Zawgyi ျဖင့္ဖတ္ရန္

ထရန႔္ဟာ အေမရိကန္ႏိုင္ငံရဲ႕ သမၼတျဖစ္မလာခင္က တည္းက ဘီလီယံနာ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္ ပါတယ္။ ဒီမွာေတာ့ သူပိုင္ဆိုင္ထားတဲ့တန္ဖိုးႀကီးအရာ ေတြကိုေဖာ္ျပေပးလိုက္ပါတယ္။

၁။ နယူးေယာက္တိုက္တစ္တိုက္ရဲ႕ အေပၚဆုံး ၃ လႊာ

အထပ္ျမင့္တိုက္တစ္တိုက္ရဲ႕ အေပၚဆုံးအလႊာသုံးထပ္ ဟာ ထရန႔္တို႔ လင္မယားနဲ႔ သူ႔တို႔သားသမီးေတြရဲ႕ ေနအိမ္ေပါ့။အလွဆင္လို႔ရတဲ့ အရာမွန္သမွ်ကိုလည္း စိန္ေတြ ေ႐ႊေတြ အသုံးျပဳကာ အလွဆင္ထားတာကိုလည္းေတြ႕ ရမွာျဖစ္ပါတယ္။

၂။ ေရွးေဟာင္းကားမ်ား

၁၉၅၆ ခုႏွစ္ ထုတ္ Rolls-Royce ကား
ထရန႔္ပိုင္ဆိုင္တဲ့ ေရွးအက်ဆုံးကားကေတာ့ ၁၉၅၆ ခုႏွစ္ ထုတ္ Rolls-Royce ကားပဲျဖစ္ပါတယ္။ဒီကားအျပင္ ေဒၚလာ ၅ သိန္းတန္ ေရွးေဟာင္းကားတစ္စီးလည္းရွိၿပီး ကမာၻ ့အေကာင္းဆုံးကားတစ္စီးပဲျဖစ္ပါတယ္။ ဒီကားကို ပိုင္ရွင္စိတ္တိုင္းက်ျပဳ ျပင္ႏိုင္တာလည္းျဖစ္ပါတယ္။ ထရန႔္ကေတာ့ ဒီကားကို ေ႐ႊရည္စိမ္ထားတယ္လို႔လည္းသိ ရပါတယ္။ယခုအခ်ိန္မွာ အေမရိကန္ရဲ႕ သမၼတ ျဖစ္ေနတာမို႔ လုံၿခဳံေရးအရ ဒီကားကို ထရန႔္ သိမ္းထားရတာျဖစ္ ပါတယ္။

၃။ ေဂါက္ကြင္းေတြ

ထရန႔္ဟာ ေဂါက္႐ိုက္ဝါသနာပါသူတစ္ဦးျဖစ္
ထရန႔္ဟာ ေဂါက္႐ိုက္ဝါသနာပါသူတစ္ဦးျဖစ္ၿပီး ေဒၚလာ သန္း ၃၀၀ ေက်ာ္တန္ဖိုးရွိတဲ့ ေဂါက္ကြင္းေတြပိုင္ဆိုင္ ထားပါတယ္။အေမရိကန္ရဲ႕ၿမိဳ႕ႀကီးေတြက ေဂါက္ကြင္း အမ်ားစုကိုလည္းဝယ္ယူထားတာေတြ႕ရမွာပါ။ ဒါ့အျပင္ ႏိုင္ငံရပ္ျခားမွာလည္း ၃ ခုေလာက္ ပိုင္ဆိုင္ထားတာပါ။ သူ႔ေဂါက္ကြင္းေတြကေတာ့ သီးသန႔္ျဖစ္ၿပီး ဇိမ္ခံပစၥည္း အျပည့္နဲ႔ပါ။

၄။ ထရန႔္ တာဝါ

မက္ဟန္တန္က ၅၈ ထပ္ အျမင့္ရွိတဲ့ ဒီမိုးေမွ်ာ္တိုက္ဟာ ထရန႔္ရဲ႕ အိမ္ေတာ္ျဖစ္ပါတယ္။ဒီမွာေတာ့ တိုက္ခန္းတြဲ ေတြ ေစ်းဆိုင္ေတြလည္းပါရွိပါတယ္။ဒီေနရာမွာေတာ့ တီဗီအစီအစဥ္ေတြ႐ိုက္ကူးမႈေတြရွိသလို တခ်ိဳ ့ဇာတ္ ကားေတြမွာလည္း ဒီအေဆာက္အအုံပါဝင္တာေတြ႕ရ မွာပါ။

၅။ Boeing 757

ဒီေလယာဥ္ဟာ ထရန႔္မပိုင္ဆိုင္ခင္ကေတာ့ ခရီးသည္ တင္ ေလယာဥ္ျဖစ္ေပမယ့္ ထရန႔္လက္ထဲေရာက္ၿပီး ေနာက္မွာေတာ့ဇိမ္ခံေလယာဥ္ျဖစ္လာခဲ့ပါတယ္။ ဇိမ္ရွိ လွတဲ့ဆိုဖာေတြပါဝင္တဲ့အျပင္ ႐ုံးခန္းေတြ အိပ္ခန္းေတြ ပါဝင္ပါတယ္။ဒါ့အျပင္ ေ႐ႊ ၂၄ ကာရက္နဲ႔လုပ္ထားတဲ့ အထူး အိပ္ခန္းတစ္ခန္းလည္းပါဝင္ပါတယ္။ တန္ေၾကး အားျဖင့္ ေဒၚလာ ၃၅သန္း ေလာက္ရွိၿပီး အေမရိကန္ သမၼတေတြ စီးရတဲ့ ေလယာဥ္နဲ႔ Air Force One အေနနဲ႔ ဒီလိုမြမ္းမံမႈေတြလုပ္သင့္တယ္လို႔ ေထာက္ျပ ၾကပါတယ္။

၆။ MAR-A-LAGO အပန္းေျဖစခန္း

၁၉၂၀ ေနာက္ပိုင္းေလာက္မွာစတင္တည္ေဆာက္ခဲ့တာ ျဖစ္ၿပီး စတုရန္းေပ ၁၁၀,၀၀၀ ရွိကာ ဖေလာ္ရီဒါက ကမ္းေျခတစ္ခုမွာတည္ရွိပါတယ္။ဒါက ထရန႔္တို႔ မိသားစုအတြက္ သီးသန႔္အပန္းေျဖစရာ ေနရာေလးပါ။ ဒီေနရာကိုေတာ့ ၁၉၈၅ မွာ ေဒၚလာ ရသန္းနဲ႔ဝယ္ယူခဲ့ တာျဖစ္ၿပီး အိပ္ခန္း ၅၈ ခန္း မီးလင္းဖို ၁၂ ခု ေရခ်ိဳးခန္း ၃၃ ခန္း အျပင္ ဗုံးဒဏ္ခံႏိုင္တဲ့ အခန္း ၃ ခန္းပါဝင္ပါတယ္။ေရကူးကန္ေတြ အားကစားခန္းမေတြမ်ားစြာပါဝင္ၿပီး ေလ့လာခ်င္သူေတြအေနနဲ႔ တစ္ခါကို ေဒၚလာ
၁သိန္းေပးေဆာင္ရမွာျဖစ္ပါတယ္။

၇။ SIKORSKY-S-76 Helicopter

ဒါကသာမန္ ရဟတ္ယာဥ္တစ္စီးမဟုတ္ပါဘူး။ ေဒၚလာ ရသန္းနဲ႔ဝယ္ယူခဲ့ၿပီး ျပင္ဆင္စရိတ္ ေဒၚလာ ရ သိန္း ေက်ာ္ ကုန္က်ခဲ့ပါတယ္။ ေ႐ႊသားေတြနဲ႔ ျပဳလုပ္ထားတဲ့ ဇိမ္ခံ ဆိုဖာေတြအျပင္ အျခားဇိမ္ခံပစၥည္းမ်ားစြာလည္း ထည့္သြင္းထားတာမို႔ သက္ေသာင့္သက္သာ ခရီးသြား ႏိုင္ပါတယ္။

၈။ MARCEDES-BENZ SLR MCLAREN

ေဒၚလာ ၄သိန္းခြဲခန႔္တန္ဖိုးရွိတာမို႔ ဒီကားကလည္း ေစ်းေပါေပါ ကားတစ္စီးေတာ့မဟုတ္ပါဘူး။ထရန႔္က ေတာ့ ဒီကားကို သူကို္ယ္တိုင္ ေမာင္းႏွင္ရတာကို ပိုႀကိဳက္တယ္လို႔သိရပါတယ္။

၉။ ထရန႔္ရဲ႕ စီးပြားေရးလုပ္ငန္းေတြ

သူ႔မွာေတာ့ စီးပြားေရးနဲ႔ပတ္သက္တဲ့ လုပ္ငန္းေပါင္းမ်ား စြာရွိေနၿပီး ဒီကေန အသားတင္ အျမတ္ေငြမ်ားစြာရရွိေန သူပါ။ဝိုင္ထုတ္လုပ္တဲ့စက္႐ုံပင္ပိုင္ဆိုင္ခဲ့ၿပီး ဒီစက္႐ုံကို ေတာ့ သူ႔သားကို ျပန္လည္ေရာင္းခ်ခဲ့ပါတယ္။ ဒါေပမယ့္ ဒီစက္႐ုံက သူ႔လုပ္ငန္းထဲမွာပါဝင္ဆဲျဖစ္ၿပီး မက္ဟန္ တန္က ထရန႔္တာဝါ ဟာလည္း အပါအဝင္ျဖစ္ပါတယ္။

ေရးသားသူ – မင္းသူ

Unicode ဖြင့်ဖတ်ရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ပိုင်ဆိုင်တဲ့တန်ဖိုးကြီး အရာများ

ထရန့်ဟာ အမေရိကန်နိုင်ငံရဲ့ သမ္မတဖြစ်မလာခင်က တည်းက ဘီလီယံနာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ် ပါတယ်။ ဒီမှာတော့ သူပိုင်ဆိုင်ထားတဲ့တန်ဖိုးကြီးအရာ တွေကိုဖော်ပြပေးလိုက်ပါတယ်။

၁။ နယူးယောက်တိုက်တစ်တိုက်ရဲ့ အပေါ်ဆုံး ၃ လွှာ

အထပ်မြင့်တိုက်တစ်တိုက်ရဲ့ အပေါ်ဆုံးအလွှာသုံးထပ် ဟာ ထရန့်တို့ လင်မယားနဲ့ သူ့တို့သားသမီးတွေရဲ့ နေအိမ်ပေါ့။အလှဆင်လို့ရတဲ့ အရာမှန်သမျှကိုလည်း စိန်တွေ ရွှေတွေ အသုံးပြုကာ အလှဆင်ထားတာကိုလည်းတွေ့ ရမှာဖြစ်ပါတယ်။

၂။ ရှေးဟောင်းကားများ

၁၉၅၆ ခုနှစ် ထုတ် Rolls-Royce ကား
ထရန့်ပိုင်ဆိုင်တဲ့ ရှေးအကျဆုံးကားကတော့ ၁၉၅၆ ခုနှစ် ထုတ် Rolls-Royce ကားပဲဖြစ်ပါတယ်။ဒီကားအပြင် ဒေါ်လာ ၅ သိန်းတန် ရှေးဟောင်းကားတစ်စီးလည်းရှိပြီး ကမ္ဘာ့အကောင်းဆုံးကားတစ်စီးပဲဖြစ်ပါတယ်။ ဒီကားကို ပိုင်ရှင်စိတ်တိုင်းကျပြု ပြင်နိုင်တာလည်းဖြစ်ပါတယ်။ ထရန့်ကတော့ ဒီကားကို ရွှေရည်စိမ်ထားတယ်လို့လည်းသိ ရပါတယ်။ယခုအချိန်မှာ အမေရိကန်ရဲ့ သမ္မတ ဖြစ်နေတာမို့ လုံခြုံရေးအရ ဒီကားကို ထရန့် သိမ်းထားရတာဖြစ် ပါတယ်။

၃။ ဂေါက်ကွင်းတွေ

ထရန့်ဟာ ဂေါက်ရိုက်ဝါသနာပါသူတစ်ဦးဖြစ်
ထရန့်ဟာ ဂေါက်ရိုက်ဝါသနာပါသူတစ်ဦးဖြစ်ပြီး ဒေါ်လာ သန်း ၃၀၀ ကျော်တန်ဖိုးရှိတဲ့ ဂေါက်ကွင်းတွေပိုင်ဆိုင် ထားပါတယ်။အမေရိကန်ရဲ့မြို့ကြီးတွေက ဂေါက်ကွင်း အများစုကိုလည်းဝယ်ယူထားတာတွေ့ရမှာပါ။ ဒါ့အပြင် နိုင်ငံရပ်ခြားမှာလည်း ၃ ခုလောက် ပိုင်ဆိုင်ထားတာပါ။ သူ့ဂေါက်ကွင်းတွေကတော့ သီးသန့်ဖြစ်ပြီး ဇိမ်ခံပစ္စည်း အပြည့်နဲ့ပါ။

၄။ ထရန့် တာဝါ

မက်ဟန်တန်က ၅၈ ထပ် အမြင့်ရှိတဲ့ ဒီမိုးမျှော်တိုက်ဟာ ထရန့်ရဲ့ အိမ်တော်ဖြစ်ပါတယ်။ဒီမှာတော့ တိုက်ခန်းတွဲ တွေ ဈေးဆိုင်တွေလည်းပါရှိပါတယ်။ဒီနေရာမှာတော့ တီဗီအစီအစဉ်တွေရိုက်ကူးမှုတွေရှိသလို တချို့ဇာတ် ကားတွေမှာလည်း ဒီအဆောက်အအုံပါဝင်တာတွေ့ရ မှာပါ။

၅။ Boeing 757

ဒီလေယာဉ်ဟာ ထရန့်မပိုင်ဆိုင်ခင်ကတော့ ခရီးသည် တင် လေယာဉ်ဖြစ်ပေမယ့် ထရန့်လက်ထဲရောက်ပြီး နောက်မှာတော့ဇိမ်ခံလေယာဉ်ဖြစ်လာခဲ့ပါတယ်။ ဇိမ်ရှိ လှတဲ့ဆိုဖာတွေပါဝင်တဲ့အပြင် ရုံးခန်းတွေ အိပ်ခန်းတွေ ပါဝင်ပါတယ်။ဒါ့အပြင် ရွှေ ၂၄ ကာရက်နဲ့လုပ်ထားတဲ့ အထူး အိပ်ခန်းတစ်ခန်းလည်းပါဝင်ပါတယ်။ တန်ကြေး အားဖြင့် ဒေါ်လာ ၃၅သန်း လောက်ရှိပြီး အမေရိကန် သမ္မတတွေ စီးရတဲ့ လေယာဉ်နဲ့ Air Force One အနေနဲ့ ဒီလိုမွမ်းမံမှုတွေလုပ်သင့်တယ်လို့ ထောက်ပြ ကြပါတယ်။

၆။ MAR-A-LAGO အပန်းဖြေစခန်း

၁၉၂၀ နောက်ပိုင်းလောက်မှာစတင်တည်ဆောက်ခဲ့တာ ဖြစ်ပြီး စတုရန်းပေ ၁၁၀,၀၀၀ ရှိကာ ဖလော်ရီဒါက ကမ်းခြေတစ်ခုမှာတည်ရှိပါတယ်။ဒါက ထရန့်တို့ မိသားစုအတွက် သီးသန့်အပန်းဖြေစရာ နေရာလေးပါ။ ဒီနေရာကိုတော့ ၁၉၈၅ မှာ ဒေါ်လာ ရသန်းနဲ့ဝယ်ယူခဲ့ တာဖြစ်ပြီး အိပ်ခန်း ၅၈ ခန်း မီးလင်းဖို ၁၂ ခု ရေချိုးခန်း ၃၃ ခန်း အပြင် ဗုံးဒဏ်ခံနိုင်တဲ့ အခန်း ၃ ခန်းပါဝင်ပါတယ်။ရေကူးကန်တွေ အားကစားခန်းမတွေများစွာပါဝင်ပြီး လေ့လာချင်သူတွေအနေနဲ့ တစ်ခါကို ဒေါ်လာ
၁သိန်းပေးဆောင်ရမှာဖြစ်ပါတယ်။

၇။ SIKORSKY-S-76 Helicopter

ဒါကသာမန် ရဟတ်ယာဉ်တစ်စီးမဟုတ်ပါဘူး။ ဒေါ်လာ ရသန်းနဲ့ဝယ်ယူခဲ့ပြီး ပြင်ဆင်စရိတ် ဒေါ်လာ ရ သိန်း ကျော် ကုန်ကျခဲ့ပါတယ်။ ရွှေသားတွေနဲ့ ပြုလုပ်ထားတဲ့ ဇိမ်ခံ ဆိုဖာတွေအပြင် အခြားဇိမ်ခံပစ္စည်းများစွာလည်း ထည့်သွင်းထားတာမို့ သက်သောင့်သက်သာ ခရီးသွား နိုင်ပါတယ်။

၈။ MARCEDES-BENZ SLR MCLAREN

ဒေါ်လာ ၄သိန်းခွဲခန့်တန်ဖိုးရှိတာမို့ ဒီကားကလည်း ဈေးပေါပေါ ကားတစ်စီးတော့မဟုတ်ပါဘူး။ထရန့်က တော့ ဒီကားကို သူကိုယ်တိုင် မောင်းနှင်ရတာကို ပိုကြိုက်တယ်လို့သိရပါတယ်။

၉။ ထရန့်ရဲ့ စီးပွားရေးလုပ်ငန်းတွေ

သူ့မှာတော့ စီးပွားရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းပေါင်းများ စွာရှိနေပြီး ဒီကနေ အသားတင် အမြတ်ငွေများစွာရရှိနေ သူပါ။ဝိုင်ထုတ်လုပ်တဲ့စက်ရုံပင်ပိုင်ဆိုင်ခဲ့ပြီး ဒီစက်ရုံကို တော့ သူ့သားကို ပြန်လည်ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် ဒီစက်ရုံက သူ့လုပ်ငန်းထဲမှာပါဝင်ဆဲဖြစ်ပြီး မက်ဟန် တန်က ထရန့်တာဝါ ဟာလည်း အပါအဝင်ဖြစ်ပါတယ်။

ရေးသားသူ – မင်းသူ

LEAVE A REPLY