Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ကင်ဆာနဲ့HIV လူနာတွေကို ခြင်ဆေးဘူးနဲ့ဖြန်းပြီး ကုသပေးနေတဲ့ သင်းအုပ်ဆရာ
သင်ဟာဘုန်းတော်ကြီးတစ်ပါးဖြစ်ပီး ကြမ္မာဆိုးတမန်တော်အဖြစ်နာမည်ပြောင်ပေးခြင်းခံထားရတယ်ဆိုရင်တော့ ဒါသင်လုပ်နေတဲ့အလုပ်မှာတစ်ခုခုမှားယွင်းနေပီဖြစ်ပါတယ်။ အခုတလော သူမတူတဲ့ဆေးကုသပုံနည်းလမ်းတွေကြောင့် လူတွေအာရုံစိုက်တာခံနေရတဲ့တောင်အာဖရိကမှဒီသင်းအုပ်ဆရာလိုပါပဲ။
လီသီဘိုရာဘလာဂို အမည်ရှိကိုယ့်ကိုကိုယ်တမန်တော်တစ်ပါးအဖြစ်ခံယူထားသူဟာဆိုရင် “Doom” လို့ခေါ်တဲ့ ခြင်ဆေးဘူးကိုအသုံးပြုကာ အဆိုပါဆေးရည်ကိုလူတွေရဲ့မျက်လုံးနဲ့အခြားသောခန္ဓာကိုယ်အစိတ်အပိုင်းတွေအနှံ့ဖြန်းပေးလျက်ရှိပါတယ်။ ဒီလိုလုပ်ခြင်းဟာ လူတွေကိုကင်ဆာရောဂါနဲ့ HIV အပါအဝင်အမျိုးမျိုးသောရောဂါတွေကိုပျောက်ကင်းစေတယ်လို့သူကဆိုပါတယ်။
ရာဘလာဂိုဟာ လင်ပိုပိုဒေသရှိ မောင့်တ်ဇီအွန်ဘုရားကျောင်းရဲ့သင်းအုပ်ဆရာဖြစ်ပီး သူ့ရဲ့ထူးဆန်းတဲ့လှုပ်ရှားမှုတွေကြောင့် အခြားသောဘုရားကျောင်းတွေရဲ့ပစ်ပယ်ခြင်းကိုခံထားရသူပါ။
ဒါကပဲ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မနှစ်သက်တဲ့လူတွေဆီကနေ မကောင်းတဲ့တုံ့ပြန်ချက်တွေကိုဆွဲဆောင်နေခဲ့တာဖြစ်ပါတယ်။
ဒေသခံသတင်းဌာနတစ်ခုဖြစ်တဲ့ Herald Live ကသူ့ကိုမေးမြန်းခဲ့တဲ့အင်တာဗျူးတစ်ခုမှာတော့ သူ့ရဲ့လှုပ်ရှားမှုအပြုအမူတွေအားလုံးဟာ ဘုရားသခင်ရဲ့တန်ခိုးတော်အတွက်ပဲဖြစ်ပါတယ်လို့ဆိုပါတယ်။
ရာဘလာဂိုဟာအခုလိုလဲပြောကြားခဲ့ပါတယ်။ ” ဒါလွှမ်းမိုးခံရတဲ့ပြဿနာမဟုတ်ပါဘူး။ သင်ဟာတစ်စုံတစ်ယောက်ရဲ့လွှမ်းမိုးတာခံရတယ်ဆိုရင် ဒါသင်သူ့ကိုကော်ပီယူနေတာပဲပေါ့။ ဒါအလွှမ်းမိုးခံရတဲ့ပြဿနာမဟုတ်တာသေချာပါတယ်။ ကျွန်တော့ကိုဘယ်သူမှမလွှမ်းမိုးနိုင်ပါဘူး။ ကျွန်တော်ဒီတိုင်းဘုရားသခင်ကိုပဲအကုန်ယုံကြည်ထားပါတယ်။ သင့်အနေနဲ့လူတွေကိုကယ်ဆယ်ကုသပေးနိုင်မယ်လို့ယုံကြည်တဲ့ဘယ်အရာကိုမဆိုအသုံးပြုနိုင်ပါတယ်။ ”
ဒါမဲ့ တိုင်းပြည်ထဲမှာရှိတဲ့ဂိုဏ်းအဖွဲ့တွေနဲ့ဘုရားကျောင်းအကုန်လုံးပါဝင်တဲ့ SA ခေါ်အုပ်စုကတော့ အခုလိုပဲပြောကြားခဲ့ပါတယ်။ “ကျမ်းစာမှာသင်ခဲ့ရတဲ့ ဘုရားသခင်ကသူ့အစောပိုင်းကာလမှာ ဘယ်ရောဂါရှိတဲ့လူမဆိုပျောက်ကင်းအောင်ကုသပေးနိုင်တယ်ဆိုတာကိုကျွန်တော်တို့ယုံကြည်ပါတယ်။ သူအမြဲဒီလိုလုပ်ပေးခဲ့တာဆိုတာကလဲ ဘုရားသခင်ရဲ့ပုံရိပ်တွေနဲ့ပြုလုပ်ထားတဲ့လူသားတွေရဲ့ဂုဏ်သိက္ခာကိုကာကွယ်ပေးတဲ့အနေနဲ့ပဲဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ဘုရားသခင်ကလူတွေကိုယ်ပိုင်းဆိုင်ရာထိခိုက်အောင် ကျန်းမာရေးမှာအန္တရာယ်ရှိလာအောင်မလုပ်ခဲ့ပါဘူး။ ဒီလိုအကြောင်းအရာတွေအကုန်လုံးကလဲ သင်ရတဲ့ကျမ်းစာထဲမှာပါပီးသားဖြစ်ပါတယ်။”
Writer -Min Thu (Daily Hot News )
LEAVE A REPLY