Zawgyi ျဖင့္ဖတ္ရန္

 

ကိုယ္ႀကိတ္ေႂကြရတဲ့ ခရပ္ရွ္ကလည္း ကိုယ့္ကိုျပန္ေႂကြေနၿပီး ႏွစ္ေယာက္တည္း ေကာ္ဖီဒိတ္ေလးလုပ္ဖို႔ခ်ိန္းလာၿပီဆိုပါစို႔။ အဲ့ဒီမွာ သူ႔ဘက္ကလည္း ကိုယ့္အေပၚမွာ ခံစားခ်က္တစ္ခုခုရွိေနတာကိုသိရလို႔ စိတ္လႈပ္ရွားလြန္းေနမယ့္အျပင္ သူနဲ႔ေတြ႕တဲ့အခါ ဘာဝတ္သြားရမလဲ၊ ဘယ္လိုေတြျပင္သြားရမလဲ၊ ဘယ္လိုေနရမလဲ၊ ဘာေတြေျပာရမလဲဆိုတဲ့အေတြးေတြ ဆက္တိုက္ေတြးမိေနၿပီး ေျခမကိုင္မိလက္မကိုင္မိေတြျဖစ္ေနမွာေသခ်ာပါတယ္။ ဒီေတာ့ ခရပ္ရွ္နဲ႔သာ ဒိတ္ခြင့္ရခဲ့ရင္ ေၾကာင္ေနတာမ်ိဳးလည္းမျဖစ္။ သူ႔ဆီက အမွတ္ေတြလည္းရ၊ တစ္ခ်က္ခုတ္ႏွစ္ခ်က္ျပတ္သြားေအာင္ ႏွစ္ေယာက္သားေတြ႕ခ်ိန္မွာ ဒီနည္းေလးေတြကို အသုံးခ်ပါ။

(၁)ကိုယ္ဝတ္ေနက်ပုံစံမ်ိဳးကိုပဲဝတ္ပါ

အမ်ားစုက ကိုယ္သေဘာက်ႏွစ္သက္တဲ့သူနဲ႔သြားေတြ႕ရမယ့္အခြင့္အေရးမ်ိဳးရလာရင္ အရမ္းေတြစိတ္လႈပ္ရွားၿပီး သူ႔အျမင္မွာ ကိုယ္ကအေကာင္းဆုံးျဖစ္ေန၊ ၿပီးျပည့္စုံေနခ်င္ပါတယ္။ ပထမဆုံး အဲ့ဒီစိတ္ကိုနည္းနည္းေလွ်ာ့ပါ။ ၿပီးရင္ ကိုယ္ဝတ္ေနက်ပုံစံ၊ ကိုယ္အႀကိဳက္ဆုံးပုံစံကိုမွ နည္းနည္းသပ္သပ္ရပ္ရပ္ေလး ဝတ္သြားပါ။ ဒါမွ သူနဲ႔ေတြ႕ခ်ိန္မွာ အဝတ္အစားေၾကာင့္ စိတ္ဖိစီးေနတာမ်ိဳးမျဖစ္ဘဲ စိတ္သက္ေတာင့္သက္သာျဖစ္ေနမွာပါ။

(၂) ေပါ့ေပါ့ပါးပါးအျပင္အဆင္မ်ိဳးကိုေ႐ြးပါ

မိတ္ကပ္၊ ဆံပင္နဲ႔ဖိနပ္၊ အိတ္ စတဲ့ အျပင္အဆင္ေတြကိုလည္း အရမ္းႀကီးက်ယ္ခမ္းနားတဲ့ ပုံစံမ်ိဳး၊ အလြန္အက်ဴးေတြလုပ္မသြားပါနဲ႔။ တတ္ႏိုင္သေလာက္ေပါ့ေပါ့ပါးပါးျပင္ဆင္သြားပါ။ မိတ္ကပ္၊ ဆံပင္ကိုလည္း ကိုယ့္ရဲ႕ နဂိုပုံစံေပ်ာက္သြားေလာက္ေအာင္ ျပင္တာမ်ိဳးမိေအာင္ သတိထားပါ။

(၃) သူ႔အႀကိဳက္ေလးေတြအေၾကာင္းစပ္စုပါ

သူ႔ကိုသေဘာက်ေနတာျဖစ္လို႔ သူ႔အႀကိဳက္ေတြေတာ္ေတာ္မ်ားမ်ားကို သိထားၿပီးသားျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ သိထားၿပီးလည္း ဒီအေၾကာင္းေတြကိုျပန္ေျပာပါ။ ဒီလိုမ်ိဳး ကိုယ့္အႀကိဳက္၊ သူ႔အႀကိဳက္ေလးေတြကိုေျပာတာက ႏွစ္ေယာက္ကို ပိုအဆင္ေျပေစပါလိမ့္မယ္။ တစ္ခုရွိတာက သူ႔အႀကိဳက္ကို လိုက္ေျပာတာမ်ိဳးမလုပ္ဘဲ ကိုယ့္စိတ္ထဲရွိတာကိုပဲေျပာဖို႔ပါ။ ႐ိုးသားတာက တစ္မ်ိဳးခ်စ္စရာေကာင္းပါတယ္။

(၄) ခရီးသြားအေတြ႕အႀကဳံေတြေျပာပါ

သူ႔အႀကိဳက္၊ ကိုယ့္အႀကိဳက္ေတြေျပာၿပီးလို႔ ဆက္ေျပာျဖစ္ၾကေသးတယ္ဆိုရင္ ခရီးသြားအေတြ႕အႀကဳံေတြအေၾကာင္းေျပာပါ။ သူဟာ ခရီးသြားရတာကိုႀကိဳက္လား၊ ဘယ္လိုေနရာေတြသြားရတာႀကိဳက္လဲ၊ ဘယ္သူေတြနဲ႔သြားတတ္လဲ စသျဖင့္ေျပာလို႔ရတာေတြ အမ်ားႀကီးရွိပါတယ္။ ဒီလိုမ်ိဳးခရီးသြားတဲ့အေတြ႕အႀကဳံေတြေျပာတာကတဆင့္ သူ႔ရဲ႕ စိတ္ေနစိတ္ထားကိုသိႏိုင္ၿပီး ကိုယ့္ရဲ႕ အက်င့္စ႐ိုက္၊ စိတ္ေနစိတ္ထားကိုလည္း သူသိေအာင္ျပႏိုင္ပါတယ္။

(၅) စာနာစိတ္ရွိေၾကာင္းျပသပါ

ကိုယ္ကသူ႔ကိုသေဘာက်ၿပီးသားျဖစ္ေပမယ့္ သူကကိုယ့္ကိုသေဘာက်လား မက်လား ေသခ်ာမသိႏိုင္ေသးတဲ့အတြက္ ကိုယ့္ဘက္ကေကာင္းကြက္ေတြကိုသူျမင္ေအာင္ျပရပါမယ္။ အဲ့ဒီထဲမွာ အေရးႀကီးဆုံးက ကိုယ္ဟာ တစ္ဖက္သားအေပၚ စာနာစိတ္ရွိေၾကာင္း ျပဖို႔ပါ။

(၆) သူေျပာတဲ့စကားေတြကိုစိတ္ပါဝင္စားစြာနားေထာင္ေပးပါ
စကားေတြအမ်ားႀကီးေျပာတာထက္ ပိုအေရးႀကီးတဲ့ေနာက္တစ္ခ်က္ ရွိပါေသးတယ္၊ အဲ့ဒါက နားေထာင္ေပးတာပါ။ သူေျပာတဲ့ စကားေတြကို ေသခ်ာအာ႐ုံစိုက္နားေထာင္ေပးတာက ကိုယ့္ဘက္က ေလးစားမႈရွိေၾကာင္း ျပသရာလည္းေရာက္ပါတယ္။

(၇) ဟာသေလးေတြေျပာပါ

ဟာသဉာဏ္ရွိတာက ဆြဲေဆာင္မႈတစ္မ်ိဳးပါ။ ႏွစ္ေယာက္သား စကားေျပာတဲ့အခါ ဟာသေလးေတြ နည္းနည္းပါးပါးထည့္ေျပာတာမ်ိဳးက ေပ်ာ္စရာလည္းေကာင္းသလို၊ ဒီအခ်က္ေၾကာင့္ သင့္ကိုသေဘာက်သြားတာမ်ိဳးျဖစ္ႏိုင္ပါတယ္။ အရမ္းေတြရယ္ေမာၿပီး အရမ္းေပါမေနဖို႔ေတာ့ သတိထားရမွာပါ။

(၈) ယုံၾကည္မႈရွိရွိေနပါ

ကိုယ့္ခရပ္ရွ္ေလးနဲ႔သြားေတြ႕ရမယ္ဆိုရင္ လူတိုင္းစိတ္လႈပ္ရွားၿပီး ကိုယ့္ကိုယ္ကို မလွမွာ၊ အထာမက်မွာေတြ စိုးရိမ္ေနမွာပါ။ ဒီစိတ္ေတြကို တတ္ႏိုင္သေလာက္ေမ့ထားၿပီး ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိရွိေနပါ။ ဒါက အေျခအေနကို ပိုအဆင္ေျပေစပါလိမ့္မယ္။

Credit : Aunty may

Unicode ဖြင့်ဖတ်ရန်

“Crush” နဲ့ ပထမဆုံးဒိတ်တဲ့နေ့မှာ သူ့ဆီက အမှတ်ပြည့်ရအောင် လုပ်နိုင်မယ့်နည်းလမ်း (၈)ခု

ကိုယ်ကြိတ်ကြွေရတဲ့ ခရပ်ရှ်ကလည်း ကိုယ့်ကိုပြန်ကြွေနေပြီး နှစ်ယောက်တည်း ကော်ဖီဒိတ်လေးလုပ်ဖို့ချိန်းလာပြီဆိုပါစို့။ အဲ့ဒီမှာ သူ့ဘက်ကလည်း ကိုယ့်အပေါ်မှာ ခံစားချက်တစ်ခုခုရှိနေတာကိုသိရလို့ စိတ်လှုပ်ရှားလွန်းနေမယ့်အပြင် သူနဲ့တွေ့တဲ့အခါ ဘာဝတ်သွားရမလဲ၊ ဘယ်လိုတွေပြင်သွားရမလဲ၊ ဘယ်လိုနေရမလဲ၊ ဘာတွေပြောရမလဲဆိုတဲ့အတွေးတွေ ဆက်တိုက်တွေးမိနေပြီး ခြေမကိုင်မိလက်မကိုင်မိတွေဖြစ်နေမှာသေချာပါတယ်။ ဒီတော့ ခရပ်ရှ်နဲ့သာ ဒိတ်ခွင့်ရခဲ့ရင် ကြောင်နေတာမျိုးလည်းမဖြစ်။ သူ့ဆီက အမှတ်တွေလည်းရ၊ တစ်ချက်ခုတ်နှစ်ချက်ပြတ်သွားအောင် နှစ်ယောက်သားတွေ့ချိန်မှာ ဒီနည်းလေးတွေကို အသုံးချပါ။

(၁)ကိုယ်ဝတ်နေကျပုံစံမျိုးကိုပဲဝတ်ပါ

အများစုက ကိုယ်သဘောကျနှစ်သက်တဲ့သူနဲ့သွားတွေ့ရမယ့်အခွင့်အရေးမျိုးရလာရင် အရမ်းတွေစိတ်လှုပ်ရှားပြီး သူ့အမြင်မှာ ကိုယ်ကအကောင်းဆုံးဖြစ်နေ၊ ပြီးပြည့်စုံနေချင်ပါတယ်။ ပထမဆုံး အဲ့ဒီစိတ်ကိုနည်းနည်းလျှော့ပါ။ ပြီးရင် ကိုယ်ဝတ်နေကျပုံစံ၊ ကိုယ်အကြိုက်ဆုံးပုံစံကိုမှ နည်းနည်းသပ်သပ်ရပ်ရပ်လေး ဝတ်သွားပါ။ ဒါမှ သူနဲ့တွေ့ချိန်မှာ အဝတ်အစားကြောင့် စိတ်ဖိစီးနေတာမျိုးမဖြစ်ဘဲ စိတ်သက်တောင့်သက်သာဖြစ်နေမှာပါ။

(၂) ပေါ့ပေါ့ပါးပါးအပြင်အဆင်မျိုးကိုရွေးပါ

မိတ်ကပ်၊ ဆံပင်နဲ့ဖိနပ်၊ အိတ် စတဲ့ အပြင်အဆင်တွေကိုလည်း အရမ်းကြီးကျယ်ခမ်းနားတဲ့ ပုံစံမျိုး၊ အလွန်အကျူးတွေလုပ်မသွားပါနဲ့။ တတ်နိုင်သလောက်ပေါ့ပေါ့ပါးပါးပြင်ဆင်သွားပါ။ မိတ်ကပ်၊ ဆံပင်ကိုလည်း ကိုယ့်ရဲ့ နဂိုပုံစံပျောက်သွားလောက်အောင် ပြင်တာမျိုးမိအောင် သတိထားပါ။

(၃) သူ့အကြိုက်လေးတွေအကြောင်းစပ်စုပါ

သူ့ကိုသဘောကျနေတာဖြစ်လို့ သူ့အကြိုက်တွေတော်တော်များများကို သိထားပြီးသားဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သိထားပြီးလည်း ဒီအကြောင်းတွေကိုပြန်ပြောပါ။ ဒီလိုမျိုး ကိုယ့်အကြိုက်၊ သူ့အကြိုက်လေးတွေကိုပြောတာက နှစ်ယောက်ကို ပိုအဆင်ပြေစေပါလိမ့်မယ်။ တစ်ခုရှိတာက သူ့အကြိုက်ကို လိုက်ပြောတာမျိုးမလုပ်ဘဲ ကိုယ့်စိတ်ထဲရှိတာကိုပဲပြောဖို့ပါ။ ရိုးသားတာက တစ်မျိုးချစ်စရာကောင်းပါတယ်။

(၄) ခရီးသွားအတွေ့အကြုံတွေပြောပါ

သူ့အကြိုက်၊ ကိုယ့်အကြိုက်တွေပြောပြီးလို့ ဆက်ပြောဖြစ်ကြသေးတယ်ဆိုရင် ခရီးသွားအတွေ့အကြုံတွေအကြောင်းပြောပါ။ သူဟာ ခရီးသွားရတာကိုကြိုက်လား၊ ဘယ်လိုနေရာတွေသွားရတာကြိုက်လဲ၊ ဘယ်သူတွေနဲ့သွားတတ်လဲ စသဖြင့်ပြောလို့ရတာတွေ အများကြီးရှိပါတယ်။ ဒီလိုမျိုးခရီးသွားတဲ့အတွေ့အကြုံတွေပြောတာကတဆင့် သူ့ရဲ့ စိတ်နေစိတ်ထားကိုသိနိုင်ပြီး ကိုယ့်ရဲ့ အကျင့်စရိုက်၊ စိတ်နေစိတ်ထားကိုလည်း သူသိအောင်ပြနိုင်ပါတယ်။

(၅) စာနာစိတ်ရှိကြောင်းပြသပါ

ကိုယ်ကသူ့ကိုသဘောကျပြီးသားဖြစ်ပေမယ့် သူကကိုယ့်ကိုသဘောကျလား မကျလား သေချာမသိနိုင်သေးတဲ့အတွက် ကိုယ့်ဘက်ကကောင်းကွက်တွေကိုသူမြင်အောင်ပြရပါမယ်။ အဲ့ဒီထဲမှာ အရေးကြီးဆုံးက ကိုယ်ဟာ တစ်ဖက်သားအပေါ် စာနာစိတ်ရှိကြောင်း ပြဖို့ပါ။

(၆) သူပြောတဲ့စကားတွေကိုစိတ်ပါဝင်စားစွာနားထောင်ပေးပါ
စကားတွေအများကြီးပြောတာထက် ပိုအရေးကြီးတဲ့နောက်တစ်ချက် ရှိပါသေးတယ်၊ အဲ့ဒါက နားထောင်ပေးတာပါ။ သူပြောတဲ့ စကားတွေကို သေချာအာရုံစိုက်နားထောင်ပေးတာက ကိုယ့်ဘက်က လေးစားမှုရှိကြောင်း ပြသရာလည်းရောက်ပါတယ်။

(၇) ဟာသလေးတွေပြောပါ

ဟာသဉာဏ်ရှိတာက ဆွဲဆောင်မှုတစ်မျိုးပါ။ နှစ်ယောက်သား စကားပြောတဲ့အခါ ဟာသလေးတွေ နည်းနည်းပါးပါးထည့်ပြောတာမျိုးက ပျော်စရာလည်းကောင်းသလို၊ ဒီအချက်ကြောင့် သင့်ကိုသဘောကျသွားတာမျိုးဖြစ်နိုင်ပါတယ်။ အရမ်းတွေရယ်မောပြီး အရမ်းပေါမနေဖို့တော့ သတိထားရမှာပါ။

(၈) ယုံကြည်မှုရှိရှိနေပါ

ကိုယ့်ခရပ်ရှ်လေးနဲ့သွားတွေ့ရမယ်ဆိုရင် လူတိုင်းစိတ်လှုပ်ရှားပြီး ကိုယ့်ကိုယ်ကို မလှမှာ၊ အထာမကျမှာတွေ စိုးရိမ်နေမှာပါ။ ဒီစိတ်တွေကို တတ်နိုင်သလောက်မေ့ထားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနေပါ။ ဒါက အခြေအနေကို ပိုအဆင်ပြေစေပါလိမ့်မယ်။

Credit : Aunty may

LEAVE A REPLY