Zawgyi ျဖင့္ဖတ္ရန္

 

တစ္ခါက.. ဥာဏ္ပညာနဲ႕ျပည့္စံုတဲ့ လူတစ္ေယာက္ဟာ တပည့္တစ္ေယာက္နဲ႕အတူ ခရီးၾကမ္းတစ္ခုကို ထြက္ခြာခဲ့ပါသတဲ့..။ အဲဒီလို ဆရာတပည့္ႏွစ္ေယာက္ဟာ ေျခက်င္ခရီးထြက္လာရင္းမွာပဲ ညဥ့္အေမွာင္ဟာ တျဖည္းျဖည္း ၀င္ေရာက္လာပါသတဲ့..။ ညရဲ႕အေမွာင္ထုဟာ ပိုမိုၿပီးႀကီးစိုးလာျပန္တာေၾကာင့္ ဆရာက တပည့္ကိုဒီလိုေျပာတယ္

“တပည့္ ငါတို႕တည္းခိုဖို႕ေနရာေလးဘာေလးရွာမွာျဖစ္မယ္၊ ဒီအတိုင္းအိပ္လို႕ေတာ့မျဖစ္ဘူး။ ဟိုဟိုဒီဒီသြားၿပီး တည္းဖို႕ခိုဖို႕ေနရာေလးရွာစမ္းပါဦး”

အဲဒီအခါ တပည့္လုပ္သူလည္း အနီးအပါးလွည့္လည္သြားလာၿပီး တည္းခိုေနႏိုင္တဲ့ ေနရာကိုလိုက္ရွာတယ္။ အဲဒီလိုနဲ႕ ဖုန္းဆိုးေျမတစ္ခုရဲ႕ အစပ္မွာေတာ့ အင္မတန္ေသးငယ္စုတ္ခ်ာလွတဲ့ တဲပုပ္တစ္လံုးကိုေတြ႕ခဲ့တယ္။ အဲဒါေၾကာင့္လည္းသူဟာ ဆရာကို ျပန္လည္ေခၚေဆာင္ၿပီး သူေတြ႕ခဲ့တဲ့ တဲပုပ္ေလးဆီကို ဆရာတပည့္ႏွစ္ေယာက္ သြားေရာက္ခဲ့ၾကတယ္။

အဲဒီလို စုတ္ခ်ာလွတဲ့တဲပုပ္ေလးမွာ အင္မတန္ဆင္းရဲႏံုခ်ာလွတဲ့ မိသားစုတစ္စုေနထိုင္တယ္။ အေဖ၊ အေမနဲ႕ ကေလးငယ္ေတြအကုန္လံုးဟာ အေရာင္မြဲလြန္းလွၿပီး အဖာရာေတြ ဗရပြနဲ႕ အ၀တ္အစားေတြကို ၀တ္ဆင္ထားရရွာတယ္။ ပညာရွိရဲ႕တပည့္ဟာ ဆင္းရဲလွတဲ့မိသားစုကို အားနာလွေပမယ့္ ဒီတစ္ညအဖို႕ဒီမွာအိပ္မွသာျဖစ္မွာမို႕ သူက တည္းခိုခြင့္ေတာင္းခဲ့တယ္

“ကၽြန္ေတာ္တို႕ ဆရာတစ္ပည့္ႏွစ္ေယာက္ ဒီတစ္ညေတာ့ ဒီမွာအိပ္ပါရေစ” လို႕ တပည့္က ခြင့္ေတာင္းလိုက္တယ္။ အဲဒီအခါ သူဆင္းရဲမိသားစုရဲ႕ဖခင္က

“အိုး..ခရီးသြားဧည့္သည္ေတြပဲဗ်။ ဧည့္သည္လာတာကိုပဲ ကၽြန္ေတာ္က အင္မတန္၀မ္းေျမာက္လွပါတယ္။ တည္းပါဗ်ာ။ တည္းပါ။ အိမ္ထဲကိုၾကြၾကပါ” လို႕ ျပံဳးရႊင္စြာပဲဆီးႀကိဳလိုက္တယ္။

အဲဒီေနာက္မွာေတာ့ ဆင္းရဲမြဲေတလွတဲ့မိသားစုဟာ ဆရာတပည့္ႏွစ္ေယာက္အတြက္ ညစာအျဖစ္ အစားအေသာက္ေတြနဲ႕ေကၽြးေမြး ဧည့္ခံခဲ့တယ္။ သူတို႕ေကၽြးေမြးတဲ့ အစားအေသာက္ထဲမွာေတာ့ သူတို႕ဟာ ဒိန္ခဲေတြ၊ ႏို႕မလိုင္ေတြ၊ ႏြားႏို႕ေတြကို အေကာင္းဆံုးျပင္ဆင္ေကၽြးေမြးၾကရွာတယ္။

အဲဒီလို ပ်ဴငွာေဖာ္ေရြလြန္းတဲ့ သူဆင္းရဲမိသားစုကိုျမင္ရတဲ့အခါ တပည့္လုပ္သူဟာ အင္မတန္မွ သနားမိတယ္။ သူတို႕ဟာ ဆင္းရဲႏံုခ်ာလွေပမယ့္ သဒၵါတရားမွာေတာ့ ေဇာတိက၊ အနာထပိဏ္တို႕ထက္ မနည္းဘူးလို႕သူေတြးေတာေနမိတယ္။

အဲဒီလို ညစာစားေသာက္အၿပီးမွာေတာ့ ဆရာျဖစ္သူက ဒီလိုေမးတယ္

“ခင္ဗ်ားတို႕ေတြ ေကၽြးေမြးဧည့္ခံတာကို ေက်းဇူးတင္လို႕မဆံုးပါဘူး။ ဒါနဲ႕ ဒီလို ေခါင္လွတဲ့ေနရာမွာ ဘာအလုပ္အကိုင္ေတြနဲ႕မ်ား လုပ္ကိုင္စားေသာက္ၾကတာတုန္းဗ်”

အဲဒီအခါ အိမ္ရွင္ေယာက္်ားက

“ကၽြန္ေတာ္တို႕မွာ ႏြားတစ္ေကာင္ရွိတယ္ေလ၊ ကၽြန္ေတာ္က ေန႕တိုင္းႏြားႏို႕ညွစ္ၿပီး သိပ္မေ၀းတဲ့ေနရာမွာရွိတဲ့ ကၽြန္ေတာ္တို႕ရဲ႕ အိမ္နီးနားခ်င္းဆီမွာ သြားေပးတယ္။ သူက ကၽြန္ေတာ္တို႕အတြက္လိုအပ္တဲ့ အ၀တ္အထည္၊ ဆန္ ေတြျပန္ေပးတယ္၊ ကၽြန္ေတာ္တို႕ရဲ႕ဟင္းလ်ာကေတာ့ ဒီႏြားကရတဲ့ ဒိန္ခဲ၊ ဒိန္ခ်ဥ္၊ ႏြားႏို႕ ေပါ့ဗ်ာ။ အဲဒီလိုနည္းနဲ႕ မိသားစုအသက္ေမြးရတာေပါ့ က်န္တဲ့ရေပါက္ရလမ္းေတာ့မရွိပါဘူး”

အဲဒီလိုနဲ႕ ေနာက္တစ္ေန႕မနက္မွာေတာ့ ဆရာတပည့္ႏွစ္ေယာက္ဟာ ခရီးဆက္လက္ ထြက္ခြာခဲ့တယ္။ ဆရာျဖစ္တဲ့ပညာရွိႀကီးဟာ တစ္စံုတစ္ခုမွ ေျပာဆိုျခင္းမရွိေပမယ့္ တပည့္လုပ္သူကေတာ့ ဆင္းရဲလွတဲ့မိသားစုအေပၚ သနားစိတ္၊ စာနာစိတ္ေတြသာ ႀကီးစိုးေနတယ္။ ဒီမိသားစုေလးကို ကယ္တင္လိုစိတ္၊ ႀကီးပြားခ်မ္းသာေစလိုစိတ္ေတြနဲ႕ တႏံု႕ႏံု႕ ျဖစ္လို႕လာတယ္။ တစ္ႀကိမ္မွာေတာ့ သူက ဆရာပညာရွိႀကီးကို ဒီလိုေျပာလိုက္တယ္

“ဆရာ ကၽြန္ေတာ္တို႕တည္းခဲ့တဲ့အိမ္က မိသားစုေလးကို ကၽြန္ေတာ္ အင္မတန္သနားမိပါတယ္ဗ်ာ။ သူတို႕ကို တစ္နည္းနည္းနဲ႕ခ်မ္းသာေအာင္ လုပ္ေပးႏိုင္တဲ့နည္းလမ္းေလးမ်ား မရွိဘူးလား” လို႕ေမးလိုက္တယ္။ အဲဒီအခါ ပညာရွိႀကီးက

“မင္းသူတို႕ကို တကယ္ခ်မ္းသာေစခ်င္လား”လို႕ျပန္ေမးလိုက္တယ္။ အဲဒီအခါ တပည့္က

“ဘယ္လိုေျပာလိုက္ပါလိမ့္ဆရာရယ္။ ခ်မ္းသာေစခ်င္တာေပါ့ဗ်” လို႕ျပန္ေျပာလိုက္တယ္။ အဲဒီအခါ ဆရာပညာရွိက

“ဒါဆို သူတို႕ပိုင္တဲ့ ႏြားမကို ေခ်ာက္ထဲတြန္းခ်ၿပီး သတ္ေပးလိုက္” လို႕ျပန္ေျပာတယ္။ အဲဒီအခါ တပည့္က

“မဟုတ္တာဆရာရယ္၊ သူတို႕မွာပိုင္တာဆိုလို႕၊ ဒါေလးပဲရွိတာကို၊ ဒါေလးမရွိရင္ ဒုကၡေရာက္သြားမွာေပါ့” လို႕ေျပာလိုက္တယ္။ အဲဒီအခါ ဆရာက

“တကယ္ခ်မ္းသာေစခ်င္ရင္၊ ငါေျပာတဲ့အတိုင္းသာလုပ္စမ္းကြာ” လို႕ျပန္ေျပာလိုက္တယ္။

အဲဒီလိုနဲ႕တပည့္ဟာ ေလးလံတဲ့စိတ္ႏွလံုးနဲ႕ တဲပုပ္ေလးရွိရာကို ျပန္လာတယ္။ အိမ္သားေတြမသိေအာင္ သူတို႕ရဲ႕ႏြားမေလးကို ေခ်ာက္ကမ္းပါးအစြန္းကိုဆြဲလာခဲ့တယ္။ အဲဒီေနာက္ေတာ့ သူဟာ ႏြားကို ေခ်ာက္ထဲတြန္းခ်ၿပီးသတ္ခဲ့လိုက္တယ္။


အဲဒီလိုနဲ႕ ႏွစ္ေပါင္းမ်ားစြာအၾကာမွာေတာ့ ဆရာတပည့္ႏွစ္ေယာက္ဟာ အဲဒီလမ္းအတိုင္းဘဲ ခရီးတစ္ေခါက္ ထြက္ခဲ့တယ္။ ဒီတစ္ႀကိမ္မွာေတာ့ သူတို႕ေတြဟာ အရင္တည္းခိုခဲ့ဖူးတဲ့ တဲပုပ္ေလးေနရာမွာ ေကာင္းမြန္သပ္ယပ္တဲ့ အိမ္တစ္လံုးကိုေတြ႕ရတယ္။ အဲဒီအိမ္ေဘးမွာ မ်က္ေစ့တဆံုးက်ယ္၀န္းတဲ့ သီးႏွံစိုက္ခင္းေတြနဲ႕တကြ၊ ႏြားေပါင္း တစ္ဒါဇင္ေလာက္ ေမြးျမဴထားတဲ့ ႏြားတင္းကုပ္ႀကီးတစ္ခုကိုပါေတြ႕ၾကရတယ္။ အဲဒီအိမ္ထဲမွာလည္း တစ္ခ်ိန္က ဆင္းရဲခ်ိဳ႕တဲ့စြာေနခဲ့ရတဲ့မိသားစုဟာ ေကာင္းမြန္သပ္ယပ္တဲ့ အ၀တ္အစားေတြနဲ႕တကြ ေပ်ာ္ရႊင္ၾကည္ႏူးေနၾကတာကိုလည္း ေတြ႕ရျပန္တယ္။ ဆရာတပည့္ႏွစ္ေယာက္ဟာ အရင္နည္းအတိုင္းပဲ အိမ္ရွင္ကိုတဲခိုခြင့္ေတာင္းၿပီး တည္းခိုခဲ့တယ္။ ညစာစားအၿပီးမွာေတာ့ တပည့္လုပ္သူဟာ သူတို႕ဘယ္လိုလုပ္ၿပီး ဒီလိုအေျခအေနကို ေရာက္လာလာလဲဆိုတဲ့ သိခ်င္စိတ္ကို ထိန္းမရတဲ့အတြက္

“အစ္ကို ခင္ဗ်ားတို႕မိသားစုဟာ အရင္က အင္မတန္ဆင္းရဲခ်ိဳ႕တဲ့ခဲ့တယ္၊ ခုေတာ့ ေတာ္ေတာ္ေလး အဆင္ေျပေနပါလား၊ ဘယ္လိုျဖစ္ၿပီး ဒီဘ၀ ေရာက္သြားတယ္ဆိုတာ ေျပာျပပါလားအစ္ကို” လို႕ေမးလိုက္တယ္။ အဲဒီအခါ အိမ္ရွင္ေယာက္်ားက ဒီလိုျပန္ေျပာလိုက္တယ္-။

“ကၽြန္ေတာ္တို႕မွာ အရင္က ဆရာတို႕သိတဲ့အတိုင္း ႏြားတစ္ေကာင္ရွိတယ္ေလ။ ကံဆိုးခ်င္ေတာ့ ဆရာတို႕ႏွစ္ေယာက္ျပန္သြားတဲ့ ေန႕မွာပဲ အဲဒီႏြားေလးက ေခ်ာက္ထဲက်ၿပီးေသသြားရွာတယ္။ ကၽြန္ေတာ္တို႕မိသားစု အရမ္းေသာက ေရာက္ခဲ့တာေပါ့ဗ်ာ။ ဒီႏြားေလးမွီခိုေနရတာကို၊ ႏြားကေသသြားေတာ့ ငါတို႕ေတာ့ ဒုကၡေရာက္ၿပီေပါ့။ ဒါေပမယ့္လည္း လူဆိုတာမ်ိဳးက ဒီအတိုင္း အေသခံပါရိုးလားဆရာရယ္။ ႏြားအားကိုးလို႕မရေတာ့လည္း ကိုယ့္အားကိုယ္ကိုးၾကရတာေပါ့။ တစ္မိသားစုလံုး ညီတူညာတူ စိုက္ၾကပ်ိဳးၾက၊ ရရာအလုပ္ လုပ္ၾကနဲ႕ အသက္ရွင္ရပ္တည္ဖို႕ ရုန္းကန္ၾကရတာေပါ့။ အရင္ကေတာ့ တစ္ႏွစ္ၾကာေအာင္ အလုပ္လုပ္ ပိုက္ဆံစု ႏြားျပန္၀ယ္မယ္ေပါ့။ ဒါေပမယ့္ တစ္ႏွစ္ၾကာတဲ့အခါ အလုပ္လုပ္လို႕ရတဲ့ေငြက ႏြားတစ္ေကာင္တင္မဟုတ္ဘူးဆရာေရ၊ ႏြားသံုးေကာင္စာေလာက္ ၀ယ္လို႕ရေနတာကို ကၽြန္ေတာ္တို႕သိလိုက္ရတယ္။ အဲဒါေၾကာင့္ ႏြားျပန္၀ယ္ရံုတင္မကဘူး ရွိသမွ်ေျမေတြ၊ စိုက္လို႕ရသမွ်ေျမေတြကို အကုန္စိုက္၊ လုပ္လို႕ရသမွ် အကုန္လုပ္နဲ႕ ဒီဘ၀ေရာက္လာတာပဲ၊ ေနာက္ေတာ့ ကၽြန္ေတာ္တို႕အကုန္လံုး သေဘာေပါက္လာတယ္။ ဘာမွမလုပ္ရင္၊ ဘာမွမျဖစ္ဘူး။ တစ္ခုခုလုပ္ရင္။ တစ္ခုခုျဖစ္လာမယ္ေပါ့ဗ်ာ”

ကၽြန္ေတာ္တို႕လူသားတိုင္းဟာ Comfort Zone လို႕ေခၚတဲ့ သက္ေတာင့္သက္သာ ေနရတဲ့ဘ၀ကိုသာ မွီတြယ္ေန၊ သာယာေနတဲ့သဘာ၀ရွိသူေတြပဲျဖစ္တယ္။ ဆိုလိုတာက သူဆင္းရဲမိသားစုဟာ ႏြားကိုမွီခိုေနရင္းနဲ႕ သူတို႕ဘ၀ကို ဒီထက္ပိုမိုျမွင့္တင္ေကာင္းမြန္ေစဖို႕ သတိမရၾကသလို၊ ကၽြန္ေတာ္တို႕ေတြဟာလည္း လက္ရွိဘ၀ေရစီးေၾကာင္းထဲမွာသာ အလိုက္သင့္ေလး စီးဆင္းလိုက္ပါေနၾကသူမ်ားပဲျဖစ္တယ္။ အဲဒီလို အလိုက္သင့္ေျမာပါေနရင္းနဲ႕ပဲ လက္ရွိဘ၀ထက္ ပိုမိုေကာင္းမြန္တဲ့ ဘ၀တစ္ခု၊ ေအာင္ျမင္မႈတစ္ခုကို ရုန္းထြက္ႀကိဳးစားဖို႕ ေမ့ေလ်ာ့ေနၾကတယ္လို႕ဆိုတယ္။

သူဆင္းရဲမိသားစုဟာ ေန႕စဥ္ရရွိတဲ့ႏြားႏို႕ေလးကိုသာအမွီျပဳေနတာေၾကာင့္ ပိုမိုျပည့္စံုတဲ့ဘ၀နဲ႕ ေ၀းကြာေနၾကရသလို ကၽြန္ေတာ္တို႕ေတြဟာလည္း လတ္တေလာရရွိေနတဲ့အေျခအေနမွာသာ မိန္းေမာလိုက္ပါရင္း ဘ၀ကိုေဖာက္ထြက္ဖို႕၊ ေအာင္ျမင္ျခင္းကို အရယူဖို႕ အားထုတ္ေလ့၊ ႀကိဳးပမ္းေလ့မရွိၾကဘူးလို႕ဆိုတယ္။

ကၽြန္ေတာ္တို႕ဟာ မိမိရဲ႕ comfort zone ကို မွီခိုတတ္၊ မိန္းေမာတတ္တဲ့သဘာ၀ကို ဆင္ျခင္သင့္လွတယ္။ “ငါဟာ ဒီထက္ပိုၿပီးေကာင္းတဲ့ဘ၀ကို ဦးတည္ေနသူလား၊ ဒီဘ၀နဲ႕ပဲ တစ္သက္လံုးအရိုးထုတ္ရမယ့္သူလား” ဆိုတဲ့အေတြးနဲ႕ မိမိကိုယ္ကို ဆန္းစစ္သင့္ၾကတယ္လို႕ဆိုတယ္။ အဲဒီလို ဆန္းစစ္ၿပီးတဲ့အခါမွာလည္း ႏြားကိုေခ်ာက္ထဲတြန္းခ်ပစ္သလို မိမိရဲ႕ ေမ့ေလ်ာ့ေပ်ာ္ပါးတတ္တဲ့သဘာ၀ကို လံုး၀ဥႆံု စြန္႕ပယ္သင့္ၾကတယ္လို႕ဆိုတယ္။ အဲဒီလို စြန္႕ပယ္ႏိုင္မွသာ သူဆင္းရဲမိသားစုရဲ႕ ႀကီးပြားခ်မ္းသာျခင္းနဲ႕တူတဲ့ ေအာင္ျမင္ျခင္းကို မုခ်ေရာက္ႏိုင္မယ္လို႕ဆိုလိုတာပဲျဖစ္တယ္။

Comfort zone is a beautiful place, but nothing ever grows there.

သက္ေတာင့္သက္သာေနထိုင္ရတဲ့ဘ၀ဟာ အင္မတန္လွပတဲ့ေနရာပဲျဖစ္တယ္။ ဒါေပမယ့္လည္း ဒီေနရာဟာ ဘာတစ္ခုမွ စိုက္ပ်ိဳးလို႕ေတာ့ ရမွာမဟုတ္ဘူး”

ဆိုလိုတာက ကၽြန္ေတာ္တို႕ရဲ႕ သက္ေတာင့္သက္သာနဲ႕ စီးေျမာလိုက္ပါေနတဲ့ ဘ၀ေနထိုင္မႈဟာ ေပ်ာ္ရႊင္မႈ၊ သက္သာမႈေတြ ရွိေကာင္းရွိႏိုင္ေပမယ့္ ဒီအတိုင္းေနထိုင္သြားခဲ့ရင္ ေအာင္ျမင္ခ်မ္းသာတဲ့ဘ၀ကို ဘယ္ေသာအခါမွ ရလိမ့္မွာမဟုတ္ဘူးလို႕ဆိုလိုတာပဲျဖစ္တယ္။ Comfort Zone ကေန ရုန္းကန္ေဖာက္ထြက္ႏိုင္မွသာ ေအာင္ျမင္ျခင္းကို အရယူႏိုင္လိမ့္မယ္လို႕ဆိုတယ္။ ဘာမွမလုပ္ရင္၊ ဘာမွမျဖစ္ဘူး၊ တစ္ခုခုလုပ္မွ၊ တစ္ခုခုျဖစ္မယ္ ဆိုတဲ့ သူဆင္းရဲရဲ႕စကားလို လက္ရွိဘ၀မွာ သာယာၿပီး အလိုက္သင့္ေျမာပါေနရံုနဲ႕ေတာ့ ဘာတစ္ခုမွ ေအာင္ျမင္လာမွာမဟုတ္ဘူးလို႕ဆိုလိုတာပဲျဖစ္တယ္။

တကယ္ေတာ့လည္း ကၽြန္ေတာ္တို႕ဟာ “ႏြား”ကို ေခ်ာက္ထဲတြန္းခ်ပစ္ဖို႕ လိုအပ္ေနသူမ်ားပဲျဖစ္တယ္လက္ရွိဘ၀မွ ႐ုန္းကန္ေဖာက္ထြက္ႏိုင္ၾကပါေစ။

Credit to Original_Writer

Unicode ဖြင့်ဖတ်ရန်

နွား”ကိုချောက်ထဲတွန်းချလိုက်ပါ

တစ်ခါက.. ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ လူတစ်ယောက်ဟာ တပည့်တစ်ယောက်နဲ့အတူ ခရီးကြမ်းတစ်ခုကို ထွက်ခွာခဲ့ပါသတဲ့..။ အဲဒီလို ဆရာတပည့်နှစ်ယောက်ဟာ ခြေကျင်ခရီးထွက်လာရင်းမှာပဲ ညဉ့်အမှောင်ဟာ တဖြည်းဖြည်း ဝင်ရောက်လာပါသတဲ့..။ ညရဲ့အမှောင်ထုဟာ ပိုမိုပြီးကြီးစိုးလာပြန်တာကြောင့် ဆရာက တပည့်ကိုဒီလိုပြောတယ်

“တပည့် ငါတို့တည်းခိုဖို့နေရာလေးဘာလေးရှာမှာဖြစ်မယ်၊ ဒီအတိုင်းအိပ်လို့တော့မဖြစ်ဘူး။ ဟိုဟိုဒီဒီသွားပြီး တည်းဖို့ခိုဖို့နေရာလေးရှာစမ်းပါဦး”

အဲဒီအခါ တပည့်လုပ်သူလည်း အနီးအပါးလှည့်လည်သွားလာပြီး တည်းခိုနေနိုင်တဲ့ နေရာကိုလိုက်ရှာတယ်။ အဲဒီလိုနဲ့ ဖုန်းဆိုးမြေတစ်ခုရဲ့ အစပ်မှာတော့ အင်မတန်သေးငယ်စုတ်ချာလှတဲ့ တဲပုပ်တစ်လုံးကိုတွေ့ခဲ့တယ်။ အဲဒါကြောင့်လည်းသူဟာ ဆရာကို ပြန်လည်ခေါ်ဆောင်ပြီး သူတွေ့ခဲ့တဲ့ တဲပုပ်လေးဆီကို ဆရာတပည့်နှစ်ယောက် သွားရောက်ခဲ့ကြတယ်။

အဲဒီလို စုတ်ချာလှတဲ့တဲပုပ်လေးမှာ အင်မတန်ဆင်းရဲနုံချာလှတဲ့ မိသားစုတစ်စုနေထိုင်တယ်။ အဖေ၊ အမေနဲ့ ကလေးငယ်တွေအကုန်လုံးဟာ အရောင်မွဲလွန်းလှပြီး အဖာရာတွေ ဗရပွနဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားရရှာတယ်။ ပညာရှိရဲ့တပည့်ဟာ ဆင်းရဲလှတဲ့မိသားစုကို အားနာလှပေမယ့် ဒီတစ်ညအဖို့ဒီမှာအိပ်မှသာဖြစ်မှာမို့ သူက တည်းခိုခွင့်တောင်းခဲ့တယ်

“ကျွန်တော်တို့ ဆရာတစ်ပည့်နှစ်ယောက် ဒီတစ်ညတော့ ဒီမှာအိပ်ပါရစေ” လို့ တပည့်က ခွင့်တောင်းလိုက်တယ်။ အဲဒီအခါ သူဆင်းရဲမိသားစုရဲ့ဖခင်က

“အိုး..ခရီးသွားဧည့်သည်တွေပဲဗျ။ ဧည့်သည်လာတာကိုပဲ ကျွန်တော်က အင်မတန်ဝမ်းမြောက်လှပါတယ်။ တည်းပါဗျာ။ တည်းပါ။ အိမ်ထဲကိုကြွကြပါ” လို့ ပြုံးရွှင်စွာပဲဆီးကြိုလိုက်တယ်။

အဲဒီနောက်မှာတော့ ဆင်းရဲမွဲတေလှတဲ့မိသားစုဟာ ဆရာတပည့်နှစ်ယောက်အတွက် ညစာအဖြစ် အစားအသောက်တွေနဲ့ကျွေးမွေး ဧည့်ခံခဲ့တယ်။ သူတို့ကျွေးမွေးတဲ့ အစားအသောက်ထဲမှာတော့ သူတို့ဟာ ဒိန်ခဲတွေ၊ နို့မလိုင်တွေ၊ နွားနို့တွေကို အကောင်းဆုံးပြင်ဆင်ကျွေးမွေးကြရှာတယ်။

အဲဒီလို ပျူငှာဖော်ရွေလွန်းတဲ့ သူဆင်းရဲမိသားစုကိုမြင်ရတဲ့အခါ တပည့်လုပ်သူဟာ အင်မတန်မှ သနားမိတယ်။ သူတို့ဟာ ဆင်းရဲနုံချာလှပေမယ့် သဒ္ဒါတရားမှာတော့ ဇောတိက၊ အနာထပိဏ်တို့ထက် မနည်းဘူးလို့သူတွေးတောနေမိတယ်။

အဲဒီလို ညစာစားသောက်အပြီးမှာတော့ ဆရာဖြစ်သူက ဒီလိုမေးတယ်

“ခင်ဗျားတို့တွေ ကျွေးမွေးဧည့်ခံတာကို ကျေးဇူးတင်လို့မဆုံးပါဘူး။ ဒါနဲ့ ဒီလို ခေါင်လှတဲ့နေရာမှာ ဘာအလုပ်အကိုင်တွေနဲ့များ လုပ်ကိုင်စားသောက်ကြတာတုန်းဗျ”

အဲဒီအခါ အိမ်ရှင်ယောက်ျားက

“ကျွန်တော်တို့မှာ နွားတစ်ကောင်ရှိတယ်လေ၊ ကျွန်တော်က နေ့တိုင်းနွားနို့ညှစ်ပြီး သိပ်မဝေးတဲ့နေရာမှာရှိတဲ့ ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းဆီမှာ သွားပေးတယ်။ သူက ကျွန်တော်တို့အတွက်လိုအပ်တဲ့ အဝတ်အထည်၊ ဆန် တွေပြန်ပေးတယ်၊ ကျွန်တော်တို့ရဲ့ဟင်းလျာကတော့ ဒီနွားကရတဲ့ ဒိန်ခဲ၊ ဒိန်ချဉ်၊ နွားနို့ ပေါ့ဗျာ။ အဲဒီလိုနည်းနဲ့ မိသားစုအသက်မွေးရတာပေါ့ ကျန်တဲ့ရပေါက်ရလမ်းတော့မရှိပါဘူး”

အဲဒီလိုနဲ့ နောက်တစ်နေ့မနက်မှာတော့ ဆရာတပည့်နှစ်ယောက်ဟာ ခရီးဆက်လက် ထွက်ခွာခဲ့တယ်။ ဆရာဖြစ်တဲ့ပညာရှိကြီးဟာ တစ်စုံတစ်ခုမှ ပြောဆိုခြင်းမရှိပေမယ့် တပည့်လုပ်သူကတော့ ဆင်းရဲလှတဲ့မိသားစုအပေါ် သနားစိတ်၊ စာနာစိတ်တွေသာ ကြီးစိုးနေတယ်။ ဒီမိသားစုလေးကို ကယ်တင်လိုစိတ်၊ ကြီးပွားချမ်းသာစေလိုစိတ်တွေနဲ့ တနုံ့နုံ့ ဖြစ်လို့လာတယ်။ တစ်ကြိမ်မှာတော့ သူက ဆရာပညာရှိကြီးကို ဒီလိုပြောလိုက်တယ်

“ဆရာ ကျွန်တော်တို့တည်းခဲ့တဲ့အိမ်က မိသားစုလေးကို ကျွန်တော် အင်မတန်သနားမိပါတယ်ဗျာ။ သူတို့ကို တစ်နည်းနည်းနဲ့ချမ်းသာအောင် လုပ်ပေးနိုင်တဲ့နည်းလမ်းလေးများ မရှိဘူးလား” လို့မေးလိုက်တယ်။ အဲဒီအခါ ပညာရှိကြီးက

“မင်းသူတို့ကို တကယ်ချမ်းသာစေချင်လား”လို့ပြန်မေးလိုက်တယ်။ အဲဒီအခါ တပည့်က

“ဘယ်လိုပြောလိုက်ပါလိမ့်ဆရာရယ်။ ချမ်းသာစေချင်တာပေါ့ဗျ” လို့ပြန်ပြောလိုက်တယ်။ အဲဒီအခါ ဆရာပညာရှိက

“ဒါဆို သူတို့ပိုင်တဲ့ နွားမကို ချောက်ထဲတွန်းချပြီး သတ်ပေးလိုက်” လို့ပြန်ပြောတယ်။ အဲဒီအခါ တပည့်က

“မဟုတ်တာဆရာရယ်၊ သူတို့မှာပိုင်တာဆိုလို့၊ ဒါလေးပဲရှိတာကို၊ ဒါလေးမရှိရင် ဒုက္ခရောက်သွားမှာပေါ့” လို့ပြောလိုက်တယ်။ အဲဒီအခါ ဆရာက

“တကယ်ချမ်းသာစေချင်ရင်၊ ငါပြောတဲ့အတိုင်းသာလုပ်စမ်းကွာ” လို့ပြန်ပြောလိုက်တယ်။

အဲဒီလိုနဲ့တပည့်ဟာ လေးလံတဲ့စိတ်နှလုံးနဲ့ တဲပုပ်လေးရှိရာကို ပြန်လာတယ်။ အိမ်သားတွေမသိအောင် သူတို့ရဲ့နွားမလေးကို ချောက်ကမ်းပါးအစွန်းကိုဆွဲလာခဲ့တယ်။ အဲဒီနောက်တော့ သူဟာ နွားကို ချောက်ထဲတွန်းချပြီးသတ်ခဲ့လိုက်တယ်။


အဲဒီလိုနဲ့ နှစ်ပေါင်းများစွာအကြာမှာတော့ ဆရာတပည့်နှစ်ယောက်ဟာ အဲဒီလမ်းအတိုင်းဘဲ ခရီးတစ်ခေါက် ထွက်ခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ သူတို့တွေဟာ အရင်တည်းခိုခဲ့ဖူးတဲ့ တဲပုပ်လေးနေရာမှာ ကောင်းမွန်သပ်ယပ်တဲ့ အိမ်တစ်လုံးကိုတွေ့ရတယ်။ အဲဒီအိမ်ဘေးမှာ မျက်စေ့တဆုံးကျယ်ဝန်းတဲ့ သီးနှံစိုက်ခင်းတွေနဲ့တကွ၊ နွားပေါင်း တစ်ဒါဇင်လောက် မွေးမြူထားတဲ့ နွားတင်းကုပ်ကြီးတစ်ခုကိုပါတွေ့ကြရတယ်။ အဲဒီအိမ်ထဲမှာလည်း တစ်ချိန်က ဆင်းရဲချို့တဲ့စွာနေခဲ့ရတဲ့မိသားစုဟာ ကောင်းမွန်သပ်ယပ်တဲ့ အဝတ်အစားတွေနဲ့တကွ ပျော်ရွှင်ကြည်နူးနေကြတာကိုလည်း တွေ့ရပြန်တယ်။ ဆရာတပည့်နှစ်ယောက်ဟာ အရင်နည်းအတိုင်းပဲ အိမ်ရှင်ကိုတဲခိုခွင့်တောင်းပြီး တည်းခိုခဲ့တယ်။ ညစာစားအပြီးမှာတော့ တပည့်လုပ်သူဟာ သူတို့ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေကို ရောက်လာလာလဲဆိုတဲ့ သိချင်စိတ်ကို ထိန်းမရတဲ့အတွက်

“အစ်ကို ခင်ဗျားတို့မိသားစုဟာ အရင်က အင်မတန်ဆင်းရဲချို့တဲ့ခဲ့တယ်၊ ခုတော့ တော်တော်လေး အဆင်ပြေနေပါလား၊ ဘယ်လိုဖြစ်ပြီး ဒီဘ၀ ရောက်သွားတယ်ဆိုတာ ပြောပြပါလားအစ်ကို” လို့မေးလိုက်တယ်။ အဲဒီအခါ အိမ်ရှင်ယောက်ျားက ဒီလိုပြန်ပြောလိုက်တယ်-။

“ကျွန်တော်တို့မှာ အရင်က ဆရာတို့သိတဲ့အတိုင်း နွားတစ်ကောင်ရှိတယ်လေ။ ကံဆိုးချင်တော့ ဆရာတို့နှစ်ယောက်ပြန်သွားတဲ့ နေ့မှာပဲ အဲဒီနွားလေးက ချောက်ထဲကျပြီးသေသွားရှာတယ်။ ကျွန်တော်တို့မိသားစု အရမ်းသောက ရောက်ခဲ့တာပေါ့ဗျာ။ ဒီနွားလေးမှီခိုနေရတာကို၊ နွားကသေသွားတော့ ငါတို့တော့ ဒုက္ခရောက်ပြီပေါ့။ ဒါပေမယ့်လည်း လူဆိုတာမျိုးက ဒီအတိုင်း အသေခံပါရိုးလားဆရာရယ်။ နွားအားကိုးလို့မရတော့လည်း ကိုယ့်အားကိုယ်ကိုးကြရတာပေါ့။ တစ်မိသားစုလုံး ညီတူညာတူ စိုက်ကြပျိုးကြ၊ ရရာအလုပ် လုပ်ကြနဲ့ အသက်ရှင်ရပ်တည်ဖို့ ရုန်းကန်ကြရတာပေါ့။ အရင်ကတော့ တစ်နှစ်ကြာအောင် အလုပ်လုပ် ပိုက်ဆံစု နွားပြန်ဝယ်မယ်ပေါ့။ ဒါပေမယ့် တစ်နှစ်ကြာတဲ့အခါ အလုပ်လုပ်လို့ရတဲ့ငွေက နွားတစ်ကောင်တင်မဟုတ်ဘူးဆရာရေ၊ နွားသုံးကောင်စာလောက် ဝယ်လို့ရနေတာကို ကျွန်တော်တို့သိလိုက်ရတယ်။ အဲဒါကြောင့် နွားပြန်ဝယ်ရုံတင်မကဘူး ရှိသမျှမြေတွေ၊ စိုက်လို့ရသမျှမြေတွေကို အကုန်စိုက်၊ လုပ်လို့ရသမျှ အကုန်လုပ်နဲ့ ဒီဘဝရောက်လာတာပဲ၊ နောက်တော့ ကျွန်တော်တို့အကုန်လုံး သဘောပေါက်လာတယ်။ ဘာမှမလုပ်ရင်၊ ဘာမှမဖြစ်ဘူး။ တစ်ခုခုလုပ်ရင်။ တစ်ခုခုဖြစ်လာမယ်ပေါ့ဗျာ”

ကျွန်တော်တို့လူသားတိုင်းဟာ Comfort Zone လို့ခေါ်တဲ့ သက်တောင့်သက်သာ နေရတဲ့ဘဝကိုသာ မှီတွယ်နေ၊ သာယာနေတဲ့သဘာဝရှိသူတွေပဲဖြစ်တယ်။ ဆိုလိုတာက သူဆင်းရဲမိသားစုဟာ နွားကိုမှီခိုနေရင်းနဲ့ သူတို့ဘဝကို ဒီထက်ပိုမိုမြှင့်တင်ကောင်းမွန်စေဖို့ သတိမရကြသလို၊ ကျွန်တော်တို့တွေဟာလည်း လက်ရှိဘဝရေစီးကြောင်းထဲမှာသာ အလိုက်သင့်လေး စီးဆင်းလိုက်ပါနေကြသူများပဲဖြစ်တယ်။ အဲဒီလို အလိုက်သင့်မြောပါနေရင်းနဲ့ပဲ လက်ရှိဘဝထက် ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခု၊ အောင်မြင်မှုတစ်ခုကို ရုန်းထွက်ကြိုးစားဖို့ မေ့လျော့နေကြတယ်လို့ဆိုတယ်။

သူဆင်းရဲမိသားစုဟာ နေ့စဉ်ရရှိတဲ့နွားနို့လေးကိုသာအမှီပြုနေတာကြောင့် ပိုမိုပြည့်စုံတဲ့ဘဝနဲ့ ဝေးကွာနေကြရသလို ကျွန်တော်တို့တွေဟာလည်း လတ်တလောရရှိနေတဲ့အခြေအနေမှာသာ မိန်းမောလိုက်ပါရင်း ဘဝကိုဖောက်ထွက်ဖို့၊ အောင်မြင်ခြင်းကို အရယူဖို့ အားထုတ်လေ့၊ ကြိုးပမ်းလေ့မရှိကြဘူးလို့ဆိုတယ်။

ကျွန်တော်တို့ဟာ မိမိရဲ့ comfort zone ကို မှီခိုတတ်၊ မိန်းမောတတ်တဲ့သဘာဝကို ဆင်ခြင်သင့်လှတယ်။ “ငါဟာ ဒီထက်ပိုပြီးကောင်းတဲ့ဘဝကို ဦးတည်နေသူလား၊ ဒီဘဝနဲ့ပဲ တစ်သက်လုံးအရိုးထုတ်ရမယ့်သူလား” ဆိုတဲ့အတွေးနဲ့ မိမိကိုယ်ကို ဆန်းစစ်သင့်ကြတယ်လို့ဆိုတယ်။ အဲဒီလို ဆန်းစစ်ပြီးတဲ့အခါမှာလည်း နွားကိုချောက်ထဲတွန်းချပစ်သလို မိမိရဲ့ မေ့လျော့ပျော်ပါးတတ်တဲ့သဘာဝကို လုံးဝဥဿုံ စွန့်ပယ်သင့်ကြတယ်လို့ဆိုတယ်။ အဲဒီလို စွန့်ပယ်နိုင်မှသာ သူဆင်းရဲမိသားစုရဲ့ ကြီးပွားချမ်းသာခြင်းနဲ့တူတဲ့ အောင်မြင်ခြင်းကို မုချရောက်နိုင်မယ်လို့ဆိုလိုတာပဲဖြစ်တယ်။

Comfort zone is a beautiful place, but nothing ever grows there.

သက်တောင့်သက်သာနေထိုင်ရတဲ့ဘဝဟာ အင်မတန်လှပတဲ့နေရာပဲဖြစ်တယ်။ ဒါပေမယ့်လည်း ဒီနေရာဟာ ဘာတစ်ခုမှ စိုက်ပျိုးလို့တော့ ရမှာမဟုတ်ဘူး”

ဆိုလိုတာက ကျွန်တော်တို့ရဲ့ သက်တောင့်သက်သာနဲ့ စီးမြောလိုက်ပါနေတဲ့ ဘဝနေထိုင်မှုဟာ ပျော်ရွှင်မှု၊ သက်သာမှုတွေ ရှိကောင်းရှိနိုင်ပေမယ့် ဒီအတိုင်းနေထိုင်သွားခဲ့ရင် အောင်မြင်ချမ်းသာတဲ့ဘဝကို ဘယ်သောအခါမှ ရလိမ့်မှာမဟုတ်ဘူးလို့ဆိုလိုတာပဲဖြစ်တယ်။ Comfort Zone ကနေ ရုန်းကန်ဖောက်ထွက်နိုင်မှသာ အောင်မြင်ခြင်းကို အရယူနိုင်လိမ့်မယ်လို့ဆိုတယ်။ ဘာမှမလုပ်ရင်၊ ဘာမှမဖြစ်ဘူး၊ တစ်ခုခုလုပ်မှ၊ တစ်ခုခုဖြစ်မယ် ဆိုတဲ့ သူဆင်းရဲရဲ့စကားလို လက်ရှိဘဝမှာ သာယာပြီး အလိုက်သင့်မြောပါနေရုံနဲ့တော့ ဘာတစ်ခုမှ အောင်မြင်လာမှာမဟုတ်ဘူးလို့ဆိုလိုတာပဲဖြစ်တယ်။

တကယ်တော့လည်း ကျွန်တော်တို့ဟာ “နွား”ကို ချောက်ထဲတွန်းချပစ်ဖို့ လိုအပ်နေသူများပဲဖြစ်တယ်လက်ရှိဘဝမှ ရုန်းကန်ဖောက်ထွက်နိုင်ကြပါစေ။

Credit to Original_Writer

LEAVE A REPLY