Zawgyi ျဖင့္ဖတ္ရန္

 

အိမ့္ခ်စ္ဟာဆိုရင္ အေဖျဖစ္သူ ဦးခ်စ္ေကာင္းလိုပဲ အသံပါဝါအားေကာင္းေကာင္းနဲ႔ ပရိသတ္ေတြရဲ႕ရင္ထဲကိုေရာက္တဲ့စာသားေတြနဲ႔ ပရိသတ္အားေပးမႈရထားတဲ့အဆိုေတာ္တစ္ဦးျဖစ္ပါတယ္။ ဒါ့အျပင္အိမ့္ခ်စ္က ပြဲေတြမွာေဖ်ာ္ေျဖရာမွာလည္း Performance ကို အားစိုက္ထည့္ၿပီး costume ေတြကအစ ေသခ်ာျပင္ဆင္ၿပီးေဖ်ာ္ေျဖတာေတြေၾကာင့္လည္းအိမ့္ခ်စ္ရဲ႕ပြဲသြားၾကည့္ရင္ အရႈံးမရွိတာေၾကာင့္ ပရိသတ္ေတြက ပိုတိုးၿပီးခ်စ္ေနရတယ္ဆိုရင္မမွားပါဘူး။ အိမ့္ခ်စ္က မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ Girls Get Equal campaign မွာ Ambassador အျဖစ္ပါဝင္မယ့္အေၾကာင္းနဲ႔အမ်ိဳးသမီးေတြရသင့္ရထိုက္တဲ့အခြင့္အေရးေတြအေၾကာင္းေျဖၾကားသြားပါတယ္။

အိမ့္ခ်စ္က Girls Get Equal Campaign မွာ ပါဝင္ျဖစ္ပုံကို “ပါဝင္ျဖစ္တာက ကိုယ္ကလည္းႀကိဳးစားေနတဲ့ လူငယ္တစ္ေယာက္လည္းျဖစ္တယ္၊မိန္းကေလးတစ္ေယာက္လည္းျဖစ္တယ္။ အစ္မဆိုရင္မားမားမတ္မတ္ရပ္တည္ေပးမယ့္သူမရွိပဲနဲ႔ တစ္ေယာက္တည္း ကိုယ္လိုခ်င္တဲ့ပန္းတိုင္ကို တြန္းတိုက္ၿပီးေတာ့ ေလွ်ာက္လွမ္းေနရတာေလ။ အျပစ္ေျပာတဲ့သူေတြေရာ ဝိုင္းဝန္းၿပီးေတာ့ ႏွိမ့္ခ်တဲ့လူေတြေရာ ၾကားထဲကေနမွ ကိုယ္က ေလွ်ာက္လွမ္းေနရတာဆိုေတာ့ ကိုယ္ေတာင္မွပဲ တက္လာတဲ့လမ္းတစ္ေလွ်ာက္မွာ စိတ္ဓာတ္က်ခဲ့ရတာေတြခဏခဏရွိတယ္။ လူေတြကပါးစပ္ကေလးနဲ႔သာေျပာေတာ့ လြယ္လြယ္ေလးေျပာလိုက္တာ လူတစ္ဖက္သားရဲ႕စိတ္မွာ ခံစားသြားရတာေတြအမ်ားႀကီးရွိတယ္။ ဒီခံစားမႈေတြကိုဘယ္လိုတြန္းလွန္ၾကမလဲ။ ေအာင္ျမင္မႈရေအာင္စိတ္ဓာတ္ႀကံ့ခိုင္ေအာင္ဘယ္လိုေဆာင္႐ြက္ၾကမလဲဆိုတာ တစ္ေထာင့္တစ္ေနရာကေန ကူညီႏိုင္မယ္ဆိုရင္ အစ္မလည္းကုသိုလ္ရတယ္ေလ။အဲဒါေၾကာင့္ပါဝင္ျဖစ္တာပါ”လို႔ ေျပာျပထားပါတယ္။

Ambassador အေနနဲ႔ေဆာင္႐ြက္သြားဖို႔ရွိတာေတြကိုလည္းအိမ့္ခ်စ္က “ဘာေတြေဆာင္႐ြက္သြားဖို႔ရွိလဲဆိုေတာ့ ဒီ Girls Get Equal ကေနၿပီးေတာ့ လူႀကီးေတြက လုပ္ေဆာင္ရမွာေလးေတြအိမ့္ခ်စ္ကိုေျပာမယ္။ အိမ့္ခ်စ္က Ambassador ဆိုေတာ့ Campaign နဲ႔ ျပည္သူေတြနဲ႔ ၾကားခံ၊မီဒီယာေတြလိုပဲေပ့ါေနာ္။ Campaign ကေနၿပီးေတာ့အိမ့္ခ်စ္ဆီလာမယ္၊အိမ့္ခ်စ္ကေနမီဒီယာေတြဆီသြားမယ္၊မီဒီယာေတြဆီက ျပည္သူေတြဆီသြားမယ္။အဲဒီလိုပဲေပ့ါေနာ္။ေဆာင္႐ြက္စရာေတြကေတာ့ တာဝန္ရွိတဲ့လူႀကီးေတြကေျပာလိမ့္မယ္။ အဲဒီအခါက်ရင္ေဆာင္႐ြက္ေပးသြားဖို႔ရွိတယ္”လို႔ ေျဖၾကားေပးထားပါတယ္။

မိန္းကေလးေတြက ေယာက်္ားေလးေတြနဲ႔တန္းတူ ေအာင္ျမင္ႏိုင္ေၾကာင္းလည္းအသိပညာေပးသြားမယ္လို႔ “မိန္းကေလးတစ္ေယာက္ဟာလည္း ေယာက္်ားေလးေတြနဲ႔ တန္းတူ ေအာင္ျမင္ႏိုင္ပါလား ၊ေခါင္းေဆာင္ေနရာအထိေရာက္ႏိုင္ပါလားဆိုတာကို အသိပညာေပးသြားမယ္။ဒါမ်ိဳုးေလးေတြကို အိမ့္ခ်စ္က ၾကားခံတစ္ဆင့္အေနနဲ႔ မွ်ေဝေပးသြားမွာေပါ့”လို႔ ေျပာျပထားပါတယ္။

ဒါ့အျပင္ လူ႔အဖြဲ႕အစည္းက မိန္းကေလးေတြကို ယဥ္ေက်းမႈဆိုတာႀကီးနဲ႔ ကိုင္ေပါက္ၿပီးဖိႏွိပ္ထားခ်င္ၾကတဲ့အေၾကာင္းလည္း “ယဥ္ေက်းမႈဆိုတာႀကီးကို လက္ကိုင္ထားၿပီး လူေတြကအဲဒါနဲ႔ကိုင္ကိုင္ေပါက္ၿပီးေတာ့ မိန္းကေလးေတြကိုခ်ိဳးႏွိမ္ခ်င္ၾကတယ္။ ယဥ္ေက်းမႈတစ္ခုကိုကိုင္ေပါက္ၿပီးေတာ့ ခ်ိဳးႏွိမ္တာေတြေျပာတာေတြဆိုတာေတြရွိတယ္။ မီဒီယာေတြပဲဆိုပါေတာ့ ၿမိဳ႕တြင္းမွာပဲလွည့္လည္ၿပီးေတာ့ ေမးေနရတာမဟုတ္ဘူး။ ပုဂံသြားရမယ္နယ္ေတြသြားရမယ္ဆိုရင္ ေယာက္်ားေလးေတြပါေကာင္းပါလိမ့္မယ္။ Camera Man ေတြ၊ Crew ေတြပါေကာင္းပါလိမ့္မယ္။ ဒါကို ပတ္ဝန္းက်င္က တစ္ေယာက္တည္းသြားေနတာပဲေယာက္်ားေတြၾကားထဲမွာ ဆိုတာမ််ိဳးကို လြယ္လြယ္သတ္မွတ္ၾကတယ္။ သူတို႔သတ္မွတ္တဲ့အေပၚမွာ ကိုယ္ကထမင္းစားေနတာမဟုတ္ဘူး။ ကိုယ္သည္ကိုယ့္ဟာကိုယ္အလုပ္ေကာင္းေကာင္းလုပ္ေနဖို႔ပဲအေရးႀကီးတယ္။ ကိုယ့္သန႔္ရွင္းမႈ၊ကိုယ့္ျဖဴစင္မႈ၊ကိုယ့္႐ိုးသားမႈကိုဘုရားသိရင္ေတာ္ၿပီ၊က်န္တာေတြကိုေခါင္းထဲသိပ္မထည့္နဲ႔”လို႔ ေျပာၾကားထားပါတယ္။

Credit :Nanmalgyi

Unicode ဖြင့်ဖတ်ရန်

ယဉ်ကျေးမှုဆိုတာကြီးနဲ့ကိုင်ပေါက်ပြီးတော့ မိန်းကလေးတွေကိုချိုးနှိမ်ချင်ကြတယ်ဆိုတဲ့ အိမ့်ချစ်

အိမ့်ချစ်ဟာဆိုရင် အဖေဖြစ်သူ ဦးချစ်ကောင်းလိုပဲ အသံပါဝါအားကောင်းကောင်းနဲ့ ပရိသတ်တွေရဲ့ရင်ထဲကိုရောက်တဲ့စာသားတွေနဲ့ ပရိသတ်အားပေးမှုရထားတဲ့အဆိုတော်တစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင်အိမ့်ချစ်က ပွဲတွေမှာဖျော်ဖြေရာမှာလည်း Performance ကို အားစိုက်ထည့်ပြီး costume တွေကအစ သေချာပြင်ဆင်ပြီးဖျော်ဖြေတာတွေကြောင့်လည်းအိမ့်ချစ်ရဲ့ပွဲသွားကြည့်ရင် အရှုံးမရှိတာကြောင့် ပရိသတ်တွေက ပိုတိုးပြီးချစ်နေရတယ်ဆိုရင်မမှားပါဘူး။ အိမ့်ချစ်က မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ Girls Get Equal campaign မှာ Ambassador အဖြစ်ပါဝင်မယ့်အကြောင်းနဲ့အမျိုးသမီးတွေရသင့်ရထိုက်တဲ့အခွင့်အရေးတွေအကြောင်းဖြေကြားသွားပါတယ်။

အိမ့်ချစ်က Girls Get Equal Campaign မှာ ပါဝင်ဖြစ်ပုံကို “ပါဝင်ဖြစ်တာက ကိုယ်ကလည်းကြိုးစားနေတဲ့ လူငယ်တစ်ယောက်လည်းဖြစ်တယ်၊မိန်းကလေးတစ်ယောက်လည်းဖြစ်တယ်။ အစ်မဆိုရင်မားမားမတ်မတ်ရပ်တည်ပေးမယ့်သူမရှိပဲနဲ့ တစ်ယောက်တည်း ကိုယ်လိုချင်တဲ့ပန်းတိုင်ကို တွန်းတိုက်ပြီးတော့ လျှောက်လှမ်းနေရတာလေ။ အပြစ်ပြောတဲ့သူတွေရော ဝိုင်းဝန်းပြီးတော့ နှိမ့်ချတဲ့လူတွေရော ကြားထဲကနေမှ ကိုယ်က လျှောက်လှမ်းနေရတာဆိုတော့ ကိုယ်တောင်မှပဲ တက်လာတဲ့လမ်းတစ်လျှောက်မှာ စိတ်ဓာတ်ကျခဲ့ရတာတွေခဏခဏရှိတယ်။ လူတွေကပါးစပ်ကလေးနဲ့သာပြောတော့ လွယ်လွယ်လေးပြောလိုက်တာ လူတစ်ဖက်သားရဲ့စိတ်မှာ ခံစားသွားရတာတွေအများကြီးရှိတယ်။ ဒီခံစားမှုတွေကိုဘယ်လိုတွန်းလှန်ကြမလဲ။ အောင်မြင်မှုရအောင်စိတ်ဓာတ်ကြံ့ခိုင်အောင်ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာ တစ်ထောင့်တစ်နေရာကနေ ကူညီနိုင်မယ်ဆိုရင် အစ်မလည်းကုသိုလ်ရတယ်လေ။အဲဒါကြောင့်ပါဝင်ဖြစ်တာပါ”လို့ ပြောပြထားပါတယ်။

Ambassador အနေနဲ့ဆောင်ရွက်သွားဖို့ရှိတာတွေကိုလည်းအိမ့်ချစ်က “ဘာတွေဆောင်ရွက်သွားဖို့ရှိလဲဆိုတော့ ဒီ Girls Get Equal ကနေပြီးတော့ လူကြီးတွေက လုပ်ဆောင်ရမှာလေးတွေအိမ့်ချစ်ကိုပြောမယ်။ အိမ့်ချစ်က Ambassador ဆိုတော့ Campaign နဲ့ ပြည်သူတွေနဲ့ ကြားခံ၊မီဒီယာတွေလိုပဲပေ့ါနော်။ Campaign ကနေပြီးတော့အိမ့်ချစ်ဆီလာမယ်၊အိမ့်ချစ်ကနေမီဒီယာတွေဆီသွားမယ်၊မီဒီယာတွေဆီက ပြည်သူတွေဆီသွားမယ်။အဲဒီလိုပဲပေ့ါနော်။ဆောင်ရွက်စရာတွေကတော့ တာဝန်ရှိတဲ့လူကြီးတွေကပြောလိမ့်မယ်။ အဲဒီအခါကျရင်ဆောင်ရွက်ပေးသွားဖို့ရှိတယ်”လို့ ဖြေကြားပေးထားပါတယ်။

မိန်းကလေးတွေက ယောကျ်ားလေးတွေနဲ့တန်းတူ အောင်မြင်နိုင်ကြောင်းလည်းအသိပညာပေးသွားမယ်လို့ “မိန်းကလေးတစ်ယောက်ဟာလည်း ယောက်ျားလေးတွေနဲ့ တန်းတူ အောင်မြင်နိုင်ပါလား ၊ခေါင်းဆောင်နေရာအထိရောက်နိုင်ပါလားဆိုတာကို အသိပညာပေးသွားမယ်။ဒါမျိုုးလေးတွေကို အိမ့်ချစ်က ကြားခံတစ်ဆင့်အနေနဲ့ မျှဝေပေးသွားမှာပေါ့”လို့ ပြောပြထားပါတယ်။

ဒါ့အပြင် လူ့အဖွဲ့အစည်းက မိန်းကလေးတွေကို ယဉ်ကျေးမှုဆိုတာကြီးနဲ့ ကိုင်ပေါက်ပြီးဖိနှိပ်ထားချင်ကြတဲ့အကြောင်းလည်း “ယဉ်ကျေးမှုဆိုတာကြီးကို လက်ကိုင်ထားပြီး လူတွေကအဲဒါနဲ့ကိုင်ကိုင်ပေါက်ပြီးတော့ မိန်းကလေးတွေကိုချိုးနှိမ်ချင်ကြတယ်။ ယဉ်ကျေးမှုတစ်ခုကိုကိုင်ပေါက်ပြီးတော့ ချိုးနှိမ်တာတွေပြောတာတွေဆိုတာတွေရှိတယ်။ မီဒီယာတွေပဲဆိုပါတော့ မြို့တွင်းမှာပဲလှည့်လည်ပြီးတော့ မေးနေရတာမဟုတ်ဘူး။ ပုဂံသွားရမယ်နယ်တွေသွားရမယ်ဆိုရင် ယောက်ျားလေးတွေပါကောင်းပါလိမ့်မယ်။ Camera Man တွေ၊ Crew တွေပါကောင်းပါလိမ့်မယ်။ ဒါကို ပတ်ဝန်းကျင်က တစ်ယောက်တည်းသွားနေတာပဲယောက်ျားတွေကြားထဲမှာ ဆိုတာမျျိုးကို လွယ်လွယ်သတ်မှတ်ကြတယ်။ သူတို့သတ်မှတ်တဲ့အပေါ်မှာ ကိုယ်ကထမင်းစားနေတာမဟုတ်ဘူး။ ကိုယ်သည်ကိုယ့်ဟာကိုယ်အလုပ်ကောင်းကောင်းလုပ်နေဖို့ပဲအရေးကြီးတယ်။ ကိုယ့်သန့်ရှင်းမှု၊ကိုယ့်ဖြူစင်မှု၊ကိုယ့်ရိုးသားမှုကိုဘုရားသိရင်တော်ပြီ၊ကျန်တာတွေကိုခေါင်းထဲသိပ်မထည့်နဲ့”လို့ ပြောကြားထားပါတယ်။

Credit :Nanmalgyi

LEAVE A REPLY