Zawgyi ဖြင့်ဖတ်ရန်




Credit : Nanmalgyi

Unicode ဖြင့်ဖတ်ရန်

ကျန်းမာရေးမကောင်းလို့ ဆေးကုသမှုခံယူနေရတဲ့ အစ္စဏီ

အပြီးသတ်အမိန့်ချမှတ်တဲ့ အဆင့်ထိမရောက်နိုင်သေးပဲ အချိန်တွေတော်တော်ကြာလာနေတဲ့ အစ္စဏီတို့အမှုကတော့ အခုဆိုရင်နောက်ထပ် ရုံးချိန်းတစ်ခုပါ ထပ်စစ်ဆေးနေပါပြီး ။ ဒီတစ်ခေါ် ရုံးချိန်းမှာ အစွပ်စွဲခံ ပုဂ္ဂိုလ်ကိုစစ်ဆေးမေးမြန်းချိန်မှာတော့ အခြေအနေတစ်ခုကြောင့် စစ်ဆေးမှုရပ်နားလိုက်ကြောင်းသိရပါတယ်။အဲ့ဒီလို ရပ်နားလိုက်ရတဲ့အကြောင်းအရင်းကို အစ္စဏီရဲ့ရှေ့နေက Cele ရပ်ကွက်နဲ့ အင်တာဗျူးမှာပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ် ။

ရှေ့နေက “ ဒီနေ့ကတော့ စွပ်စွဲခံရသူ ဟန်ထွန်းဇော် (ခ) အစ္စဏီကို စစ်ဆေးတာ သူကျန်းမာရေး မကောင်းဘဲနဲ့ တရားခွင်မှာ ရုံးချိန်းကို စစ်ဆေးခြင်းကို ရပ်နားလိုက်ပါတယ် ။ အသက်ရှုလမ်းကြောင်းသိပ်မကြောင်းဘူး ပြီးတော့ အရင်တုန်းက သူလေ့ကျင့်ခန်းလုပ်ထားတဲ့ဒူးခေါင်းအရွတ်ပြားက မကောင်းတော့ဘူး ။”ဆိုပြီးပြောပြသွားပါတယ်။

ဆေးခွင့်ယူဖို့ရှိလားဆိုတဲ့ မေးခွန်းကိုလည်း “ ဆက်ပြီးတော့ ဖြစ်ဖြစ်လာတယ်ဆိုရင်တော့ ကျနော်တို့ ဥပဒေအရဆောင်ရွက်သွားမှာပါ ။ အခုကတော့ အမှုစစ်လိုက်စစ်ဆေးလိုက်ပဲ ရှိပါတယ်။ အခုတော့ ဆေးရုံတက် ကုသနေပါတယ်။ ကောင်းလိုက် ကျန်းမာရေးက ဆိုးလာလိုက် ဖြစ်နေတာပေါ့ ။ အရမ်းအဆိုးရွားကြီးတော့ မဟုတ်သေးပါဘူး။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။ အစ္စဏီကလည်း ပရိသတ်တွေကနေ သူ့ကို ဆုတောင်းပေးကြပါ့ဦးလို့ တောင်းဆိုသွားပါတယ်။

Credit : Nanmalgyi

LEAVE A REPLY