ်စ်ကားကို အလကား မစီးချင်တဲ့ တာဝန်သိ ပြည်သူတဦး (ဒီလိုလူမျိုးလည်း ရှိပါသေးလား)

ငွေသိမ်းတော့ ပိုက်ဆံတွေ့ကြားမှာတွေ့တဲ့ လက်ကိုင်ကွင်းလေးနဲ့ ၂၀၀တန်…

ငွေအကြွေမရှိလို့ ထင်တယ် ၂၀၀နဲ့တန်ဖိုးညီတဲ့ ဟာလေးကိုထည့်သွားတာ အလကားတော့စီးမသွားဘူး ပြည်သူတယောက်အနေနဲ့ အခုလိုငွေအကြွေအဆင်မပြေ လို့အလကားမစီးပဲ သူဘက်ကအတက်နိုင်ဆုံးထည့်ဝင် ပေးသွားတာကိုလေးစားတယ်။

ပြည်ပနိုင်ငံတွေမှာတော့ ဘတ်စ်ကားပေါ်မှာ စပယ်ယာကငွေကောက်ခံတဲ့စနစ်ကိုဖယ်ရှားတော့မယ် ဆိုတာနဲ့ ဘတ်စ်ကားကင်္ဒတွေကိုအလွယ်ဝယ်ယူနိုင် အောင်ငွေကိုအလွယ်တကူ နေရာမရွှေးဖြည့်နိုင်အောင် စနစ်တကျစီစဉ်ပေးထားကြတယ်။

ကဒ်ထဲမှာသာငွေဖြည့်ထားရင် ဘာအကြွေးမှမလိုဘူး အတက်တခါအဆင်းတခါ ကဒ်ကိုစက်မှာရိုက်လိုက်ရင်ရပြီး။ ဒီမှာတော့မထသ ကနေ YBSကိုပြောင်းတော့ စပယ်ယာ တွေကို ဖျက်သိမ်းတယ်၊ အဲလိုဖျက်သိမ်းတာကအရမ်း လွယ်ကူပေမယ့် အဲဒီငွေကောက်ခံတဲ့စပယ်ယာတွေနေရာမှာ အိမ်နီးချင်းနိုင်ငံတွေမှာကျင့်သုံးနေတဲ့ကဒ်စနစ်မျိုး ကိုအစားထိုးဖို့ကျတော့ ကြိုတင်စီစဉ်ထားမှုမရှိသေးဘူး။

အဲဒါကိုအခွင့်အရေးယူပြီး ကားခမပေးပဲစီးတဲ့လူတွေ များလာလို့ယာဉ်ပိုင်ရှင်တွေနစ်နာမှုတွေဖြစ်ပေါ်စေ ခဲ့တယ်။ ဒီနေ့တော့ခရီးသွားပြည်သူတယောက်ထည့်ခဲ့ တဲ့ ၂၀၀တန်အသစ်လေးနဲ့ လက်ကိုင်ကွင်းလေးတွေ့လိုက်တော့ တာဝန်ကျေတဲ့ပြည်သူတွေလည်းရှိသေးပါလား သိလိုက်မိတယ်…

share from : Wai Min Oo

LEAVE A REPLY