Zawgyi ျဖင့္ဖတ္ရန္

လိပ္ခဲတည္းလည္းနဲ႔ ၾကာရွည္ေနခဲ့တဲ့ အစၥဏီနဲ႔ စူးရွထက္ရဲ႕ အမႈႀကီးဟာဆိုရင္ေနာက္ဆုံးမွာေတာ့ ၿပီးျပတ္သြားဖို႔ အခ်ိန္အနည္းငယ္သာက်န္ပါေတာ့တယ္။ၿပီးခဲ့တဲ့ ႐ုံးခ်ိန္းမွာ အစၥဏီက စူးရွထက္ကို သူျဖစ္ေစခ်င္တဲ့အတိုင္း မီဒီယာေတြေရွ႕မွာ ေတာင္းပန္စကားဆိုလိုက္လို႔ စူးရွထက္က အမႈ႐ုတ္သိမ္းလႊာကို လက္မွတ္ထိုးေပးလိုက္ေၾကာင္းသိရပါတယ္။ စူးရွထက္က အမႈတစ္ေလွ်ာက္လုံးမွာ ႀကံ့ႀကံံ့ခံရင္ဆိုင္လာခဲ့ၿပီး တကယ္တမ္းလိုခ်င္တာက အစၥဏီဆီက ေတာင္းပန္စကားသာျဖစ္တယ္လို႔လည္းသိရပါတယ္။

စူးရွထက္ဟာ ၿပီးခဲ့တဲ့အေခါက္႐ုံးခ်ိန္းမွာ မီဒီယာေတြကို သူ႔ဘက္က ေလ်ာ္ေၾကးတစ္ျပားတစ္ခ်ပ္မွမယူခဲ့ပဲ အစၥဏီရဲ႕ေတာင္းပန္တာကိုသာလိုခ်င္ခဲ့လို႔ ေတာင္းပန္ခံရတဲ့အခါမွာ ေက်နပ္ၿပီးအမႈကိုေက်ေအးေပးလိုက္တာလို႔ ေျဖၾကားသြားခဲ့ပါတယ္။ စူးရွထက္နဲ႔ အစၥဏီရဲ႕ ပရိသတ္ေတြကလည္း အမႈက ဒီလိုၿပီးျပတ္သြားတဲ့အတြက္ ဝမ္းသာေနၾကသလို အစၥဏီကို သီခ်င္းေတြအမ်ားႀကီးျပန္ဆိုဖို႔ေမွ်ာ္လင့္ေနၾကပါတယ္။ အမႈက လုပ္ငန္းစဥ္ေတြၿပီးျပတ္သြားတဲ့အခါမွာ အစၥဏီလြတ္လာမွာျဖစ္တယ္လို႔လည္းသိရပါတယ္။

ၿပီးခဲ့တဲ့႐ုံးခ်ိန္းမွာေတာ့ အစၥဏီက အမႈကိုေက်ေအးေပးလိုက္တဲ့အတြက္ဝမ္းသာရေၾကာင္း “ဝမ္းသာပါတယ္။ ေဘဘီ့ကိုလည္းေျပာလိုက္ပါ။ Thank you လို႔။ ေသာၾကာေန႔က်ရင္ ႐ုံးခ်ိန္းမွာ ျပန္ထြက္လာခဲ့မယ္။ အဲ့ေတာ့မွ ေျပာေတာ့မယ္။ ပရိသတ္ေတြ အားလုံးက်န္းက်န္းမာမာနဲ႔ ရွိရဲ႕လား။ ကြၽန္ေတာ္လည္း က်န္းမာေရး ဂ႐ုစိုက္ပါတယ္။ သီခ်င္းေတြ အမ်ားႀကီး ျပန္ဆိုမယ္လို႔ ပရိသတ္ကို ကတိေပးပါတယ္”လို႔ ဆိုပါတယ္။ ဒါ့အျပင္ပရိသတ္ေတြကို သတင္းေကာင္းေစာင့္ေနၾကဖို႔လည္း “ကြၽန္ေတာ့္အတြက္ဆုေတာင္းေပးၾကေနာ္ သတင္းေကာင္းကိုေမွ်ာ္ေနၾကပါ”လို႔ ေျပာသြားပါေသးတယ္။

ပရိသတ္ေတြကေတာ့ အစၥဏီျပန္လြတ္လာၿပီးရင္ သီခ်င္းေတြအမ်ားႀကီးဆက္လုပ္ဖို႔ေမွ်ာ္လင့္ေနၾကသလို သီခ်င္းေခြအသစ္ထြက္လာမွာလားလို႔လည္းသိခ်င္ေနၾကပါတယ္။ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာ အစၥဏီျပန္ထြက္လာလို႔ အႏုပညာအလုပ္ေတြလုပ္ရင္အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

Credit : Nanmalgyi

Unicode ဖြင့်ဖတ်ရန်

ပရိသတ်တွေကို သတင်းကောင်းမျှော်နေဖို့ပြောလိုက်တဲ့ အစ္စဏီ

လိပ်ခဲတည်းလည်းနဲ့ ကြာရှည်နေခဲ့တဲ့ အစ္စဏီနဲ့ စူးရှထက်ရဲ့ အမှုကြီးဟာဆိုရင်နောက်ဆုံးမှာတော့ ပြီးပြတ်သွားဖို့ အချိန်အနည်းငယ်သာကျန်ပါတော့တယ်။ပြီးခဲ့တဲ့ ရုံးချိန်းမှာ အစ္စဏီက စူးရှထက်ကို သူဖြစ်စေချင်တဲ့အတိုင်း မီဒီယာတွေရှေ့မှာ တောင်းပန်စကားဆိုလိုက်လို့ စူးရှထက်က အမှုရုတ်သိမ်းလွှာကို လက်မှတ်ထိုးပေးလိုက်ကြောင်းသိရပါတယ်။ စူးရှထက်က အမှုတစ်လျှောက်လုံးမှာ ကြံ့ကြံံ့ခံရင်ဆိုင်လာခဲ့ပြီး တကယ်တမ်းလိုချင်တာက အစ္စဏီဆီက တောင်းပန်စကားသာဖြစ်တယ်လို့လည်းသိရပါတယ်။

စူးရှထက်ဟာ ပြီးခဲ့တဲ့အခေါက်ရုံးချိန်းမှာ မီဒီယာတွေကို သူ့ဘက်က လျော်ကြေးတစ်ပြားတစ်ချပ်မှမယူခဲ့ပဲ အစ္စဏီရဲ့တောင်းပန်တာကိုသာလိုချင်ခဲ့လို့ တောင်းပန်ခံရတဲ့အခါမှာ ကျေနပ်ပြီးအမှုကိုကျေအေးပေးလိုက်တာလို့ ဖြေကြားသွားခဲ့ပါတယ်။ စူးရှထက်နဲ့ အစ္စဏီရဲ့ ပရိသတ်တွေကလည်း အမှုက ဒီလိုပြီးပြတ်သွားတဲ့အတွက် ဝမ်းသာနေကြသလို အစ္စဏီကို သီချင်းတွေအများကြီးပြန်ဆိုဖို့မျှော်လင့်နေကြပါတယ်။ အမှုက လုပ်ငန်းစဉ်တွေပြီးပြတ်သွားတဲ့အခါမှာ အစ္စဏီလွတ်လာမှာဖြစ်တယ်လို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့ရုံးချိန်းမှာတော့ အစ္စဏီက အမှုကိုကျေအေးပေးလိုက်တဲ့အတွက်ဝမ်းသာရကြောင်း “ဝမ်းသာပါတယ်။ ဘေဘီ့ကိုလည်းပြောလိုက်ပါ။ Thank you လို့။ သောကြာနေ့ကျရင် ရုံးချိန်းမှာ ပြန်ထွက်လာခဲ့မယ်။ အဲ့တော့မှ ပြောတော့မယ်။ ပရိသတ်တွေ အားလုံးကျန်းကျန်းမာမာနဲ့ ရှိရဲ့လား။ ကျွန်တော်လည်း ကျန်းမာရေး ဂရုစိုက်ပါတယ်။ သီချင်းတွေ အများကြီး ပြန်ဆိုမယ်လို့ ပရိသတ်ကို ကတိပေးပါတယ်”လို့ ဆိုပါတယ်။ ဒါ့အပြင်ပရိသတ်တွေကို သတင်းကောင်းစောင့်နေကြဖို့လည်း “ကျွန်တော့်အတွက်ဆုတောင်းပေးကြနော် သတင်းကောင်းကိုမျှော်နေကြပါ”လို့ ပြောသွားပါသေးတယ်။

ပရိသတ်တွေကတော့ အစ္စဏီပြန်လွတ်လာပြီးရင် သီချင်းတွေအများကြီးဆက်လုပ်ဖို့မျှော်လင့်နေကြသလို သီချင်းခွေအသစ်ထွက်လာမှာလားလို့လည်းသိချင်နေကြပါတယ်။ပြောချင်လွန်းလို့ပရိသတ်ကြီးရော အစ္စဏီပြန်ထွက်လာလို့ အနုပညာအလုပ်တွေလုပ်ရင်အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Credit : Nanmalgyi

LEAVE A REPLY