Zawgyi ျဖင့္ဖတ္ရန္

ယခုေျပာျပမဲ့ အေၾကာင္းအရာကေတာ့ ၿပီးခဲ့တဲ့ ဧၿပီလ ၂၉ရက္ေန႔က United States မွာရွိတဲ့ Vita ဆိုတဲ့ မ်က္စိအထူးကုန္ေဆးခန္းက ဆရာဝန္ Dr. Patrick Vollmer တင္ထားတဲ့ post အေၾကာင္းပဲျဖစ္ပါတယ္။ မ်က္စိလာျပတဲ့ လူနာရင္တစ္ေယာက္အေၾကာင္းျဖစ္ၿပီး မၽွေဝသူ ၃သိန္းနီးပါရွိခဲ့တာေၾကာင့္ ဒီသတင္းဟာ အြန္လိုင္းမွာ ပ်ံႏွံသြားခဲ့တာျဖစ္ပါတယ္။ အျဖစ္အပ်က္ကေတာ့ မ်က္စိလာျပတဲ့ လူနာရွင္ဟာ မ်က္ကပ္မွန္တပ္အိပ္တာေၾကာင့္ ဘက္တီးရီးယားပိုးဝင္ၿပီး မ်က္ၾကည္လႊာအတြင္း ပိုးဝင္ခံရတာပဲျဖစ္ပါတယ္။

လူနာရွင္ရဲ့ မ်က္ၾကည္လႊာဟာ Pseudomonas ဘက္တီးရီးယားပိုးဝင္တာျဖစ္ၿပီး မ်က္ၾကည္လႊာဆုံးရွုံးဖို႔အတြက္ ရာခိုင္ႏွုန္းပိုမ်ားေနပါတယ္။ ဒါ့အျပင္ အခက္မသင့္ရင္ လ်င္ျမန္စြာ မ်က္စိကြယ္နိုင္ပါတယ္။ အဆိုပါ ဘက္တီးရီးယားဟာ မ်က္ၾကည္လႊာအတြင္းမွာရွိတဲ့ Soupy ေတြနဲ႔ white necrosis လို႔ေခၚတဲ့ (တစ္သၽွဴးအေသ) ေတြကို ရက္ေပါင္းမ်ားစြာ ျဖည္းျဖည္းျခင္း ေဖာက္စားတတ္ပါတယ္။ ဒါ့ေၾကာင့္ Dr. Patrick Vollmer ဟာ ဘယ္ေလာက္ပဲ အမ်ိဳးအစားေကာင္းတဲ့မ်က္ကပ္မွန္ျဖစ္ပါေစ တပ္အိပ္ဖို႔ မသင့္ေၾကာင္း၊ မ်က္လုံးအတြက္ အႏၲရာယ္မ်ားေၾကာင္းအႀကံျပဳမၽွေဝထားတာျဖစ္ပါတယ္။

ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္တားဆီးေရး ဗဟိုဌာနရဲ့ အဆိုအရ အေမရိကန္မွာ ခန္႔မွန္းေၿခ လူဦးေရ ၄၅သန္းေလာက္ဟာ မ်က္ကပ္မွန္ကို ဝတ္ဆင္တတ္ၾကပါတယ္။ ထိုလူဦးေရထဲကမွ သုံးပုံႏွစ္ပုံက အမ်ိဳးသမီးေတြျဖစ္ၿပီး ပ်မ္မၽွအားျဖင့္ အသက္ ၃၁ႏွစ္အရြယ္ေတြ ဝတ္ဆင္တာမ်ားတယ္လို႔ သိရပါတယ္။ အေမရိကန္မွာ Keratitis ဒါမွမဟုတ္ မ်က္ၾကည္လႊာေရာင္ရမ္းမွုေၾကာင့္ မ်က္စိဆရာဝန္ေတြထံ လာေရာက္ၿပီး ေဆးကုသမွုခံယူတဲ့စရိတ္ဟာ တစ္ႏွစ္ကို ၁၇၅သန္းေလာက္ရွိတယ္လို႔လည္း သိရပါတယ္။ ဒါ့အျပင္ မ်က္ကပ္မွန္ေၾကာင့္ ေရာဂါကူစက္ခံရသူ အေယာက္ ၅၀၀မွာ အနည္းဆုံး တစ္ေယာက္ေတာ့ ထိခိုက္ဆုံးရွုံးမွုရွိတယ္လို႔ ဆိုပါတယ္။

မ်က္ကပ္မွန္ဟာ သင့္အားနည္းခ်က္ကို ဖုံးကြယ္ၿပီး လွပေအာင္ ဖန္တီေပးေပမဲ့ ေသခ်ာဂ႐ုစိုက္မွုမရွိရင္ေတာ့ က်န္မာေရးအတြက္ ေနာက္ဆက္တြဲဆိုးက်ိဳးေတြအမ်ားႀကီးရွိတယ္ဆိုတာ သတိထားသင့္ဖို႔ေတာ့ လိုအပ္ပါတယ္။ ညဘက္ မ်က္ကပ္မွန္တပ္ၿပီးအိပ္ေပ်ာ္သြားတာမ်ိဳး၊ သန္႔ရွင္းေရးလုပ္ဖို႔ / ေဆးရည္စိမ္ဖို႔ေမ့သြားတာမ်ိဳး စတဲ့ အႏၲရာယ္ရွိေစနိုင္တဲ့ အျပဳအမူမ်ိဳးကို အတတ္နိုင္ဆုံး မျဖစ္ေအာင္ ေရွာင္ၾကဥ္ၿပီး ဂ႐ုစိုက္သင့္ပါတယ္။ ဒီအခ်က္ေတြကို မျပဳလုပ္နိုင္ရင္ေတာ့ မ်က္မွန္ပဲ တပ္တာ သင့္အတြက္ အဆင္ေျပပါလိမ့္မယ္။

Credit:lifestylemyanmar

Unicode ဖြင့်ဖတ်ရန်

ယခုပြောပြမဲ့ အကြောင်းအရာကတော့ ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့က United States မှာရှိတဲ့ Vita ဆိုတဲ့ မျက်စိအထူးကုန်ဆေးခန်းက ဆရာဝန် Dr. Patrick Vollmer တင်ထားတဲ့ post အကြောင်းပဲဖြစ်ပါတယ်။ မျက်စိလာပြတဲ့ လူနာရင်တစ်ယောက်အကြောင်းဖြစ်ပြီး မျှဝေသူ ၃သိန်းနီးပါရှိခဲ့တာကြောင့် ဒီသတင်းဟာ အွန်လိုင်းမှာ ပျံနှံသွားခဲ့တာဖြစ်ပါတယ်။ အဖြစ်အပျက်ကတော့ မျက်စိလာပြတဲ့ လူနာရှင်ဟာ မျက်ကပ်မှန်တပ်အိပ်တာကြောင့် ဘက်တီးရီးယားပိုးဝင်ပြီး မျက်ကြည်လွှာအတွင်း ပိုးဝင်ခံရတာပဲဖြစ်ပါတယ်။

လူနာရှင်ရဲ့ မျက်ကြည်လွှာဟာ Pseudomonas ဘက်တီးရီးယားပိုးဝင်တာဖြစ်ပြီး မျက်ကြည်လွှာဆုံးရှုံးဖို့အတွက် ရာခိုင်နှုန်းပိုများနေပါတယ်။ ဒါ့အပြင် အခက်မသင့်ရင် လျင်မြန်စွာ မျက်စိကွယ်နိုင်ပါတယ်။ အဆိုပါ ဘက်တီးရီးယားဟာ မျက်ကြည်လွှာအတွင်းမှာရှိတဲ့ Soupy တွေနဲ့ white necrosis လို့ခေါ်တဲ့ (တစ်သျှူးအသေ) တွေကို ရက်ပေါင်းများစွာ ဖြည်းဖြည်းခြင်း ဖောက်စားတတ်ပါတယ်။ ဒါ့ကြောင့် Dr. Patrick Vollmer ဟာ ဘယ်လောက်ပဲ အမျိုးအစားကောင်းတဲ့မျက်ကပ်မှန်ဖြစ်ပါစေ တပ်အိပ်ဖို့ မသင့်ကြောင်း၊ မျက်လုံးအတွက် အန္တရာယ်များကြောင်းအကြံပြုမျှဝေထားတာဖြစ်ပါတယ်။

ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေး ဗဟိုဌာနရဲ့ အဆိုအရ အမေရိကန်မှာ ခန့်မှန်းခြေ လူဦးရေ ၄၅သန်းလောက်ဟာ မျက်ကပ်မှန်ကို ဝတ်ဆင်တတ်ကြပါတယ်။ ထိုလူဦးရေထဲကမှ သုံးပုံနှစ်ပုံက အမျိုးသမီးတွေဖြစ်ပြီး ပျမ်မျှအားဖြင့် အသက် ၃၁နှစ်အရွယ်တွေ ဝတ်ဆင်တာများတယ်လို့ သိရပါတယ်။ အမေရိကန်မှာ Keratitis ဒါမှမဟုတ် မျက်ကြည်လွှာရောင်ရမ်းမှုကြောင့် မျက်စိဆရာဝန်တွေထံ လာရောက်ပြီး ဆေးကုသမှုခံယူတဲ့စရိတ်ဟာ တစ်နှစ်ကို ၁၇၅သန်းလောက်ရှိတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် မျက်ကပ်မှန်ကြောင့် ရောဂါကူစက်ခံရသူ အယောက် ၅၀၀မှာ အနည်းဆုံး တစ်ယောက်တော့ ထိခိုက်ဆုံးရှုံးမှုရှိတယ်လို့ ဆိုပါတယ်။

မျက်ကပ်မှန်ဟာ သင့်အားနည်းချက်ကို ဖုံးကွယ်ပြီး လှပအောင် ဖန်တီပေးပေမဲ့ သေချာဂရုစိုက်မှုမရှိရင်တော့ ကျန်မာရေးအတွက် နောက်ဆက်တွဲဆိုးကျိုးတွေအများကြီးရှိတယ်ဆိုတာ သတိထားသင့်ဖို့တော့ လိုအပ်ပါတယ်။ ညဘက် မျက်ကပ်မှန်တပ်ပြီးအိပ်ပျော်သွားတာမျိုး၊ သန့်ရှင်းရေးလုပ်ဖို့ / ဆေးရည်စိမ်ဖို့မေ့သွားတာမျိုး စတဲ့ အန္တရာယ်ရှိစေနိုင်တဲ့ အပြုအမူမျိုးကို အတတ်နိုင်ဆုံး မဖြစ်အောင် ရှောင်ကြဉ်ပြီး ဂရုစိုက်သင့်ပါတယ်။ ဒီအချက်တွေကို မပြုလုပ်နိုင်ရင်တော့ မျက်မှန်ပဲ တပ်တာ သင့်အတွက် အဆင်ပြေပါလိမ့်မယ်။

Credit:lifestylemyanmar

LEAVE A REPLY