Zawgyi ျဖင့္ဖတ္ရန္

 

ကြၽန္မ အိမ္ရဲ႕မီတာခက လစဥ္ ေငြ၅ေသာင္းနီးနီးက်တဲ့အတြက္မီတာခေတြ တိုးေကာက္မယ္ သုံးဆတက္မယ္ဆိုေတာ့ သိန္းခ်ီေပးရေတာ့မယ္ဆိုၿပီး စိတ္အေတာ္ညစ္သြားခ်ိန္မွာအိမ္ကို မီတာလာဖတ္တဲ့ စာေရးေလးက အႀကံေပးသြားတာက အစ္မ သုံးတဲ့ လွ်ပ္စစ္ဓာတ္အားေတြကို အတတ္ႏိုင္ဆုံးေလွ်ာ့လိုက္ပါ တဲ့။

အမ်ိဳးသားကေတာ့ သုံးသင့္တာ သုံးပါ သိပ္စိတ္ညစ္မခံပါနဲ႔ လို႔ေျပာေပမယ့္အိမ္တစ္အိမ္မွာ အိမ္ရွင္မ က အခရာဆိုတာ ကြၽန္မ သက္ေသျပလိုက္ႏိုင္တာေလး ေျပာျပခ်င္လို႔ပါ။

ကဲ မီတာဖတ္တဲ့စာေရးေလးက မီတာပုံးမွာ ကြၽန္မ သုံးတဲ့ယူနစ္ကို ေရးလိုက္ပါၿပီအစ္မ ေနာက္လက စၿပီး တက္ၿပီေနာ္ တဲ့။အိုေကပါ ကြၽန္မ ေခြၽတာရပါမယ္။ေငြရွာရတဲ့ အမ်ိဳးသားအေပၚ မွာလည္း အားနာသင့္တယ္မဟုတ္လားေနာ္

အဲဒီအတြက္ ညတိုင္း ထြန္းေနက် လမ္းမီးကို ေမွာင္ရိပ္သန္းလာမွ ထြန္းၿပီး မနက္ ၅ နာရီထိုးတာနဲ႔ ပိတ္လိုက္ပါတယ္။ေခါင္းရင္းဘက္ကၿခံထဲဖြင့္တဲ့ မီးလုံးကို လုံးဝ မဖြင့္ေတာ့ပါဘူး။

မီးပူက မီတာယူနစ္အားအတက္ဆုံးလ္ု႔ိ အင္တာနက္မွာ ဖတ္ရတဲ့အတြက္ အိမ္ေန အဝတ္အထည္ကို မီးပူ လုံးဝ မတိုက္ေတာ့ပဲ တိုက္တဲ့အခါလည္းအခ်ိန္မဆြဲဘဲ အျမန္တိုက္ၿပီး မလိုအပ္ရင္ မီးပူခလုတ္ ပိတ္ထားပါတယ္။

ေရစက္မေမာင္းဘဲ မိုးေရနဲ႔ ေရတစ္ေလ်ာက္ သုံးပါတယ္။TV ကိုလည္း အရင္ကလို မၾကည့္ခ်င္ဘဲ ဖြင့္ထားတာမ်ိဳး မလုပ္ပါဘူး။

CCTV ကင္မရာကို တစ္ေန႔လုံး မဖြင့္ေတာ့ဘဲ ညေမွာင္မွ ဖြင့္ၿပီး မနက္ မိုးလင္းတာနဲ႔ ပိတ္ပါတယ္။

တစ္လလုံး Aircon လုံးဝ မဖြင့္ပါဘူး။သားျဖစ္သူ ပူအိုက္ေနမွာစိုးတာနဲ႔ ေရထည့္ၿပီးဖြင့္လို႔ရတဲ့ ပန္ကာကို တစ္လုံးထပ္ဝယ္လိုက္ပါတယ္။အက်ိဳးဆက္က ယူနစ္မတက္ဘဲ အမ်ားႀကီးသက္သာၿပီး တစ္ေန႔လုံးလည္းဖြင့္ထားႏိုင္ပါတယ္။

ေရပူေရေအးစက္ကို ေရမခ်ိဳးခင္ ၅မိနစ္အလိုမွ ဖြင့္ၿပီး ခ်က္ခ်င္း ျပန္ပိတ္ပါတယ္။လူမရွိတဲ့အခန္းေတြမွာ မီးေခ်ာင္းမီးလုံးေတြ လုံးဝ မထြန္းထားခဲ့ပါဘူး။

အရင္က အိမ္ေရွ႕ဧည့္ခန္းမွာ မီးေခ်ာင္းႏွစ္ေခ်ာင္း ထိန္ေနေအာင္ ဖြင့္ခဲ့ေပမယ့္ ညေနေမွာင္လာမွ တစ္ေခ်ာင္းသာ ထြန္းပါတယ္။ညအိပ္မီးလုံး ႏွစ္လုံးအစား တစ္လုံးကိုပဲ အခန္းကူးေလွ်ာက္လမ္းမွာ တစ္ညလုံး ထြန္းထားလိုက္ပါတယ္။

ေရခဲသတၱာကိုေတာ့ ေတာက္ေလွ်ာက္ဖြင့္ထားပါတယ္။ထမင္းဟင္းခ်က္တာကို ေပါင္းအိုးတစ္လုံးနဲ႔ အိုးနီတစ္လုံးပဲ သုံးပါတယ္။ေကာ္ဖီေဖ်ာက္ေသာက္ခ်ိန္ လွ်ပ္စစ္ေရေႏြးအိုးကို ခလုတ္တက္တာနဲ႔ ခ်က္ခ်င္းပိတ္ပါတယ္။ အရင္လို မီးပလပ္တန္းလန္းနဲ႔ မထားခဲ့ပါဘူး။

အဝတ္ေလွ်ာ္စက္သုံးတဲ့အခါမွာလည္း အဝတ္မ်ားမွသာ တစ္ခါ စု ေလွ်ာ္လိုက္ပါတယ္။အဓိကက ေရကိုလည္း ေခြၽတာသုံးပါတယ္ ေရေမာင္းေရတင္ရတဲ့အခါ လွ်ပ္စစ္အားကို အသုံးျပဳရမွာမို႔ပါေခြၽတာတယ္ဆိုတဲ့ေနရာမွာ စိကုပ္ေနတာမဟုတ္ဘဲ ေရကိုသုံးပါ မျဖဳန္းပါႏွင့္ ဆိုတာကို လိုက္နာၿပီးသုံးတာပါ။

ပဲခူးမွာ မီးပ်က္ခ်ိန္လည္း အရမ္းနည္းသြားပါတယ္ အရင္လို အၾကာႀကီးမပ်က္ေတာ့ပါဘူး။

ေျပာခ်င္တာကအရင္လေတြက ကြၽန္မ ေနခ်င္သလိုေနၿပီး လွ်ပ္စစ္ကို သုံးခ်င္သလို သုံးပါတယ္။ တန္ဖိုးလည္း မသိပါဘူး။

ခုေတာ့ လွ်ပ္စစ္ကို ဘယ္လို ေခြၽတာသုံးရမလဲ ဆိုတာကို ကြၽန္မ နားလည္ၿပီ။မီတာဖတ္တဲ့စာေရးေလးက ကြၽန္မကို မီတာလာဖတ္တဲ့အခ်ိန္က အရမ္းကို အံ့ၾသသြားပုံနဲ႔ အစ္မရယ္ ယူနစ္ေတြကို ေတာ္ေတာ္ေခြၽတာလိုက္တာပဲ လို႔ ဝမ္းသာအားရ ေျပာသြားပါတယ္။

ကြၽန္မလည္း ကိုယ့္ကိုယ္ ကို ေတာ္တယ္ လို႔ သတ္မွတ္လိုက္ပါတယ္။အမ်ိဳးသားကလည္း ကြၽန္မကို ခ်ီးမြမ္းပါတယ္။ အရမ္းကိုေတာ္တယ္ တဲ့။

မွ်ေဝ တဲ့ သေဘာပါ။

Credit: ရှီတို

Unicode ဖြင့်ဖတ်ရန်

မီတာခတွေ ပိုကျနေတဲ့ အချိန်မှာ ကျွန်မဒီလိုသုံးပါတယ် (လစဉ် ၅၀၀၀၀ ကျော်ကနေ ၂၅၀၀၀ ကျော်ပဲကျပါတယ်)

ကျွန်မ အိမ်ရဲ့မီတာခက လစဉ် ငွေ၅သောင်းနီးနီးကျတဲ့အတွက်မီတာခတွေ တိုးကောက်မယ် သုံးဆတက်မယ်ဆိုတော့ သိန်းချီပေးရတော့မယ်ဆိုပြီး စိတ်အတော်ညစ်သွားချိန်မှာအိမ်ကို မီတာလာဖတ်တဲ့ စာရေးလေးက အကြံပေးသွားတာက အစ်မ သုံးတဲ့ လျှပ်စစ်ဓာတ်အားတွေကို အတတ်နိုင်ဆုံးလျှော့လိုက်ပါ တဲ့။

အမျိုးသားကတော့ သုံးသင့်တာ သုံးပါ သိပ်စိတ်ညစ်မခံပါနဲ့ လို့ပြောပေမယ့်အိမ်တစ်အိမ်မှာ အိမ်ရှင်မ က အခရာဆိုတာ ကျွန်မ သက်သေပြလိုက်နိုင်တာလေး ပြောပြချင်လို့ပါ။

ကဲ မီတာဖတ်တဲ့စာရေးလေးက မီတာပုံးမှာ ကျွန်မ သုံးတဲ့ယူနစ်ကို ရေးလိုက်ပါပြီအစ်မ နောက်လက စပြီး တက်ပြီနော် တဲ့။အိုကေပါ ကျွန်မ ချွေတာရပါမယ်။ငွေရှာရတဲ့ အမျိုးသားအပေါ် မှာလည်း အားနာသင့်တယ်မဟုတ်လားနော်

အဲဒီအတွက် ညတိုင်း ထွန်းနေကျ လမ်းမီးကို မှောင်ရိပ်သန်းလာမှ ထွန်းပြီး မနက် ၅ နာရီထိုးတာနဲ့ ပိတ်လိုက်ပါတယ်။ခေါင်းရင်းဘက်ကခြံထဲဖွင့်တဲ့ မီးလုံးကို လုံးဝ မဖွင့်တော့ပါဘူး။

မီးပူက မီတာယူနစ်အားအတက်ဆုံးလ်ု့ိ အင်တာနက်မှာ ဖတ်ရတဲ့အတွက် အိမ်နေ အဝတ်အထည်ကို မီးပူ လုံးဝ မတိုက်တော့ပဲ တိုက်တဲ့အခါလည်းအချိန်မဆွဲဘဲ အမြန်တိုက်ပြီး မလိုအပ်ရင် မီးပူခလုတ် ပိတ်ထားပါတယ်။

ရေစက်မမောင်းဘဲ မိုးရေနဲ့ ရေတစ်လျောက် သုံးပါတယ်။TV ကိုလည်း အရင်ကလို မကြည့်ချင်ဘဲ ဖွင့်ထားတာမျိုး မလုပ်ပါဘူး။

CCTV ကင်မရာကို တစ်နေ့လုံး မဖွင့်တော့ဘဲ ညမှောင်မှ ဖွင့်ပြီး မနက် မိုးလင်းတာနဲ့ ပိတ်ပါတယ်။

တစ်လလုံး Aircon လုံးဝ မဖွင့်ပါဘူး။သားဖြစ်သူ ပူအိုက်နေမှာစိုးတာနဲ့ ရေထည့်ပြီးဖွင့်လို့ရတဲ့ ပန်ကာကို တစ်လုံးထပ်ဝယ်လိုက်ပါတယ်။အကျိုးဆက်က ယူနစ်မတက်ဘဲ အများကြီးသက်သာပြီး တစ်နေ့လုံးလည်းဖွင့်ထားနိုင်ပါတယ်။

ရေပူရေအေးစက်ကို ရေမချိုးခင် ၅မိနစ်အလိုမှ ဖွင့်ပြီး ချက်ချင်း ပြန်ပိတ်ပါတယ်။လူမရှိတဲ့အခန်းတွေမှာ မီးချောင်းမီးလုံးတွေ လုံးဝ မထွန်းထားခဲ့ပါဘူး။

အရင်က အိမ်ရှေ့ဧည့်ခန်းမှာ မီးချောင်းနှစ်ချောင်း ထိန်နေအောင် ဖွင့်ခဲ့ပေမယ့် ညနေမှောင်လာမှ တစ်ချောင်းသာ ထွန်းပါတယ်။ညအိပ်မီးလုံး နှစ်လုံးအစား တစ်လုံးကိုပဲ အခန်းကူးလျှောက်လမ်းမှာ တစ်ညလုံး ထွန်းထားလိုက်ပါတယ်။

ရေခဲသတ္တာကိုတော့ တောက်လျှောက်ဖွင့်ထားပါတယ်။ထမင်းဟင်းချက်တာကို ပေါင်းအိုးတစ်လုံးနဲ့ အိုးနီတစ်လုံးပဲ သုံးပါတယ်။ကော်ဖီဖျောက်သောက်ချိန် လျှပ်စစ်ရေနွေးအိုးကို ခလုတ်တက်တာနဲ့ ချက်ချင်းပိတ်ပါတယ်။ အရင်လို မီးပလပ်တန်းလန်းနဲ့ မထားခဲ့ပါဘူး။

အဝတ်လျှော်စက်သုံးတဲ့အခါမှာလည်း အဝတ်များမှသာ တစ်ခါ စု လျှော်လိုက်ပါတယ်။အဓိကက ရေကိုလည်း ချွေတာသုံးပါတယ် ရေမောင်းရေတင်ရတဲ့အခါ လျှပ်စစ်အားကို အသုံးပြုရမှာမို့ပါချွေတာတယ်ဆိုတဲ့နေရာမှာ စိကုပ်နေတာမဟုတ်ဘဲ ရေကိုသုံးပါ မဖြုန်းပါနှင့် ဆိုတာကို လိုက်နာပြီးသုံးတာပါ။

ပဲခူးမှာ မီးပျက်ချိန်လည်း အရမ်းနည်းသွားပါတယ် အရင်လို အကြာကြီးမပျက်တော့ပါဘူး။

ပြောချင်တာကအရင်လတွေက ကျွန်မ နေချင်သလိုနေပြီး လျှပ်စစ်ကို သုံးချင်သလို သုံးပါတယ်။ တန်ဖိုးလည်း မသိပါဘူး။

ခုတော့ လျှပ်စစ်ကို ဘယ်လို ချွေတာသုံးရမလဲ ဆိုတာကို ကျွန်မ နားလည်ပြီ။မီတာဖတ်တဲ့စာရေးလေးက ကျွန်မကို မီတာလာဖတ်တဲ့အချိန်က အရမ်းကို အံ့သြသွားပုံနဲ့ အစ်မရယ် ယူနစ်တွေကို တော်တော်ချွေတာလိုက်တာပဲ လို့ ဝမ်းသာအားရ ပြောသွားပါတယ်။

ကျွန်မလည်း ကိုယ့်ကိုယ် ကို တော်တယ် လို့ သတ်မှတ်လိုက်ပါတယ်။အမျိုးသားကလည်း ကျွန်မကို ချီးမွမ်းပါတယ်။ အရမ်းကိုတော်တယ် တဲ့။

မျှဝေ တဲ့ သဘောပါ။

Credit: ရှီတို

LEAVE A REPLY